ပညာေရးဝန္ႀကီးအားဆက္လက္မထားရွိပဲေျပာင္းလဲေပးရန္ နိင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး႒ာနသို႔ေပးပို႔မိေသာစာ - Reader Myanmar

Latest Posts

ပညာေရးဝန္ႀကီးအားဆက္လက္မထားရွိပဲေျပာင္းလဲေပးရန္ နိင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး႒ာနသို႔ေပးပို႔မိေသာစာ





24.4.2017
သို႔

ေဒၚေအာင္ဆန္းစုၾကည္
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္
..........
အန္တီစု (ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္) သိေစရန္
.......
အန္တီစု ႐ွင္...
အန္တီ ျမန္မာႏိုင္ငံရဲ႕ ပညာေရးကိုတိုးတက္ျမင့္မားေစခ်င္တဲ့ေစတနာကို ယံုမွားသံသယမ႐ွိပါ...
သို႔ေသာ္ ပညာေရးဝန္ႀကီးနဲ႔ဝန္ႀကီး႒ာနအေနျဖင့္ တလြဲဆံပင္ေကာင္းေနၾကပါတယ္႐ွင္..
ပညာေရးတကယ္တိုးတက္ေစလိုပါက ယခုစနစ္ႀကီးကိုလံုးဝျပင္ရမွာျဖစ္ပါတယ္႐ွင္...
ယခုလက္႐ွိစနစ္က ေလးတန္းနဲ႔႐ွစ္တန္းအစိုးရစစ္ဟုဆိုေသာ္လည္း...
အက်မ႐ွိေစရ ဟု order ထုတ္ခဲ့ပါတယ္႐ွင္...
အက်မ်ားလ်ွင္ဆရာမ မ်ားထုေခ်လႊာတင္ရမည္ဟုလည္း အမိန္႔ထုတ္ခဲ့ပါတယ္႐ွင္...
အဲ့ဒီ့ေတာ့ ေက်ာင္းအုပ္ႀကီးေတြအေနနဲ႔လည္းမိမိတို႔ေက်ာင္းနာမည္ပ်က္မွာစိုးၿပီး စာစစ္တဲ့ဆရာမေတြကို ခဲတံ ခဲဖ်က္ကိုင္ခိုင္းကာ ညံ့ေသာကေလးမ်ားအေျဖလႊာကိုျပင္ခိုင္းရပါေတာ့တယ္႐ွင္ ...
အဲ့ဒါ အစိုးရစစ္လား႐ွင္...
အဲ့ဒီ့ေတာ့က်တဲ့လူမ႐ွိဘဲ အကုန္လံုးေအာင္ကုန္ၾကပါေတာ့တယ္...
ထို႔အတြက္ တခ်ိဳ႕မိဘေတြအေနနဲ႔ ဆရာမေတြနဲ႔ေက်ာင္းကိုမထီမဲ့ျမင္လုပ္လာၾကပါတယ္႐ွင္..
ကေလးေတြပညာေရးကိုလဲဂ႐ုမစိုက္ၾကေတာ့ပါ...
အခ်ိန္တန္ေအာင္တာပဲ ဆိုၿပီး သင္ၾကားေရးတြင္လံုးဝပူးေပါင္းျခင္းမ႐ွိေတာ့ပါ...
ဘယ္ေလာက္ထိဆိုးရြားလဲဆိုရင္ ကြၽန္မတို႔ၿမိဳ႕နယ္ကေက်ာင္းမွာ အတန္းတင္စာေမးပြဲလာမေျဖတဲ့ကေလးကိုပင္ ယခင္လကေျဖထားသည့္အတြက္အေအာင္ေပးရမည္ဟု အထက္ကၫႊန္ၾကားလာသည့္အတြက္ အေအာင္ေပးခဲ့ရပါသည္႐ွင္...
ဒီလိုခ်ီးေပါေသးေပါ အေအာင္ေပးေနမယ္ဆိုရင္ စာေမးပြဲဘာလို႔စစ္ေတာ့မလဲ႐ွင္...
အစိုးစစ္စာေမးပြဲေတြမွာ စာစစ္တဲ့ဆရာမေတြကိုစရိတ္စကခ်ီးျမႇင့္ရပါတယ္႐ွင္...
့အေျဖလႊာနဲ႔ေမးခြန္းစာရြက္ဖိုးေတြ ႏိုင္ငံေတာ္ဘ႑ာထဲကကုန္က်ခံသည့္အတြက္ ဘ႑ာေငြေလလြင့္မႈျဖစ္ပါတယ္႐ွင္...
အကုန္အေအာင္ေပးမွေတာ့စာေမးပြဲစနစ္ျဖဳတ္လိုက္တာအေကာင္းဆံုးမဟုတ္လား႐ွင္...
ပညာေရးစနစ္တိုးတက္ေစခ်င္ပါက ဗိုလ္ခ်ဳပ္ခင္ၫႊန္႔ခ်မွတ္ခဲ့တဲ့ စဥ္ဆက္မျပတ္အတန္းတင္ေရးစနစ္ကိုလံုးဝဖ်က္သိမ္းၿပီး...
အရည္အခ်င္း႐ွိတဲ့လူ အေအာင္ေပး...
အရည္ခ်င္းမမွီတဲ့လူကိုခ် ပစ္မွ ကေလးလဲအေျခခံေကာင္း ပညာေရးလဲတိုးတက္လာမည္ျဖစ္ပါတယ္႐ွင္...
ခုထိ စာေတာင္ေကာင္းေကာင္းမဖတ္တတ္ဘဲငါးတန္းတြင္ပညာသင္ၾကားေနေသာကေလးေတြကိုလဲကြၽန္မျမင္ဖူးပါသည္႐ွင္...
အန္တီစု႐ွင္ ႏိုင္ငံေတာ္ကခ်ေပးတဲ့ေက်ာင္းဖြံၿဖိဳးေရးရန္ပံုေငြေတြကိုလဲ ေအာက္ေျခထိစာရင္းနဲ႔ဇယားနဲ႔ေသခ်ာစစ္ေဆးသင့္ပါတယ္႐ွင္..
ခုကအဲ့ရန္ပံုေငြအမ်ားစုကိုခ်ေပးလိုက္ၿပီးျပန္မစစ္ေတာ့အမ်ားစုကေက်ာင္းအုပ္ႀကီးေတြရဲ႕ဘဏ္စာရင္းထဲဝင္သြားတာေတြေတြ႔ေနရပါတယ္႐ွင္...
အဲ့ဒါကိုလဲေအာက္ေျခထိေသခ်ာစိစစ္သင့္ပါတယ္႐ွင္...
အန္တီစု ျဖစ္ေစခ်င္တဲ့ပညာေရးစနစ္ျဖစ္မလာဘဲယခင္ကထက္ပိုဆိုးရြားေအာင္ ပညာေရးဝန္ႀကီးနဲ႔ဝန္ႀကီး႒ာနကဖ်က္ဆီးေနပါတယ္႐ွင္..
ဒီအစိုးရလက္ထက္မွာပိုဆိုးေနတယ္လ္ု႔အျပင္မွာလဲေဝဖန္ေနၾကပါတယ္႐ွင္...
ေဒါက္တာမ်ိဳးသိမ္းႀကီးဆိုတာလဲ ယခင္က ကြၽန္မတို႔ပညာေရးဝန္ထမ္းအမ်ားစု မႀကိဳက္တဲ့အလြန္ေမာက္မာရုိင္းျပတဲ့ ၫႊန္ၾကားေရးမႉးတစ္ဥိီးပါ႐ွင္...
ကြၽန္မတို႔ ခ်စ္ေသာ တင္ေျမႇာက္ထားေသာအစိုးရ ပံုရိပ္က်ေအာင္တမင္ ပူးသတ္ၿပီး ေပါက္ကရေတြလုပ္ေနသလားလို႔ေတာင္ထင္မိပါတယ္႐ွင္...
ကြၽန္မတို႔တင္ေျမႇာက္ထားေသာျပည္သူ႔အစိုးရပံုရိပ္နဲ႔ NLD ပါတီရဲ႕ပံုရိပ္ကိုမထိခိုက္ေစခ်င္ပါ႐ွင္...
ထို႔အတြက္ အန္တီစုအေနနဲ႔တျခားအေရးႀကီးတဲ့ကိစၥေတြေျဖ႐ွင္းရမွာကိုသိေသာ္လည္း...
ကြၽန္မတို႔ ပညာေရး႒ာနကိုလဲတခ်က္ေလာက္ျပန္လည္
စစ္ေဆးၾကပ္မတ္ေပးပါရန္ ေလးစားစြာတင္ျပအပ္ပါသည္႐ွင္...
ေလးစားစြာျဖင့္
ေဒၚနီလာထြန္း(ပညာေရးမႉး)
ပညာေရးဝန္ႀကီး႒ာန
--------------------------------
ျပန္လည္ကူးယူေဖာ္ျပပါသည္။
ေကာ္ပီ.....မူရင္းတင္သူထံမွျပန္လည္ကူးယူေဖၚျပသည္။
Via: Sithu Zin
ZN.H


24.4.2017
သို့
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
..........
အန်တီစု (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) သိစေရန်
.......
အန်တီစု ရှင်...
အန်တီ မြန်မာနိုင်ငံရဲ့ ပညာရေးကိုတိုးတက်မြင့်မားစေချင်တဲ့စေတနာကို ယုံမှားသံသယမရှိပါ...
သို့သော် ပညာရေးဝန်ကြီးနဲ့ဝန်ကြီးဋ္ဌာနအနေဖြင့် တလွဲဆံပင်ကောင်းနေကြပါတယ်ရှင်..
ပညာရေးတကယ်တိုးတက်စေလိုပါက ယခုစနစ်ကြီးကိုလုံးဝပြင်ရမှာဖြစ်ပါတယ်ရှင်...
ယခုလက်ရှိစနစ်က လေးတန်းနဲ့ရှစ်တန်းအစိုးရစစ်ဟုဆိုသော်လည်း...
အကျမရှိစေရ ဟု order ထုတ်ခဲ့ပါတယ်ရှင်...
အကျများလျှင်ဆရာမ များထုချေလွှာတင်ရမည်ဟုလည်း အမိန့်ထုတ်ခဲ့ပါတယ်ရှင်...
အဲ့ဒီ့တော့ ကျောင်းအုပ်ကြီးတွေအနေနဲ့လည်းမိမိတို့ကျောင်းနာမည်ပျက်မှာစိုးပြီး စာစစ်တဲ့ဆရာမတွေကို ခဲတံ ခဲဖျက်ကိုင်ခိုင်းကာ ညံ့သောကလေးများအဖြေလွှာကိုပြင်ခိုင်းရပါတော့တယ်ရှင် ...
အဲ့ဒါ အစိုးရစစ်လားရှင်...
အဲ့ဒီ့တော့ကျတဲ့လူမရှိဘဲ အကုန်လုံးအောင်ကုန်ကြပါတော့တယ်...
ထို့အတွက် တချို့မိဘတွေအနေနဲ့ ဆရာမတွေနဲ့ကျောင်းကိုမထီမဲ့မြင်လုပ်လာကြပါတယ်ရှင်..
ကလေးတွေပညာရေးကိုလဲဂရုမစိုက်ကြတော့ပါ...
အချိန်တန်အောင်တာပဲ ဆိုပြီး သင်ကြားရေးတွင်လုံးဝပူးပေါင်းခြင်းမရှိတော့ပါ...
ဘယ်လောက်ထိဆိုးရွားလဲဆိုရင် ကျွန်မတို့မြို့နယ်ကကျောင်းမှာ အတန်းတင်စာမေးပွဲလာမဖြေတဲ့ကလေးကိုပင် ယခင်လကဖြေထားသည့်အတွက်အအောင်ပေးရမည်ဟု အထက်ကညွှန်ကြားလာသည့်အတွက် အအောင်ပေးခဲ့ရပါသည်ရှင်...
ဒီလိုချီးပေါသေးပေါ အအောင်ပေးနေမယ်ဆိုရင် စာမေးပွဲဘာလို့စစ်တော့မလဲရှင်...
အစိုးစစ်စာမေးပွဲတွေမှာ စာစစ်တဲ့ဆရာမတွေကိုစရိတ်စကချီးမြှင့်ရပါတယ်ရှင်...
့အဖြေလွှာနဲ့မေးခွန်းစာရွက်ဖိုးတွေ နိုင်ငံတော်ဘဏ္ဍာထဲကကုန်ကျခံသည့်အတွက် ဘဏ္ဍာငွေလေလွင့်မှုဖြစ်ပါတယ်ရှင်...
အကုန်အအောင်ပေးမှတော့စာမေးပွဲစနစ်ဖြုတ်လိုက်တာအကောင်းဆုံးမဟုတ်လားရှင်...
ပညာရေးစနစ်တိုးတက်စေချင်ပါက ဗိုလ်ချုပ်ခင်ညွှန့်ချမှတ်ခဲ့တဲ့ စဉ်ဆက်မပြတ်အတန်းတင်ရေးစနစ်ကိုလုံးဝဖျက်သိမ်းပြီး...
အရည်အချင်းရှိတဲ့လူ အအောင်ပေး...
အရည်ချင်းမမှီတဲ့လူကိုချ ပစ်မှ ကလေးလဲအခြေခံကောင်း ပညာရေးလဲတိုးတက်လာမည်ဖြစ်ပါတယ်ရှင်...
ခုထိ စာတောင်ကောင်းကောင်းမဖတ်တတ်ဘဲငါးတန်းတွင်ပညာသင်ကြားနေသောကလေးတွေကိုလဲကျွန်မမြင်ဖူးပါသည်ရှင်...
အန်တီစုရှင် နိုင်ငံတော်ကချပေးတဲ့ကျောင်းဖွံဖြိုးရေးရန်ပုံငွေတွေကိုလဲ အောက်ခြေထိစာရင်းနဲ့ဇယားနဲ့သေချာစစ်ဆေးသင့်ပါတယ်ရှင်..
ခုကအဲ့ရန်ပုံငွေအများစုကိုချပေးလိုက်ပြီးပြန်မစစ်တော့အများစုကကျောင်းအုပ်ကြီးတွေရဲ့ဘဏ်စာရင်းထဲဝင်သွားတာတွေတွေ့နေရပါတယ်ရှင်...
အဲ့ဒါကိုလဲအောက်ခြေထိသေချာစိစစ်သင့်ပါတယ်ရှင်...
အန်တီစု ဖြစ်စေချင်တဲ့ပညာရေးစနစ်ဖြစ်မလာဘဲယခင်ကထက်ပိုဆိုးရွားအောင် ပညာရေးဝန်ကြီးနဲ့ဝန်ကြီးဋ္ဌာနကဖျက်ဆီးနေပါတယ်ရှင်..
ဒီအစိုးရလက်ထက်မှာပိုဆိုးနေတယ်လ်ု့အပြင်မှာလဲဝေဖန်နေကြပါတယ်ရှင်...
ဒေါက်တာမျိုးသိမ်းကြီးဆိုတာလဲ ယခင်က ကျွန်မတို့ပညာရေးဝန်ထမ်းအများစု မကြိုက်တဲ့အလွန်မောက်မာရိုင်းပြတဲ့ ညွှန်ကြားရေးမှူးတစ်ဥိီးပါရှင်...
ကျွန်မတို့ ချစ်သော တင်မြှောက်ထားသောအစိုးရ ပုံရိပ်ကျအောင်တမင် ပူးသတ်ပြီး ပေါက်ကရတွေလုပ်နေသလားလို့တောင်ထင်မိပါတယ်ရှင်...
ကျွန်မတို့တင်မြှောက်ထားသောပြည်သူ့အစိုးရပုံရိပ်နဲ့ NLD ပါတီရဲ့ပုံရိပ်ကိုမထိခိုက်စေချင်ပါရှင်...
ထို့အတွက် အန်တီစုအနေနဲ့တခြားအရေးကြီးတဲ့ကိစ္စတွေဖြေရှင်းရမှာကိုသိသော်လည်း...
ကျွန်မတို့ ပညာရေးဋ္ဌာနကိုလဲတချက်လောက်ပြန်လည်
စစ်ဆေးကြပ်မတ်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်ရှင်...
လေးစားစွာဖြင့်
ဒေါ်နီလာထွန်း(ပညာရေးမှူး)
ပညာရေးဝန်ကြီးဋ္ဌာန
--------------------------------
ပြန်လည်ကူးယူဖော်ပြပါသည်။
ကော်ပီ.....မူရင်းတင်သူထံမှပြန်လည်ကူးယူဖေါ်ပြသည်။
Via: Sithu Zin
ZN.H

Loading...