တားေဆး မေသာက္ခ်င္ေသာ အမ်ိဳးသမီးမ်ား အတြက္ - Reader Myanmar

Latest Posts

တားေဆး မေသာက္ခ်င္ေသာ အမ်ိဳးသမီးမ်ား အတြက္




၁။အၿပင္မွာသုတ္လြတ္ၿခင္း
အၿပင္မွာသုတ္လြတ္ၿခင္းနဲ.လဲကေလး မရေအာင္တားလို.ရပါတယ္။ ကာမဆႏၵ အထြတ္အထိပ္ေရာက္ျပီး သုတ္မလြတ္ခင္ အမ်ိဳးသားရဲ. က်င္ေခ်ာင္းကိုအမ်ိဳး သမီးရဲ.မိန္းမကိုယ္ထဲကေန အခ်ိန္မွီ ထုတ္လြတ္လိုက္ တာပါပဲ။ ေရွးအက်ဆံုး ကေလးတားနည္း ဆိုလည္းမမွားပါဘူး။ တကမၻာလံုးမွာ စံုတြဲေပါင္း ၃၅သန္း ေလာက္သံုးေနၾကပါတယ္။
၁-၁။ဘယ္လိုလုပ္ရမွာလဲ။
ကိုယ္၀န္ဆိုတာ ေယာက်္ားရဲ.သုတ္ပိုးနဲ.မိန္းမရဲ.မ်ိဳးဥ ဆံုေတြ.မွၿဖစ္ေပၚလာတာပါ။ အၿပင္မွာ သုတ္လြတ္ ၿခင္းေၾကာင္. မိန္းမကိုယ္ထဲကို သုတ္ပိုးေတြ မ၀င္နိုင္ေတာ.တဲ.အတြက္ ကိုယ္၀န္ကိုတား ဆီးနိုင္တာၿဖစ္ ပါတယ္။
၁-၂။ဘယ္ေလာက္ထိစိတ္ခ်ရလဲ။
အမ်ိဳးသားေတြကၿပင္မွသုတ္လြတ္တဲ.နည္းကိုမွန္မွန္ကန္ကန္သံုးရင္တစ္နွစ္ အတြင္းမွာ အမ်ိဳးသမီး ၁၀၀ ကို ၄ ေယာက္ေလာက္ပဲကိုယ္၀န္ရွိနိုင္ပါတယ္။ မွန္မွန္ကန္ကန္မသံုးရင္ေတာ. အမ်ိဳးသမီး ၁၀၀ မွာ ၂၇ ေယာက္ေလာက္ ၁ နွစ္အတြင္းကိုယ္၀န္ရွိနိုင္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ယံုၾကည္မွဳရွိၿပီး ထိန္းခ်ဳပ္နိုင္တဲ. လိင္ဆက္ဆံ ဖူးတဲ.အေတြ.အၾကံဳေကာင္းရွိတဲ. စံုတြဲေတြကေတာ.ထိထိေရာက္ေရာက္သံုး
တတ္ပါတယ္။ကိုယ္ဘယ္ေတာ.ၿပီးမယ္(သုတ္ထြက္မယ္)၊ထိန္းလို.ရနိုင္မရနိုင္ ဆိုတာကိုေကာင္း ေကာင္းသိတဲ. ေယာက်္ားေတြပဲသံုးသင္.ပါတယ္။
ပညာရွင္အခ်ိဳ.အၿမင္မွာေတာ.က်င္ေခ်င္းကိုမၿပီးခင္မွာအခ်ိန္မွီထုတ္နိုင္ေပမယ္.ကိုယ္၀န္ရွိနိုင္ပါေသးတယ္။ဒါကေတာ.မၿပီးခင္မွာအၾကိဳထြက္တဲ.အရည္ေၾကာင္.ပါ။အရင္တစ္ေခါက္လိင္ဆက္ဆံၿပီးေတာ.ထြက္ထားတဲ.သုတ္ပိုးအကြ်င္းအက်န္ေတြဟာ ဆီးၿပြန္ထဲမွာက်န္ေနနိုင္ၿပီးမၿပီးခင္အၾကိဳထြက္တဲ.အရည္နဲ.အတူမိန္းမ ကိုယ္ထဲေရာက္သြားနိုင္တယ္ဆိုၿပီးယူဆၾကလို.ပါ။ဒါေၾကာင္.လိင္ဆက္ဆံမွဳတစ္ခုနဲ.တစ္ခုၾကားမွာဆီးသြားထားရင္ဆီးၿပြန္ထဲမွာကပ္က်န္ေနနိုင္တဲ.သုတ္ပိုးေတြကိုရွင္းနိုင္တာမို.အၿပင္မွာသုတ္လြတ္တဲ.နည္းကိုပိုၿပီးထိေရာက္မွဳရွိေစပါတယ္။
သုတ္ပိုးဒါမွမဟုတ္အၾကိဳထြက္တဲ.အရည္ေတြမိန္းမကိုယ္နွဳတ္ခမ္းသားေပၚက်ရင္လဲကိုယ္၀န္ရွိနိုင္တာကိုကိုယ္၀န္ရွိနိုင္တာကိုသတိၿပဳရပါမယ္။ဒါ.အၿပင္ကာ လသားေရာဂါကူးစက္မွာကိုဒီနည္းနဲ.မကာကြယ္နိုင္ပါဘူး။
၁-၃။ေဘးထြက္ဆိုးက်ိဳးရွိလား။
ကိုယ္.ကိုကိုယ္ထိန္းခ်ဳပ္နိုင္သူအားလံုးအႏၱရာယ္ကင္းကင္းနဲ.သံုးလို.ရပါတယ္ ေဘးထြက္ဆိုးက်ိဳးမရွိပါဘူး။
၁-၄။ေကာင္းကြက္ေတြကဘာရွိလဲ။
-ကိုယ္.အနီးနားမွာကြန္ဒံုး၊ကိုယ္၀န္တားေဆးစတာေတြမရွိရင္လဲဒီနည္းကိုသံုး နိုင္ပါတယ္။
-ေဘးထြက္ဆိုးက်ိဳးလံုး၀မရွိပါဘူး
-ကိုယ္၀န္တားေဆး၊ထိုးေဆးေတြလိုဆရာ၀န္ညြန္ၾကားခ်က္ယူစရာမလိုပါဘူး
-ပိုက္ဆံကုန္စရာမလိုပါဘူး။
-ကြန္ဒံုးသံုးရင္း ဒါမွမဟုတ္ သားအိမ္ေခါင္းအစြပ္(cervical cap)သံုးရင္းနဲ.
စိတ္ခ်ရေအာင္အၿပင္မွာ သုတ္လြတ္ၿခင္းၿဖင္.လဲ ထိေရာက္မွဳၿမွင္.တင္နိုင္ပါ
တယ္။
၁-၅။ခ်ိဳ.ယြင္းခ်က္ကဘာေတြလဲ။
အၾကီးမားဆံုးခ်ိဳ.ယြင္းခ်က္လို.ဆိုနိုင္တာကေတာ. က်င္ေခ်ာင္းကိုအၿပင္ထုတ္ တာအခ်ိန္ကိုက္မၿဖစ္တာ ပါပဲ။အခ်ိန္ကိုက္အၿပင္ထုတ္နိုင္ဖို.
-ကိုယ္ကိုကိုယ္ယံုၾကည္မွု၊ထိန္းခ်ဳပ္နိုင္မွဳနဲ.အေတြ.အၾကံုရွိဖို.လိုပါတယ္။
-သုတ္လြတ္ၿမန္တဲ.သူမၿဖစ္ဖို.လိုပါတယ္။
-ဘယ္အခ်ိန္ထုတ္ရမယ္ဆိုတာမွန္းနိုင္တဲ.သူၿဖစ္ရပါမယ္။
-ဆယ္ေက်ာ္သက္ေတြနဲ. လိင္ဆက္ဆံမွဳအေတြ.အၾကံဳသိပ္မရွိတဲ.သူေတြအတြက္မသင္.ေတာ္ပါဘူး။
၂။သုတ္ေသေဆး
သုတ္ေသေဆးဆိုတာသုတ္ပိုးေတြလွဳပ္ရွားမွဳမရွိေအာင္လုပ္ေပးတဲ.ဓာတုပစၥည္းေတြပါပဲ။ခရင္မ္၊ဂ်ဲလ္၊အရည္ေပ်ာ္ေဆးခဲ စတဲ. ပံုစံအမ်ိဳးမ်ိဳးနဲ.ရွိနိုင္ပါ တယ္။သူခ်ည္းပဲသံုးလို.ရသလို တၿခားနည္းေတြ(ဥပမာ-သားအိမ္ေခါင္း အစြပ္)နဲ.လဲတြဲဖက္သံုးၿပီးထိေရာက္မွဳပိုရွိေအာင္လုပ္ၾကပါတယ္။
၂-၁။ဘယ္လိုလုပ္ရမွာလဲ။
သုတ္ေသေဆးကိုထိုင္ေနရင္း ဒါမွမဟုတ္လွဲရင္းမိန္းမကိုယ္ထဲထည္.ရပါမယ္။ သားအိမ္ေခါင္းမွာစြပ္မိ ေအာင္ထည္.ပါ။လက္နဲ.ထည္.လို.ရသလို ေဆးဘူးထဲမွာ စြပ္တံပါရင္လဲ သံုးနိုင္ပါတယ္။လိင္မဆက္ဆံခင္ ၁၀ မိနစ္အလိုေလာက္မွာ ထည္.ရတာပါ။ဒါမွသားအိမ္ေခါင္းကိုပိတ္မိၿပီး သုတ္ပိုးနဲ. မမ်ိဳးဥ ထိေတြ.မွဳမရွိ မွာပါ။ဒါ.အၿပင္ သုတ္ပိုးေတြလွုပ္ရွားမွဳမရွိေအာင္လဲထိန္းခ်ဳပ္ေပးပါတယ္။ထည္.ၿပီးတစ္နာရီအတြင္းမွာပဲ အာနိသင္ ရွိပါတယ္။တခါဆက္ဆံတိုင္းတခါ ထည္.ေပးဖို.လိုပါတယ္။
၂-၂။ဘယ္ေလာက္စိတ္ခ်ရလဲ။
ညြန္ၾကားခ်က္အတိုင္းအတိအက်သံုးရင္ ၁နွစ္အတြင္းမွာ အမ်ိဳးသမီး ၁၀၀ကို ၁၅ ေယာက္ေလာက္ပဲ ကိုယ္၀န္ရွိ္နို္င္ပါတယ္။ေသခ်ာမသံုးရင္ေတာ. ၁နွစ္အတြင္း ၁၀၀မွာ ၂၉ ေယာက္ေလာက္ ကိုယ္၀န္ရွိနိုင္ပါ တယ္။ သုတ္ေသေဆးတခုထဲ သံုးရင္ေတာ.ထိေရာက္မွဳနည္းပါတယ္။ကြန္ဒံုး၊အၿပင္မွာ သုတ္လြတ္တဲ. နည္းေတြနဲ.တြဲသံုးရင္ထိေရာက္မွဳပိုရွိပါတယ္။
၂-၃။ေဘးထြက္ဆိုးက်ိဳးရွိလား။
မ်ားေသာအားၿဖင္.ေဘးထြက္ဆိုးက်ိဳးတစ္စံုတစ္ရာမေတြၾကပါဘူး။ဓာတ္မတည္.လို.အေရၿပားယားယံတာမ်ိဳးပဲ ေတြ.ေလ.ရွိပါတယ္။အဲဒီအခါက်ရင္ တၿခားတံဆိပ္တခုခုကိုေၿပာင္းသံုးလုိ.ရပါတယ္။
၂-၄။ေကာင္းကြက္ေတြကဘာရွိလဲ။
-ဘယ္လိုထည္.ရတယ္ဆိုတာသိၿပီးတာနဲ. ေနာက္တခါထည္.ဖို.လြယ္သြားပါ ၿပီ။ -အိပ္ကပ္၊ပိုက္ဆံအိတ္ ထဲမွာထည္.ၿပီးေဆာင္ထားနိုင္ပါတယ္။ -ကိုယ္.အမ်ိဳးသားေဖာ္ကထည္.ေပးရင္း လိင္စိတ္ပိုၾကြေအာင္လုပ္ နိုင္ပါတယ္။ မိန္းမရဲ.ေဟာ္မုန္းေပၚသက္ေရာက္မွဳမရွိတဲ.အတြက္ရာသီလာတဲ.ပံုစံမေၿပာင္း လဲနိုင္ပါဘူး။
ဆရာ၀န္ညြန္ၾကားခ်က္ယူစရာမလိုပါဘူး။ -ကေလးနို.တိုက္စဥ္မွာလဲသံုးနိုင္ပါတယ္။
၂-၅။ခ်ိဳ.ယြင္းခ်က္ကဘာေတြလဲ။
-ေသခ်ာမထည္.တတ္ရင္ သားအိမ္ေခါင္းအေပၚကိုသုတ္ေသေဆးမေရာက္ တဲ.အတြက္ထိေရာက္မွဳက်နိုင္ ပါတယ္။
-တခ်ိဳ.အမ်ိဳးသမီးေတြက သုတ္ေသေဆးထည္.ထားတာကို ရွဳပ္တယ္လို.ဆိုၾကၿပီးဆက္ဆံေနစဥ္အတြင္း ထြက္က်တယ္လို.ဆိုပါတယ္။
၃။ရက္ေရွာင္ၿခင္း
ရက္ေရွာင္နည္းဆိုတာကေတာ. အမ်ိဳးသမီးမွာမမ်ိဳးဥေၾကြလို.ကိုယ္၀န္ရွိနိုင္မယ္.ရက္ေတြကိုတြက္ခ်က္ၿပီး အဲဒီေန.ေတြမွာလင္မယားအတူတူမေနပဲ ဒါမွမဟုတ္ ကြန္ဒံုးသံုးၿပီးေနတဲ.နည္းပဲၿဖစ္ပါတယ္။ အဲဒီနည္းသံုးဖို.ဆိုရင္ အမ်ိဳးသမီးဟာရာသီစက္၀န္းၾကာခ်ိန္ကိုေသေသခ်ာခ်ာသိရပါမယ္။ရာသီလာတဲ. ပံုစံေပၚမူတည္ၿပီး အၾကမ္းအားၿဖင္. ၂ နည္းခြဲၿခားထားပါတယ္။
၃-၁။ပံုေသရက္အတိုင္း ရာသီလာသူမ်ားအတြက္
အမ်ိဳးသမီးတစ္ခ်ိဳ.ရဲ.ရာသီစက္၀န္းၾကာခ်ိန္ဟာ တလ နဲ.တလ အတူတူပါပဲ။ ပထမဆံုး ရာသီလာတဲ.ရက္ ကစၿပီး ေနာက္တလ ရာသီမေပၚခင္အခ်ိန္ထိ ၂၈ ရက္ ၾကာတယ္ဆိုရင္လတိုင္းဒီအတိုင္းပါပဲ။ အတိုး အေလ်ာ. မရွိပါဘူး။ ဒီလိုဆိုရင္ရာသီေသြးစေပၚတဲ.ရက္ကေနစၿပီး ေရတြက္လို. ၈ ရက္ေၿမာက္ ေန.ကေန ၁၉ ရက္ေၿမာက္ေန.အတြင္းဟာ ကေလးရနိုင္တဲ.ရက္ေတြလို. သတ္မွတ္နိုင္ပါတယ္။ ဒီရက္အတြင္းမွာ လင္မယား အတူတူမေနတာ၊ကြန္ဒံုးသံုးၿပီးေနတာေတြနဲ.ကိုယ္၀န္တားနိုင္ပါတယ္။ အဲဒီရက္အတြင္းမဟုတ္ ရင္ေတာ.ကြန္ဒံုးမသံုးပဲေနလို.ရပါတယ္။ရာသီစက္၀န္းၾကာခ်ိန္ ၂၆ရက္ထက္နည္းၿပီး ၃၂ ရက္ထက္မ်ားတဲ. သူေတြဒီနည္းကိုမသံုးသင္.ပါဘူး။
၃-၂။ပံုေသရက္အတိုင္းရာသီမလာသူမ်ားအတြက္
တခ်ိဳ.အမ်ိဳးသမီးေတြမွာေတာ. ရာသီစက္၀န္းၾကာခ်ိန္ေတြဟာတစ္လ နဲ.တစ္လ မတူပါဘူး။တစ္ခ်ိဳ.လမွာ ၂၉ ရက္ၿဖစ္ၿပီး တစ္ခ်ိဳ.လမွာ ၃၁ ရက္ၿဖစ္ေနတတ္ပါတယ္။ဒီလိုဆိုရင္ ရာသီစက္၀န္းၾကာခ်ိန္ေတြကို ၈ လ ေလာက္မွတ္တမ္းတင္ထားဖို.လိုပါတယ္။၁၂ လေလာက္မွတ္ထားနိုင္ရင္ေတာ.ပိုေကာင္း ပါတယ္။ ရာသီစက္၀န္းၾကာခ်ိန္ ၂၇ ရက္ထက္နည္းတဲ.သူေတြ ဒီနည္းကို မသံုးသင္.ပါဘူး။မွတ္ၿပီးၿပီဆိုရင္ ရာသီစက္ ၀န္းအတိုဆံုး (ဥပမာ-၂၇ ရက္) နဲ.အရွည္ဆံုး (ဥပမာ-၃၂ ရက္)ကိုမွတ္ထားပါ။ အတိုဆံုးရက္ ထဲက ၁၈နုတ္ပါ(ဥပမာ-၂၇-၁၈=၉) အရွည္ဆံုးရက္ထဲက ၁၁ နုတ္ပါ(ဥပမာ-၃၂-၁၁=၂၁) ပထမရလဒ္က ၉ဆိုရင္ ရာသီစက္၀န္းရဲ.၉ ရက္ေၿမာက္ေန.(ရာသီေသြးေပၚတဲ.ေနမွစတင္ေရတြက္ပါ) ဟာကေလးစၿပီး ရနိုင္တဲ.ရက္ၿဖစ္ပါတယ္။ဒုတိယရလဒ္က ၂၁ ဆိုရင္ ရာသီစက္၀န္းရဲ. ၂၁ ရက္ေၿမာက္ေန.ဟာ ကေလးရ နိုင္တဲ. ေနာက္ဆံုးရက္ၿဖစ္ပါတယ္။ဒါ.ေၾကာင္. ရာသီစက္၀န္းရဲ. ၉ရက္ေၿမာက္ေန.ကေန ၂၁ ရက္ေၿမာက္ ေန.အထိ ကြန္ဒံုးမသံုးပဲအတူတူေနလို.မရနိုင္ပါဘူး။ရာသီစေပၚတဲ.ရက္က ၾသဂုတ္လ ၃ ရက္ေန.ဆိုရင္ ၁၁ ရက္ေန.ကေန ၂၃ ရက္ေန.အထိကေတာ. က်န္ဒံုးသံုးဖို.လိုပါတယ္။အဲဒီရက္အတြင္းမဟုတ္ရင္ေတာ. ကြန္ဒံုးသံုးစရာမလိုပါဘူး။
ဒီနည္းေတြကိုစနစ္တက်သံုးစြဲရင္ေတာ. တနွစ္မွာ အမ်ိဳးသမီး ၁၀၀ ကို၃ ေယာက္ကေန ၅ ေယာက္ ေလာက္ပဲ ကိုယ္၀န္ရတယ္လို.ဆိုပါတယ္။ မွန္မွန္ကန္ကန္ မသံုးစြဲရင္ေတာ. ၁ နွစ္မွာ အမ်ိဳးသမီး ၁၀၀ ကို၂၅ ေယာက္ေလာက္ကိုယ္၀န္ရနိုင္ပါတယ္။
၄။ကြန္ဒံုး
ကြန္ဒံုးကေတာ.ေယာက်္ားရဲ.သုတ္ရည္ေတြ မိန္းမကိုယ္ထဲမေရာက္ေအာင္ အတားအဆီးလုပ္ေပးတာပါပဲ။ ေယာက်္ားကြန္ဒံုး၊မိန္းမကြန္ဒံုးဆိုၿပီးနွစ္မ်ိဳးရွိပါတယ္။
၅။သားအိမ္ထဲပစၥည္းထည္.ၿခင္း
သားအိမ္ထဲမွာပစၥည္းထည္.ၿပီးကေလးမရေအာင္လုပ္တဲ.နည္းၿဖစ္ပါတယ္။သုတ္ပိုးနဲ.မမ်ိဳးဥဆံုေတြ.လို.ေအာင္ၿမင္ထားတဲ.မမ်ိဳးဥဟာသားအိမ္နံရံမွာတြယ္ကပ္ထားမွဆက္လက္ၾကီးထြားၿပီး ကိုယ္၀န္အၿဖစ္ရွိနိုင္မွာ ပါ။ပစၥည္းထည္.ထားတဲ.အတြက္သားအိမ္နံရံေၿပာင္းလဲၿပီး တြယ္ကပ္လို.မရနိုင္ေတာ. တဲ.အတြက္ ကိုယ္ ၀န္မရွိနိုင္ေတာ.ပါဘူး။ကြ်မ္းက်င္တဲ.ဆရာ၀န္က မိန္းမကိုယ္ကို အနည္းငယ္ခ်ဲ.ထြင္ၿပီးမွထည္.လို. ရတဲ. အတြက္ကေလး ၁ခါမွမေမြးဖူးေသးတဲ.အတြက္ အေလး၁ ခါမွမေတြးဖူးေသးတဲယအမ်ိဳးသမီး ေတြသိပ္ၿပီး မသံုးၾကပါဘူး။ အမ်ိဳးသားေရာအမ်ိဳးသမီးပါ နွစ္ေယာက္လံုးနဲ.သင္.ေတာ္မယ္. ကိုယ္၀န္တားနည္းကို ေရြးခ်ယ္ၿပီး သာယာခ်မ္းေၿမ.လို. စိတ္ေပ်ာ္ရြင္မွဳရရွိနိုင္ၾကပါေစ။
ကိုးကား-www.plannedparenthood.org
www.shcs.ucdavis.edu
က်န္းမာေရးစာတိုမ်ားစုစည္းမွဳ
today myanmar
Unicode
၁။အပြင်မှာသုတ်လွတ်ခြင်း
အပြင်မှာသုတ်လွတ်ခြင်းနဲ.လဲကလေး မရအောင်တားလို.ရပါတယ်။ ကာမဆန္ဒ အထွတ်အထိပ်ရောက်ပြီး သုတ်မလွတ်ခင် အမျိုးသားရဲ. ကျင်ချောင်းကိုအမျိုး သမီးရဲ.မိန်းမကိုယ်ထဲကနေ အချိန်မှီ ထုတ်လွတ်လိုက် တာပါပဲ။ ရှေးအကျဆုံး ကလေးတားနည်း ဆိုလည်းမမှားပါဘူး။ တကမ္ဘာလုံးမှာ စုံတွဲပေါင်း ၃၅သန်း လောက်သုံးနေကြပါတယ်။
၁-၁။ဘယ်လိုလုပ်ရမှာလဲ။
ကိုယ်ဝန်ဆိုတာ ယောကျ်ားရဲ.သုတ်ပိုးနဲ.မိန်းမရဲ.မျိုးဥ ဆုံတွေ.မှဖြစ်ပေါ်လာတာပါ။ အပြင်မှာ သုတ်လွတ် ခြင်းကြောင်. မိန်းမကိုယ်ထဲကို သုတ်ပိုးတွေ မဝင်နိုင်တော.တဲ.အတွက် ကိုယ်ဝန်ကိုတား ဆီးနိုင်တာဖြစ် ပါတယ်။
၁-၂။ဘယ်လောက်ထိစိတ်ချရလဲ။
အမျိုးသားတွေကပြင်မှသုတ်လွတ်တဲ.နည်းကိုမှန်မှန်ကန်ကန်သုံးရင်တစ်နှစ် အတွင်းမှာ အမျိုးသမီး ၁၀၀ ကို ၄ ယောက်လောက်ပဲကိုယ်ဝန်ရှိနိုင်ပါတယ်။ မှန်မှန်ကန်ကန်မသုံးရင်တော. အမျိုးသမီး ၁၀၀ မှာ ၂၇ ယောက်လောက် ၁ နှစ်အတွင်းကိုယ်ဝန်ရှိနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုရှိပြီး ထိန်းချုပ်နိုင်တဲ. လိင်ဆက်ဆံ ဖူးတဲ.အတွေ.အကြုံကောင်းရှိတဲ. စုံတွဲတွေကတော.ထိထိရောက်ရောက်သုံး
တတ်ပါတယ်။ကိုယ်ဘယ်တော.ပြီးမယ်(သုတ်ထွက်မယ်)၊ထိန်းလို.ရနိုင်မရနိုင် ဆိုတာကိုကောင်း ကောင်းသိတဲ. ယောကျ်ားတွေပဲသုံးသင်.ပါတယ်။
ပညာရှင်အချို.အမြင်မှာတော.ကျင်ချေင်းကိုမပြီးခင်မှာအချိန်မှီထုတ်နိုင်ပေမယ်.ကိုယ်ဝန်ရှိနိုင်ပါသေးတယ်။ဒါကတော.မပြီးခင်မှာအကြိုထွက်တဲ.အရည်ကြောင်.ပါ။အရင်တစ်ခေါက်လိင်ဆက်ဆံပြီးတော.ထွက်ထားတဲ.သုတ်ပိုးအကျွင်းအကျန်တွေဟာ ဆီးပြွန်ထဲမှာကျန်နေနိုင်ပြီးမပြီးခင်အကြိုထွက်တဲ.အရည်နဲ.အတူမိန်းမ ကိုယ်ထဲရောက်သွားနိုင်တယ်ဆိုပြီးယူဆကြလို.ပါ။ဒါကြောင်.လိင်ဆက်ဆံမှုတစ်ခုနဲ.တစ်ခုကြားမှာဆီးသွားထားရင်ဆီးပြွန်ထဲမှာကပ်ကျန်နေနိုင်တဲ.သုတ်ပိုးတွေကိုရှင်းနိုင်တာမို.အပြင်မှာသုတ်လွတ်တဲ.နည်းကိုပိုပြီးထိရောက်မှုရှိစေပါတယ်။
သုတ်ပိုးဒါမှမဟုတ်အကြိုထွက်တဲ.အရည်တွေမိန်းမကိုယ်နှုတ်ခမ်းသားပေါ်ကျရင်လဲကိုယ်ဝန်ရှိနိုင်တာကိုကိုယ်ဝန်ရှိနိုင်တာကိုသတိပြုရပါမယ်။ဒါ.အပြင်ကာ လသားရောဂါကူးစက်မှာကိုဒီနည်းနဲ.မကာကွယ်နိုင်ပါဘူး။
၁-၃။ဘေးထွက်ဆိုးကျိုးရှိလား။
ကိုယ်.ကိုကိုယ်ထိန်းချုပ်နိုင်သူအားလုံးအန္တရာယ်ကင်းကင်းနဲ.သုံးလို.ရပါတယ် ဘေးထွက်ဆိုးကျိုးမရှိပါဘူး။
၁-၄။ကောင်းကွက်တွေကဘာရှိလဲ။
-ကိုယ်.အနီးနားမှာကွန်ဒုံး၊ကိုယ်ဝန်တားဆေးစတာတွေမရှိရင်လဲဒီနည်းကိုသုံး နိုင်ပါတယ်။
-ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး
-ကိုယ်ဝန်တားဆေး၊ထိုးဆေးတွေလိုဆရာဝန်ညွန်ကြားချက်ယူစရာမလိုပါဘူး
-ပိုက်ဆံကုန်စရာမလိုပါဘူး။
-ကွန်ဒုံးသုံးရင်း ဒါမှမဟုတ် သားအိမ်ခေါင်းအစွပ်(cervical cap)သုံးရင်းနဲ.
စိတ်ချရအောင်အပြင်မှာ သုတ်လွတ်ခြင်းဖြင်.လဲ ထိရောက်မှုမြှင်.တင်နိုင်ပါ
တယ်။
၁-၅။ချို.ယွင်းချက်ကဘာတွေလဲ။
အကြီးမားဆုံးချို.ယွင်းချက်လို.ဆိုနိုင်တာကတော. ကျင်ချောင်းကိုအပြင်ထုတ် တာအချိန်ကိုက်မဖြစ်တာ ပါပဲ။အချိန်ကိုက်အပြင်ထုတ်နိုင်ဖို.
-ကိုယ်ကိုကိုယ်ယုံကြည်မှု၊ထိန်းချုပ်နိုင်မှုနဲ.အတွေ.အကြုံရှိဖို.လိုပါတယ်။
-သုတ်လွတ်မြန်တဲ.သူမဖြစ်ဖို.လိုပါတယ်။
-ဘယ်အချိန်ထုတ်ရမယ်ဆိုတာမှန်းနိုင်တဲ.သူဖြစ်ရပါမယ်။
-ဆယ်ကျော်သက်တွေနဲ. လိင်ဆက်ဆံမှုအတွေ.အကြုံသိပ်မရှိတဲ.သူတွေအတွက်မသင်.တော်ပါဘူး။
၂။သုတ်သေဆေး
သုတ်သေဆေးဆိုတာသုတ်ပိုးတွေလှုပ်ရှားမှုမရှိအောင်လုပ်ပေးတဲ.ဓာတုပစ္စည်းတွေပါပဲ။ခရင်မ်၊ဂျဲလ်၊အရည်ပျော်ဆေးခဲ စတဲ. ပုံစံအမျိုးမျိုးနဲ.ရှိနိုင်ပါ တယ်။သူချည်းပဲသုံးလို.ရသလို တခြားနည်းတွေ(ဥပမာ-သားအိမ်ခေါင်း အစွပ်)နဲ.လဲတွဲဖက်သုံးပြီးထိရောက်မှုပိုရှိအောင်လုပ်ကြပါတယ်။
၂-၁။ဘယ်လိုလုပ်ရမှာလဲ။
သုတ်သေဆေးကိုထိုင်နေရင်း ဒါမှမဟုတ်လှဲရင်းမိန်းမကိုယ်ထဲထည်.ရပါမယ်။ သားအိမ်ခေါင်းမှာစွပ်မိ အောင်ထည်.ပါ။လက်နဲ.ထည်.လို.ရသလို ဆေးဘူးထဲမှာ စွပ်တံပါရင်လဲ သုံးနိုင်ပါတယ်။လိင်မဆက်ဆံခင် ၁၀ မိနစ်အလိုလောက်မှာ ထည်.ရတာပါ။ဒါမှသားအိမ်ခေါင်းကိုပိတ်မိပြီး သုတ်ပိုးနဲ. မမျိုးဥ ထိတွေ.မှုမရှိ မှာပါ။ဒါ.အပြင် သုတ်ပိုးတွေလှုပ်ရှားမှုမရှိအောင်လဲထိန်းချုပ်ပေးပါတယ်။ထည်.ပြီးတစ်နာရီအတွင်းမှာပဲ အာနိသင် ရှိပါတယ်။တခါဆက်ဆံတိုင်းတခါ ထည်.ပေးဖို.လိုပါတယ်။
၂-၂။ဘယ်လောက်စိတ်ချရလဲ။
ညွန်ကြားချက်အတိုင်းအတိအကျသုံးရင် ၁နှစ်အတွင်းမှာ အမျိုးသမီး ၁ဝဝကို ၁၅ ယောက်လောက်ပဲ ကိုယ်ဝန်ရှိ်နို်င်ပါတယ်။သေချာမသုံးရင်တော. ၁နှစ်အတွင်း ၁ဝဝမှာ ၂၉ ယောက်လောက် ကိုယ်ဝန်ရှိနိုင်ပါ တယ်။ သုတ်သေဆေးတခုထဲ သုံးရင်တော.ထိရောက်မှုနည်းပါတယ်။ကွန်ဒုံး၊အပြင်မှာ သုတ်လွတ်တဲ. နည်းတွေနဲ.တွဲသုံးရင်ထိရောက်မှုပိုရှိပါတယ်။
၂-၃။ဘေးထွက်ဆိုးကျိုးရှိလား။
များသောအားဖြင်.ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမတွေကြပါဘူး။ဓာတ်မတည်.လို.အရေပြားယားယံတာမျိုးပဲ တွေ.လေ.ရှိပါတယ်။အဲဒီအခါကျရင် တခြားတံဆိပ်တခုခုကိုပြောင်းသုံးလို.ရပါတယ်။
၂-၄။ကောင်းကွက်တွေကဘာရှိလဲ။
-ဘယ်လိုထည်.ရတယ်ဆိုတာသိပြီးတာနဲ. နောက်တခါထည်.ဖို.လွယ်သွားပါ ပြီ။ -အိပ်ကပ်၊ပိုက်ဆံအိတ် ထဲမှာထည်.ပြီးဆောင်ထားနိုင်ပါတယ်။ -ကိုယ်.အမျိုးသားဖော်ကထည်.ပေးရင်း လိင်စိတ်ပိုကြွအောင်လုပ် နိုင်ပါတယ်။ မိန်းမရဲ.ဟော်မုန်းပေါ်သက်ရောက်မှုမရှိတဲ.အတွက်ရာသီလာတဲ.ပုံစံမပြောင်း လဲနိုင်ပါဘူး။
ဆရာဝန်ညွန်ကြားချက်ယူစရာမလိုပါဘူး။ -ကလေးနို.တိုက်စဉ်မှာလဲသုံးနိုင်ပါတယ်။
၂-၅။ချို.ယွင်းချက်ကဘာတွေလဲ။
-သေချာမထည်.တတ်ရင် သားအိမ်ခေါင်းအပေါ်ကိုသုတ်သေဆေးမရောက် တဲ.အတွက်ထိရောက်မှုကျနိုင် ပါတယ်။
-တချို.အမျိုးသမီးတွေက သုတ်သေဆေးထည်.ထားတာကို ရှုပ်တယ်လို.ဆိုကြပြီးဆက်ဆံနေစဉ်အတွင်း ထွက်ကျတယ်လို.ဆိုပါတယ်။
၃။ရက်ရှောင်ခြင်း
ရက်ရှောင်နည်းဆိုတာကတော. အမျိုးသမီးမှာမမျိုးဥကြွေလို.ကိုယ်ဝန်ရှိနိုင်မယ်.ရက်တွေကိုတွက်ချက်ပြီး အဲဒီနေ.တွေမှာလင်မယားအတူတူမနေပဲ ဒါမှမဟုတ် ကွန်ဒုံးသုံးပြီးနေတဲ.နည်းပဲဖြစ်ပါတယ်။ အဲဒီနည်းသုံးဖို.ဆိုရင် အမျိုးသမီးဟာရာသီစက်ဝန်းကြာချိန်ကိုသေသေချာချာသိရပါမယ်။ရာသီလာတဲ. ပုံစံပေါ်မူတည်ပြီး အကြမ်းအားဖြင်. ၂ နည်းခွဲခြားထားပါတယ်။
၃-၁။ပုံသေရက်အတိုင်း ရာသီလာသူများအတွက်
အမျိုးသမီးတစ်ချို.ရဲ.ရာသီစက်ဝန်းကြာချိန်ဟာ တလ နဲ.တလ အတူတူပါပဲ။ ပထမဆုံး ရာသီလာတဲ.ရက် ကစပြီး နောက်တလ ရာသီမပေါ်ခင်အချိန်ထိ ၂၈ ရက် ကြာတယ်ဆိုရင်လတိုင်းဒီအတိုင်းပါပဲ။ အတိုး အလျော. မရှိပါဘူး။ ဒီလိုဆိုရင်ရာသီသွေးစပေါ်တဲ.ရက်ကနေစပြီး ရေတွက်လို. ၈ ရက်မြောက် နေ.ကနေ ၁၉ ရက်မြောက်နေ.အတွင်းဟာ ကလေးရနိုင်တဲ.ရက်တွေလို. သတ်မှတ်နိုင်ပါတယ်။ ဒီရက်အတွင်းမှာ လင်မယား အတူတူမနေတာ၊ကွန်ဒုံးသုံးပြီးနေတာတွေနဲ.ကိုယ်ဝန်တားနိုင်ပါတယ်။ အဲဒီရက်အတွင်းမဟုတ် ရင်တော.ကွန်ဒုံးမသုံးပဲနေလို.ရပါတယ်။ရာသီစက်ဝန်းကြာချိန် ၂၆ရက်ထက်နည်းပြီး ၃၂ ရက်ထက်များတဲ. သူတွေဒီနည်းကိုမသုံးသင်.ပါဘူး။
၃-၂။ပုံသေရက်အတိုင်းရာသီမလာသူများအတွက်
တချို.အမျိုးသမီးတွေမှာတော. ရာသီစက်ဝန်းကြာချိန်တွေဟာတစ်လ နဲ.တစ်လ မတူပါဘူး။တစ်ချို.လမှာ ၂၉ ရက်ဖြစ်ပြီး တစ်ချို.လမှာ ၃၁ ရက်ဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင် ရာသီစက်ဝန်းကြာချိန်တွေကို ၈ လ လောက်မှတ်တမ်းတင်ထားဖို.လိုပါတယ်။၁၂ လလောက်မှတ်ထားနိုင်ရင်တော.ပိုကောင်း ပါတယ်။ ရာသီစက်ဝန်းကြာချိန် ၂၇ ရက်ထက်နည်းတဲ.သူတွေ ဒီနည်းကို မသုံးသင်.ပါဘူး။မှတ်ပြီးပြီဆိုရင် ရာသီစက် ဝန်းအတိုဆုံး (ဥပမာ-၂၇ ရက်) နဲ.အရှည်ဆုံး (ဥပမာ-၃၂ ရက်)ကိုမှတ်ထားပါ။ အတိုဆုံးရက် ထဲက ၁၈နုတ်ပါ(ဥပမာ-၂၇-၁၈=၉) အရှည်ဆုံးရက်ထဲက ၁၁ နုတ်ပါ(ဥပမာ-၃၂-၁၁=၂၁) ပထမရလဒ်က ၉ဆိုရင် ရာသီစက်ဝန်းရဲ.၉ ရက်မြောက်နေ.(ရာသီသွေးပေါ်တဲ.နေမှစတင်ရေတွက်ပါ) ဟာကလေးစပြီး ရနိုင်တဲ.ရက်ဖြစ်ပါတယ်။ဒုတိယရလဒ်က ၂၁ ဆိုရင် ရာသီစက်ဝန်းရဲ. ၂၁ ရက်မြောက်နေ.ဟာ ကလေးရ နိုင်တဲ. နောက်ဆုံးရက်ဖြစ်ပါတယ်။ဒါ.ကြောင်. ရာသီစက်ဝန်းရဲ. ၉ရက်မြောက်နေ.ကနေ ၂၁ ရက်မြောက် နေ.အထိ ကွန်ဒုံးမသုံးပဲအတူတူနေလို.မရနိုင်ပါဘူး။ရာသီစပေါ်တဲ.ရက်က သြဂုတ်လ ၃ ရက်နေ.ဆိုရင် ၁၁ ရက်နေ.ကနေ ၂၃ ရက်နေ.အထိကတော. ကျန်ဒုံးသုံးဖို.လိုပါတယ်။အဲဒီရက်အတွင်းမဟုတ်ရင်တော. ကွန်ဒုံးသုံးစရာမလိုပါဘူး။
ဒီနည်းတွေကိုစနစ်တကျသုံးစွဲရင်တော. တနှစ်မှာ အမျိုးသမီး ၁၀၀ ကို၃ ယောက်ကနေ ၅ ယောက် လောက်ပဲ ကိုယ်ဝန်ရတယ်လို.ဆိုပါတယ်။ မှန်မှန်ကန်ကန် မသုံးစွဲရင်တော. ၁ နှစ်မှာ အမျိုးသမီး ၁၀၀ ကို၂၅ ယောက်လောက်ကိုယ်ဝန်ရနိုင်ပါတယ်။
၄။ကွန်ဒုံး
ကွန်ဒုံးကတော.ယောကျ်ားရဲ.သုတ်ရည်တွေ မိန်းမကိုယ်ထဲမရောက်အောင် အတားအဆီးလုပ်ပေးတာပါပဲ။ ယောကျ်ားကွန်ဒုံး၊မိန်းမကွန်ဒုံးဆိုပြီးနှစ်မျိုးရှိပါတယ်။
၅။သားအိမ်ထဲပစ္စည်းထည်.ခြင်း
သားအိမ်ထဲမှာပစ္စည်းထည်.ပြီးကလေးမရအောင်လုပ်တဲ.နည်းဖြစ်ပါတယ်။သုတ်ပိုးနဲ.မမျိုးဥဆုံတွေ.လို.အောင်မြင်ထားတဲ.မမျိုးဥဟာသားအိမ်နံရံမှာတွယ်ကပ်ထားမှဆက်လက်ကြီးထွားပြီး ကိုယ်ဝန်အဖြစ်ရှိနိုင်မှာ ပါ။ပစ္စည်းထည်.ထားတဲ.အတွက်သားအိမ်နံရံပြောင်းလဲပြီး တွယ်ကပ်လို.မရနိုင်တော. တဲ.အတွက် ကိုယ် ဝန်မရှိနိုင်တော.ပါဘူး။ကျွမ်းကျင်တဲ.ဆရာဝန်က မိန်းမကိုယ်ကို အနည်းငယ်ချဲ.ထွင်ပြီးမှထည်.လို. ရတဲ. အတွက်ကလေး ၁ခါမှမမွေးဖူးသေးတဲ.အတွက် အလေး၁ ခါမှမတွေးဖူးသေးတဲယအမျိုးသမီး တွေသိပ်ပြီး မသုံးကြပါဘူး။ အမျိုးသားရောအမျိုးသမီးပါ နှစ်ယောက်လုံးနဲ.သင်.တော်မယ်. ကိုယ်ဝန်တားနည်းကို ရွေးချယ်ပြီး သာယာချမ်းမြေ.လို. စိတ်ပျော်ရွင်မှုရရှိနိုင်ကြပါစေ။
ကိုးကား-www.plannedparenthood.org
www.shcs.ucdavis.edu
ကျန်းမာရေးစာတိုများစုစည်းမှု
today myanmar

Loading...