ဦးေတဇေျဖရမည့္ ေမးခြန္းမ်ား - Reader Myanmar

Latest Posts

ဦးေတဇေျဖရမည့္ ေမးခြန္းမ်ား




ဦးေတဇက မိုးကုတ္ၿမိဳ႕နယ္တြင္ ယူေရနီယံသတၱဳမ်ား ေတြ႕ရွိထားေၾကာင္းႏွင့္ ၎ကိုယ္တိုင္ ယူေရနီယံ ဟုတ္၊ မဟုတ္ စမ္းသပ္ကိုင္တြယ္ရင္း ဓာတ္ေရာင္ျခည္သင့္ေန ေၾကာင္း ဇန္နဝါရီ ၁၉ ရက္ ညေနက သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနစဥ္ (ဓာတ္ပံု − နစ္ကီ)
နာမည္ေက်ာ္သူေဌးႀကီး ဦးေတဇက မုိးကုတ္ၿမိဳ႕ နယ္တြင္ ယူေရနီယံအမ်ားအျပားထြက္ရိွသည့္ ေနရာေတြ႕ရိွထားၿပီး ယူေရနီယံ ဟုတ္၊ မဟုတ္ ကုိယ္တုိင္ စမ္းသပ္ၾကည့္ရာ၌ ဓာတ္ေရာင္ျခည္ သင့္ခံထားရ၍ က်န္းမာေရးမေကာင္းေၾကာင္း မီဒီယာမ်ားအား ေျပာၾကားခဲ့မႈႏွင့္ပတ္သက္၍ ေနာက္ဆက္တြဲေမးခြန္းမ်ားစြာ ထြက္ေပၚလာ သည္။


႐ူပေဗဒပညာရွင္မ်ား၊ စီး ပြားေရးလုပ္ငန္းရွင္မ်ား၊ ႏုိင္ငံေရး သမားမ်ား၊ ျပည္သူမ်ားထံတြင္  ဦးေတဇအတြက္ မတူညီေသာ ေမးခြန္းမ်ား၊ သံုးသပ္ခ်က္မ်ား ကုိယ္စီရိွေနျခင္းျဖစ္သည္။
‘‘ကုလို႔ရတဲ့ ေဆးေတြ၀ယ္ လို႔ရရင္ Press (သတင္းစာရွင္း လင္းပဲြ)လည္းမလုပ္ဘူး’’ဟု ဦး ေတဇက ဇန္န၀ါရီ ၁၉ ရက္တြင္ အင္းလ်ားလမ္းရွိ ေနအိမ္၌ ျပဳ လုပ္ေသာ  သတင္းစာရွင္းလင္း ပဲြတြင္ ေျပာၾကားခဲ့သည္။
က်န္းမာေရးႏွင့္ ပတ္သက္ ၍ စိုးရိမ္ဖြယ္အေနအထားျဖစ္လာ သျဖင့္ ယူေရနီယံဓာတ္သတၱဳ ေတြ႕ရိွျခင္းကို မီဒီယာမွတစ္ဆင့္ အစိုးရသုိ႔ အသိေပးရန္ သတင္းစာရွင္းလင္းပဲြျပဳလုပ္ရျခင္း ျဖစ္ေၾကာင္း ဦးေတဇက ေျပာၾကားခဲ့သည္။
အဆိုပါေျပာၾကားမႈႏွင့္ ပတ္ သက္၍ ဦးေတဇအေပၚ နားမ လည္ႏုိင္ျဖစ္ခဲ့ၾကၿပီး ေျပာၾကားခဲ့ ေသာ စကားမ်ားအေပၚ အေျခခံ ၍ အမ်ိဳးမ်ဳိးထင္ေၾကးေပးေနၾက သည္။ သူ႔အက်ိဳးစီးပြားအတြက္ လား၊ သူ႔ပံုရိပ္အတြက္လား၊ ႏုိင္ငံေတာ္အတြက္လားဟူ၍ျဖစ္သည္။
‘‘ႏွစ္ခ်က္ေပါ့ဗ်ာ။ သူတကယ္မသိလုိ႔ျဖစ္မယ္။ ဒီကိစၥကို တပ္က သိၿပီးသား။ ေနာက္တစ္ခ်က္က သူသည္ သူ႔ပံုရိပ္ကုိ ျပန္ေကာင္းေအာင္ လုပ္တာျဖစ္မယ္’’ဟု တပ္မေတာ္ေထာက္လွမ္းေရးအရာရိွေဟာင္းတစ္ဦးက မွတ္ခ်က္ျပဳသည္။
လြန္ခဲ့ေသာ ႏွစ္ ၂၀ ေက်ာ္ ကပင္ ျမန္မာႏိုင္ငံတြင္ ယူေရနီ ယံသတၱဳရွာေဖြျခင္းကို ေနရာ ငါးခုခန္႔တြင္ ျပဳလုပ္ခဲ့ၾကသည္။  ၁၉၈၂ တြင္ Technical Service Coperation ဖြဲ႕၍ ပညာရွင္မ်ား က ရွာေဖြခဲ့ၾကသည္။ ၎တို႔ရွာ ေဖြေသာေနရာတြင္ မႏၲေလးတုိင္း ေဒသႀကီး မုိးကုတ္ၿမိဳ႕နယ္၊ ကခ်င္ ႏွင့္ ရွမ္းျပည္နယ္၊ ေတာင္ႀကီး ေဒသတုိ႔လည္း ပါ၀င္ခဲ့သည္။ မုိးကုတ္ၿမိဳ႕နယ္ ေညာင္ပင္သာ ေက်းရြာအနီးတြင္ ေတြ႕ရိွခဲ့သည္ ဟု အစိုးရႏွင့္ နီးစပ္သူမ်ားက ဆုိ သည္။ သုိ႔ေသာ္အစိုးရအေနျဖင့္ ယူေရနီယံသတၱဳေတြ႕ရိွေၾကာင္း တစ္ႀကိမ္မွ် မထုတ္ျပန္ခဲ့ေပ။
တပ္မေတာ္အစိုးရလက္ ထက္တြင္လည္း သိပံၸႏွင့္ နည္း ပညာ၀န္ႀကီးဌာနက ယူေရနီယံ သတၱဳကုိ အေျခခံ၍ ႏ်ဴကလီးယား အတြက္ စီမံကိန္းမ်ား စမ္းသပ္ ေဆာင္ရြက္ခဲ့သည္။ ယူေရနီယံ ထြက္ရိွသည္ဟု ေျပာဆိုၾကေသာ မုိးကုတ္ၿမိဳ႕ႏွင့္ မနီးမေ၀းရိွ သ ပိတ္က်င္းၿမိဳ႕အနီး၌ တပ္ရင္းတစ္ ရင္းဖြင့္လွစ္၍ ေဆာင္ရြက္ခဲ့သည္။ ထိုတပ္ရင္းတြင္ ဗုိလ္ခ်ဳပ္တစ္ဦး ဦးေဆာင္၍ ႐ုရွားျပန္ တပ္မေတာ္သား  ပညာရွင္မ်ားႏွင့္ ကုိယ္ထူကုိယ္ထ လုပ္ကုိင္ခဲ့သည္ဟု တပ္မေတာ္အရာရိွေဟာင္းတစ္ဦးကေျပာသည္။
သိပံၸႏွင့္ နည္းပညာ၀န္ႀကီး ဌာနက ယူေရနီယံဓာတ္သတၱဳကို အေျခခံ၍ ႏ်ဴကလီးယားစြမ္းအင္ စီမံကိန္းအစား လက္နက္ထုတ္ လုပ္ရန္ အဓိကရည္ရြယ္ လုပ္ ေဆာင္ခဲ့သည္ဟု ေလ့လာသူမ်ား ကဆိုသည္။ ျပည္ပသုိ႔ ထြက္ေျပး တိမ္းေရွာင္သြားေသာ တပ္မေတာ္ အရာရိွေဟာင္း ဗိုလ္မွဴးစိုင္းသိန္း၀င္းမွတစ္ဆင့္ ႏ်ဴကလီးယားစီမံကိန္းဆုိင္ရာ အခ်က္အလက္အခ်ိဳ႕ ေပါက္ၾကားခဲ့သျဖင့္ ႏုိင္ငံတကာက ျမန္မာႏုိင္ငံ၏ ႏ်ဴကလီးယားႏွင့္ ပတ္သက္ေသာ အိပ္မက္ကို စိတ္၀င္စားေစာင့္ၾကည့္ခဲ့ၾကသည္။
မုိးကုတ္ၿမိဳ႕နယ္တြင္ ယူေရနီယံထြက္ရိွေၾကာင္း တပ္မေတာ္ အစုိးရႏွင့္ နီးစပ္သူမ်ားသိရိွသည္ မွာ ႏွစ္ ၂၀ ခန္႔ပင္ရိွၿပီျဖစ္ၿပီး ထုတ္ လုပ္ရန္သာ နည္းပညာ အခက္ အခဲရိွေနေၾကာင္း လုပ္ငန္းရွင္ ႀကီးတစ္ဦးကေျပာသည္။
ထို႔ေၾကာင့္ ဦးေတဇယူေရနီ ယံသတၱဳရွာေဖြေတြ႕ရိွသည္ဟု ေျပာသည့္ေနရာသည္ မုိးကုတ္ၿမိဳ႕နယ္မွ သံုးနာရီခန္႔ ကားေမာင္း၍ သြားရေသာ အံတုန္ေက်းရြာတြင္ ေတြ႕ရိွသည္ဟု ဆုိသျဖင့္ အမွန္ တကယ္ေတြ႕ရိွသည္ဆုိလွ်င္ပင္ ထုိေနရာသည္ ေနရာအသစ္ မဟုတ္ႏုိင္ဟု ပညာရွင္မ်ားက သံုးသပ္သည္။
‘‘သူလည္း ေသခ်ာလို႔ သ တင္းစာရွင္းလင္းပဲြလုပ္ၿပီး ေျပာ တာျဖစ္ႏိုင္တာပဲ။ ဒါေပမဲ့ သူေတြ႕ တဲ့ေနရာက တပ္မေတာ္က မ ေတြ႕ေသးတဲ့ေနရာေတာ့ မဟုတ္ ဘူး’’ ဟု သတၱဳႏွင့္ သယံဇာတ ေရးရာေကာ္မတီ ဥကၠ႒တပ္မေတာ္ အရာရွိေဟာင္း ဦးလွေဆြက ေျပာသည္။
ဦးေတဇအေနျဖင့္လည္း စမ္းသပ္ေတြ႕ရွိသည့္ ယူေရနီယံ ပါ၀င္သည့္ ေက်ာက္မ်ားကို သိပၸံ ႏွင့္နည္းပညာ ၀န္ႀကီးဌာနသို႔ ေပး ပို႔အပ္ႏွံထားေသာ္လည္း အ ေၾကာင္းမျပန္ေသးေၾကာင္း သ တင္းစာရွင္းလင္းပဲြ၌ သတင္း ေထာက္မ်ားအား ေျပာၾကားခဲ့ သည္။ သို႔ေသာ္ သိပၸံႏွင့္နည္း ပညာ၀န္ႀကီးဌာနမွ တာ၀န္ရွိသူ မ်ားကမူ ဦးေတဇက ယူေရနီယံ ႏွင့္ ပတ္သက္၍ ဆက္သြယ္သ တင္းပို႔မႈမရွိေၾကာင္း ေျပာသည္။
ယူေရနီယံသတၱဳသည္ တား ျမစ္ထားေသာ သတၱဳအမ်ိဳးအစား တြင္ ပါ၀င္ၿပီး လက္ရွိတည္ဆဲ ဥပေဒအရ ပုဂၢလိကအား တူး ေဖာ္ရွာေဖြခြင့္ မျပဳေပ။ ထို႔အျပင္ ျမန္မာႏုိင္ငံအေနျဖင့္ သမၼတဦး သိန္းစိန္လက္ထက္တြင္ အျပည္ ျပည္ဆိုင္ရာ အဏုျမဴစြမ္းအင္ ေအဂ်င္စီ (IAEA) အဖြဲ႕၀င္ျဖစ္ လာခဲ့သည္။ အစိုးရအေနျဖင့္ IAEA ႏွင့္ လက္မွတ္ထိုးကာ ႏ်ဴ ကလီးယားစီမံကိန္း ရပ္ဆိုင္းထား ေၾကာင္း ေၾကညာထားသည္။
သတၱဳတူးေဖာ္ေရးလုပ္နည္း လုပ္ဟန္မ်ားအရ အဆိုပါ ယူေရ နီယံ သတၱဳတစ္ခု ရွာေဖြေတြ႕ရွိ ရန္မွာ အဆင့္ေပါင္းမ်ားစြာ လုပ္ ေဆာင္ရၿပီး ေလးႏွစ္ခန္႔ ဆက္ တိုက္လုပ္ေဆာင္ရေၾကာင္း ဘူမိ ေဗဒပညာရွင္တစ္ဦးက ေျပာ သည္။
ထို႔အျပင္ သူ႔အေနျဖင့္ ေရဒီ ယိုဓာတ္ (Rediation) သင့္ေန သည္ဟု ေျပာဆုိျခင္းႏွင့္ပတ္ သက္၍လည္း ပညာရွင္မ်ားၾကား နားမလည္ႏိုင္ေအာင္ ျဖစ္ေနၾက သည္။
‘‘ယူေရနီယံနဲ႔ပတ္သက္ၿပီး ႏွစ္ေပါင္းမ်ားစြာ ဆရာနီးနီးကပ္ ကပ္လုပ္ခဲ့တာေတာင္ Rediation ဓာတ္မသင့္ရင္ ဦးေတဇ ခဏ ေလးနဲ႔ေတာ့ မသင့္ႏိုင္ပါဘူး။ ဒရာမာကား႐ိုက္တာလားေတာ့ မသိဘူး’’ ဟု ႏ်ဴကလီးယား ႐ူပ ေဗဒပညာရွင္ ဆရာႀကီးေဒါက္ တာတင္ေအာင္ကိုက ေစာင့္ ၾကည့္သတင္းဂ်ာနယ္ႏွင့္ အင္ တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။
အကယ္၍ ဦးေတဇအေန ျဖင့္ Rediation ဓာတ္သင့္သြား သည္ဆိုလွ်င္ပင္ ခႏၶာကိုယ္ထဲ မ ေရာက္ႏိုင္ေသးဘဲ အ၀တ္အစား ေပၚတြင္သာ ရွိႏိုင္ေသးေၾကာင္း ေဒါက္တာတင္ေအာင္ကိုက ဆက္ လက္ ေျပာၾကားသည္။
ထို႔ေၾကာင့္ ဦးေတဇအေန ျဖင့္ အျခားေသာရည္ရြယ္ခ်က္ ျဖင့္ ေျပာဆုိျခင္းမွာ ပိုမိုျဖစ္ႏိုင္ ေၾကာင္း ပညာရွင္မ်ားႏွင့္ စီးပြား ေရးလုပ္ငန္းရွင္မ်ားက မွတ္ခ်က္ ေပးၾကသည္။
‘‘ႏိုင္ငံေတာ္အတြက္ သတင္း မီဒီယာေတြကေနတစ္ဆင့္ အသိ ေပးရတာပါ’’ ဟု သတင္းစာရွင္း လင္းပဲြတြင္ ေျပာၾကားခဲ့သည္။
ဦးေတဇအေနျဖင့္ လက္ရွိ တပ္မေတာ္ ထိပ္ပိုင္းေခါင္းေဆာင္ မ်ားႏွင့္ အစိုးရတာ၀န္ရွိသူမ်ား အား တိုက္႐ိုက္ေျပာဆိုႏိုင္သူျဖစ္ သည္။ ယခင္တပ္မေတာ္ ထိပ္ ပိုင္းေခါင္းေဆာင္မ်ားႏွင့္လည္း နီးစပ္သူျဖစ္သည္။ တပ္မေတာ္အ စိုးရ လက္ထက္ကပင္ ဗိုလ္ခ်ဳပ္ မွဴးႀကီးသန္းေရႊ၊ ဒုတိယဗိုလ္ခ်ဳပ္ မွဴးႀကီး ေမာင္ေအးအပါအ၀င္ တပ္မေတာ္ထိပ္ပိုင္း ေခါင္းေဆာင္ မ်ားႏွင့္ ဆက္ဆံေရးေကာင္းခဲ့သူ ျဖစ္သည္။
လက္ရွိသမၼတ ဦးသိန္းစိန္ အျပင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္း ေအာင္လိႈင္ႏွင့္ ေတြ႕ဆံုခြင့္ရ ေအာင္ လုပ္ႏိုင္သူျဖစ္သည္။ တပ္ မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ႐ုရွားသြားစဥ္က ဦးေတဇတို႔ သား အဖ လိုက္ပါသြားခဲ့သည္အထိ နီး စပ္မႈရွိသူျဖစ္သည္။ ႏိုင္ငံေတာ္ က က်င္းပသည့္ ႏိုင္ငံတကာအ ခမ္းအနားမ်ားတြင္ ဦးေတဇပိုင္  ဟိုတယ္မ်ားက ဧည့္ခံေကြၽးေမြး ေရးကိစၥမ်ား တာ၀န္ယူလ်က္ရွိ သည္။ ထို႔ေၾကာင့္ ၎က အစိုးရ အဖဲြ႕သိရွိေစရန္ မီဒီယာမွတစ္ ဆင့္ ေျပာဆုိျခင္းျဖစ္သည္ဟု ေျပာ ၾကားျခင္းသည္ ရည္ရြယ္ခ်က္ တစ္စံုတစ္ရာရွိႏိုင္ေၾကာင္း စီးပြား ေရးလုပ္ငန္းရွင္တစ္ဦးက ၎၏ အျမင္ကို ေျပာသည္။
‘‘နာမည္ယူတာေပါ့။ တစ္ ေထာင့္တစ္ေနရာက ျမန္မာျပည္ ေကာင္းက်ိဳးအတြက္ ပါ၀င္ခဲ့တယ္ ဆိုတာမ်ိဳးေပါ့’’ ဟု သတၱဳႏွင့္သ ယံဇာတေရးရာေကာ္မတီ ဥကၠ႒ တပ္မေတာ္အရာရွိေဟာင္း ဦးလွ ေဆြက သံုးသပ္သည္။
တပ္မေတာ္အစိုးရလက္ ထက္တြင္ တပ္မေတာ္ထိပ္ပိုင္း ေခါင္းေဆာင္မ်ားႏွင့္ ေပါင္း၍ ႀကီးပြားခ်မ္းသာလာသူမ်ားအား ျမန္မာျပည္သူမ်ားက ခ႐ိုနီဟု နာ မည္ေပးထားၾကသည္။ ထိုအထဲ တြင္ ဦးေတဇလည္း ပါ၀င္သည္။
ထို႔ေၾကာင့္ အခ်ိဳ႕ေသာ ခ႐ိုနီ နာမည္ တပ္ခံရသူမ်ားမွာ ဦးသိန္း စိန္အစိုးရလက္ထက္တြင္ မိမိတို႔ ၏ ပံုရိပ္ျပန္လည္ေကာင္းမြန္လာ ေစရန္ ႀကိဳးစားလာၾကသည္။ လူ မႈေရးလုပ္ငန္းမ်ား လုပ္ကိုင္လာ ျခင္း၊ အလွဴအတန္းမ်ား ျပဳလုပ္ ျခင္းႏွင့္ လူထုေခါင္းေဆာင္ ေဒၚ ေအာင္ဆန္းစုၾကည္အပါအ၀င္ ဒီမိုကေရစီအင္အားစုမ်ားကို နည္းမ်ိဳးစံုျဖင့္ ပံ့ပိုးလာၾကသည္။ ထို႔ ေၾကာင့္ အခ်ိဳ႕ေသာ ခ႐ိုနီနာမည္ တပ္ခံရေသာ စီးပြားေရးလုပ္ငန္း ရွင္ႀကီးအခ်ိဳ႕၏ ပံုရိပ္ ျပန္လည္ ေကာင္းမြန္လာခဲ့သည္။
ဦးေတဇအေနျဖင့္လည္း ထူး ေဖာင္ေဒးရွင္းတစ္ခုတည္ေထာင္ ကာ လူမႈေရးလုပ္ငန္းမ်ား ျပန္ လည္လုပ္ကိုင္ေနသည္။ တစ္ခ်ိန္ က သူခုတ္ခဲ့ေသာ သစ္ေတာမ်ား ေနရာတြင္ သစ္ပင္မ်ား ျပန္လည္ စိုက္ပ်ိဳးျခင္းလုပ္ငန္းအပါအ၀င္  ပညာေရး၊ က်န္းမာေရးလုပ္ငန္း မ်ား၊ အေရးေပၚကယ္ဆယ္ေရး လုပ္ငန္းမ်ားတြင္ ကူညီမႈမ်ား ျပဳ လုပ္လာခဲ့သည္။ အမ်ိဳးသားဒီမို ကေရစီအဖဲြ႕ခ်ဳပ္ ပညာေရးကြန္ရက္သို႔ ေငြလွဴဒါန္းျခင္း၊ ခါကာဘိုရာဇီေတာင္တက္ရာတြင္ ေပ်ာက္ဆံုးသြားေသာ ေတာင္တက္သမားႏွစ္ဦးအား ဦးေတဇကိုယ္တိုင္ ဦးစီးရွာေဖြျခင္းမ်ား ျပဳလုပ္ခဲ့သည္။
 ထို႔ေၾကာင့္ သမၼတဦးသိန္းစိန္က ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ေသာ လူမႈ၊ ၀န္းက်င္အက်ိဳးေဆာင္ အဖဲြ႕အစည္း အခ်ိဳ႕တြင္ ထူးေဖာင္ေဒးရွင္း ပါ၀င္ခဲ့သည္။
ယူေရနီယံကို အမွန္တကယ္ ရွာေဖြေတြ႕ရွိခဲ့သည္ဆိုပါက သူ႔ အေနျဖင့္ အဆိုပါ သတၱဳတူးေဖာ္ ေရးလုပ္ငန္းႏွင့္ပတ္သက္၍ လုပ္ ကိုင္ခြင့္ရရွိရန္ ရည္ရြယ္ျခင္းလည္း ျဖစ္ႏိုင္သည္ဟု တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႕မွ ေခါင္း ေဆာင္တစ္ဦးက ေျပာသည္။
၎အေနျဖင့္လည္း တပ္မ ေတာ္အစိုးရႏွင့္ နီးစပ္ခဲ့သည့္အ ျပင္ ႐ုရွားႏိုင္ငံႏွင့္ပါ အဆက္အ သြယ္ရွိသျဖင့္ အဆိုပါ သတၱဳတူး ေဖာ္ေရးႏွင့္ပတ္သက္၍ လုပ္ကိုင္ ခြင့္တစ္စံုတစ္ရာ ရရွိႏိုင္ရန္ ရည္ ရြယ္သည့္ အေနအထားဟု အ ထက္ပါပုဂၢဳိလ္အခ်ိဳ႕က ဆိုသည္။
‘‘သူ႔အသက္အႏၲရာယ္ ေတာင္ ေပးဆပ္ၿပီး ရွာေတြ႕ထား တယ္လို႔ ေျပာထားတာ။ သာမန္ ေတာ့မဟုတ္ဘူး။ ထုတ္လုပ္ခြင့္ ေပၚမူတည္ၿပီး အက်ိဳးစီးပြားက ရွိ လာႏိုင္တာေပါ့’’ ဟု ထိပ္တန္းစီး ပြားေရးလုပ္ငန္းရွင္ တစ္ဦးက သံုးသပ္သည္။
ဦးေတဇအေနျဖင့္ အမွန္တ ကယ္ ေတြ႕ရွိပါက သူထုတ္လုပ္ခြင့္မရသည့္တုိင္ ယူေရနီယံ ေရာင္းခ်ျခင္းႏွင့္ပင္ တုိင္းျပည္အတြက္ အက်ိဳးမ်ားစြာရွိၿပီး စြမ္းအင္က႑၊ ပညာေရးက႑ႏွင့္ စိုက္ ပ်ိဳးေရးက႑တို႔တြင္ က်ယ္က်ယ္ျပန္႔ျပန္႔ အသံုးျပဳႏိုင္မည္ျဖစ္သည္။
ဗီဒီယိုမွတ္တမ္းမ်ားအရ ခါ ကာဘိုရာဇီေတာင္ေၾကာတစ္ေန ရာတြင္လည္း အဆိုပါ ယူေရနီယံ သတၱဳထြက္ရွိႏိုင္ဖြယ္ရွိသည့္ ေန ရာအခ်ိဳ႕ကို ေတြ႕ရွိထားၿပီး ပြင့္ လင္းရာသီ၌ သြားေရာက္ရွာေဖြ မည္ဟု ဦးေတဇက ေျပာၾကားခဲ့ ေသးသည္။
ထို႔ေၾကာင့္ ၎အေနျဖင့္ ယူ ေရနီယံ သတၱဳေတြ႕ထားသည့္ေန ရာမွာ တစ္ေနရာထက္ပိုႏိုင္ၿပီး အဖိုးတန္သတၱဳမ်ားကို ျပည္ပ ႏိုင္ငံမ်ားသို႔ ေရာက္ရွိသြားမည္ကို စိုးရိမ္၍ ထုတ္ေဖာ္ေျပာျခင္းျဖစ္ ႏိုင္ေၾကာင္း ဦးေတဇႏွင့္ နီးစပ္သူ အခ်ိဳ႕က သံုးသပ္သည္။
လက္ရွိ ျမန္မာႏိုင္ငံ၌ တုိင္း ရင္းသားလက္နက္ကိုင္မ်ား ထိန္း ခ်ဳပ္ထားေသာ နယ္ေျမမ်ားတြင္ ထြက္ေသာ အဖိုးတန္သတၱဳျဖစ္ ေသာ ေျမရွားသတၱဳေခၚ Rare Earth Materials သတၱဳအား တ႐ုတ္ႏိုင္ငံမွ ေစ်းေပါေပါျဖင့္ ထုတ္ယူေနေၾကာင္း ေလ့လာသူ အခ်ိဳ႕က သံုးသပ္သည္။ အဆိုပါ သတၱဳမွာ ကခ်င္ႏွင့္ ကရင္ျပည္ နယ္တို႔တြင္ ထြက္ရွိႏိုင္ေၾကာင္း ဘူမိေဗဒပညာရွင္တစ္ဦးက ေျပာ သည္။
သို႔ေသာ္ ဦးေတဇ၏ ယူေရ နီယံဓာတ္သတၱဳေတြ႕ရွိသည့္ ပံုစံ ေရဒီယိုသတိၱသင့္ေနသည္ဟု ေျပာဆိုျခင္းႏွင့္ ၎၏ သတင္းစာ ရွင္းလင္းပဲြ ျပဳလုပ္သည့္ပံုစံက ေတာ့ ထူးျခားသည့္ပံုစံ ျဖစ္ေန သည္။ ပညာရွင္မ်ားႏွင့္ စီးပြား ေရးလုပ္ငန္းရွင္မ်ားၾကား မည္ သည့္ရည္ရြယ္ခ်က္ျဖင့္ ထုတ္ေဖာ္ ေျပာဆုိသည္ကို နားမလည္ႏိုင္ ေအာင္ျဖစ္ေနၾကသျဖင့္ အမ်ိဳးမ်ိဳး ထင္ေၾကးေပးေနၾကျခင္း ျဖစ္ သည္။
ထို႔ေၾကာင့္ ယခုကဲ့သို႔ ဦးေတဇ၏ ယူေရနီယံသတၱဳရွာေဖြ ေတြ႕ရွိၿပီး ေရဒီယိုဓာတ္သတိၱသင့္ေနသည္ ဆိုသည့္အေပၚ ပညာရွင္အ သိုင္းအ၀ိုင္းတြင္ ယခုကဲ့သုိ႔ ေျပာ ဆိုေနေၾကာင္း စီးပြားေရးလုပ္ငန္း ရွင္တစ္ဦးက ေအာက္ပါအတိုင္း ျပန္ေျပာသည္။
‘‘ဓမၼေစတီေခါင္းေလာင္း ရွာေဖြေနတာၿပီးရင္ ဒါက ဒုတိယ အရယ္ရဆံုး ဟာသပါပဲ’’
newmankoko

Unicode
ဦးတေဇက မိုးကုတ်မြို့နယ်တွင် ယူရေနီယံသတ္တုများ တွေ့ရှိထားကြောင်းနှင့် ၎င်းကိုယ်တိုင် ယူရေနီယံ ဟုတ်၊ မဟုတ် စမ်းသပ်ကိုင်တွယ်ရင်း ဓာတ်ရောင်ခြည်သင့်နေ ကြောင်း ဇန်နဝါရီ ၁၉ ရက် ညနေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − နစ်ကီ)
နာမည်ကျော်သူဌေးကြီး ဦးတေဇက မိုးကုတ်မြို့ နယ်တွင် ယူရေနီယံအများအပြားထွက်ရှိသည့် နေရာတွေ့ရှိထားပြီး ယူရေနီယံ ဟုတ်၊ မဟုတ် ကိုယ်တိုင် စမ်းသပ်ကြည့်ရာ၌ ဓာတ်ရောင်ခြည် သင့်ခံထားရ၍ ကျန်းမာရေးမကောင်းကြောင်း မီဒီယာများအား ပြောကြားခဲ့မှုနှင့်ပတ်သက်၍ နောက်ဆက်တွဲမေးခွန်းများစွာ ထွက်ပေါ်လာ သည်။
ရူပဗေဒပညာရှင်များ၊ စီး ပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေး သမားများ၊ ပြည်သူများထံတွင်  ဦးတေဇအတွက် မတူညီသော မေးခွန်းများ၊ သုံးသပ်ချက်များ ကိုယ်စီရှိနေခြင်းဖြစ်သည်။
‘‘ကုလို့ရတဲ့ ဆေးတွေဝယ် လို့ရရင် Press (သတင်းစာရှင်း လင်းပွဲ)လည်းမလုပ်ဘူး’’ဟု ဦး တေဇက ဇန်နဝါရီ ၁၉ ရက်တွင် အင်းလျားလမ်းရှိ နေအိမ်၌ ပြု လုပ်သော  သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် ပတ်သက် ၍ စိုးရိမ်ဖွယ်အနေအထားဖြစ်လာ သဖြင့် ယူရေနီယံဓာတ်သတ္တု တွေ့ရှိခြင်းကို မီဒီယာမှတစ်ဆင့် အစိုးရသို့ အသိပေးရန် သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးတေဇက ပြောကြားခဲ့သည်။
အဆိုပါပြောကြားမှုနှင့် ပတ် သက်၍ ဦးတေဇအပေါ် နားမ လည်နိုင်ဖြစ်ခဲ့ကြပြီး ပြောကြားခဲ့ သော စကားများအပေါ် အခြေခံ ၍ အမျိုးမျိုးထင်ကြေးပေးနေကြ သည်။ သူ့အကျိုးစီးပွားအတွက် လား၊ သူ့ပုံရိပ်အတွက်လား၊ နိုင်ငံတော်အတွက်လားဟူ၍ဖြစ်သည်။
‘‘နှစ်ချက်ပေါ့ဗျာ။ သူတကယ်မသိလို့ဖြစ်မယ်။ ဒီကိစ္စကို တပ်က သိပြီးသား။ နောက်တစ်ချက်က သူသည် သူ့ပုံရိပ်ကို ပြန်ကောင်းအောင် လုပ်တာဖြစ်မယ်’’ဟု တပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
လွန်ခဲ့သော နှစ် ၂၀ ကျော် ကပင် မြန်မာနိုင်ငံတွင် ယူရေနီ ယံသတ္တုရှာဖွေခြင်းကို နေရာ ငါးခုခန့်တွင် ပြုလုပ်ခဲ့ကြသည်။  ၁၉၈၂ တွင် Technical Service Coperation ဖွဲ့၍ ပညာရှင်များ က ရှာဖွေခဲ့ကြသည်။ ၎င်းတို့ရှာ ဖွေသောနေရာတွင် မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ်၊ ကချင် နှင့် ရှမ်းပြည်နယ်၊ တောင်ကြီး ဒေသတို့လည်း ပါဝင်ခဲ့သည်။ မိုးကုတ်မြို့နယ် ညောင်ပင်သာ ကျေးရွာအနီးတွင် တွေ့ရှိခဲ့သည် ဟု အစိုးရနှင့် နီးစပ်သူများက ဆို သည်။ သို့သော်အစိုးရအနေဖြင့် ယူရေနီယံသတ္တုတွေ့ရှိကြောင်း တစ်ကြိမ်မျှ မထုတ်ပြန်ခဲ့ပေ။
တပ်မတော်အစိုးရလက် ထက်တွင်လည်း သိပံ္ပနှင့် နည်း ပညာဝန်ကြီးဌာနက ယူရေနီယံ သတ္တုကို အခြေခံ၍ နျူကလီးယား အတွက် စီမံကိန်းများ စမ်းသပ် ဆောင်ရွက်ခဲ့သည်။ ယူရေနီယံ ထွက်ရှိသည်ဟု ပြောဆိုကြသော မိုးကုတ်မြို့နှင့် မနီးမဝေးရှိ သ ပိတ်ကျင်းမြို့အနီး၌ တပ်ရင်းတစ် ရင်းဖွင့်လှစ်၍ ဆောင်ရွက်ခဲ့သည်။ ထိုတပ်ရင်းတွင် ဗိုလ်ချုပ်တစ်ဦး ဦးဆောင်၍ ရုရှားပြန် တပ်မတော်သား  ပညာရှင်များနှင့် ကိုယ်ထူကိုယ်ထ လုပ်ကိုင်ခဲ့သည်ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးကပြောသည်။
သိပံ္ပနှင့် နည်းပညာဝန်ကြီး ဌာနက ယူရေနီယံဓာတ်သတ္တုကို အခြေခံ၍ နျူကလီးယားစွမ်းအင် စီမံကိန်းအစား လက်နက်ထုတ် လုပ်ရန် အဓိကရည်ရွယ် လုပ် ဆောင်ခဲ့သည်ဟု လေ့လာသူများ ကဆိုသည်။ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားသော တပ်မတော် အရာရှိဟောင်း ဗိုလ်မှူးစိုင်းသိန်းဝင်းမှတစ်ဆင့် နျူကလီးယားစီမံကိန်းဆိုင်ရာ အချက်အလက်အချို့ ပေါက်ကြားခဲ့သဖြင့် နိုင်ငံတကာက မြန်မာနိုင်ငံ၏ နျူကလီးယားနှင့် ပတ်သက်သော အိပ်မက်ကို စိတ်ဝင်စားစောင့်ကြည့်ခဲ့ကြသည်။
မိုးကုတ်မြို့နယ်တွင် ယူရေနီယံထွက်ရှိကြောင်း တပ်မတော် အစိုးရနှင့် နီးစပ်သူများသိရှိသည် မှာ နှစ် ၂၀ ခန့်ပင်ရှိပြီဖြစ်ပြီး ထုတ် လုပ်ရန်သာ နည်းပညာ အခက် အခဲရှိနေကြောင်း လုပ်ငန်းရှင် ကြီးတစ်ဦးကပြောသည်။
ထို့ကြောင့် ဦးတေဇယူရေနီ ယံသတ္တုရှာဖွေတွေ့ရှိသည်ဟု ပြောသည့်နေရာသည် မိုးကုတ်မြို့နယ်မှ သုံးနာရီခန့် ကားမောင်း၍ သွားရသော အံတုန်ကျေးရွာတွင် တွေ့ရှိသည်ဟု ဆိုသဖြင့် အမှန် တကယ်တွေ့ရှိသည်ဆိုလျှင်ပင် ထိုနေရာသည် နေရာအသစ် မဟုတ်နိုင်ဟု ပညာရှင်များက သုံးသပ်သည်။
‘‘သူလည်း သေချာလို့ သ တင်းစာရှင်းလင်းပွဲလုပ်ပြီး ပြော တာဖြစ်နိုင်တာပဲ။ ဒါပေမဲ့ သူတွေ့ တဲ့နေရာက တပ်မတော်က မ တွေ့သေးတဲ့နေရာတော့ မဟုတ် ဘူး’’ ဟု သတ္တုနှင့် သယံဇာတ ရေးရာကော်မတီ ဥက္ကဋ္ဌတပ်မတော် အရာရှိဟောင်း ဦးလှဆွေက ပြောသည်။
ဦးတေဇအနေဖြင့်လည်း စမ်းသပ်တွေ့ရှိသည့် ယူရေနီယံ ပါဝင်သည့် ကျောက်များကို သိပ္ပံ နှင့်နည်းပညာ ဝန်ကြီးဌာနသို့ ပေး ပို့အပ်နှံထားသော်လည်း အ ကြောင်းမပြန်သေးကြောင်း သ တင်းစာရှင်းလင်းပွဲ၌ သတင်း ထောက်များအား ပြောကြားခဲ့ သည်။ သို့သော် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ များကမူ ဦးတေဇက ယူရေနီယံ နှင့် ပတ်သက်၍ ဆက်သွယ်သ တင်းပို့မှုမရှိကြောင်း ပြောသည်။
ယူရေနီယံသတ္တုသည် တား မြစ်ထားသော သတ္တုအမျိုးအစား တွင် ပါဝင်ပြီး လက်ရှိတည်ဆဲ ဥပဒေအရ ပုဂ္ဂလိကအား တူး ဖော်ရှာဖွေခွင့် မပြုပေ။ ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် သမ္မတဦး သိန်းစိန်လက်ထက်တွင် အပြည် ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အဖွဲ့ဝင်ဖြစ် လာခဲ့သည်။ အစိုးရအနေဖြင့် IAEA နှင့် လက်မှတ်ထိုးကာ နျူ ကလီးယားစီမံကိန်း ရပ်ဆိုင်းထား ကြောင်း ကြေညာထားသည်။
သတ္တုတူးဖော်ရေးလုပ်နည်း လုပ်ဟန်များအရ အဆိုပါ ယူရေ နီယံ သတ္တုတစ်ခု ရှာဖွေတွေ့ရှိ ရန်မှာ အဆင့်ပေါင်းများစွာ လုပ် ဆောင်ရပြီး လေးနှစ်ခန့် ဆက် တိုက်လုပ်ဆောင်ရကြောင်း ဘူမိ ဗေဒပညာရှင်တစ်ဦးက ပြော သည်။
ထို့အပြင် သူ့အနေဖြင့် ရေဒီ ယိုဓာတ် (Rediation) သင့်နေ သည်ဟု ပြောဆိုခြင်းနှင့်ပတ် သက်၍လည်း ပညာရှင်များကြား နားမလည်နိုင်အောင် ဖြစ်နေကြ သည်။
‘‘ယူရေနီယံနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ဆရာနီးနီးကပ် ကပ်လုပ်ခဲ့တာတောင် Rediation ဓာတ်မသင့်ရင် ဦးတေဇ ခဏ လေးနဲ့တော့ မသင့်နိုင်ပါဘူး။ ဒရာမာကားရိုက်တာလားတော့ မသိဘူး’’ ဟု နျူကလီးယား ရူပ ဗေဒပညာရှင် ဆရာကြီးဒေါက် တာတင်အောင်ကိုက စောင့် ကြည့်သတင်းဂျာနယ်နှင့် အင် တာဗျူးတွင် ပြောကြားခဲ့သည်။
အကယ်၍ ဦးတေဇအနေ ဖြင့် Rediation ဓာတ်သင့်သွား သည်ဆိုလျှင်ပင် ခန္ဓာကိုယ်ထဲ မ ရောက်နိုင်သေးဘဲ အဝတ်အစား ပေါ်တွင်သာ ရှိနိုင်သေးကြောင်း ဒေါက်တာတင်အောင်ကိုက ဆက် လက် ပြောကြားသည်။
ထို့ကြောင့် ဦးတေဇအနေ ဖြင့် အခြားသောရည်ရွယ်ချက် ဖြင့် ပြောဆိုခြင်းမှာ ပိုမိုဖြစ်နိုင် ကြောင်း ပညာရှင်များနှင့် စီးပွား ရေးလုပ်ငန်းရှင်များက မှတ်ချက် ပေးကြသည်။
‘‘နိုင်ငံတော်အတွက် သတင်း မီဒီယာတွေကနေတစ်ဆင့် အသိ ပေးရတာပါ’’ ဟု သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
ဦးတေဇအနေဖြင့် လက်ရှိ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် များနှင့် အစိုးရတာဝန်ရှိသူများ အား တိုက်ရိုက်ပြောဆိုနိုင်သူဖြစ် သည်။ ယခင်တပ်မတော် ထိပ် ပိုင်းခေါင်းဆောင်များနှင့်လည်း နီးစပ်သူဖြစ်သည်။ တပ်မတော်အ စိုးရ လက်ထက်ကပင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ် မှူးကြီး မောင်အေးအပါအဝင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင် များနှင့် ဆက်ဆံရေးကောင်းခဲ့သူ ဖြစ်သည်။
လက်ရှိသမ္မတ ဦးသိန်းစိန် အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် တွေ့ဆုံခွင့်ရ အောင် လုပ်နိုင်သူဖြစ်သည်။ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားသွားစဉ်က ဦးတေဇတို့ သား အဖ လိုက်ပါသွားခဲ့သည်အထိ နီး စပ်မှုရှိသူဖြစ်သည်။ နိုင်ငံတော် က ကျင်းပသည့် နိုင်ငံတကာအ ခမ်းအနားများတွင် ဦးတေဇပိုင်  ဟိုတယ်များက ဧည့်ခံကျွေးမွေး ရေးကိစ္စများ တာဝန်ယူလျက်ရှိ သည်။ ထို့ကြောင့် ၎င်းက အစိုးရ အဖွဲ့သိရှိစေရန် မီဒီယာမှတစ် ဆင့် ပြောဆိုခြင်းဖြစ်သည်ဟု ပြော ကြားခြင်းသည် ရည်ရွယ်ချက် တစ်စုံတစ်ရာရှိနိုင်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏ အမြင်ကို ပြောသည်။
‘‘နာမည်ယူတာပေါ့။ တစ် ထောင့်တစ်နေရာက မြန်မာပြည် ကောင်းကျိုးအတွက် ပါဝင်ခဲ့တယ် ဆိုတာမျိုးပေါ့’’ ဟု သတ္တုနှင့်သ ယံဇာတရေးရာကော်မတီ ဥက္ကဋ္ဌ တပ်မတော်အရာရှိဟောင်း ဦးလှ ဆွေက သုံးသပ်သည်။
တပ်မတော်အစိုးရလက် ထက်တွင် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပေါင်း၍ ကြီးပွားချမ်းသာလာသူများအား မြန်မာပြည်သူများက ခရိုနီဟု နာ မည်ပေးထားကြသည်။ ထိုအထဲ တွင် ဦးတေဇလည်း ပါဝင်သည်။
ထို့ကြောင့် အချို့သော ခရိုနီ နာမည် တပ်ခံရသူများမှာ ဦးသိန်း စိန်အစိုးရလက်ထက်တွင် မိမိတို့ ၏ ပုံရိပ်ပြန်လည်ကောင်းမွန်လာ စေရန် ကြိုးစားလာကြသည်။ လူ မှုရေးလုပ်ငန်းများ လုပ်ကိုင်လာ ခြင်း၊ အလှူအတန်းများ ပြုလုပ် ခြင်းနှင့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီအင်အားစုများကို နည်းမျိုးစုံဖြင့် ပံ့ပိုးလာကြသည်။ ထို့ ကြောင့် အချို့သော ခရိုနီနာမည် တပ်ခံရသော စီးပွားရေးလုပ်ငန်း ရှင်ကြီးအချို့၏ ပုံရိပ် ပြန်လည် ကောင်းမွန်လာခဲ့သည်။
ဦးတေဇအနေဖြင့်လည်း ထူး ဖောင်ဒေးရှင်းတစ်ခုတည်ထောင် ကာ လူမှုရေးလုပ်ငန်းများ ပြန် လည်လုပ်ကိုင်နေသည်။ တစ်ချိန် က သူခုတ်ခဲ့သော သစ်တောများ နေရာတွင် သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းလုပ်ငန်းအပါအဝင်  ပညာရေး၊ ကျန်းမာရေးလုပ်ငန်း များ၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကူညီမှုများ ပြု လုပ်လာခဲ့သည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်သို့ ငွေလှူဒါန်းခြင်း၊ ခါကာဘိုရာဇီတောင်တက်ရာတွင် ပျောက်ဆုံးသွားသော တောင်တက်သမားနှစ်ဦးအား ဦးတေဇကိုယ်တိုင် ဦးစီးရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။
 ထို့ကြောင့် သမ္မတဦးသိန်းစိန်က ဂုဏ်ပြုချီးမြှင့်ခဲ့သော လူမှု၊ ဝန်းကျင်အကျိုးဆောင် အဖွဲ့အစည်း အချို့တွင် ထူးဖောင်ဒေးရှင်း ပါဝင်ခဲ့သည်။
ယူရေနီယံကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်ဆိုပါက သူ့ အနေဖြင့် အဆိုပါ သတ္တုတူးဖော် ရေးလုပ်ငန်းနှင့်ပတ်သက်၍ လုပ် ကိုင်ခွင့်ရရှိရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ခေါင်း ဆောင်တစ်ဦးက ပြောသည်။
၎င်းအနေဖြင့်လည်း တပ်မ တော်အစိုးရနှင့် နီးစပ်ခဲ့သည့်အ ပြင် ရုရှားနိုင်ငံနှင့်ပါ အဆက်အ သွယ်ရှိသဖြင့် အဆိုပါ သတ္တုတူး ဖော်ရေးနှင့်ပတ်သက်၍ လုပ်ကိုင် ခွင့်တစ်စုံတစ်ရာ ရရှိနိုင်ရန် ရည် ရွယ်သည့် အနေအထားဟု အ ထက်ပါပုဂ္ဂိုလ်အချို့က ဆိုသည်။
‘‘သူ့အသက်အန္တရာယ် တောင် ပေးဆပ်ပြီး ရှာတွေ့ထား တယ်လို့ ပြောထားတာ။ သာမန် တော့မဟုတ်ဘူး။ ထုတ်လုပ်ခွင့် ပေါ်မူတည်ပြီး အကျိုးစီးပွားက ရှိ လာနိုင်တာပေါ့’’ ဟု ထိပ်တန်းစီး ပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။
ဦးတေဇအနေဖြင့် အမှန်တ ကယ် တွေ့ရှိပါက သူထုတ်လုပ်ခွင့်မရသည့်တိုင် ယူရေနီယံ ရောင်းချခြင်းနှင့်ပင် တိုင်းပြည်အတွက် အကျိုးများစွာရှိပြီး စွမ်းအင်ကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် စိုက် ပျိုးရေးကဏ္ဍတို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မည်ဖြစ်သည်။
ဗီဒီယိုမှတ်တမ်းများအရ ခါ ကာဘိုရာဇီတောင်ကြောတစ်နေ ရာတွင်လည်း အဆိုပါ ယူရေနီယံ သတ္တုထွက်ရှိနိုင်ဖွယ်ရှိသည့် နေ ရာအချို့ကို တွေ့ရှိထားပြီး ပွင့် လင်းရာသီ၌ သွားရောက်ရှာဖွေ မည်ဟု ဦးတေဇက ပြောကြားခဲ့ သေးသည်။
ထို့ကြောင့် ၎င်းအနေဖြင့် ယူ ရေနီယံ သတ္တုတွေ့ထားသည့်နေ ရာမှာ တစ်နေရာထက်ပိုနိုင်ပြီး အဖိုးတန်သတ္တုများကို ပြည်ပ နိုင်ငံများသို့ ရောက်ရှိသွားမည်ကို စိုးရိမ်၍ ထုတ်ဖော်ပြောခြင်းဖြစ် နိုင်ကြောင်း ဦးတေဇနှင့် နီးစပ်သူ အချို့က သုံးသပ်သည်။
လက်ရှိ မြန်မာနိုင်ငံ၌ တိုင်း ရင်းသားလက်နက်ကိုင်များ ထိန်း ချုပ်ထားသော နယ်မြေများတွင် ထွက်သော အဖိုးတန်သတ္တုဖြစ် သော မြေရှားသတ္တုခေါ် Rare Earth Materials သတ္တုအား တရုတ်နိုင်ငံမှ ဈေးပေါပေါဖြင့် ထုတ်ယူနေကြောင်း လေ့လာသူ အချို့က သုံးသပ်သည်။ အဆိုပါ သတ္တုမှာ ကချင်နှင့် ကရင်ပြည် နယ်တို့တွင် ထွက်ရှိနိုင်ကြောင်း ဘူမိဗေဒပညာရှင်တစ်ဦးက ပြော သည်။
သို့သော် ဦးတေဇ၏ ယူရေ နီယံဓာတ်သတ္တုတွေ့ရှိသည့် ပုံစံ ရေဒီယိုသတ္တိသင့်နေသည်ဟု ပြောဆိုခြင်းနှင့် ၎င်း၏ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည့်ပုံစံက တော့ ထူးခြားသည့်ပုံစံ ဖြစ်နေ သည်။ ပညာရှင်များနှင့် စီးပွား ရေးလုပ်ငန်းရှင်များကြား မည် သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ဖော် ပြောဆိုသည်ကို နားမလည်နိုင် အောင်ဖြစ်နေကြသဖြင့် အမျိုးမျိုး ထင်ကြေးပေးနေကြခြင်း ဖြစ် သည်။
ထို့ကြောင့် ယခုကဲ့သို့ ဦးတေဇ၏ ယူရေနီယံသတ္တုရှာဖွေ တွေ့ရှိပြီး ရေဒီယိုဓာတ်သတ္တိသင့်နေသည် ဆိုသည့်အပေါ် ပညာရှင်အ သိုင်းအဝိုင်းတွင် ယခုကဲ့သို့ ပြော ဆိုနေကြောင်း စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက အောက်ပါအတိုင်း ပြန်ပြောသည်။
‘‘ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေတာပြီးရင် ဒါက ဒုတိယ အရယ်ရဆုံး ဟာသပါပဲ’’

Loading...