အထက်တန်းကျောင်းသူများအား အပျိုစင် စစ်၊ မစစ် စစ်ဆေးမှုပြုလုပ်ရန် အဆိုပြု - Reader Myanmar

Latest Posts

အထက်တန်းကျောင်းသူများအား အပျိုစင် စစ်၊ မစစ် စစ်ဆေးမှုပြုလုပ်ရန် အဆိုပြု










Unicode
စူမာတြားကျွန်းရှိ ပညာရေးဝန်ကြီးဌာနရုံးအုပ် မစ္စတာ မိုဟာမက်ရာရှစ်က အိမ်ထောင်မပြုမှီ လိမ်ဆက်ဆံခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်းကို ဟန့်တားသည့်အနေဖြင့် အထက်တန်းကျောင်းသူများအား အပျိုစင် စစ်၊ မစစ် စစ်ဆေးမည့် အစီအစဉ်ကို အဆိုပြုခဲ့သည်။

၎င်းက ထိုအစီအစဉ်ကို လာမည့်နှစ်တွင် စတင် အကောင်အထည်ဖော်လိုပြီး လိုအပ်မည့် ငွေးကြေးပမာဏကို အဆိုပြုတောင်းခံထားသည်။ သို့သော် အခြား ဝန်ထမ်းများနှင့် လှုပ်ရှားတတ်ကြွသူများက ထိုအစီအစဉ်သည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သဖြင့် ကန့်ကွက်ဝေဖန်ခဲ့ကြသည်။

စူမာတြားတောင်ပိုင်းရှိ Prabumulih ခရိုင် ပညာရေးဝန်ကမှု ကျောင်းသူများကို ကောင်း၏ ဆိုး၏ ခွဲခြားသတ်မှတ်ခြင်းထက် ပြုစုပျိုးထောင်ပေးရမည်ဖြစ်သဖြင့် ၎င်းအစီအစဉ်ကို ပယ်ဖျက်ရန် မစ္စတာရာရှစ်အား တိုက်တွန်းအကြံပြုမည်ဟုဆိုခဲ့သည်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Loading...