လူမွဳကြန္ရက္မွာ သမၼတ ဦးထင္ေက်ာ္ အနားယူမယ့္သတင္း ျဖန္႔သူကို အေရးယူမည္ - Reader Myanmar

Latest Posts

လူမွဳကြန္ရက္မွာ သမၼတ ဦးထင္ေက်ာ္ အနားယူမယ့္သတင္း ျဖန္႔သူကို အေရးယူမည္





လူမႈကြန္ရက္ စာမ်က္နွာ (facebook) မွာ ေကာလဟာလထြက္ေနတဲ့ သတင္း မဟုတ္မမွန္ေျကာင္း (NLD) တာဝန္ရွိသူ ျပန္လည္ေျဖျကားခဲ့ျပီး သတင္းျဖန္႔သူေတြကို ထုတ္ေဖာ္ျပီး တရားဥပေဒ အေၾကာင္းအရ အေရးယႈ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာမွာ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ က်န္းမားေရးေၾကာင့္ အနားယူမယ့္သတင္း၊ ႏွင္းဆီစံအိမ္မွာ ျပဳလုပ္တဲ့ NLD ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးမွာ သူရဦးေရႊမန္း တက္ေရာက္တဲ့သတင္း နဲ႔ သမၼတရံုးညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကို ဦးဝင္းထိန္က သတိေပးစာ ထုတ္ျပန္တဲ့သတင္း စတဲ့ သတင္းေတြဟာ လူမႈကြန္ရက္ စာမ်က္ေတြေပၚမွာ ပ်ံ့ႏွံေနပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး သတင္းျဖန္႔သူေတြကို ထုတ္ေဖာ္ျပီး တရားဥပေဒအေၾကာင္းအရ အေရးယႈ ျပဳလုပ္သြားမယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္ပါတီ(NLD) မွ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴးအဖြဲ႕၀င္ ဦး၀င္းထိန္က ယေန႔ (ေမလ ၄ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာမွာ မီဒီယာေတြနဲ႔ ေတြ႕ဆံုစဥ္ ေျပာၾကားခဲ့ျခင္း ျဖစ္တယ္လို႔ သိရတယ္။
Photo: AFP
“ဦးထင္ေက်ာ္ က်န္းမာေရးေၾကာင့္ အနားယူမယ့္ကိစၥကို ကၽြန္ေတာ္က လက္ခံလိုက္ၿပီဆိုတဲ့ စကားက အတည္ေပါက္ႀကီး၊ ေနာက္တစ္ခုက ႏွင္းဆီစံအိမ္မွာ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးမွာ သူရဦးေရႊမန္း တက္တယ္ဆိုတဲ့ အတည္ေပါက္သတင္း၊ အဲဒါက်ေတာ့ လြန္လြန္းအားႀကီးသြားၿပီ၊ ေနာက္တစ္ခုက သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကို ကၽြန္ေတာ္ကေန သတိေပးတဲ့စာ ထုတ္မယ္ဆိုၿပီး ေဖ့ဘုတ္မွာ တက္လာျပန္ၿပီဆိုေတာ့ အားလံုးက မဟုတ္ဘူး၊ ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ေအာင္ ႀကိဳးစားၿပီး လုပ္ေဆာင္ေနတယ္လို႔ပဲ ကၽြန္ေတာ္ ေကာက္ခ်က္ခ်ခ်င္တယ္” ဟု ဦးဝင္းထိန္က Elven သတင္းမွာ ေျပာၾကားခဲ့ပါသည္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး ျပည္ထဲေရးဝန္ျကီးခ်ဳပ္ ဦးေက်ာ္ေဆြထံ တင္ျပထားျပီး စီအိုင္ဒီမွ ရဲမွဴးျကီးတစ္ဦးက စစ္ခ်က္ယူျပီး စံုစမ္းမႈမ်ား ျပဳလုပ္ထားျပီးျဖစ္ေျကာင္း ဦးဝင္းထိန္ ကဆက္ေျပာတယ္။

Credit: Sun Thit:
လူမှုကွန်ရက် စာမျက်နှာ (facebook) မှာ ကောလဟာလထွက်နေတဲ့ သတင်း မဟုတ်မမှန်ကြောင်း (NLD) တာဝန်ရှိသူ ပြန်လည်ဖြေကြားခဲ့ပြီး သတင်းဖြန့်သူတွေကို ထုတ်ဖော်ပြီး တရားဥပဒေ အကြောင်းအရ အရေးယှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမားရေးကြောင့် အနားယူမယ့်သတင်း၊ နှင်းဆီစံအိမ်မှာ ပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ သူရဦးရွှေမန်း တက်ရောက်တဲ့သတင်း နဲ့ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဦးဝင်းထိန်က သတိပေးစာ ထုတ်ပြန်တဲ့သတင်း စတဲ့ သတင်းတွေဟာ လူမှုကွန်ရက် စာမျက်တွေပေါ်မှာ ပျံ့နှံနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဖြန့်သူတွေကို ထုတ်ဖော်ပြီး တရားဥပဒေအကြောင်းအရ အရေးယှု ပြုလုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ(NLD) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ယနေ့ (မေလ ၄ ရက်) နံနက်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရတယ်။
Photo: AFP
“ဦးထင်ကျော် ကျန်းမာရေးကြောင့် အနားယူမယ့်ကိစ္စကို ကျွန်တော်က လက်ခံလိုက်ပြီဆိုတဲ့ စကားက အတည်ပေါက်ကြီး၊ နောက်တစ်ခုက နှင်းဆီစံအိမ်မှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ သူရဦးရွှေမန်း တက်တယ်ဆိုတဲ့ အတည်ပေါက်သတင်း၊ အဲဒါကျတော့ လွန်လွန်းအားကြီးသွားပြီ၊ နောက်တစ်ခုက သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ကျွန်တော်ကနေ သတိပေးတဲ့စာ ထုတ်မယ်ဆိုပြီး ဖေ့ဘုတ်မှာ တက်လာပြန်ပြီဆိုတော့ အားလုံးက မဟုတ်ဘူး၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်နေတယ်လို့ပဲ ကျွန်တော် ကောက်ချက်ချချင်တယ်” ဟု ဦးဝင်းထိန်က Elven သတင်းမှာ ပြောကြားခဲ့ပါသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးချုပ် ဦးကျော်ဆွေထံ တင်ပြထားပြီး စီအိုင်ဒီမှ ရဲမှူးကြီးတစ်ဦးက စစ်ချက်ယူပြီး စုံစမ်းမှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ဦးဝင်းထိန် ကဆက်ပြောတယ်။

Credit: Sun Thit:


Loading...