ညှို့မျက်ဝန်းပိုင်ရှင် ဖြစ်လိုလျှင် - Reader Myanmar
Latest Posts
ညှို့မျက်ဝန်းပိုင်ရှင် ဖြစ်လိုလျှင်
လိုအပ်သော အရာများ
------------------------
လုပ်ငန်းစဉ်
-------------
--------------------------------
သတိပြုရန်
------------
# *Artist*
သတ္တဝါတိုင်းတွင် စကားပြောတတ်သော၊ ညှို့ယူတတ်သော မျက်ဝန်းများရှိကြသည်။
ယခု ကျွန်တော်ပြောပြမည့် အကြောင်းအရာလေးမှာ မိမိ၏ စူးရှထက်မြက်သော မျက်ဝန်းများဖြင့် တစ်ပါးသူအား စိတ်ဖြင့် စေစားနိုင်မည့် ကျင့်စဉ်လေးတစ်ခုဖြစ်ပါသည်။
လိုအပ်သော အရာများ
------------------------
အလျားအနံ တစ်ပေခန့်ရှိသော စက္ကူ ဖြူ တစ်ချပ်၊ စက္ကူ ချပ်အား ထောင်ထားနိုင်ရန် ထောက်တိုင်တစ်ခု၊ စားပွဲတစ်လုံး။
လုပ်ငန်းစဉ်
-------------
တိတ်ဆိတ်ငြိမ်သက်သော အခန်း၊ နေရာတစ်ခုတွင် နေရာယူပါ။ ညသန်းခေါင်ယံ ၁ နာရီ ဝန်းကျင်သည် ပို၍ သင့်လျော်ပေလိမ့်မည်။ မိမိ ရှေ့တွင် စားပွဲပေါ်၌ စက္ကူ ရွက်အား ထောက်တိုင်ဖြင့်ထောင်ထားပါ။ ခြေကျင်ခြင်း၊ အနေခက်ခြင်းများမဖြစ်အောင် မိမိအဆင်ပြေသလို၊ နေသာသလို ထိုင်ထားပါ။ မှတ်၊ခြင်၊ယင်တို့ မနှောက်ယှက်နိုင်အောင ်စီစဉ်ထားပါ။ ထို့နောက် မိမိ၏ နောက်ဘက်မှ မီးသီးမှိန်မှိန်လေး(သို့မဟုတ်) ဖယောင်းတိုင် မှိန်မှိန်လေး ထွန်းထားပါ။ လရောင်မှိန်မှိန်လေးသည် ပို၍ သင့်တော်ပါလိမ့်မည်။ ထို့နောက် မိမိ၏ စိတ်ကို ဖြေလျော့ထားပီး အေးချမ်းစွာ ထိုင်ပါ။
(ငါ၏စိတ်သည် အလွန်အေးချမ်းသည်။ ငါ့၌ စိတ်ပူပင်စရာမရှိ။) ဟု တွေး၍ စာရွက်၏ အလယ်ကျကျကိုမှန်းပီး စိုက်ကြည့်ပါ။
ပထမတွင် မျက်စိများ ကြိမ်းစက်လာပီး မျက်ရည်ပူများ ကျလာပါလိမ့်မည်။
ဒီအတိုင်းဘဲ သည်းခံပီး တစ်နာရီ၊ နှစ်နာရီခန့် စိုက်ကြည့်ပေးပါ။ ရက်တွေကြာလာသည်နှင့်အမျှ တဖြည်းဖြည်း စိုက်ကြည့်နိုင်လာပါလိမ့်မည်။
မျက်စိကြိမ်းစက်ခြင်းများ အရှိတော့သလို မျက်ရည်ပူများလည်း မကျတော့ပါ။ သင်၏ မျက်ဝန်းများသည်လည် စူးရှတောက်ပလာပီး ထက်မြက်လာပါလိမ့်မည်။ တစ်လခွဲ နှစ်လခန့် လေ့ကျင့်ပေးပါ။
ညို့မျက်ဝန်းအား စမ်းသပ်နည်း
--------------------------------
သင်၏ သူငယ်ချင်းမိန်းကလေး(သို့) ယောကျ်ားလေးတစ်ယောက်၏ မျက်ဝန်းနှစ်ခု၏ အလယ်တည့်တည့် နှာယောင်တည့်တည့်ပေါ်သို့ စိုက်ကြည့်လိုက်ပါ။ မိမိ၏ မျက်ဝန်းအကြည့်ဒဏ်ကို မခံနိုင်ဘဲ မျက်နှာလွှဲသွားပါလိမ့်မည်။ သို့မဟုတ် ခေါင်းငုံ့သွားပါလိမ့်မည်။ သူ့၏အပေါ်သို့ စိတ်ညွတ်၍ မိမိ၏ စိတ်အတွင်းမှ သင် ငါ့အလိုအတိုင်း လုပ်ဆောင်ရမည်။ ငါ့စကားအား နားထောင်ရမည် ဟု စိတ်ညွတ် လိုက်ပါ။ ထို့နောက် သင်ခိုင်းချင်ရာ တစ်ခုခု ခိုင်းစေကြည့်ပါ။
အကယ်၍ သင်စေရာကို လုပ်ဆောင်ပေးခဲ့လျှင် သင်၏ ညှို့မျက်ဝန်းကျင့်စဉ် အောင်မြင်ပေပြီ။
သတိပြုရန်
------------
စေခိုင်းစရာ မရှိဘဲနှင့် စို်က်ကြည့်ခြင်းကို အမြဲမလုပ်ပါနှင့်။ သင့်အားကြောက်ရွံ့သွားခြင်း၊ စုန်းကဝေဟု ထင်မှတ်သွားခြင်းများ ဖြစ်သွားပေလိမ့်မည်။
# *Artist*
Loading...