သင့္ခ်စ္သူက ဒီလုိ အခ်စ္ၾကမ္း တယ္ဆုိရင္ သင္ ဘာလုပ္မလဲ ? - Reader Myanmar

Latest Posts

သင့္ခ်စ္သူက ဒီလုိ အခ်စ္ၾကမ္း တယ္ဆုိရင္ သင္ ဘာလုပ္မလဲ ?





လူတုိင္းလူတုိင္းဟာ ကုိယ္ခ်စ္ရတဲ့သူကုိ သူတုိ႔ ဘယ္ေလာက္ခ်စ္ေၾကာင္း ရႏုိင္သမွ် ပုံေဖာ္ ျပသၾကေလ့ရွိပါတယ္။ အခုလည္း Facebook ေပၚမွာ ေကာင္မေလးတစ္ေယာက္ရဲ႕ အခ်စ္ၾကမ္းပုံဟာ ခ်စ္သူစုံတြဲေတြၾကားထဲမွာ ေရပန္းအလြန္စားေနပါတယ္။

ပုံထဲမွာ ျပထားတာကေတာ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ လက္ေကာက္၀တ္ အနားကို သူ႕ခ်စ္သူ ေကာင္မေလးက အားရပါးရ ကိုက္ထားတဲ့ပုံပါ။ ပုံစာမွာလည္း ” မင္းေကာင္မေလးက ဒီလုိ အခ်စ္ၾကမ္းသူဆုိရင္ မင္း ဘာလုပ္မွာလဲ “လုိ႔ ေရးသားထား ပါတယ္။

ပုံကုိၾကည့္ရတာကေတာ့ ေကာင္မေလးက ရွိသမွ် အတြင္းအားေရာ အျပင္အားပါ အကုန္ထည့္ၿပီး၊ လက္ေကာက္၀တ္ကုိ ေျခကန္ ကိုက္ထားသလားလုိ႔ေတာင္ ေအာင့္ေမ့ရပါတယ္။ သြားရာေတြကလည္း အေခြလုိက္ႀကီး ပီပီသသ ျဖစ္ေနၿပီး၊ အကိုက္ခံရတဲ့ အမ်ိဳးသားကေတာ့ မစားသာပါဘူး။

အဆုိပါ ဓာတ္ပုံေအာက္မွာ မွတ္ခ်က္ေရးသူ အမ်ားအျပားရွိခဲ့ၿပီး၊ တစ္ခ်ိဳ႕ကေတာ့ သူမ မေက်နပ္တာ တစ္ခုခု လုပ္လုိက္လုိ႔ ဒဏ္ေပးတဲ့အေနနဲ႔ ကိုက္ထားတာလုိ႔ ေရးသားခဲ့ၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း သူတုိ႔လည္း ဒီလုိ အကိုက္ခံခဲ့ရေၾကာင္း သူတုိ႔ ကိုယ္ပိုင္ဓာတ္ပုံေတြကိုလည္း ျပန္လည္မွ်ေ၀ခဲ့ၾကပါတယ္။

မွတ္ခ်က္ေရးသူတစ္ေယာက္ကေတာ့ ရယ္စရာ အႀကံတစ္ခု ေပးထားပါတယ္။ သူက ေကာင္မေလးကို သြားဆရာ၀န္ဆီ ေခၚသြားသင့္ေၾကာင္း၊ သြားေတြ အကုန္ႏႈတ္ခုိင္းၿပီးမွ စိတ္ခ်လက္ ကိုက္ခုိင္းသင့္ေၾကာင္း ဆုိပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ကလည္း အကိုက္ခံထားရတဲ့ ေကာင္ေလးနဲ႔ ေကာင္မေလးက ျပတ္သြားေၾကာင္း အဘယ္ေၾကာင့္ဆုိ ေသာ္ ေကာင္မေလးက ယခုကဲ့သို႕ ခဏခဏ အၾကမ္းဖက္ေလ့ရွိလုိ႔ျဖစ္ေၾကာင္း ေရးသားထားပါတယ္။

ဒီဓာတ္ပုံကုိ Facebook အေကာင့္တစ္ခုျဖစ္တဲ့ Pepeng Pinakamalupet အမည္ရ အေကာင့္မွာ ပထမဆုံးတင္ထား တာ ျဖစ္ၿပီး၊ Reaction ေပးသူ 10k၊ Share လုပ္သူ 1735၊ Comment 2.4K အထိ ရရွိခဲ့ပါတယ္။ သင္ေကာ သင့္ခ်စ္သူက ဒီေလာက္အထိ အခ်စ္ၾကမ္းတယ္ဆုိရင္ ဘာလုပ္မလဲ ?

Credit: နတ္စည္ေတာ္ (Shwemom)

လူတိုင်းလူတိုင်းဟာ ကိုယ်ချစ်ရတဲ့သူကို သူတို့ ဘယ်လောက်ချစ်ကြောင်း ရနိုင်သမျှ ပုံဖော် ပြသကြလေ့ရှိပါတယ်။ အခုလည်း Facebook ပေါ်မှာ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကြမ်းပုံဟာ ချစ်သူစုံတွဲတွေကြားထဲမှာ ရေပန်းအလွန်စားနေပါတယ်။

ပုံထဲမှာ ပြထားတာကတော့ အမျိုးသားတစ်ယောက်ရဲ့ လက်ကောက်ဝတ် အနားကို သူ့ချစ်သူ ကောင်မလေးက အားရပါးရ ကိုက်ထားတဲ့ပုံပါ။ ပုံစာမှာလည်း ” မင်းကောင်မလေးက ဒီလို အချစ်ကြမ်းသူဆိုရင် မင်း ဘာလုပ်မှာလဲ “လို့ ရေးသားထား ပါတယ်။

ပုံကိုကြည့်ရတာကတော့ ကောင်မလေးက ရှိသမျှ အတွင်းအားရော အပြင်အားပါ အကုန်ထည့်ပြီး၊ လက်ကောက်ဝတ်ကို ခြေကန် ကိုက်ထားသလားလို့တောင် အောင့်မေ့ရပါတယ်။ သွားရာတွေကလည်း အခွေလိုက်ကြီး ပီပီသသ ဖြစ်နေပြီး၊ အကိုက်ခံရတဲ့ အမျိုးသားကတော့ မစားသာပါဘူး။

အဆိုပါ ဓာတ်ပုံအောက်မှာ မှတ်ချက်ရေးသူ အများအပြားရှိခဲ့ပြီး၊ တစ်ချို့ကတော့ သူမ မကျေနပ်တာ တစ်ခုခု လုပ်လိုက်လို့ ဒဏ်ပေးတဲ့အနေနဲ့ ကိုက်ထားတာလို့ ရေးသားခဲ့ကြပါတယ်။ တစ်ချို့ကလည်း သူတို့လည်း ဒီလို အကိုက်ခံခဲ့ရကြောင်း သူတို့ ကိုယ်ပိုင်ဓာတ်ပုံတွေကိုလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။

မှတ်ချက်ရေးသူတစ်ယောက်ကတော့ ရယ်စရာ အကြံတစ်ခု ပေးထားပါတယ်။ သူက ကောင်မလေးကို သွားဆရာဝန်ဆီ ခေါ်သွားသင့်ကြောင်း၊ သွားတွေ အကုန်နှုတ်ခိုင်းပြီးမှ စိတ်ချလက် ကိုက်ခိုင်းသင့်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် တစ်ချို့ကလည်း အကိုက်ခံထားရတဲ့ ကောင်လေးနဲ့ ကောင်မလေးက ပြတ်သွားကြောင်း အဘယ်ကြောင့်ဆို သော် ကောင်မလေးက ယခုကဲ့သို့ ခဏခဏ အကြမ်းဖက်လေ့ရှိလို့ဖြစ်ကြောင်း ရေးသားထားပါတယ်။

ဒီဓာတ်ပုံကို Facebook အကောင့်တစ်ခုဖြစ်တဲ့ Pepeng Pinakamalupet အမည်ရ အကောင့်မှာ ပထမဆုံးတင်ထား တာ ဖြစ်ပြီး၊ Reaction ပေးသူ 10k၊ Share လုပ်သူ 1735၊ Comment 2.4K အထိ ရရှိခဲ့ပါတယ်။ သင်ကော သင့်ချစ်သူက ဒီလောက်အထိ အချစ်ကြမ်းတယ်ဆိုရင် ဘာလုပ်မလဲ ?

Credit: နတ်စည်တော် (Shwemom)
Loading...