ဦးထင္ေက်ာ္ က်န္းမာေရး မေကာင္း၍ သူရဦးေ႐ႊမန္းကို သမၼတအျဖစ္ တင္ေျမႇာက္မည္ဆိုသည့္ သတင္း - Reader Myanmar

Latest Posts

ဦးထင္ေက်ာ္ က်န္းမာေရး မေကာင္း၍ သူရဦးေ႐ႊမန္းကို သမၼတအျဖစ္ တင္ေျမႇာက္မည္ဆိုသည့္ သတင္း




ရန္ကုန္၊ ေမ ၃
လူမႈကြန္ရက္ စာမ်က္ႏွာမ်ားႏွင့္ အြန္လိုင္း သတင္းစာမ်က္ႏွာ အခ်ိဳ႕တြင္ ေဖာ္ျပေနသည့္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ က်န္းမာေရး မေကာင္း၍ ႏုတ္ထြက္စာ တင္ထားသည္ဆိုျခင္းမွာ မဟုတ္မွန္ပါေၾကာင္း ႏိုင္ငံေတာ္ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားသည္။

“အြန္လိုင္းမွာ သတင္းေတြ ပ်ံ႕ေနသလို ႏုတ္ထြက္စာ တင္ထားတယ္ဆိုတာလည္း မဟုတ္ဘူး က်န္းမာေရး မေကာင္းဘူး ဆိုတာလည္း မဟုတ္ဘူး။ သမၼတက က်န္းမာေရး ေကာင္းပါတယ္”ဟု ၎က ရွင္းျပသည္။

ႏိုင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္ က်န္းမာေရး မေကာင္း၍ ႏုတ္ထြက္စာ တင္ထားၿပီး NLD ပါတီက သူရဦးေ႐ႊမန္းကို သမၼတအျဖစ္ တင္ေျမႇာက္မည္ဆိုသည့္ သတင္းမ်ား ပ်ံ႕ႏွံ႔ေနကာ ယင္းအေပၚ ေဝဖန္မႈမ်ားလည္း ျဖစ္ေပၚေနသည္။
The Voice 
ရန်ကုန်၊ မေ ၃
လူမှုကွန်ရက် စာမျက်နှာများနှင့် အွန်လိုင်း သတင်းစာမျက်နှာ အချို့တွင် ဖော်ပြနေသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေး မကောင်း၍ နုတ်ထွက်စာ တင်ထားသည်ဆိုခြင်းမှာ မဟုတ်မှန်ပါကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

“အွန်လိုင်းမှာ သတင်းတွေ ပျံ့နေသလို နုတ်ထွက်စာ တင်ထားတယ်ဆိုတာလည်း မဟုတ်ဘူး ကျန်းမာရေး မကောင်းဘူး ဆိုတာလည်း မဟုတ်ဘူး။ သမ္မတက ကျန်းမာရေး ကောင်းပါတယ်”ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော် ကျန်းမာရေး မကောင်း၍ နုတ်ထွက်စာ တင်ထားပြီး NLD ပါတီက သူရဦးရွှေမန်းကို သမ္မတအဖြစ် တင်မြှောက်မည်ဆိုသည့် သတင်းများ ပျံ့နှံ့နေကာ ယင်းအပေါ် ဝေဖန်မှုများလည်း ဖြစ်ပေါ်နေသည်။

The Voice 


Loading...