သဃၤန္းကြၽန္း တြင္ (၇) ႏွစ္အရြယ္ ကေလးငယ္ကို လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့သူအား ဖမ္းဆီး ..! - Reader Myanmar

Latest Posts

သဃၤန္းကြၽန္း တြင္ (၇) ႏွစ္အရြယ္ ကေလးငယ္ကို လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့သူအား ဖမ္းဆီး ..!





သဃၤန္းကြၽန္း ၿမိဳ႕နယ္ တိုးခ်ဲ႕ (၂) လမ္း (က) ရပ္ကြက္ တြင္ အမ်ဳိးသားတစ္ဦးက အသက္(၇) ႏွစ္အရြယ္ ဒုတိယတန္းေက်ာင္းသူကို လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့၍ ပုဒ္မသံုးခုျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့ သည့္ အမ်ဳိးသားသည္ ရပ္ကြက္အတြင္းေရေရာင္းသူ အသက္ (၂၀) အရြယ္ရွိ ထြန္းႏုိင္၀င္း (ခ) ဟာ ဒြန္း (ခ) အူ၀ဲျဖစ္ၿပီး ဧၿပီ ၂၇ ရက္ ေန႔လယ္တြင္ ကေလးငယ္ကို ေနအိမ္အေပၚထပ္သို႔ ေခၚေဆာင္၍ လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့ေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ကေလးေတြက အဲဒီအိမ္ မွာ ေရသြားခပ္တယ္။ ျပစ္မႈက်ဴး လြန္သူက အိမ္သန္႔ရွင္းေရးလုပ္ ေပးရမယ္ဆိုၿပီး အေပၚထပ္ကို ေခၚသြားတယ္။ သူေနတဲ့ ေဘးအခန္းထဲမွာ ကေလးကိုမဖြယ္မရာ ေတြလုပ္ခိုင္းတယ္။ အေဒၚျဖစ္သူ က ၂၉ ရက္ေန႔မွသိလို႔ အမႈလာ ဖြင့္တာပါ’’ဟု ၎က ေျပာသည္။

ထြန္းႏိုင္၀င္းသည္ ကေလးငယ္ကို အမ်ဳိးသားတန္ဆာ ကိုင္ခိုင္းျခင္း၊ ကေလးငယ္၏ ပါးစပ္ထဲ ထည့္ျခင္းတို႔ ျပဳလုပ္ခဲ့သည့္အျပင္ ကေလးငယ္အား ပြတ္ သပ္ကိုင္တြယ္ခဲ့ေၾကာင္း ရဲစစ္ေဆးခ်က္မ်ားတြင္ ေဖာ္ျပထားသည္။

မိန္းကေလးငယ္သည္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရၿပီးေနာက္ ဧၿပီ ၂၉ ရက္တြင္ သူငယ္ခ်င္းႏွင့္ ေနအိမ္ေရွ႕၌ ကစားေနရာ သူငယ္ခ်င္းက ယင္းျဖစ္စဥ္ကို ကေလးငယ္၏ ဖခင္ထံ တိုင္ၾကားမည္ဟု ေျပာဆိုေနသည္ကို အေဒၚျဖစ္သူက ၾကားသိခဲ့ၿပီးေနာက္ စစ္ေဆးေမးျမန္းရာမွ လိင္ပိုင္းဆိုင္ရာေစာ္ကားခံရျခင္းကို သိရွိ ခဲ့ေၾကာင္း ရဲအရာရွိက ေျပာသည္။

ထြန္းႏိုင္၀င္းကို ဧၿပီ ၂၉ ရက္တြင္ ဖမ္းဆီးခဲ့ၿပီး သဃၤန္းကြၽန္းရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၇၇/၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္အေရးယူထားသည္။

Credit: 7Day Daily

သင်္ဃန်းကျွန်း မြို့နယ် တိုးချဲ့ (၂) လမ်း (က) ရပ်ကွက် တွင် အမျိုးသားတစ်ဦးက အသက်(၇) နှစ်အရွယ် ဒုတိယတန်းကျောင်းသူကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့၍ ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ သည့် အမျိုးသားသည် ရပ်ကွက်အတွင်းရေရောင်းသူ အသက် (၂၀) အရွယ်ရှိ ထွန်းနိုင်ဝင်း (ခ) ဟာ ဒွန်း (ခ) အူဝဲဖြစ်ပြီး ဧပြီ ၂၇ ရက် နေ့လယ်တွင် ကလေးငယ်ကို နေအိမ်အပေါ်ထပ်သို့ ခေါ်ဆောင်၍ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကလေးတွေက အဲဒီအိမ် မှာ ရေသွားခပ်တယ်။ ပြစ်မှုကျူး လွန်သူက အိမ်သန့်ရှင်းရေးလုပ် ပေးရမယ်ဆိုပြီး အပေါ်ထပ်ကို ခေါ်သွားတယ်။ သူနေတဲ့ ဘေးအခန်းထဲမှာ ကလေးကိုမဖွယ်မရာ တွေလုပ်ခိုင်းတယ်။ အဒေါ်ဖြစ်သူ က ၂၉ ရက်နေ့မှသိလို့ အမှုလာ ဖွင့်တာပါ’’ဟု ၎င်းက ပြောသည်။

ထွန်းနိုင်ဝင်းသည် ကလေးငယ်ကို အမျိုးသားတန်ဆာ ကိုင်ခိုင်းခြင်း၊ ကလေးငယ်၏ ပါးစပ်ထဲ ထည့်ခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် ကလေးငယ်အား ပွတ် သပ်ကိုင်တွယ်ခဲ့ကြောင်း ရဲစစ်ဆေးချက်များတွင် ဖော်ပြထားသည်။

မိန်းကလေးငယ်သည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီးနောက် ဧပြီ ၂၉ ရက်တွင် သူငယ်ချင်းနှင့် နေအိမ်ရှေ့၌ ကစားနေရာ သူငယ်ချင်းက ယင်းဖြစ်စဉ်ကို ကလေးငယ်၏ ဖခင်ထံ တိုင်ကြားမည်ဟု ပြောဆိုနေသည်ကို အဒေါ်ဖြစ်သူက ကြားသိခဲ့ပြီးနောက် စစ်ဆေးမေးမြန်းရာမှ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းကို သိရှိ ခဲ့ကြောင်း ရဲအရာရှိက ပြောသည်။

ထွန်းနိုင်ဝင်းကို ဧပြီ ၂၉ ရက်တွင် ဖမ်းဆီးခဲ့ပြီး သင်္ဃန်းကျွန်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Credit: 7Day Daily


Loading...