သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ အရေးယူပေးပါရန် - Reader Myanmar

Latest Posts

သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ အရေးယူပေးပါရန်





Post တင်သူ………….
၂၈.၄.၂၀၁၇ မွန်းလွဲ ၂:၃၀ ဝန်းကျင်ခန့်ကဖြစ်ပါသည် ။ ကျွန်တော်၏ကား Honda Fit အနက်ရောင်ကိုကမ်း နားလမ်း သစ် (container သွားသည့်လမ်း )အတိုင်း ဆူးလေဘက်မှအလုံ ဘက်သို့ မောင်းနှင်လာပါတယ်။

အလုံမြိုနယ်ရှိ ကမ်းနားလမ်း (container လမ်းသို့တက်သည့် toll gate ) မှကွေ့ဝင်လာသောအထက်ပါယာဉ်က ကျွန်တော့်ကားရဲ့ညာနောက်ခြမ်းကို ဝင်တိုက်ခဲ့ပါတယ်……..။

ကျွန်တော်ဆင်းကြည့်နေစဉ်မှာပဲနောက်ဆုတ်ပြီးမောင်းပြေး ပါတယ်။ ကျွန်တော်ပြန်လိုက်တော့ ၁မိုင်အကွာလောက်မှာ ပြန်မိပါတယ်။

ကားရပ်ခိုင်းပြီး ဒီလိုတော့ဖြစ်သွားပြီဘယ်လို ဖြေရှင်းပေးမလဲလို့မေးတော့….. ကားပေါ်ပါလာတဲ့နှစ်ဦးစလုံးက မတိုက်မိ ဖူးဟု ဗြောင်လိမ်ပြီး တိုင်ချင်တဲ့နေရာတိုင်လို့ပြောပါတယ် ။
ကျွန်တော်လည်းအချင်းဖြစ်ပွားတဲ့နေရာမှာမဟုတ်တဲ့အပြင်traffic police နဲ့လည်းဝေးလို့ ဓာတ်ပုံပဲရိုက်ယူထား လိုက်နို င်ပါတယ် ။သက်ဆိုင်ရာမြို့နယ် ရဲ့ယာဉ်မှုစစ်ရုံးကိုလည်းတိုင်ကြားခဲ့ပြီးဖြစ်ပါတယ်။

ရုံးကပြောလိုက်တာတော့အားရစရာပါ…… ဌာနဆိုင်ရာယာဉ်တစ်ချို့က computer စာရင်းမဝင်ရင် စုံစမ်းရတာမလွယ် ကူပါဖူးတဲ့……. အဲဒီတော့ fb ပေါ်တင်ပြီး….media ကိုအားကိုးရခြင်းပါ..။

အသုံးပြုတာက…ဌာနဆိုင်ရာကကားပါ….. ဝတ်ထားတဲ့…. uniform ကိုမှအားမနာ…. မိမိလုပ်ရပ်အပေါ် တာဝန်ယူမှု့ ကင်းမဲ့တဲ့…. အဲဒီအရာရှိတွေရဲ့စိတ်ဓာတ်ကတော့အောက်တန်းကျလွန်း ပါတယ် ။ (ဓာတ်ပုံမှာလက်ကာနေတဲ့ သူကသူ့ ကိုမရိုက်ဖို့ တားနေတာပါ…… သူလဲရှေ့ခန်းမှာထိုင်တာပဲ…. မြင်ရဲ့သားနဲ့ဗြောင်လိမ်လို့….တင်လိုက်တယ် ….)

ယာဉ်အမှတ်…..( စစ်….၄၂၂၂ ( လ ) ) ( အရပ်..၂ဂ/၁၁၉၀ ) အမျိုးအမည်…..TOYOTA CORONA အမျိုးအစား…..SALOON ( Silver gray )

သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများအရေးယူပေးကြပါ။
Post တင်သူ………….
ဆက်သွယ်ရန် Ph : 09791010293
Credit : Sunthit.com

Loading...