အေမရိကန္စစ္ေလယာဥ္နဲ႔ တရုတ္တိုက္ေလယာဥ္ ၂ စင္း ထိပ္တိုက္ေတြ႕ - Reader Myanmar

Latest Posts

အေမရိကန္စစ္ေလယာဥ္နဲ႔ တရုတ္တိုက္ေလယာဥ္ ၂ စင္း ထိပ္တိုက္ေတြ႕





တရုတ္ ဂ်က္တိုက္ေလယာဥ္ Sukhoi Su-30 ၂ စင္းဟာ အေမရိကန္ စစ္ေလယာဥ္ ၁ စင္း ကို ၾကားျဖတ္ ေႏွာင့္ယွက္ခဲ့တယ္လို႔ အေမရိကန္ တပ္မေတာ္ဘက္က ေၾကညာလိုက္ပါတယ္။

အေရွ႕တရုတ္ပင္လယ္ျပင္ အထက္က ႏိုင္ငံတကာပိုင္ ေလေၾကာင္းေနရာမွာ အေမရိကန္ ေထာက္လွမ္းေရး ေလယာဥ္က ႏ်ဴကလီးယား ေရဒီယို ဓာတ္သတၱိၾကြမႈ ရွိ၊ မရွိ စစ္ေဆးေနတုန္း အခုလို လုပ္ထံုးလုပ္နည္းေတြနဲ႔ မညီဘဲ ေႏွာင့္ယွက္ခံခဲ့ရတာလို႔ ဆိုပါတယ္။

ဒီ အေမရိကန္ ေလယာဥ္ကို အရင္တုန္းကလည္း ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယားစမ္းသပ္မႈေတြ စစ္ေဆးရာမွာ အသံုးျပဳခဲ့ပါတယ္။

တရုတ္တိုက္ေလယာဥ္မွဴးေတြရဲ႕ ပ်ံသန္းပံု၊ တိုက္ေလယာဥ္ ၂ စင္း ရဲ႕ အျမန္ႏႈန္းနဲ႔ နီးကပ္မႈေတြက က်င့္ဝတ္မညီဘူးလို႔ အေမရိကန္ေလတပ္ ေျပာခြင့္ရ ဒုတိယဗိုလ္မွဴးႀကီး ေလာရီေဟာ့ခ်္က ဆိုပါတယ္။

အေမရိကန္အေနနဲ႔ ဒီျဖစ္ရပ္ကို သံတမန္နည္းလမ္းနဲ႔ တရုတ္ဘက္ကို တိုင္ၾကားထားသလို စစ္ဖက္ဆိုင္ရာအခ်င္းခ်င္းလည္း ဆက္သြယ္ထားတယ္ ေျပာပါတယ္။

တရုတ္ဟာ သူပိုင္ ကမ္းေျခ အလြန္ သဘာဝ သယံဇာတေတြ ေပါၾကြယ္ဝတဲ့ ႏို္င္ငံတကာ ပယ္လယ္ျပင္ေပၚက အေမရိကန္ ေလယာဥ္ေတြရဲ႕ လႈပ္ရွားမႈေတြကို အျမဲ သံသယနဲ႔ ေစာင့္ၾကည့္ေနတတ္သလို ႏွစ္ႏိုင္ငံၾကားမွာ အလားတူကိစၥမ်ိဳးေတြနဲ႔ စပ္လ်ဥ္းၿပီး အႀကိမ္ႀကိမ္အခါခါ တင္းမာမႈေတြ ျဖစ္ေပၚခဲ့ဖူးပါတယ္။

#ဘီဘီစီျမန္မာပိုင္း


တရုတ် ဂျက်တိုက်လေယာဉ် Sukhoi Su-30 ၂ စင်းဟာ အမေရိကန် စစ်လေယာဉ် ၁ စင်း ကို ကြားဖြတ် နှောင့်ယှက်ခဲ့တယ်လို့ အမေရိကန် တပ်မတော်ဘက်က ကြေညာလိုက်ပါတယ်။

အရှေ့တရုတ်ပင်လယ်ပြင် အထက်က နိုင်ငံတကာပိုင် လေကြောင်းနေရာမှာ အမေရိကန် ထောက်လှမ်းရေး လေယာဉ်က နျူကလီးယား ရေဒီယို ဓာတ်သတ္တိကြွမှု ရှိ၊ မရှိ စစ်ဆေးနေတုန်း အခုလို လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ နှောင့်ယှက်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီ အမေရိကန် လေယာဉ်ကို အရင်တုန်းကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုတွေ စစ်ဆေးရာမှာ အသုံးပြုခဲ့ပါတယ်။

တရုတ်တိုက်လေယာဉ်မှူးတွေရဲ့ ပျံသန်းပုံ၊ တိုက်လေယာဉ် ၂ စင်း ရဲ့ အမြန်နှုန်းနဲ့ နီးကပ်မှုတွေက ကျင့်ဝတ်မညီဘူးလို့ အမေရိကန်လေတပ် ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး လောရီဟော့ချ်က ဆိုပါတယ်။

အမေရိကန်အနေနဲ့ ဒီဖြစ်ရပ်ကို သံတမန်နည်းလမ်းနဲ့ တရုတ်ဘက်ကို တိုင်ကြားထားသလို စစ်ဖက်ဆိုင်ရာအချင်းချင်းလည်း ဆက်သွယ်ထားတယ် ပြောပါတယ်။

တရုတ်ဟာ သူပိုင် ကမ်းခြေ အလွန် သဘာဝ သယံဇာတတွေ ပေါကြွယ်ဝတဲ့ နိ်ုင်ငံတကာ ပယ်လယ်ပြင်ပေါ်က အမေရိကန် လေယာဉ်တွေရဲ့ လှုပ်ရှားမှုတွေကို အမြဲ သံသယနဲ့ စောင့်ကြည့်နေတတ်သလို နှစ်နိုင်ငံကြားမှာ အလားတူကိစ္စမျိုးတွေနဲ့ စပ်လျဉ်းပြီး အကြိမ်ကြိမ်အခါခါ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

#ဘီဘီစီမြန်မာပိုင်း
Loading...