ျပင္သစ္ သမၼတေ႐ြးေကာက္ပြဲမတုိင္မီ ပါရီၿမဳိ႕ ေမေဒးေန႕ခ်ီတက္ပြဲမွာ အဓိက႐ုဏ္းမ်ားျဖစ္ - Reader Myanmar

Latest Posts

ျပင္သစ္ သမၼတေ႐ြးေကာက္ပြဲမတုိင္မီ ပါရီၿမဳိ႕ ေမေဒးေန႕ခ်ီတက္ပြဲမွာ အဓိက႐ုဏ္းမ်ားျဖစ္






ပါရီၿမဳိ႕မွာ ေမေဒးေန႕ စု႐ုံးခ်ီတက္ပြဲ အဓိက႐ုဏ္းျဖစ္ပြားမႈ

ျပင္သစ္ႏုိင္ငံ ပါရီၿမဳိ႕မွာ ယေန႕ (ေမလ ၁ ရက္) မွာ ျပဳလုပ္ခဲ့တဲ့ ေမေဒးေန႕ (အလုပ္သမားေန႕) စု႐ုံးခ်ီတက္ပြဲအတြင္း မ်က္ႏွာဖုံးတပ္ဆင္ထားတဲ့ လူငယ္အုပ္စုနဲ႕ရဲတပ္ဖြဲ႕ၾကား ထိပ္တုိက္ေတြ႕ အဓိက႐ုဏ္းမ်ား ျဖစ္ပြားခဲ့ရာ ရဲတပ္ဖြဲ႕ဝင္ ၄ ဦး ဒဏ္ရာရ႐ွိခဲ့ေၾာင္း သိရပါတယ္။ ေမေဒးေန႕ စု႐ုံးခ်ီတက္ပြဲမွာ ပါဝင္ခဲ့သူေတြက ျပင္သစ္သမၼတေ႐ြးေကာက္ပြဲဝင္ သမၼတေလာင္း မာရီနီလီပင္းကုိ ကန္႕ကြက္ဆႏၵျပမႈေတြလည္း ႐ွိလာခဲ့ၿပီးေနာက္ အဓိက႐ုဏ္းေတြ ေပၚေပါက္ခဲ့တယ္လို႕ ဆုိပါတယ္။
မာရီနီလီပင္းက သူမရဲ႕ National Front (FN) ပါတီေထာက္ခံသူေတြကုိ ပါရီၿမဳိ႕ အေ႐ွ႕ေျမာက္ပုိင္း Villepinte ႐ွိ Exhibitions Park မွာ မိန္႕ခြန္းေျပာၾကားခဲ့ပါတယ္။ ျပင္သစ္ႏုိင္ငံတစ္ဝွမ္း ႏွစ္စဥ္ ျပဳလုပ္ေလ့႐ွိတဲ့ ေမေဒးေန႕ စု႐ုံးခ်ီတက္ပြဲမွာ ျပႆနာမ်ား မေပၚေပါက္ေစရန္ ရဲတပ္ဖြဲ႕ဝင္နဲ႕ စစ္သား ၉,၀၀၀ ေက်ာ္ အသင့္ခ်ထားခဲ့ေၾကာင္းလည္း သိရပါတယ္။ မ်က္ႏွာဖုံးတပ္ဆင္ထားသူေတြက ရဲတပ္ဖြဲ႕ဝင္ေတြကုိ အရာဝတၳဳမ်ားနဲ႕ မုိလုိေတာ့ဗ္ ေကာ့ေတးပုလင္းမ်ားျဖင့္ ပစ္ေပါက္ခဲ့ၾကတယ္လို႕ ဆုိပါတယ္။
ရဲတပ္ဖြဲ႕က ၎တုိ႕ကုိ မ်က္ရည္ယုိဗုံးမ်ားျဖင့္ ပစ္ခတ္လူစုခြဲခဲ့ေၾကာင္း ျပင္သစ္အာဏာပိုင္ေတြက ေျပာပါတယ္။ ယေန႕ ျပဳလုပ္ခဲ့တဲ့ ေမေဒးေန႕ စု႐ုံးခ်ီတက္ပြဲကုိ ျပင္သစ္ႏုိင္ငံရဲ႕ အႀကီးဆုံး အလုပ္သမားသမဂၢ CGT အပါအဝင္ သမဂၢ ၃ ခုက ဦးေဆာင္ခဲ့ၾကၿပီး ပါဝင္ခ်ီတက္သူ ေထာင္နဲ႕ခ်ီၿပီး ႐ွိခဲ့ပါတယ္။
ပါရီၿမဳိ႕႐ွိ Place de la Bastille ရင္ျပင္အနီးမွာ စု႐ုံးခ်ီတက္သူေတြနဲ႕ ရဲတပ္ဖြဲ႕ၾကား အဓိက႐ုဏ္းေတြ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ အဓိက႐ုဏ္းေတြျဖစ္တဲ့ ေနရာတစ္ခုမွာ မီး႐ႈိ႕ထားတဲ့ ေစ်းဝယ္တြန္းလွည္းျခင္းတစ္ခုကုိ ရဲတပ္ဖြဲ႕ဝင္မ်ားထံ တြန္းပို႕ခဲ့ၾကတာလည္း ေတြ႕ရေၾကာင္း AFP သတင္းေထာက္က ေျပာပါတယ္။ ျပင္သစ္ႏုိင္ငံမွာ သမၼတေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့ မတုိင္မီ အဓိက႐ုဏ္းေတြ ေပၚေပါက္ခဲ့တာလည္း ျဖစ္ပါတယ္။

ျပင္သစ္သမၼတေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့ကုိ လာမယ့္ ေမလ ၇ ရက္မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး အလယ္အလတ္ဝါဒီ အီမန္ႏ်ဴရယ္ မာ့ခ္႐ြန္နဲ႕ လက္ယာစြန္းဝါဒီ မာရီနီလီပင္းတုိ႕ ယွဥ္ၿပဳိင္ေ႐ြးေကာက္ခံမွာ ျဖစ္ပါတယ္။ လူထုစစ္တမ္းေတြအရ မာ့ခ္႐ြန္ဟာ ျပင္သစ္သမၼတျဖစ္လာရန္ လူႀကဳိက္မ်ား ေရပန္းစားေနေၾကာင္းလည္း သိရပါတယ္။
Source & Photo: AFP
Credit: Duwun



ပါရီမြို့မှာ မေဒေးနေ့ စုရုံးချီတက်ပွဲ အဓိကရုဏ်းဖြစ်ပွားမှု

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ယနေ့ (မေလ ၁ ရက်) မှာ ပြုလုပ်ခဲ့တဲ့ မေဒေးနေ့ (အလုပ်သမားနေ့) စုရုံးချီတက်ပွဲအတွင်း မျက်နှာဖုံးတပ်ဆင်ထားတဲ့ လူငယ်အုပ်စုနဲ့ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ေြာင်း သိရပါတယ်။ မေဒေးနေ့ စုရုံးချီတက်ပွဲမှာ ပါဝင်ခဲ့သူတွေက ပြင်သစ်သမ္မတရွေးကောက်ပွဲဝင် သမ္မတလောင်း မာရီနီလီပင်းကို ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိလာခဲ့ပြီးနောက် အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။
မာရီနီလီပင်းက သူမရဲ့ National Front (FN) ပါတီထောက်ခံသူတွေကို ပါရီမြို့ အရှေ့မြောက်ပိုင်း Villepinte ရှိ Exhibitions Park မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံတစ်ဝှမ်း နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ မေဒေးနေ့ စုရုံးချီတက်ပွဲမှာ ပြဿနာများ မပေါ်ပေါက်စေရန် ရဲတပ်ဖွဲ့ဝင်နဲ့ စစ်သား ၉,၀၀၀ ကျော် အသင့်ချထားခဲ့ကြောင်းလည်း သိရပါတယ်။ မျက်နှာဖုံးတပ်ဆင်ထားသူတွေက ရဲတပ်ဖွဲ့ဝင်တွေကို အရာဝတ္ထုများနဲ့ မိုလိုတော့ဗ် ကော့တေးပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့က ၎င်းတို့ကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။ ယနေ့ ပြုလုပ်ခဲ့တဲ့ မေဒေးနေ့ စုရုံးချီတက်ပွဲကို ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ CGT အပါအဝင် သမဂ္ဂ ၃ ခုက ဦးဆောင်ခဲ့ကြပြီး ပါဝင်ချီတက်သူ ထောင်နဲ့ချီပြီး ရှိခဲ့ပါတယ်။
ပါရီမြို့ရှိ Place de la Bastille ရင်ပြင်အနီးမှာ စုရုံးချီတက်သူတွေနဲ့ ရဲတပ်ဖွဲ့ကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဓိကရုဏ်းတွေဖြစ်တဲ့ နေရာတစ်ခုမှာ မီးရှို့ထားတဲ့ စျေးဝယ်တွန်းလှည်းခြင်းတစ်ခုကို ရဲတပ်ဖွဲ့ဝင်များထံ တွန်းပို့ခဲ့ကြတာလည်း တွေ့ရကြောင်း AFP သတင်းထောက်က ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ မတိုင်မီ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြင်သစ်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို လာမယ့် မေလ ၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အလယ်အလတ်ဝါဒီ အီမန်နျူရယ် မာ့ခ်ရွန်နဲ့ လက်ယာစွန်းဝါဒီ မာရီနီလီပင်းတို့ ယှဉ်ပြိုင်ရွေးကောက်ခံမှာ ဖြစ်ပါတယ်။ လူထုစစ်တမ်းတွေအရ မာ့ခ်ရွန်ဟာ ပြင်သစ်သမ္မတဖြစ်လာရန် လူကြိုက်များ ရေပန်းစားနေကြောင်းလည်း သိရပါတယ်။
Source & Photo: AFP
Credit: Duwun


Loading...