မိန္းကေလးေတြ ဒီဇာတ္လမ္းေလးဖတ္ျပီး သတိထားဆင္ျခင္ႏိုင္ပါေစ - Reader Myanmar

Latest Posts

မိန္းကေလးေတြ ဒီဇာတ္လမ္းေလးဖတ္ျပီး သတိထားဆင္ျခင္ႏိုင္ပါေစ





တကၠသိုလ္ ေက်ာင္းသူေလး တစ္ေယာက္ Online ကေန စကားေတြေျပာရင္းနဲ႔ သူ႔ထက္ အသက္အနည္းငယ္ႀကီးတဲ့ လူတစ္ေယာက္နဲ႔ ခ်စ္သူေတြျဖစ္သြားၾကတယ္။

ေကာင္မေလးက စာေတာ္တဲ့ အထဲပါတယ္။ မိဘေတြက အစိုးရဝန္ထမ္းေတြ ။ သမီးေလးတစ္ေယာက္တည္းရွိတယ္။

တစ္ေန႔တစ္ျခား ေကာင္မေလး အက်င့္ေတြပ်က္လာတာကို သူငယ္ခ်င္းေတြ သတိထားမိလာတယ္။

စာသင္ခ်ိန္ ဖုန္းဝင္လာၿပီဆိုရင္ အတန္းထဲကေန လစ္ၿပီး ထြက္သြားတတ္တယ္။

စာေမးပြဲ ေျဖဖို႔ နီးေနၿပီဆိုေတာ့ သူငယ္ခ်င္းေတြလဲ စာေတြနဲ႔လုံးပန္းရင္း သူ႔ကို သတိမထားမိျဖစ္လာတယ္။

ဒီလိုနဲ႔ ေက်ာင္းေတြ ပိတ္သြားတယ္။ ေက်ာင္းျပန္တက္ေတာ့ ေကာင္မေလးက ျဖဴဖတ္ျဖဴေရာ္နဲ႔ အက်ီပၤြပြ ၊ အေႏြးထည္ထူထူေတြပဲ ဝတ္တတ္လာတယ္။

သူငယ္ခ်င္းေတြ ေမးတိုင္း ေနမေကာင္းဘူးလို႔ ပဲ ေျပာၿပီး ေရွာင္ေရွာင္ေနတယ္။ ဖုန္းတစ္လုံးနဲ႔ တစ္ခ်ိန္လုံး အလုပ္ရႈပ္ေနတတ္တယ္။

သူငယ္ခ်င္းေတြ လဲ မသကၤာေတာ့တာနဲ႔ သူ႔ကို အတင္းဝိုင္းၿပီး ေမးၾကတယ္။

သူအားရပါးရ ငိုတယ္ ။ သူအရမ္းမွားသြားၿပီလို႔လဲ ေျပာတယ္။

Online က ခ်စ္သူနဲ႔ အျပင္မွာ ေတြ႕ၿပီး ခ်ိန္းတိုင္း သြားေတြ႕ခဲ့တယ္။ ဒီိလိုနဲ႔ အေျခအေနေတြ အဆင့္ေက်ာ္ၿပီး ကိုယ္ဝန္ရွိတာ ေမြးဖို႔ ရက္ သိပ္မလိုေတာ့ဘူးတဲ့။

ဟိုဘက္ကတစ္ေယာက္က အဲ့အေၾကာင္းေျပာလိုက္ထဲက ေရွာင္ေနတယ္။

ေနာက္ေတာ့ သူ႔အေမ ေပးစားတဲ့ မိန္းကေလးကို လက္ထပ္ရေတာ့မယ္ေျပာတယ္တဲ့။

အဲ့ေနာက္ပိုင္းမွာေတာ့ သူ႔ဖုန္းကို လုံးဝမကိုင္ေတာ့ဘူး။

ေကာင္မေလး ဘယ္လိုပဲႀကိဳးစားၿပီး ဆက္ဆက္ အဲ့လူက ဖုန္းလုံးဝမကိုင္ေတာ့ဘူး။

အေကာင့္တစ္ခု၊ လူတစ္ေယာက္ကို ျမင္ဘူး႐ုံ၊ ဖုန္းနံပါတ္တစ္ခုသာ သိၿပီး ။

ဘယ္မွာေနတယ္ဆိုတာေတာင္ အတိအက် မသိတဲ့ လူတစ္ေယာက္ကို သူ႔ ဘဝတစ္ခုလုံး ေပးရဲတယ္ ။

အခုေတာ့ သူ႔ခမ်ာ ကိုယ္ဝန္ႀကီးနဲ႔ မိဘေတြလဲ အခုမွ သိၿပီး ရင္က်ိဳး ေဒါသထြက္႐ုံက လြဲၿပီး ဘာလုပ္နိုင္မွာလဲ။

( ဘာေတြ ဆက္ျဖစ္မယ္ မသိေတာ့ပါဘူး။ ေယာက္က်ားမဆန္တာလား၊ မိန္းကေလးက လြယ္တာလား၊ မိဘက အုပ္ထိန္းမႈ ည့ံသြားတာလား။

မ်ားမ်ား Share ေပးပါေနာ္။ မိန္းကေလးေတြ အယုံမလြယ္ဖို႔အတြက္)

Credit to ထက္ျမက္ေသာ မိန္းမသားမ်ား

တက္ကသိုလ် ကျောင်းသူလေး တစ်ယောက် Online ကနေ စကားတွေပြောရင်းနဲ့ သူ့ထက် အသက်အနည်းငယ်ကြီးတဲ့ လူတစ်ယောက်နဲ့ ချစ်သူတွေဖြစ်သွားကြတယ်။

ကောင်မလေးက စာတော်တဲ့ အထဲပါတယ်။ မိဘတွေက အစိုးရဝန်ထမ်းတွေ ။ သမီးလေးတစ်ယောက်တည်းရှိတယ်။

တစ်နေ့တစ်ခြား ကောင်မလေး အကျင့်တွေပျက်လာတာကို သူငယ်ချင်းတွေ သတိထားမိလာတယ်။

စာသင်ချိန် ဖုန်းဝင်လာပြီဆိုရင် အတန်းထဲကနေ လစ်ပြီး ထွက်သွားတတ်တယ်။

စာမေးပွဲ ဖြေဖို့ နီးနေပြီဆိုတော့ သူငယ်ချင်းတွေလဲ စာတွေနဲ့လုံးပန်းရင်း သူ့ကို သတိမထားမိဖြစ်လာတယ်။

ဒီလိုနဲ့ ကျောင်းတွေ ပိတ်သွားတယ်။ ကျောင်းပြန်တက်တော့ ကောင်မလေးက ဖြူဖတ်ဖြူရော်နဲ့ အကျီင်္ပွပွ ၊ အနွေးထည်ထူထူတွေပဲ ဝတ်တတ်လာတယ်။

သူငယ်ချင်းတွေ မေးတိုင်း နေမကောင်းဘူးလို့ ပဲ ပြောပြီး ရှောင်ရှောင်နေတယ်။ ဖုန်းတစ်လုံးနဲ့ တစ်ချိန်လုံး အလုပ်ရှုပ်နေတတ်တယ်။

သူငယ်ချင်းတွေ လဲ မသင်္ကာတော့တာနဲ့ သူ့ကို အတင်းဝိုင်းပြီး မေးကြတယ်။

သူအားရပါးရ ငိုတယ် ။ သူအရမ်းမှားသွားပြီလို့လဲ ပြောတယ်။

Online က ချစ်သူနဲ့ အပြင်မှာ တွေ့ပြီး ချိန်းတိုင်း သွားတွေ့ခဲ့တယ်။ ဒီိလိုနဲ့ အခြေအနေတွေ အဆင့်ကျော်ပြီး ကိုယ်ဝန်ရှိတာ မွေးဖို့ ရက် သိပ်မလိုတော့ဘူးတဲ့။

ဟိုဘက်ကတစ်ယောက်က အဲ့အကြောင်းပြောလိုက်ထဲက ရှောင်နေတယ်။

နောက်တော့ သူ့အမေ ပေးစားတဲ့ မိန်းကလေးကို လက်ထပ်ရတော့မယ်ပြောတယ်တဲ့။

အဲ့နောက်ပိုင်းမှာတော့ သူ့ဖုန်းကို လုံးဝမကိုင်တော့ဘူး။

ကောင်မလေး ဘယ်လိုပဲကြိုးစားပြီး ဆက်ဆက် အဲ့လူက ဖုန်းလုံးဝမကိုင်တော့ဘူး။

အကောင့်တစ်ခု၊ လူတစ်ယောက်ကို မြင်ဘူးရုံ၊ ဖုန်းနံပါတ်တစ်ခုသာ သိပြီး ။

ဘယ်မှာနေတယ်ဆိုတာတောင် အတိအကျ မသိတဲ့ လူတစ်ယောက်ကို သူ့ ဘဝတစ်ခုလုံး ပေးရဲတယ် ။

အခုတော့ သူ့ခမျာ ကိုယ်ဝန်ကြီးနဲ့ မိဘတွေလဲ အခုမှ သိပြီး ရင်ကျိုး ဒေါသထွက်ရုံက လွဲပြီး ဘာလုပ်နိုင်မှာလဲ။

( ဘာတွေ ဆက်ဖြစ်မယ် မသိတော့ပါဘူး။ ယောက်ကျားမဆန်တာလား၊ မိန်းကလေးက လွယ်တာလား၊ မိဘက အုပ်ထိန်းမှု ည့ံသွားတာလား။

များများ Share ပေးပါနော်။ မိန်းကလေးတွေ အယုံမလွယ်ဖို့အတွက်)

Credit to ထက်မြက်သော မိန်းမသားများ
Loading...