တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း(4.5.2017 မွ 10.5.2017 အထိ) - Reader Myanmar

Latest Posts

တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း(4.5.2017 မွ 10.5.2017 အထိ)





တနဂၤေႏြ

ေအာင္ျမင္မႈေတြေစာင့္ႀကိဳေနမဲ့ကာလပါပဲ။ စိတ္ခ်မ္းသာရပါလိမ့္မယ္။ အထူးသျဖင့္ အလုပ္ကိစၥမ်ား အိုးအိမ္ကိစၥ၊ရာထူးကိစၥ၊အေမြကိစၥမ်ားေၾကာင့္လဲစိတ္ခ်မ္းသာရမွာပါ။ ေငြေၾကးကံေကာင္းေနမွာပါ။

ရစရာရွိတဲ့ေငြမ်ား ၊ၾကန္ၾကာေနတဲ့ေငြမ်ား၊ အလုပ္မွာျမဳပ္ေနတဲ့ေငြမ်ားျပန္လည္ရရွိပါလိမ့္မယ္။ စက္ပစၥည္းနဲ႔ ပက္သက္ရင္ေတာ့ ဒုကၡမ်ားရပါလိမ့္မယ္။ မၾကာခဏခ်ိဳ႕ယြင္းေနတဲ့စက္ေၾကာင့္ စိတ္ညစ္ရမယ္။ စက္ပစၥည္းအသစ္မ်ားလဲမဝယ္သင့္ေသးပါဘူး။ ပညာေရးကိစၥမ်ား၊ ဘာသာေရးကိစၥမ်ား အထူးေကာင္းမြန္ပါလိမ့္မယ္။ အခ်စ္ေရးလဲအထူးအဆင္ေျပေနမဲ့ကာလပါပဲ။

ဒါေပမဲ့ ခ်စ္သူခ်င္းေဝးေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ နည္းနည္းဂ႐ုစိုက္ပါ။ ဇက္ေၾကာတတ္ျခင္း ေခါင္းကိုက္ျခင္း ဆီးခ်ိဳ ေသြးခ်ိဳတတ္ျခင္းမ်ိဳးၾကံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၉/၆ အထူးေဟာ ကံျမင့္ေနခ်ိန္ပါပဲ ။

ယၾတာ ပ်က္စီးယိုယြင္းေနၿပီျဖစ္တဲ့ မီးႀကိဳး မီးေခ်ာင္းေတြရွိရင္ စြန္႔ပစ္လိုက္ပါ။

တနလၤာ

ဒီကာလအတြင္း အထင္လြဲေနျခင္း ၊စိတ္ဝမ္းကြဲေနျခင္းမ်ား ၊ နားလည္မႈလြဲေနျခင္းမ်ား ရွိခဲ့ရင္ျပန္လည္အဆင္ေျပလာပါလိမ့္မယ္။ ဘာသာေရးနဲ႔ပက္သက္ေသာကိစၥေတြ ၊ အလႉအတန္းနဲ႔ပက္သက္ေသာ ကိစၥေတြ လုပ္ကိုင္ေဆာင္ရြက္ရပါလိမ့္မယ္။ မဂၤလာကိစၥမ်ား ကူညီလုပ္ကိုင္ေပးရပါလိမ့္မည္။ ေငြေၾကးအစုလိုက္ဝင္ရကိန္းရွိပါတယ္။

ေငြေၾကးနဲ႔ပက္သက္ၿပီး စိတ္ခ်မ္းသာရပါလိမ့္မယ္။ အလုပ္သစ္ စီးပြားသစ္အထူးေကာင္းပါလိမ့္မယ္။ ပညာရပ္အသစ္မ်ားသင္ရပါလိမ့္မယ္။ ပညာတိုးျခင္း၊ဆရာေကာင္းေတြ႕ျခင္းမ်ိဳးရွိပါလိမ့္မည္။ အခ်စ္ေရး အထူးေကာင္းေနပါလိမ့္မယ္။

ေပ်ာ္ရႊင္စရာမ်ား ၾကံဳ ရမည္။ခ်စ္သူရဲ႕ဂ႐ုစိုက္ျခင္းခံရမည္။ အခ်စ္ေရးလဲ စန္းပြင့္ေနတတ္ပါသည္။ က်န္းမာေရး ေဒါင္ေဒါင္မည္ေနပါလိမ့္မည္။ လက္သုပ္မ်ား ၊ယင္နားစာမ်ားအထူးေရွာင္ပါ။

အက်ိဳးေပးဂဏန္း ၂/၅/၈ အထူးေဟာ လာဘ္ရႊင္မည္။

ယၾတာ ဖီးၾကမ္းငွက္ေပ်ာ္သီး ၁၀လံုးဘုရားကပ္လႉပါ။

အဂၤါ

ဒီကာလအတြင္း အရာရာၾကန္႔ၾကာမႈေတြျဖစ္ရတတ္ပါတယ္။ အလွ်င္လိုေလ အေႏွးျဖစ္ေလဆိုတာမ်ိဳးၾကံဳရတတ္ပါတယ္။ အရာရာမေလာပါနဲ႔ ။ေခါင္းေအးေအးထားၿပီးလုပ္ေဆာင္ပါ။

စက္ပစၥည္းမ်ား ခ်ိဳ႕ယြင္းတတ္ျခင္းမ်ိဳး ၾကံဳရတတ္တဲ့အတြက္ စက္ပစၥည္းမ်ားနဲ႔ ကိုင္တြယ္ေမာင္းႏွင္ေနသူမ်ား သတိရွိဖို႔လိုပါတယ္။ ျပႆ နာမ်ား နဲ႔ ထိပ္တိုက္ေတြ႕စရာ ၾကံဳ ရပါက သည္းခံမႈေတြနဲ႔သာေျဖရွင္းလိုက္ပါ။

မိမိေဒါသေရွ႕ထားပါက အမွားေတြ႕ပါလိမ့္မည္။ အလုပ္ၿပိဳင္မ်ား စီးပြားဘက္မ်ားရဲ႕ အပုပ္ခ် ေျပာဆိုျခင္းမ်ိဳးခံရတတ္ပါတယ္။ အလုပ္ကံေတာ့ေကာင္းပါတယ္။ လုပ္ငန္းကိစၥမ်ား အဆင္ေျပေျပနဲ႔ ၿပီးေျမာက္မွာပါ။က်န္းမာေရး အထူးညံ့ေနလိမ့္မယ္။

အခ်စ္ေရးမွာအဆိုးဆံုးအေျခအေန (သို႔)အေကာင္းဆံုးအေျခအေနမ်ိဳးၾကံဳရမွာပါ။ အစြန္းႏွစ္ဖက္ျဖစ္ရၾကံဳရတာမ်ိဳးေပါ့ေလ ။

အက်ိဳးေပးဂဏန္း ၁/၅/၂ အထူးေဟာ ကံအညံ့ထဲေရာက္ေနတာပါ။

ယၾတာ နီးစပ္ရာေစတီမွာ လွ်ပ္စစ္မီး ညလံုးေပါက္ကုသိုလ္ယူပါ။

ဗုဒၶဟူး

အတိုက္အခိုက္အမ်ားဆံုးခံရမဲ့ကာလပါပဲ။ မိမိအားမနာလိုသူမ်ား ၊ မိမိေအာင္ျမင္မႈကိုမရႈစိမ့္သူမ်ားက ေကာင္းေကာင္းႀကီး မိမိအားဒုကၡေပးပါလိမ့္မယ္။

အမွန္တရားက မိမိဘက္မွာရွိေနေပမဲ့ ခဏေတာ့ စိတ္ဆင္းရဲေသာကေရာက္ရမွာပါ။ အိမ္ေထာင္သည္ အမ်ိဳးသားမ်ားမိန္းမကိစၥမရႈပ္ပါနဲ႔။

ရႈပ္မိပါက ျပႆ နာအႀကီးအက်ယ္တတ္ပါလိမ့္မယ္။ အမႈအခင္းကိစၥမ်ား ပိုင္ဆိုင္မႈနဲ႔ပက္သက္ေသာ အရႈပ္အေထြးကိစၥမ်ား ေျဖရွင္းရလိမ့္မယ္။ မိမိဘက္ကသာမွန္ကန္ေနပါက အရာရာကိုေက်ာ္လႊားေအာင္ျမင္ႏိုင္မွာပါ။ အခ်စ္ေရးအေနနဲ႔ မယံုသင့္တဲ့ကာလပါ။ ခ်စ္သူေျပာတိုင္းမယံုသင့္ပါ။ပညာေရးမွာ ဇြဲသာရွိပါ။ လိုခ်င္တဲ့ပန္းတိုင္ကိုရပါလိမ့္မည္။

က်န္းမာေရးကေတာ့ အထူးမညံ့ေပမဲ့ အေညာင္းမိတတ္ပါတယ္။ အထိုင္မ်ားရင္ေလ့က်င့္ခန္းမွန္မွန္လုပ္ေပးပါ။

အက်ိဳးေပးဂဏန္း ၅/၄/၈ အထူးေဟာ ရန္မ်ားမည္ ။

ယၾတာ ပဌာန္းတစ္ေန႔တစ္ေခါက္ႏႈန္းျဖင့္ ၇ရက္တိတိရြတ္ဖတ္ပူေဇာ္ပါ။

ၾကာသပေတး

ဒီကာလဟာ ၾကာသပေတးသားသမီးေတြအေနနဲ႔ စီးပြားေရး၊ လူမႈေရးအထူးေကာင္းေနတဲ့ကာလပါ။ လုပ္ငန္းကိစၥမ်ားအထူးေကာင္းေနမည္။မိမိဆိုင္ မိမိလုပ္ငန္းတိုးတတ္မည္။ ေဖာက္သည္အသစ္မ်ားရပါလိမ့္မယ္။ မိမိအား လုပ္ငန္းလာအပ္သူမ်ား ၊မိမိဆိုင္တြင္ လာေရာက္အားေပးသူမ်ား အရင္ကထက္ ပိုမ်ားေနမွာပါ။

ဝန္ထမ္းမ်ား လခစားမ်ားအေနနဲ႔ မိမိလုပ္ေဖာ္ကိုင္ဖက္မ်ားရဲ႕ ခ်ီးေျမာက္ေထာက္ခံမႈေၾကာင့္ ေနရာေကာင္းရျခင္း ၊ ရာထူးတိုးျခင္းမ်ိဳးၾကံဳရမည္။ ငယ္ရြယ္သူမ်ား လူႀကီးမိဘေတြရဲ႕ မုန္႔ဖိုးမ်ားမ်ားေပးျခင္းမ်ိဳးၾကံဳ ရမည္။ မိမိလိုခ်င္တာရွိရင္ ပူဆာလို႔အေကာင္းဆံုးကာလပါပဲ။

ပညာေရးကံအေကာင္းဆံုးပါ။ ပညာရည္ထူးခြ်န္မဲ့ကာလပါ။ အခ်စ္ေရးကေတာ့ ေမွ်ာ္လင့္သလို မျဖစ္ႏိုင္ေသးပါဘူး။ က်န္းမာေရးအညံ့ကေတာ့ လံုးဝမရွိတဲ့အခ်ိန္ပါ။

အက်ိဳးေပးဂဏန္း ၇/၅/၁ အထူးေဟာ အဘက္ဘက္ကအဆင္ေျပမည္။

ယၾတာ ၾကံတစ္ေခ်ာင္းဝယ္ အခြံခြာ… ၁၅စိပ္စိပ္ၿပီး ဘုရားကပ္လႉပါ။

ေသာၾကာ

ဒီကာလဟာ ေသာၾကာသားသမီးေတြအေနနဲ႔ သားသမီးကိစၥမ်ား ေအာက္လက္ငယ္သားကိစၥမ်ားတြင္ လိုက္ပါကူညီေပးရတတ္ပါတယ္။ မိမိအေနနဲ႔ ဘယ္သူကိုယ္မွ မ်က္ႏွာလႊဲ၍မရဘဲကိုယ္တိုင္ကိုယ္က် လုပ္ေနရမဲ့အခ်ိန္ပါ။

ခရီးကိစၥမ်ား ရပ္ေဝးနဲ႔ ဆက္သြယ္လုပ္ကိုင္ရေသာကိစၥမ်ား အဆင္မေျပတာမ်ိဳးၾကံဳရပါလိမ့္မယ္။ လူမ်ိဳးျခား ဘာသာျခားေတြေၾကာင့္

စိတ္အထူးညစ္ရတတ္တယ္။ အိမ္တြင္းေရး အိမ္ေထာင္ေရး အထူးအဆင္ေျပမယ္။ မိသားစုဝင္ေတြ နားလည္မႈေတြရလာလိမ့္မည္။

အလုပ္စီးပြားမ်ား ေကာင္းမလိုလိုႏွင့္ အဖ်ားရႉးသြားတတ္သည္။ က်န္းမာေရးအေနနဲ႔ ေရခ်ိဳးမွားျခင္း ၊အပူရွပ္ျခင္းမ်ိဳးၾကံဳရတတ္သည္။ အခ်စ္ေရးကိစၥမ်ား အဆင္မေျပတာၾကံဳရမည္။ တစ္ဦးနဲ႔တစ္ဦးသံသယေတြမ်ားေနလိမ့္မည္။

ပညာေရးကံကေတာ့ အေကာင္းဘက္မွာရွိေနတဲ့အခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ၆/၄/၁ အထူးေဟာ အလုပ္ေတြမ်ားေနတတ္သည္။

ယၾတာ ခရီးသြားမဲ့ ရဟန္းတစ္ပါးအား ခရီးစရိတ္ေထာက္ပံ့လိုက္ပါ။

စေန

ဒီကာလဟာ စေနသားသမီးေတြအေနနဲ႔ အရမ္းျခဴ ျခာလြယ္မဲ့အခ်ိန္ပါပဲ။ အေနအထိုင္အနည္းငယ္မဆင္ျခင္တာနဲ႔ ေဆးရံု ေဆးခန္းေရာက္ရတတ္ပါတယ္။ အရက္ေသစာေသာက္စားျခင္းမ်ိဳးရွိရင္ ဒီကာလမွာမေသာက္တာအေကာင္းဆံုးပါပဲ။ က်န္းမာေရးညံ့သြားတတ္လို႔ပါ။ ေရႊေငြလက္ဝတ္ရတနာမ်ား ေပ်ာက္ရွျခင္း ၊ က်ေပ်ာက္ျခင္းမ်ိဳးၾကံဳရတတ္ပါတယ္။

ေငြကုန္ေၾကးက်မ်ားတတ္တယ္ေနာ္။ ေငြဝင္တာကနည္းနည္း ထြက္တာကမ်ားမ်ားဆိုတာမ်ိဳးေပါ့။ မသြားခ်င္ေသာခရီးေတြလဲသြားရတတ္ပါတယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရန္ျဖစ္ရတတ္ပါတယ္။ ဝန္ထမ္းမ်ား အလုပ္တာဝန္ေတြပိေနတတ္တဲ့ကာလပါပဲ။ အခ်စ္ေရးကံကေတာ့ ေကာင္းေနမဲ့အခ်ိန္ပါပဲ။ ပညာေရးအေပၚ မိမိကိုယ္တိုင္စိတ္မပါျဖစ္ေနတတ္တဲ့ကာလပါ။

အက်ိဳးေပးဂဏန္း ၈/၅/၁ အထူးေဟာ စိတ္ပင္ပန္းရမည္။

ယၾတာ ပန္းကန္တစ္ခ်ပ္ထဲလက္ဖက္ ကိုးပံုပံုၿပီး ဘုရားကပ္လႉပါ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

တနင်္ဂနွေ

အောင်မြင်မှုတွေစောင့်ကြိုနေမဲ့ကာလပါပဲ။ စိတ်ချမ်းသာရပါလိမ့်မယ်ထူးသဖြင့် အလုပ်ကိစ္စများ အိုးအိမ်ကိစ္စ၊ရာထူးကိစ္စ၊အမွေကိစ္စများကြောင့်လဲစိတ်ချမ်းသာရမှာပါ။ ငွေကြေးကံကောင်းနေမှာပါ။

ရစရာရှိတဲ့ငွေများ ၊ကြန်ကြာနေတဲ့ငွေများ၊ အလုပ်မှာမြုပ်နေတဲ့ငွေများပြန်လည်ရရှိပါလိမ့်မယ်။ စက်ပစ္စည်းနဲ့ ပက်သက်ရင်တော့ ဒုက္ခများရပါလိမ့်မယ်။ မကြာခဏချို့ယွင်းနေတဲ့စက်ကြောင့် စိတ်ညစ်ရမယ်။ စက်ပစ္စည်းအသစ်များလဲမဝယ်သင့်သေးပါဘူး။ ပညာရေးကိစ္စများ၊ ဘာသာရေးကိစ္စများ အထူးကောင်းမွန်ပါလိမ့်မယ်။ အချစ်ရေးလဲအထူးအဆင်ပြေနေမဲ့ကာလပါပဲ။

ဒါပေမဲ့ ချစ်သူချင်းဝေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ နည်းနည်းဂရုစိုက်ပါ။ ဇက်ကြောတတ်ခြင်း ခေါင်းကိုက်ခြင်း ဆီးချို သွေးချိုတတ်ခြင်းမျိုးကြံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၉/၆ အထူးဟော ကံမြင့်နေချိန်ပါပဲ ။

ယတြာ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ မီးကြိုး မီးချောင်းတွေရှိရင် စွန့်ပစ်လိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း အထင်လွဲနေခြင်း ၊စိတ်ဝမ်းကွဲနေခြင်းများ ၊ နားလည်မှုလွဲနေခြင်းများ ရှိခဲ့ရင်ပြန်လည်အဆင်ပြေလာပါလိမ့်မယ်။ ဘာသာရေးနဲ့ပက်သက်သောကိစ္စတွေ ၊ အလှူအတန်းနဲ့ပက်သက်သော ကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်ရပါလိမ့်မယ်။ မင်္ဂလာကိစ္စများ ကူညီလုပ်ကိုင်ပေးရပါလိမ့်မည်။ ငွေကြေးအစုလိုက်ဝင်ရကိန်းရှိပါတယ်။

ငွေကြေးနဲ့ပက်သက်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။ အလုပ်သစ် စီးပွားသစ်အထူးကောင်းပါလိမ့်မယ်။ ပညာရပ်အသစ်များသင်ရပါလိမ့်မယ်။ ပညာတိုးခြင်း၊ဆရာကောင်းတွေ့ခြင်းမျိုးရှိပါလိမ့်မည်။ အချစ်ရေး အထူးကောင်းနေပါလိမ့်မယ်။

ပျော်ရွှင်စရာများ ကြုံ ရမည်။ချစ်သူရဲ့ဂရုစိုက်ခြင်းခံရမည်။ အချစ်ရေးလဲ စန်းပွင့်နေတတ်ပါသည်။ ကျန်းမာရေး ဒေါင်ဒေါင်မည်နေပါလိမ့်မည်။ လက်သုပ်များ ၊ယင်နားစာများအထူးရှောင်ပါ။

အကျိုးပေးဂဏန်း ၂/၅/၈ အထူးဟော လာဘ်ရွှင်မည်။

ယတြာ ဖီးကြမ်းငှက်ပျော်သီး ၁ဝလုံးဘုရားကပ်လှူပါ။

အင်္ဂါ

ဒီကာလအတွင်း အရာရာကြန့်ကြာမှုတွေဖြစ်ရတတ်ပါတယ်။ အလျှင်လိုလေ အနှေးဖြစ်လေဆိုတာမျိုးကြုံရတတ်ပါတယ်။ အရာရာမလောပါနဲ့ ။ခေါင်းအေးအေးထားပြီးလုပ်ဆောင်ပါ။

စက်ပစ္စည်းများ ချို့ယွင်းတတ်ခြင်းမျိုး ကြုံရတတ်တဲ့အတွက် စက်ပစ္စည်းများနဲ့ ကိုင်တွယ်မောင်းနှင်နေသူများ သတိရှိဖို့လိုပါတယ်။ ပြဿ နာများ နဲ့ ထိပ်တိုက်တွေ့စရာ ကြုံ ရပါက သည်းခံမှုတွေနဲ့သာဖြေရှင်းလိုက်ပါ။

မိမိဒေါသရှေ့ထားပါက အမှားတွေ့ပါလိမ့်မည်။ အလုပ်ပြိုင်များ စီးပွားဘက်များရဲ့ အပုပ်ချ ပြောဆိုခြင်းမျိုးခံရတတ်ပါတယ်။ အလုပ်ကံတော့ကောင်းပါတယ်။ လုပ်ငန်းကိစ္စများ အဆင်ပြေပြေနဲ့ ပြီးမြောက်မှာပါ။ကျန်းမာရေး အထူးညံ့နေလိမ့်မယ်။

အချစ်ရေးမှာအဆိုးဆုံးအခြေအနေ (သို့)အကောင်းဆုံးအခြေအနေမျိုးကြုံရမှာပါ။ အစွန်းနှစ်ဖက်ဖြစ်ရကြုံရတာမျိုးပေါ့လေ ။

အကျိုးပေးဂဏန်း ၁/၅/၂ အထူးဟော ကံအညံ့ထဲရောက်နေတာပါ။

ယတြာ နီးစပ်ရာစေတီမှာ လျှပ်စစ်မီး ညလုံးပေါက်ကုသိုလ်ယူပါ။

ဗုဒ္ဓဟူး

အတိုက်အခိုက်အများဆုံးခံရမဲ့ကာလပါပဲ။ မိမိအားမနာလိုသူများ ၊ မိမိအောင်မြင်မှုကိုမရှုစိမ့်သူများက ကောင်းကောင်းကြီး မိမိအားဒုက္ခပေးပါလိမ့်မယ်။

အမှန်တရားက မိမိဘက်မှာရှိနေပေမဲ့ ခဏတော့ စိတ်ဆင်းရဲသောကရောက်ရမှာပါ။ အိမ်ထောင်သည် အမျိုးသားများမိန်းမကိစ္စမရှုပ်ပါနဲ့။

ရှုပ်မိပါက ပြဿ နာအကြီးအကျယ်တတ်ပါလိမ့်မယ်။ အမှုအခင်းကိစ္စများ ပိုင်ဆိုင်မှုနဲ့ပက်သက်သော အရှုပ်အထွေးကိစ္စများ ဖြေရှင်းရလိမ့်မယ်။ မိမိဘက်ကသာမှန်ကန်နေပါက အရာရာကိုကျော်လွှားအောင်မြင်နိုင်မှာပါ။ အချစ်ရေးအနေနဲ့ မယုံသင့်တဲ့ကာလပါ။ ချစ်သူပြောတိုင်းမယုံသင့်ပါ။ပညာရေးမှာ ဇွဲသာရှိပါ။ လိုချင်တဲ့ပန်းတိုင်ကိုရပါလိမ့်မည်။

ကျန်းမာရေးကတော့ အထူးမညံ့ပေမဲ့ အညောင်းမိတတ်ပါတယ်။ အထိုင်များရင်လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးပါ။

အကျိုးပေးဂဏန်း ၅/၄/၈ အထူးဟော ရန်များမည် ။

ယတြာ ပဌာန်းတစ်နေ့တစ်ခေါက်နှုန်းဖြင့် ရရက်တိတိရွတ်ဖတ်ပူဇော်ပါ။

ကြာသပတေး

ဒီကာလဟာ ကြာသပတေးသားသမီးတွေအနေနဲ့ စီးပွားရေး၊ လူမှုရေးအထူးကောင်းနေတဲ့ကာလပါ။ လုပ်ငန်းကိစ္စများအထူးကောင်းနေမည်။မိမိဆိုင် မိမိလုပ်ငန်းတိုးတတ်မည်။ ဖောက်သည်အသစ်များရပါလိမ့်မယ်။ မိမိအား လုပ်ငန်းလာအပ်သူများ ၊မိမိဆိုင်တွင် လာရောက်အားပေးသူများ အရင်ကထက် ပိုများနေမှာပါ။

ဝန်ထမ်းများ လခစားများအနေနဲ့ မိမိလုပ်ဖော်ကိုင်ဖက်များရဲ့ ချီးမြောက်ထောက်ခံမှုကြောင့် နေရာကောင်းရခြင်း ၊ ရာထူးတိုးခြင်းမျိုးကြုံရမည်။ ငယ်ရွယ်သူများ လူကြီးမိဘတွေရဲ့ မုန့်ဖိုးများများပေးခြင်းမျိုးကြုံ ရမည်။ မိမိလိုချင်တာရှိရင် ပူဆာလို့အကောင်းဆုံးကာလပါပဲ။

ပညာရေးကံအကောင်းဆုံးပါ။ ပညာရည်ထူးချွန်မဲ့ကာလပါ။ အချစ်ရေးကတော့ မျှော်လင့်သလို မဖြစ်နိုင်သေးပါဘူး။ ကျန်းမာရေးအညံ့ကတော့ လုံးဝမရှိတဲ့အချိန်ပါ။

အကျိုးပေးဂဏန်း ၇/၅/၁ အထူးဟော အဘက်ဘက်ကအဆင်ပြေမည်။

ယတြာ ကြံတစ်ချောင်းဝယ် အခွံခွာ… ၁၅စိပ်စိပ်ပြီး ဘုရားကပ်လှူပါ။

သောကြာ

ဒီကာလဟာ သောကြာသားသမီးတွေအနေနဲ့ သားသမီးကိစ္စများ အောက်လက်ငယ်သားကိစ္စများတွင် လိုက်ပါကူညီပေးရတတ်ပါတယ်။ မိမိအနေနဲ့ ဘယ်သူကိုယ်မှ မျက်နှာလွှဲ၍မရဘဲကိုယ်တိုင်ကိုယ်ကျ လုပ်နေရမဲ့အချိန်ပါ။

ခရီးကိစ္စများ ရပ်ဝေးနဲ့ ဆက်သွယ်လုပ်ကိုင်ရသောကိစ္စများ အဆင်မပြေတာမျိုးကြုံရပါလိမ့်မယ်။ လူမျိုးခြား ဘာသာခြားတွေကြောင့်

စိတ်အထူးညစ်ရတတ်တယ်။ အိမ်တွင်းရေး အိမ်ထောင်ရေး အထူးအဆင်ပြေမယ်။ မိသားစုဝင်တွေ နားလည်မှုတွေရလာလိမ့်မည်။

အလုပ်စီးပွားများ ကောင်းမလိုလိုနှင့် အဖျားရှူးသွားတတ်သည်။ ကျန်းမာရေးအနေနဲ့ ရေချိုးမှားခြင်း ၊အပူရှပ်ခြင်းမျိုးကြုံရတတ်သည်။ အချစ်ရေးကိစ္စများ အဆင်မပြေတာကြုံရမည်။ တစ်ဦးနဲ့တစ်ဦးသံသယတွေများနေလိမ့်မည်။

ပညာရေးကံကတော့ အကောင်းဘက်မှာရှိနေတဲ့အချိန်ပါပဲ။

အကျိုးပေးဂဏန်း ၆/၄/၁ အထူးဟော အလုပ်တွေများနေတတ်သည်။

ယတြာ ခရီးသွားမဲ့ ရဟန်းတစ်ပါးအား ခရီးစရိတ်ထောက်ပံ့လိုက်ပါ။

စနေ

ဒီကာလဟာ စနေသားသမီးတွေအနေနဲ့ အရမ်းခြူ ခြာလွယ်မဲ့အချိန်ပါပဲ။ အနေအထိုင်အနည်းငယ်မဆင်ခြင်တာနဲ့ ဆေးရုံ ဆေးခန်းရောက်ရတတ်ပါတယ်။ အရက်သေစာသောက်စားခြင်းမျိုးရှိရင် ဒီကာလမှာမသောက်တာအကောင်းဆုံးပါပဲ။ ကျန်းမာရေးညံ့သွားတတ်လို့ပါ။ ရွှေငွေလက်ဝတ်ရတနာများ ပျောက်ရှခြင်း ၊ ကျပျောက်ခြင်းမျိုးကြုံရတတ်ပါတယ်။

ငွေကုန်ကြေးကျများတတ်တယ်နော်။ ငွေဝင်တာကနည်းနည်း ထွက်တာကများများဆိုတာမျိုးပေါ့။ မသွားချင်သောခရီးတွေလဲသွားရတတ်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက်နဲ့ စကားများရန်ဖြစ်ရတတ်ပါတယ်။ ဝန်ထမ်းများ အလုပ်တာဝန်တွေပိနေတတ်တဲ့ကာလပါပဲ။ အချစ်ရေးကံကတော့ ကောင်းနေမဲ့အချိန်ပါပဲ။ ပညာရေးအပေါ် မိမိကိုယ်တိုင်စိတ်မပါဖြစ်နေတတ်တဲ့ကာလပါ။

အကျိုးပေးဂဏန်း ၈/၅/၁ အထူးဟော စိတ်ပင်ပန်းရမည်။

ယတြာ ပန်းကန်တစ်ချပ်ထဲလက်ဖက် ကိုးပုံပုံပြီး ဘုရားကပ်လှူပါ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Loading...