YouTube မှာ လူပေါင်း ၇ သန်းကျော် ကြည့်ဖြစ်သွားတဲ့ အိန္ဒိယမင်္ဂလာဆောင်မှ သတို့ သမီးရဲ့အက - Reader Myanmar

Latest Posts

YouTube မှာ လူပေါင်း ၇ သန်းကျော် ကြည့်ဖြစ်သွားတဲ့ အိန္ဒိယမင်္ဂလာဆောင်မှ သတို့ သမီးရဲ့အက




၁၇ မိနစ်ကျော် ကြာတဲ့ အကဖြစ်ပါတယ်။

အိန္ဒိယ ဘောလီးဝုဒ်ရုပ်ရှင်ကားတွေမှာ အစဉ်အလာအဖြစ် မင်းသားမင်းသမီးနဲ့ တကွ ဇာတ်ပို့ ဇာတ်ရံပါမကျန် မြူးမြူးကြွကြွ ကကြတဲ့ ဇာတ်ဝင်ခန်းကို လူတွေ တကယ်ရိုးအီမသွားသေးဘူးလို့ ဆိုရမှာပါ။ အပြင်မှာလည်း ရုပ်ရှင်ကို တကယ့်အပြင်လို သဘောထားပြီး သရုပ်ဆောင်ကြတဲ့ ၁၇ မိနစ်ကြာ အိန္ဒိယသတို့ သမီးရဲ့ မင်္ဂလာဇာတ်ဝင်အကဟာ YouTube မှာ နှစ်လအတွင်း ကြည့်ရှုသူ ၇ သန်း ၃သိန်းကျော်သွားပါတယ်။


တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် မင်္ဂလာဆောင်ကို တစ်သက်လုံးမေ့မရတဲ့ အမှတ်တရတွေနဲ့ ချန်ထားဖို့ ဖန်တီးလိုတာ တကယ်ချစ်တဲ့ စုံတွဲတွေရဲ့ သဘာဝပါ။ သို့ သော်လည်း ဒီလိုမျိုး ရုပ်ရှင်ဆန်တဲ့ အမှတ်တရကိုတော့ အိန္ဒိယသတို့ သမီးကတော့ ထူးထူးကဲကဲ performance နဲ့ လုပ်ပြသွားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လက်ထပ်ထိမ်းမြားတဲ့ ဓလေ့တစ်မျိုးကို sangeet လို့ ခေါ်ပြီး ဒီပွဲမှာ သီချင်းများသီဆိုခြင်း ၊ ကခုန်တီးမှုတ်ခြင်းများကို လုပ်ဆောင်လေ့ရှိပါတယ်။ တစ်ချို့ တွေဆို ဒီလိုပွဲမျိုးအတွက် လနဲ့ ချီအောင် အစမ်းလေ့ကျင့်ကြတယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ဒီပွဲမှာ သတို့ သမီးကနေ သတို့ သားနဲ့ မိသားစုဝင်တွေအကြောင်း ပြောတဲ့ပုံစံနဲ့ တင်ဆက်ကြတာပါ။


ဘောလီးဝုဒ်ကားတွေထဲမှာလည်း ဒီလိုပွဲမျိုးကို တွေ့ လေ့မြင်လေ့ရှိပါတယ်။ ဇာတ်ကားတွေထဲမှာတော့ ရုပ်ရှင်အတတ်ပညာနဲ့ တည်းဖြတ်ခြင်း ၊ နောက်ခံအသံထည့်သွင်းခြင်းနဲ့ လိုအပ်တဲ့အထူးပြုလုပ်ချက်တွေ ထည့်ပေးခြင်းများကြောင့် ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စည်းချက်ကျကျ အချိုးညီညီ တင်ဆက်နိုင်ပါတယ်။ ယခုပွဲကတော့ Live ပုံစံမျိုးနဲ့ edit မလုပ်ဘဲ တင်ခဲ့တာ ဖြစ်လို့ ရုပ်ရှင်လောက်တော့ ကြည့်မကောင်းပါဘူး။ ၁၇ မိနစ်ကြာ ရှည်လျားလှတဲ့ ဒီကကွက်ဟာ အဆုံးရောက်လေ ပိုကြည့်ကောင်းလေ ဖြစ်ပြီး နောက်ဆုံးပိတ်ကို မိသားစုဝင်တွေ အကုန်ပေါင်းပြီး ကရင်းခုန်ရင်းနဲ့ ပြီးသွားတာပါ။



ဒီဗွီဒီယိုလေးကနေ အိန္ဒိယလက်ထပ်ဓလေ့ကို လေ့လာနိုင်မှာ ဖြစ်သလို ထူးခြားတဲ့ ထုံးစံတစ်ရပ်ကိုလည်း မျက်မြင်ကိုယ်တွေ့ တွေ့ ရမှာ ဖြစ်ပါတယ်။

Credit : Duwun


Loading...