တရုပ်လူမျိုးများမှ မြန်မာအမျိုးသမီးအလုပ်သမားများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်နေသော်လဲ ရဲမှ ကာကွယ်ပေးနေသော ရန်ကုန်မြို့က KTV ဆိုင် - Reader Myanmar

Latest Posts

တရုပ်လူမျိုးများမှ မြန်မာအမျိုးသမီးအလုပ်သမားများကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်နေသော်လဲ ရဲမှ ကာကွယ်ပေးနေသော ရန်ကုန်မြို့က KTV ဆိုင်





လသာမြို့နယ် ရွှေတိဂုံဘုရားလမ်း သိမ်ကြီးဈေး မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ၏အပေါ်ထပ် ၅ လွှာတွင် တရုပ်လူမျိုးသူဌေး တစ်ဦးမှDI HUANG အမည်ဖြင့် KTV ဆိုင်အားဖွင့်လှစ်ထားပါသည်။
အဆိုပါဆိုင် တရုပ်သူဌေးက မြန်မာအမျိုးသမီးကလေးများကို ဆိုင်ကိုလာတဲ့ တရုပ်လူမျိုးများဧည့်သည်များ နှင့်ပေးလွှတ် ကာ တရုပ်လူမျိုးများကလိင်ပိုင်ဆိုင်ရာစော်ကားမူများပြုလုပ်ခံနေရပါသည်။
၃.၃. ၂၀၁၇ ရက်နေ့ည ၁၂ ချိန်ခန့်တွင် အဆိုပါဆိုင်၌ တရုပ်လူမျိုးဧည့်သည်များမှ ဆိုင်မှမြန်မာအမျိုးသမီးအလုပ် သမားများကို လိင်ပိုင်းဆိုင်ရာစော်ကားမူမျိုးကျူးလွန်သဖြင့်တရုပ်လူမျိုးအချင်းချင်း စကားများရန်ဖြစ်ခဲ့ကြပါသည်။
ရဲအားဖုန်းဆက်တိုင်သဖြင့် လသာရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဆိုသူဒုရဲအုပ်နှင့်အဖွဲ့မှရောက်ရှိလာပါသည်။ လသာမြို့ နယ်နယ်ထိန်းခေါင်းဆောင်ဆိုသူမှာ KTV ဆိုင်များအား ည ၁၁နာရီအချိန်ပိတ်ရန် ထုတ်ပြန်ထားသည့် မြို့ပြအက်ဥပဒေ ပုဒ်မ ၁၈၈ ဖြင့်ဖမ်းဆီးအရေးယူရမည်ကိုသိသော်လည်းဆိုင်အားဖမ်းဆီးခြင်းမရှိဘဲ ငါလသာမြို့နယ်နယ်ထိန်းခေါင်းဆော င်ကွ ကြိုက်တဲ့ကောင်တိုင် ၁၉၉ မကလို့ ရဲချုပ်ကိုတိုင်တိုင်ကရုမစိုက်ဘူးဟုပြောဆိုကာ ငါအောက်မှာရှိတယ်မင်းတို့ဆို င်ဆက်ဖွင့်လို့ပြောကြားသွားသည်မှာ အရမ်းစိတ်မကောင်းဖြစ်မိပါသည်။
ဒါဆိုရင်ရဲကဒီဆိုင်ကိုအကာအကွယ်ပေးနေတယ်လို့ထင်မိပါတယ် ။ဒီဆိုင်မှာလုပ်နေတဲ့ မြန်မာမိန်းကလေးအချို့ကို တရုပ် လူမျိုးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရမူတွေ ကိုမကြည့်ဘဲ မိမိ မြန်မာလူမျိုးတွေရဲ့မျက်နှာကိုမထောက်ဘဲ တိုင်းတ စ်ပါးလုပ်ငန်းရှင် တရုတ်လူမျိုးတွေရဲ့ အကျိုးစီးပွားကိုကြည့်ပြီး အကာအကွယ်ပေးလုပ်ဆောင်တဲ့ လသာရဲစခန်းက နယ် ထိန်းခေါင်းဆောင်ကို ရှုပ်ချပါသည်။
လသာမြို့နယ် သိမ်ကြီးဈေးအပေါ်ထပ်တွင် DI HUANG KTV ကဲ့သို့နည်းတူ တရုတ်လူမျိုးပိုင်တဲ့ မေဝှါး KTV လည်းရှိပါသည်။
လသားမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသော ပြည်ထဲရေးဝန်ကြီးလက်အောက်ခံဖွဲ့များဖြစ်ကြသော SB စစစ CID မူ့ခင်းအကူ ထောက်လှမ်းရေးအဖွဲ့များအနေဖြင့် မသိချင်ယောင်ဆောင်နေပါသလား။နှာဆေးနေပါသလား မသိပါ။
Source : Aung NanDa
Loading...