ISIS စစ္ေသြးေၾကြ ၁၀၀ ေက်ာ္ကုိ သတ္ခဲ့တာေၾကာင့္ ဆုေၾကးေငြ ေဒၚလာ ၁သန္း ထုတ္ခံခဲ့ရတဲ့မိန္းကေလး - Reader Myanmar

Latest Posts

ISIS စစ္ေသြးေၾကြ ၁၀၀ ေက်ာ္ကုိ သတ္ခဲ့တာေၾကာင့္ ဆုေၾကးေငြ ေဒၚလာ ၁သန္း ထုတ္ခံခဲ့ရတဲ့မိန္းကေလး




Joanna Palani ဟာ ဒိန္းမတ္က ႏုိင္ငံေရးေက်ာင္းသူတစ္ဦးျဖစ္ပါတယ္။ ယခု သူမကုိသတ္ျဖတ္ခဲ့ရင္ေဒၚလာ ၁ သန္းရမယ္လုိ႔ ဆုေၾကးအထုတ္ခံရပါတယ္။ အေၾကာင္းကေတာ့ သူမဟာ ISISစစ္ေသြးၾကြ ၁၀၀ေက်ာ္ကို သတ္ျဖတ္ ခဲ့လုိ႔ပါပဲ ။ သူမဟာ အီရတ္ နဲ ဆီးရီးယားမွာ ကာဒစ္ခ်္တုိ႔နဲ႔ အတူလက္တြဲကာ Isis ေတြကုိ တုိက္ခုိက္ခဲ့တာပဲျဖစ္ပါ တယ္။
Joanna ဟာ အီရန္-ကာဒစ္ခ်္ မ်ဳိးရုိးက ဆင္းသက္လာခဲ့သူျဖစ္ၿပီး အီရတ္ ဒုကၡသည္စခန္းမွာ ေမြးဖြား ခဲ့သူျဖစ္ပါ တယ္။ အသက္ ၉ ႏွစ္ မွာ ေသနတ္စတင္ပစ္တတ္ခဲ့သူျဖစ္ၿပီး ဆယ္ေက်ာ္သက္အရြယ္မွာ တုိက္ခုိက္ေရးကို ကြ်မ္း က်င္ခဲ့ပါတယ္။ လက္ရွိမွာလည္း အသက္ ၂၃ႏွစ္ သာ ရွိပါေသးတယ္။
ဆီးရီးယားစစ္ပြဲေတြစေတာ့ သူဟာ ဒိန္းမတ္ ကုိဗင္ေဟဂင္ေကာလိပ္ကေနထြက္ၿပီး စစ္ပြဲေတြရွိရာကို သြားခဲ့ပါတယ္။ မ်ဳိးခ်စ္စိတ္ျပင္းထန္သူ သူမဟာ အစုိးရကုိ ကူညီဖုိ႔အတြက္ ဒီလိုလုပ္ခဲ့ျခင္းျဖစ္တယ္ လုိ႔ သူမက ဆုိပါတယ္။ သူမဟာ တူရကီနယ္စပ္က Kobane မွာ ကာဒစ္ခ်္ေတြနဲ႔ လက္တြဲကာ ISIS ေတြကုိ တိုက္ခုိက္ခဲ့ပါတယ္။
Sniper သမားျဖစ္သူ သူမဟာ ISIS ၁၀၀ေက်ာ္ေလာက္ကုိ သတ္ျဖတ္ခဲ့ၿပီးၿပီလုိ႔ဆုိပါတယ္။ လိင္ကြ်န္အျဖစ္ဖမ္းဆီး ခံေနရတဲ့ Yazidi မိန္းကေလးေတြကိုလည္း ကယ္ဆယ္ခဲ့ပါေသးတယ္။
သူမဟာ ဒိန္းမတ္မွာႀကီးျပင္းခဲ့ရတဲ့အတြက္ ဒိန္းမတ္လူမ်ဳိးေတြရဲ႕ ေအးခ်မ္းတုိးတက္မႈကုိ သေဘာက်ေၾကာင္း မိမိႏုိင္ ငံကိုလည္း ဒီလုိမ်ဳိးျဖစ္ေစခ်င္တာေၾကာင့္ ႏုိင္ငံကို ဒုကၡေပးေန သူေတြကုိ တုိက္ခုိက္ခဲ့တာပါ လုိ႔ ဆုိပါတယ္။ တုိက္ခုိက္ ခဲ့ၿပီး ဒိန္းမတ္ကုိျပန္လာတဲ့အခါမွာ ခြင့္ျပဳခ်က္္မရပဲ လႈပ္ရွားခဲ့မႈေတြေၾကာင့္ သူမဟာ ဒိန္းမတ္ဥပေဒေတြကုိ ခ်ဳိးေဖာက္ သလုိျဖစ္ခဲ့ပါတယ္။ ခတၱအထိမ္းသိမ္းခံခဲ့ရသလုိ သူမရဲ႕ ပတ္စ္ပုိ႔လည္း အသိမ္းခံခဲ့ရပါတယ္။
ယခုအခ်ိန္မွာေတာ့ သူမဟာ ေနရာအမ်ဳိးမ်ဳိးေျပာင္းကာ လ်ဳိ႕၀ွက္ေနထုိင္ေနပါတယ္။ သူမကုိ ျပန္လည္လက္စားေျခမွာ ကုိ ေၾကာက္ရြံ႕တဲ့အတြက္ေၾကာင့္ပါ။
” ဥပေဒေတြကို ခ်ဳိးေဖာက္မိခဲ့တဲ့အတြက္ ကြ်န္မစိတ္မေကာင္းပါဘူး။ ဒါေပမယ့္ ကြ်န္မရဲ႕စိတ္မွာ ေရြးခ်ယ္စရာ မရွိခဲ့လုိ႔ ဒီလုိလုပ္ခဲ့တာပါ။ ကြ်န္မတုိ႔ရဲ႕ လြတ္ေျမာက္မႈ လုံၿခဳံမႈေတြရဖုိ႔ ဒီလုိစြန္႔စားတုိက္ခုိက္ခဲ့တဲ့အတြက္ အခြင့္ အေရးေတြအားလုံးဆုံးရႈံးသြားလိမ့္မယ္လုိ႔ မေမွ်ာ္လင့္ခဲ့ပါဘူး” လုိ႔ သူမက ဆုိပါတယ္။
Credit to thutazone
Joanna Palani ဟာ ဒိန်းမတ်က နိုင်ငံရေးကျောင်းသူတစ်ဦးဖြစ်ပါတယ်။ ယခု သူမကိုသတ်ဖြတ်ခဲ့ရင်ဒေါ်လာ ၁ သန်းရမယ်လို့ ဆုကြေးအထုတ်ခံရပါတယ်။ အကြောင်းကတော့ သူမဟာ ISISစစ်သွေးကြွ ၁ဝဝကျော်ကို သတ်ဖြတ် ခဲ့လို့ပါပဲ ။ သူမဟာ အီရတ် နဲ ဆီးရီးယားမှာ ကာဒစ်ချ်တို့နဲ့ အတူလက်တွဲကာ Isis တွေကို တိုက်ခိုက်ခဲ့တာပဲဖြစ်ပါ တယ်။
Joanna ဟာ အီရန်-ကာဒစ်ချ် မျိုးရိုးက ဆင်းသက်လာခဲ့သူဖြစ်ပြီး အီရတ် ဒုက္ခသည်စခန်းမှာ မွေးဖွား ခဲ့သူဖြစ်ပါ တယ်။ အသက် ၉ နှစ် မှာ သေနတ်စတင်ပစ်တတ်ခဲ့သူဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှာ တိုက်ခိုက်ရေးကို ကျွမ်း ကျင်ခဲ့ပါတယ်။ လက်ရှိမှာလည်း အသက် ၂၃နှစ် သာ ရှိပါသေးတယ်။
ဆီးရီးယားစစ်ပွဲတွေစတော့ သူဟာ ဒိန်းမတ် ကိုဗင်ဟေဂင်ကောလိပ်ကနေထွက်ပြီး စစ်ပွဲတွေရှိရာကို သွားခဲ့ပါတယ်။ မျိုးချစ်စိတ်ပြင်းထန်သူ သူမဟာ အစိုးရကို ကူညီဖို့အတွက် ဒီလိုလုပ်ခဲ့ခြင်းဖြစ်တယ် လို့ သူမက ဆိုပါတယ်။ သူမဟာ တူရကီနယ်စပ်က Kobane မှာ ကာဒစ်ချ်တွေနဲ့ လက်တွဲကာ ISIS တွေကို တိုက်ခိုက်ခဲ့ပါတယ်။
Sniper သမားဖြစ်သူ သူမဟာ ISIS ၁ဝဝကျော်လောက်ကို သတ်ဖြတ်ခဲ့ပြီးပြီလို့ဆိုပါတယ်။ လိင်ကျွန်အဖြစ်ဖမ်းဆီး ခံနေရတဲ့ Yazidi မိန်းကလေးတွေကိုလည်း ကယ်ဆယ်ခဲ့ပါသေးတယ်။
သူမဟာ ဒိန်းမတ်မှာကြီးပြင်းခဲ့ရတဲ့အတွက် ဒိန်းမတ်လူမျိုးတွေရဲ့ အေးချမ်းတိုးတက်မှုကို သဘောကျကြောင်း မိမိနိုင် ငံကိုလည်း ဒီလိုမျိုးဖြစ်စေချင်တာကြောင့် နိုင်ငံကို ဒုက္ခပေးနေ သူတွေကို တိုက်ခိုက်ခဲ့တာပါ လို့ ဆိုပါတယ်။ တိုက်ခိုက် ခဲ့ပြီး ဒိန်းမတ်ကိုပြန်လာတဲ့အခါမှာ ခွင့်ပြုချက််မရပဲ လှုပ်ရှားခဲ့မှုတွေကြောင့် သူမဟာ ဒိန်းမတ်ဥပဒေတွေကို ချိုးဖောက် သလိုဖြစ်ခဲ့ပါတယ်။ ခတ္တအထိမ်းသိမ်းခံခဲ့ရသလို သူမရဲ့ ပတ်စ်ပို့လည်း အသိမ်းခံခဲ့ရပါတယ်။
ယခုအချိန်မှာတော့ သူမဟာ နေရာအမျိုးမျိုးပြောင်းကာ လျို့ဝှက်နေထိုင်နေပါတယ်။ သူမကို ပြန်လည်လက်စားခြေမှာ ကို ကြောက်ရွံ့တဲ့အတွက်ကြောင့်ပါ။
” ဥပဒေတွေကို ချိုးဖောက်မိခဲ့တဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်မရဲ့စိတ်မှာ ရွေးချယ်စရာ မရှိခဲ့လို့ ဒီလိုလုပ်ခဲ့တာပါ။ ကျွန်မတို့ရဲ့ လွတ်မြောက်မှု လုံခြုံမှုတွေရဖို့ ဒီလိုစွန့်စားတိုက်ခိုက်ခဲ့တဲ့အတွက် အခွင့် အရေးတွေအားလုံးဆုံးရှုံးသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး” လို့ သူမက ဆိုပါတယ်။
Credit to thutazone


Loading...