တရားခံေျပး ေအာင္ဝင္းခိုင္အား INTERPOL က အနီေရာင္ေၾကညာခ်က္ ထုတ္ျပန္ထားရွိ - Reader Myanmar

Latest Posts

တရားခံေျပး ေအာင္ဝင္းခိုင္အား INTERPOL က အနီေရာင္ေၾကညာခ်က္ ထုတ္ျပန္ထားရွိ





တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ အား ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ေရွ႕ကားပါကင္၌ ေသနတ္ျဖင့္ ပစ္ခတ္မႈတြင္ ပူးေပါင္းပါဝင္ခဲ့သူ တရားခံေျပး ေအာင္ဝင္းခိုင္အား INTERPOL က အနီေရာင္ေၾကညာခ်က္ ထုတ္ျပန္ထားရွိ
ေနျပည္ေတာ္၊ ဧၿပီ ၈

ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ျပည္ပဆိုက္ေရာက္ ဂိတ္(၆)ေရွ႕၌ ဇန္နဝါရီလ ၂၉ ရက္ေန႔ ညေနပိုင္းက တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီ အား ၾကည္လင္းမွ ေသနတ္ျဖင့္ ပစ္ခတ္မႈျဖစ္စဥ္ ျဖစ္ပြားခဲ့သျဖင့္ မဂၤလာဒုံ ၿမိဳ႕မ ရဲစခန္း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူ ေဆာင္႐ြက္ ခဲ့သည္။

စစ္ေဆးခ်က္မ်ားအရ ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္ခဲ့သူ တရားခံေျပး ေအာင္ဝင္းခိုင္ (၄၅) ႏွစ္ (ဘ) ဦးေအာင္သန္းသည္ အမႈမွ ထြက္ေျပး တိမ္းေရွာင္လ်က္ရွိသျဖင့္ ၎အား ဖမ္းဆီးရမိေရးအတြက္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ အျပည္ျပည္ဆိုင္ရာ ရဲအဖြဲ႕ အေထြေထြ အတြင္းေရးမႉးခ်ဳပ္႐ုံး (INTERPOL) ႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ခဲ့ရာ ဧၿပီ ၇ ရက္တြင္ INTERPOL မွ ၄င္းအား အနီေရာင္ေၾကညာခ်က္ (Red Notice) တရားဝင္ ထုတ္ျပန္ထား ရွိေၾကာင္း သိရွိရသည္။

(ရဲျပန္ၾကား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ကားပါကင်၌ သေနတ်ဖြင့် ပစ်ခတ်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင်အား INTERPOL က အနီရောင်ကြေညာချက် ထုတ်ပြန်ထားရှိ
နေပြည်တော်၊ ဧပြီ ၈

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် ဂိတ်(၆)ရှေ့၌ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား ကြည်လင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် မင်္ဂလာဒုံ မြို့မ ရဲစခန်း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက် ခဲ့သည်။

စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် (၄၅) နှစ် (ဘ) ဦးအောင်သန်းသည် အမှုမှ ထွက်ပြေး တိမ်းရှောင်လျက်ရှိသဖြင့် ၎င်းအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး (INTERPOL) နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်တွင် INTERPOL မှ ၄င်းအား အနီရောင်ကြေညာချက် (Red Notice) တရားဝင် ထုတ်ပြန်ထား ရှိကြောင်း သိရှိရသည်။

(ရဲပြန်ကြား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Loading...