မန္တလေးက IC Show ပွဲ ဖြစ်စဉ် - Reader Myanmar
Latest Posts
မန္တလေးက IC Show ပွဲ ဖြစ်စဉ်
Credit : Ko Thu Htoo
Via : Aye Aye Phyo
Image may contain: text
Image may contain: one or more people, crowd and outdoor
Image may contain: one or more people, crowd and outdoor
Image may contain: 1 person, sitting
Image may contain: one or more people, people sitting, shoes and outdoor
တန်ဖိုးသိတဲ့လူမှတန်ဖိုးရှိတယ် တန်ဖိုးမသိတဲ့လူကတန်ဖိုးမဲ့တယ်...
အခုလည်းတန်ဖိုးမဲ့တဲ့လူတစ်စုရဲလုပ်ရပ်ကြောင့် အဖွဲ့သားတွေစိတ်အနှောင့်အယှက်ဖြစ်ရပြီ
ဒီနေ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အဖွဲ့သားတွေကိုအားနာလိုက်တာ အတော်လေးကိုသည်းခံရှာတယ်။ 
ဒီစာကိုရေးရတဲ့အကြောင်းရင်းက တစ်ချို့သတင်းဌာနတွေက အကြောင်းရင်းကိုသေချာမသိပဲ သတင်းဖြစ်ရင်ပြီးရော သူတို့သတင်းဌာနကိုလူတွေစိတ်ဝင်စားရင်ပြီးရောဆိုပြီး ခက်ညံ့ညံ့လုပ်ရပ်တွေကြောင့်ရေးလိုက်ပါတယ်...
ဖြစ်စဉ်ကဒီလိုပါ IC ပွဲရဲ့အချိန်က ပုံမှန်ညနေဆိုရင် ၃း၃၀ ပါ။အဖွဲ့သားတွေအားလုံး ၃း၁၅ မှာရောက်နေပါပြီ။ စင်ကိုရောက်တော့ စက်အဖွဲ့ကကောင်လေးတွေကမျက်နှာတွေပျက်နေကြတယ် ပွဲမစသေးလို့ စင်အောက်ကအကာအရံတွေကိုထုပြီးဆွဲခွာနေကြတယ် မီးစက်ကလည်းမသန့်တဲ့ဆီတွေထည့်မိလို့ နိုးမရဘူးဖြစ်နေတယ်တဲ့။အဖွဲ့သားတွေအားလုံးခဏထိုင်နားနေတဲ့အချိန်မှာပဲ လုံခြုံရေးတွေနဲ့စကားများပြီး ပြသနာကပိုဆိုးလာတယ်။ဝင်ပေါက်တွေကိုတွန်းဖွင့်တယ် အဖွဲ့သားတွေထိုင်တဲ့နေရာနဲ့ စင်ပေါ်တွေကို ခဲတွေပုလင်းတွေနဲ့ ပစ်တာ အဖွဲ့သားတွေခမျာမှာ စင်အောက်ကိုဝင်ထိုင်နေရတဲ့အထိပဲ။အဆိုးဆုံးလုပ်ရပ်ကတော့ စင်မှာအန္တာရယ်များလို့ဆိုပြီး မိသားစုဝင်တွေထဲကအမျိုးသမီးတွေ ပြန်ပို့တဲ့လှေကို ခဲတွေပုလင်းတွေနဲ့ဝိုင်းပစ်ကြတယ်။အနီးအနားကဆိုင်ကယ်တွေကိုရိုက်ချိုးကြတယ်။ အဖွဲ့သားတွေအားလုံးဟာစင်အောက်မှာနေရင်း ရှေ့ကဆဲဆိုသမျှ စင်ပေါ်က်ုိ အရာဝတ္ထုပေါင်းစုံနဲ့ပစ်သမျှကို သညး်ခံရှာတယ်။ ခဏကြာတော့ ကားတစ်စီးပေါ်မှလူတစ်စုက ```ic ကိုမထိနဲ့ကွ´´´ဆိုပြီး သောင်းကျန်းနေတဲ့သူတွေနဲ့ရန်ဖြစ်ကြတယ်။အဲဒီအချိန်မှာပဲရဲတွေရောက်လာတယ်။ပုံမှန်ဖြစ်သွားတယ်။ပုံအောက်ဆုံး ကတစ်ယောက်ကတော့ စင်ကိုဖျက်တဲ့အထဲကတစ်ယောက်ပါ။(အခြားပုံတွေကိုတော့မတင်ပာရစေနဲ့ ကျွန်တော်တန်ဖိုးထားတဲ့အရာတွေအားလုံး ကို့မျက်စိရှေ့မှာဒီလိုဖြစ်တာရင်နာလွန်းလို့ပါ) သူလူတွေကတော့ပြေးကုန်ပါပြီ။ ၄း၃၀ ဝန်းကျင်ရောက်တော့မီးစက်အဆင်ပြေသွားပြီး ပွဲကိုစလိုက်ပြီး ၆းဝ၀ မှာပြီးပါတယ်။ပုံမှန်အရဆိုရင် အရှေ့ကလစ်ဟာသွားတဲ့အချိန်တွေအတွက် အစားထိုးဆိုပေမဲ့ ခွင့်ပြုချက်က ညနေ ၆းဝ၀ အထိပဲရတဲ့အတွက် ပွဲနားလိုက်ရတာဖြစ်ပါတယ်။အဖွဲ့သားတွေက ဖျော်ဖြေချိန် တစ်နာရီခွဲအတွင်း အကောင်းဆုံးသီချင်းတွေနဲ့သီဆိုပြီး ပရိတ်သတ်ကိုနောက်ကျတဲ့အတွက်တောင်းပန်ရင်းနဲ့ အောင်အောင်မြင်မြင်ပြီးသွားပါတယ်။ 
...ဒီဖြစ်ရပ်မျိုး ရန်ကုန်မှာတစ်ခေါက်ဖြစ်ဖူးပါတယ်။အဲဒီတုံးကတော့ အခုလို မီးစက်ပျက်လို့ပွဲမစရတာမဟုတ်ပဲ ဆိုနေရင်းနဲ့မီးစက်ခဏ ခဏပျက်တာပါ။အဲဒီတုံးကဝင်ကြေး၁၀၀၀၀ နဲ့ဆိုပေမဲ့ ပရိတ်သတ်တွေနဲ့အေးအေးဆေးဆေးပဲဖြစ်ခဲ့ပါတယ်။နားလည်မှုပေးခဲ့ကြပါတယ်။
...ဒီနေ့မှာ တန်ဖိုးမသိတဲ့လူတစ်စုကြောင့် အဖွဲ့သားတွေစိတ်အနှောင့်အယှက်ဖြစ်ရတယ် မန္တ​လေး ကပရိတ်သတ်တွေလည်းမျက်နှာပျက်ရတဲ့အတွက် တကယ်ကိုစိတ်မကောင်းပါဘူး....
Credit : Ko Thu Htoo
Via : Aye Aye Phyo
Loading...