အင္ျပင္ထြက္ျခင္း(Hives) - Reader Myanmar

Latest Posts

အင္ျပင္ထြက္ျခင္း(Hives)





ဆရာ႐ွင့္ ကြၽန္မအသက္ ၅၆ ႏွစ္႐ွိပါသည္။ အိမ္ေထာင္႐ွိပါသည္။ ကေလးမ႐ွိပါ။ လြန္ခဲ့ေသာ ႏွစ္ရက္မွစ၍ အသားေတြ ယားပါသည္။ ကုတ္လိုက္ရင္ နီရဲၿပီအင္ျပင္လိုျဖစ္သြားပါသည္။ လက္၊ ေျခေထာက္၊ တင္ပါး တကိုယ္လံုးနီးပါးယားပါသည္။ မကုတ္ဘဲရသေလာက္ေနလည္း အနီအင္ျပင္လို အမ်ားႀကီးေနရာ အႏွံမွာယားၿပီးျဖစ္ပါသည္ ။ ကြၽန္မ ဒီရက္ပိုင္းအတြင္းမွာ အထူးအဆန္းဘာမွမစားပါ။ မည္သည့္ျမန္မာေဆး၊အဂၤလိပ္ေဆးမွလည္းမေသာက္ပါ။ မည္သည့္တိရိစၧာန္မွလည္း မကိုက္ဘူးပါ။ ဒီေန႔တရက္ပိုၿပီး ယားလာပါသည္။ အၾကာႀကီးယားၿပီး တကိုယ္လံုးစပ္ေနပါသည္။ ကြၽန္မတခါမွ မေမးဘူးပါ၍ အေရးအသားအဆင္မေျပျဖစ္ခဲ့လွ်င္ ခြင့္လႊတ္ေပးပါရန္ေတာင္းပန္ပါသည္။

အလာဂ်ီရရင္ Urticaria အင္ျပင္ ေခၚ အနီျပင္ေတြထြက္တာ၊ Hay Fever ေခၚ ႏွာေခ်တာ၊ Allergic rhinitis ေခၚ ႏွာေခါင္းယားတာ Itchy eyes မ်က္စိမႊန္တာေတြ ခံစားရမယ္။ အေၾကာင္းရင္းေတြရွာရင္ ရက္တိုခဏျဖစ္တာနဲ႔ ရက္ရွည္ျဖစ္တာ ၂ မ်ိဳးရွိတယ္။ ေဆးတခုခုနဲ႔ မတည့္လို႔ျဖစ္တာ၊ Sulphonylurea glimepiride ေဆး၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides ေဆးေတြနဲ႔ Anticonvulsants အတက္သက္သာေဆးေတြ ပါတယ္။ ေဆးေၾကာင့္ျဖစ္ရင္ အေရးေပၚ ျဖစ္တတ္တယ္။ မတည့္ေလ့ရွိတဲ့ အစားအစာေတြထဲမွာ Shellfish ငါးနဲ႔ အေစ့အဆံေတြ ပါတယ္။

ေျမပဲ၊ ဥ၊ ဂ်ံဳ၊ ပဲပုတ္။ သူမ်ားမတည့္တိုင္း ကိုယ္မတည့္တာမဟုတ္သလို၊ ကိုယ့္ပဲ မတည့္တာရွိတယ္။ သူမ်ားေျပာတိုင္း လိုက္ေရွာင္ေနရင္ စားစရာမရွိသလို ျဖစ္တတ္တယ္။ မမွန္ပါ။ ရုပ္ဝတၴဳနဲ႔ မတည့္လို႔ျဖစ္တာ၊ (ဂြမ္းေစာင္၊ အေႏြးထည္) စိတ္ဖိအားကေန ျဖစ္တာ၊ ေအးလို႔ျဖစ္တာ၊ ပူလို႔ျဖစ္တာ၊ ေနေရာင္ေၾကာင့္ျဖစ္တာ၊ ေရေၾကာင့္ျဖစ္တာ၊ တံုခါမႈေၾကာင့္ျဖစ္တာ၊ ေလ့က်င့္ခန္းလုပ္လို႔ျဖစ္တာ၊ အနံ႔အသက္မတည့္တာ၊ ပန္းနံ႔၊ ေရေမႊးနံ႔၊ ျခင္ေဆးနံ႔၊ ကားအိတ္ေဇာနံ႔။ အလာဂ်ီ အမ်ားဆံုးျဖစ္ေစတဲ့ အရာ (၁ဝ) မ်ိဳးရွိတယ္။ ဒီေဆးသုေတသနက ယူအက္စ္ေအမွာလုပ္တာ။ ေနရာအလိုက္ မတူတာေတြ ရွိပါမယ္။ ဥပမာ အခုပဲ ျမန္မာျပည္ ဇီးကုန္းျမိဳ႕နယ္က ရြာတရြာမွာ လိပ္ျပာ အဝါေရာင္နဲ႔ ထိသူေတြ ယားၾကသတဲ့။

၁။ ႏို႔၊

၂။ ေျမပဲ၊ ပဲပုပ္၊

၃။ ဥ၊

၄။ အေစ့အဆံမ်ား၊

၅။ သန္ေကာင္၊

၆။ ငါး၊ ပင္လယ္စာ၊

၇။ ဂ်ံဳ၊

၈။ ဆပ္ျပာ။

၉။ ပန္းဝတ္မံႈ၊

၁ဝ။ ရာဘာ (ေလးတက္စ္)။

သက္သဘို႔ရာ အမ်ားဆံုးသံုးရတဲ့ေဆး Cetirizine (စီထရက္ဇင္း) ဟာ (အင္တီ-ဟစ္တမင္း) ေဆးေခၚတယ္။ (အလာဂ်ီ) ရရင္ထြက္လာတဲ့ Histamines ေတြကို တားဆီးေပးတယ္။ Histamine (H-1) receptor blockers လို႔လဲ ေခၚတယ္။ (အင္တီဟစ္တမင္း) ေဆးေတြထဲမွာ စတုတၴမ်ိဳးဆက္ေဆး ျဖစ္တယ္။ ေနာက္ေပၚလို႔ ေျပာရင္ မွန္တယ္။ ေနာက္ေပၚတာက ဘာထူးလဲဆိုရင္ အိပ္ခ်င္စိတ္ နည္းတယ္။ ေဆးအေလးခ်ိန္ 5mg နဲ႔ 10mg စားေဆးျဖစ္တယ္။ ေဆးကို အစာနဲ႔ေသာက္သင့္တယ္။ အစာနဲ႔ေဝးလဲ ရပါတယ္။ ကေလးေတြကိုလဲ ေပးႏိုင္တယ္။ ေဘးထြက္သက္ေရာက္မႈေတြ နည္းနည္းအိပ္ခ်င္တယ္၊ အာေခါင္ေျခာက္၊ ပ်ိဳ႕၊ ေခါင္းကိုက္၊ အားယုတ္၊ လည္ပင္းနာ။ အေရးေပၚျဖစ္လာရင္ Epinephrine ေဆးပါထိုးေပးရတတ္တယ္။

သိပ္ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ေဆး အုပ္စုထဲက Prednisone ထိုးေဆး-စားေဆး ေပးႏိုင္တယ္။ လိမ္းေဆး Hydrocortisone, Fluocinonide, Desonate ေတြလဲ သံုးႏိုင္တယ္။ ဆရာဝန္မတိုင္ပင္ပဲ လံုးဝမသံုးပါနဲ႔။ Calamine lotion လိမ္းတာ သိသိသာသာ သက္သာတယ္။ လိုအပ္သူေတြကို စိတ္အေျခခံတာဆိုရင္ stress management လုပ္သင့္တယ္။ Tricyclic antidepressants ေဆး အုပ္စုထဲက Doxepin ေဆးကိုလဲ သံုးႏိုင္တယ္။ မတည့္တာေတြ စစ္လို႔ရတယ္။ တခ်ိဳ႕ဆို စာရြက္တမ်က္ႏွာအျပည့္ မတည့္တာထြက္လာတယ္။ မတည့္တာနဲ႔ေတြ႔ရင္ ျပန္ျဖစ္တယ္။ ေဆာရီး။ စာေတြဖတ္ပါ ၾကာရင္ (အလာဂ်ီ) ကို ဆရာဝန္ထက္ပိုသိသူ ျဖစ္လာပါလိမ့္မယ္။ အထူးသျဖင့္ ကိုယ့္အေၾကာင္းကိုသိမယ္။ တခ်ိဳ႕မွာ အေၾကာင္းတရားတခုမကတြဲမွ ျဖစ္တာလဲရွိပါတယ္။

 ေဒါက္တာတင့္ေဆြ





ဆရာရှင့် ကျွန်မအသက် ၅၆ နှစ်ရှိပါသည်။ အိမ်ထောင်ရှိပါသည်။ ကလေးမရှိပါ။ လွန်ခဲ့သော နှစ်ရက်မှစ၍ အသားတွေ ယားပါသည်။ ကုတ်လိုက်ရင် နီရဲပြီအင်ပြင်လိုဖြစ်သွားပါသည်။ လက်၊ ခြေထောက်၊ တင်ပါး တကိုယ်လုံးနီးပါးယားပါသည်။ မကုတ်ဘဲရသလောက်နေလည်း အနီအင်ပြင်လို အများကြီးနေရာ အနှံမှာယားပြီးဖြစ်ပါသည် ။ ကျွန်မ ဒီရက်ပိုင်းအတွင်းမှာ အထူးအဆန်းဘာမှမစားပါ။ မည်သည့်မြန်မာဆေး၊အင်္ဂလိပ်ဆေးမှလည်းမသောက်ပါ။ မည်သည့်တိရိစ္ဆာန်မှလည်း မကိုက်ဘူးပါ။ ဒီနေ့တရက်ပိုပြီး ယားလာပါသည်။ အကြာကြီးယားပြီး တကိုယ်လုံးစပ်နေပါသည်။ ကျွန်မတခါမှ မမေးဘူးပါ၍ အရေးအသားအဆင်မပြေဖြစ်ခဲ့လျှင် ခွင့်လွှတ်ပေးပါရန်တောင်းပန်ပါသည်။

အလာဂျီရရင် Urticaria အင်ပြင် ခေါ် အနီပြင်တွေထွက်တာ၊ Hay Fever ခေါ် နှာချေတာ၊ Allergic rhinitis ခေါ် နှာခေါင်းယားတာ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။ အကြောင်းရင်းတွေရှာရင် ရက်တိုခဏဖြစ်တာနဲ့ ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။ ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊ Sulphonylurea glimepiride ဆေး၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides ဆေးတွေနဲ့ Anticonvulsants အတက်သက်သာဆေးတွေ ပါတယ်။ ဆေးကြောင့်ဖြစ်ရင် အရေးပေါ် ဖြစ်တတ်တယ်။ မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေ ပါတယ်။

မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာမဟုတ်သလို၊ ကိုယ့်ပဲ မတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ ရုပ်ဝတ္ထုနဲ့ မတည့်လို့ဖြစ်တာ၊ (ဂွမ်းစောင်၊ အနွေးထည်) စိတ်ဖိအားကနေ ဖြစ်တာ၊ အေးလို့ဖြစ်တာ၊ ပူလို့ဖြစ်တာ၊ နေရောင်ကြောင့်ဖြစ်တာ၊ ရေကြောင့်ဖြစ်တာ၊ တုံခါမှုကြောင့်ဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊ အနံ့အသက်မတည့်တာ၊ ပန်းနံ့၊ ရေမွှေးနံ့၊ ခြင်ဆေးနံ့၊ ကားအိတ်ဇောနံ့။ အလာဂျီ အများဆုံးဖြစ်စေတဲ့ အရာ (၁ဝ) မျိုးရှိတယ်။ ဒီဆေးသုတေသနက ယူအက်စ်အေမှာလုပ်တာ။ နေရာအလိုက် မတူတာတွေ ရှိပါမယ်။ ဥပမာ အခုပဲ မြန်မာပြည် ဇီးကုန်းမြို့နယ်က ရွာတရွာမှာ လိပ်ပြာ အဝါရောင်နဲ့ ထိသူတွေ ယားကြသတဲ့။

၁။ နို့၊

၂။ မြေပဲ၊ ပဲပုပ်၊

၃။ ဥ၊

၄။ အစေ့အဆံများ၊

၅။ သန်ကောင်၊

၆။ ငါး၊ ပင်လယ်စာ၊

၇။ ဂျုံ၊

၈။ ဆပ်ပြာ။

၉။ ပန်းဝတ်မှုံ၊

၁ဝ။ ရာဘာ (လေးတက်စ်)။

သက်သဘို့ရာ အများဆုံးသုံးရတဲ့ဆေး Cetirizine (စီထရက်ဇင်း) ဟာ (အင်တီ-ဟစ်တမင်း) ဆေးခေါ်တယ်။ (အလာဂျီ) ရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ (အင်တီဟစ်တမင်း) ဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေး ဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ် နည်းတယ်။ ဆေးအလေးချိန် 5mg နဲ့ 10mg စားဆေးဖြစ်တယ်။ ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲ ရပါတယ်။ ကလေးတွေကိုလဲ ပေးနိုင်တယ်။ ဘေးထွက်သက်ရောက်မှုတွေ နည်းနည်းအိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါထိုးပေးရတတ်တယ်။

သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေး အုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန်မတိုင်ပင်ပဲ လုံးဝမသုံးပါနဲ့။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာဆိုရင် stress management လုပ်သင့်တယ်။ Tricyclic antidepressants ဆေး အုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ မတည့်တာတွေ စစ်လို့ရတယ်။ တချို့ဆို စာရွက်တမျက်နှာအပြည့် မတည့်တာထွက်လာတယ်။ မတည့်တာနဲ့တွေ့ရင် ပြန်ဖြစ်တယ်။ ဆောရီး။ စာတွေဖတ်ပါ ကြာရင် (အလာဂျီ) ကို ဆရာဝန်ထက်ပိုသိသူ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်အကြောင်းကိုသိမယ်။ တချို့မှာ အကြောင်းတရားတခုမကတွဲမှ ဖြစ်တာလဲရှိပါတယ်။



 ဒေါက်တာတင့်ဆွေ

Loading...