ဖုတ္ေကာင္လိုျဖစ္ေစတဲ့ေဆးတစ္မ်ိဳး ( Flakka ) - Reader Myanmar

Latest Posts

ဖုတ္ေကာင္လိုျဖစ္ေစတဲ့ေဆးတစ္မ်ိဳး ( Flakka )





ျမန္မာျပည္မွာ လမ္းေပၚအဝတ္အစားမကပ္ပဲ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသမီးပံုနဲ႔သတင္းေတြ
တက္ေနျပီး ထူးထူးျခားျခားျဖစ္ေနခဲ့ပါတယ္။
၂ဝ၁၅ ခုႏွစ္ ဇြန္လထဲမွာ အေမရိကန္ျပည္ေထာင္စု ဖေလာ္ရီဒါျပည္နယ္ ဘရိုဝဒ္ေကာင္တီမွာလည္း ကိုယ္လံုးတီး လမ္းသလားေနတဲ့ ေယာက္်ားတေယာက္ကို ဖမ္းမိတဲ့အမႈအခင္းတခုျဖစ္ခဲ့တယ္။ အဲတာကေတာ့ Flakka ဖလက္ကာ ေခၚ မူးယစ္ေဆးေၾကာင့္ျဖစ္တယ္။ Zombie drug လို႔လည္းေခၚတယ္။ ေဆးသံုးသူေတြဟာ အသက္မေသေသးဘဲ ဖုတ္ေကာင္လိုျဖစ္လာတယ္။ အေမရိကားနဲ႔ ၾသစေတးလ်မွာသံုးေနၾကတယ္။
တရုပ္ကေနလာတယ္။စိတ္ကိုေျပာင္းလဲေစတဲ့ Psychoactive substances (NPS) အမ်ိဳးအစားလို႔ သတ္မွတ္ထားတယ္။ ေဆးဝါးေဗဒအရ a-Pyrrolidinopentiophenone (a-PVP) ေခၚတယ္။ အနံ႔က ခ်ဥ္စူးစူးေနတယ္။ ပန္းေရာင္နဲ႔ အျဖဴေရာင္အမံႈ႕ျဖစ္တယ္။ ရွဴလို႔လည္းရတယ္။

 ေဆးလိပ္ထဲထည့္ေသာက္လို႔ ရတယ္။ ေဆးထိုးလို႔လည္းရတယ္။ ကိုကင္းထက္ေစ်းခ်ိဳတယ္။ သက္ေရာက္မႈက တာရွည္တယ္။ေဆးေျခာက္နဲ႔ ဆင္တူတယ္။ လက္ငင္းသက္ေရာက္မႈေတြနဲ႔ ေရရွည္ သက္ေရာက္မႈေတြက ဆိုးဝါးတယ္။ Magic mushrooms ေခၚ မိႈအဆန္း စားမိသလို သူမ်ားမျမင္မၾကားတာေတြကို ျမင္ၾကားေနမယ္။ မက္သမ္ဖက္တမင္း စိတ္ၾကြေဆးလိုလည္းသတၲိရွိတယ္။

အစေတာ့ သက္ေတာင့္သက္သာရွိမယ္။ တစံုတခုကို အာရံုစူးစိုက္ေနမယ္။ အလြန္ တက္ၾကြေနမယ္။ လူေပါင္းဆံ့ေနမယ္။ လိင္စိတ္တက္မယ္။ ေနာက္ေယာက္်ားတေယာက္ကေတာ့ အဝတ္အစားမပါပဲ သစ္ပင္တင္ကို လိင္ဆက္ဆံဘို႔ၾကိဳးစားေနတာ ေတြ႔ရတယ္(ကန္ေတာ့ပါ)။ ၂ဝ၁၅ ခုႏွစ္ ပဌမ ၃ လအတြင္း ဘရိုဝဒ္ေကာင္တီ တခုတည္းမွာ အဲဒီေဆးမႈ ၃ဝဝ ျဖစ္ထားျပီးျပီ။ေဆးသံုးသူဟာ အမူအယာအဆန္းေတြကို ျပင္ေပးလို႔မရႏိုင္ဘူး။ ခဏေနေတာ့ အဲတာေတြေလ်ာ့က်လာျပီး ေဆးထပ္လိုခ်င္လာမယ္။ ေဆးမသံုးရင္ ေဆးျဖတ္
လကဏာေတြ ခံစားရမယ္။ ဖဲခ်ပ္တခ်ပ္လဲတာနဲ႔ တန္းစီေထာင္ထားတဲ့ ဖဲခ်ပ္အကုန္ လဲက်သလိုမ်ိဳး တင္စား
ႏိုင္တယ္။ တက္ၾကြမႈနဲ႔အတူ ဂေယာင္ေျခာက္ျခားျဖစ္ေနမယ္။ စိတ္ေဝဒနာသယ္လို ျဖစ္မယ္။ စြမ္းအားေတြေလ်ာ့နည္းေနမယ္။ ေဆာက္တည္ရာမရျဖစ္လာမယ္။ စိတ္ဓါတ္က်လာမယ္။ ကိုယ့္ကိုယ္ကို သတ္ေသခ်င္စိတ္ ဝင္မယ္။ ကိုယ္အပူခ်ိန္ ၁ဝ၄ မကျဖစ္ႏိုင္တယ္။ ၾကြက္သားေတြ အရုပ္ၾကိဳးျပတ္ျဖစ္မယ္။ ေက်ာက္ကပ္ပ်က္စီးေစမယ္။ ေသြးတိုးမယ္။ ေဆးစြဲမယ္။ ႏွလံုးအတက္ရႏိုင္တယ္။ ဆထုပ္ ေခၚ ေလျဖတ္ႏိုင္တယ္။ ေသဆံုးႏိုင္တယ္။
ေဒါက္တာတင့္ေဆြ
၂-၄-၂ဝ၁၇


Unicode

မြန်မာပြည်မှာ လမ်းပေါ်အဝတ်အစားမကပ်ပဲ လမ်းလျှောက်နေတဲ့ အမျိုးသမီးပုံနဲ့သတင်းတွေ
တက်နေပြီး ထူးထူးခြားခြားဖြစ်နေခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် ဇွန်လထဲမှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဘရိုဝဒ်ကောင်တီမှာလည်း ကိုယ်လုံးတီး လမ်းသလားနေတဲ့ ယောကျာ်းတယောက်ကို ဖမ်းမိတဲ့အမှုအခင်းတခုဖြစ်ခဲ့တယ်။ အဲတာကတော့ Flakka ဖလက်ကာ ခေါ် မူးယစ်ဆေးကြောင့်ဖြစ်တယ်။ Zombie drug လို့လည်းခေါ်တယ်။ ဆေးသုံးသူတွေဟာ အသက်မသေသေးဘဲ ဖုတ်ကောင်လိုဖြစ်လာတယ်။ အမေရိကားနဲ့ သြစတေးလျမှာသုံးနေကြတယ်။
တရုပ်ကနေလာတယ်။စိတ်ကိုပြောင်းလဲစေတဲ့ Psychoactive substances (NPS) အမျိုးအစားလို့ သတ်မှတ်ထားတယ်။ ဆေးဝါးဗေဒအရ a-Pyrrolidinopentiophenone (a-PVP) ခေါ်တယ်။ အနံ့က ချဉ်စူးစူးနေတယ်။ ပန်းရောင်နဲ့ အဖြူရောင်အမှုံ့ဖြစ်တယ်။ ရှူလို့လည်းရတယ်။

 ဆေးလိပ်ထဲထည့်သောက်လို့ ရတယ်။ ဆေးထိုးလို့လည်းရတယ်။ ကိုကင်းထက်ဈေးချိုတယ်။ သက်ရောက်မှုက တာရှည်တယ်။ဆေးခြောက်နဲ့ ဆင်တူတယ်။ လက်ငင်းသက်ရောက်မှုတွေနဲ့ ရေရှည် သက်ရောက်မှုတွေက ဆိုးဝါးတယ်။ Magic mushrooms ခေါ် မှိုအဆန်း စားမိသလို သူများမမြင်မကြားတာတွေကို မြင်ကြားနေမယ်။ မက်သမ်ဖက်တမင်း စိတ်ကြွဆေးလိုလည်းသတ္တိရှိတယ်။

အစတော့ သက်တောင့်သက်သာရှိမယ်။ တစုံတခုကို အာရုံစူးစိုက်နေမယ်။ အလွန် တက်ကြွနေမယ်။ လူပေါင်းဆံ့နေမယ်။ လိင်စိတ်တက်မယ်။ နောက်ယောကျာ်းတယောက်ကတော့ အဝတ်အစားမပါပဲ သစ်ပင်တင်ကို လိင်ဆက်ဆံဘို့ကြိုးစားနေတာ တွေ့ရတယ်(ကန်တော့ပါ)။ ၂ဝ၁၅ ခုနှစ် ပဌမ ၃ လအတွင်း ဘရိုဝဒ်ကောင်တီ တခုတည်းမှာ အဲဒီဆေးမှု ၃ဝဝ ဖြစ်ထားပြီးပြီ။ဆေးသုံးသူဟာ အမူအယာအဆန်းတွေကို ပြင်ပေးလို့မရနိုင်ဘူး။ ခဏနေတော့ အဲတာတွေလျော့ကျလာပြီး ဆေးထပ်လိုချင်လာမယ်။ ဆေးမသုံးရင် ဆေးဖြတ်
လကဏာတွေ ခံစားရမယ်။ ဖဲချပ်တချပ်လဲတာနဲ့ တန်းစီထောင်ထားတဲ့ ဖဲချပ်အကုန် လဲကျသလိုမျိုး တင်စား
နိုင်တယ်။ တက်ကြွမှုနဲ့အတူ ဂယောင်ခြောက်ခြားဖြစ်နေမယ်။ စိတ်ဝေဒနာသယ်လို ဖြစ်မယ်။ စွမ်းအားတွေလျော့နည်းနေမယ်။ ဆောက်တည်ရာမရဖြစ်လာမယ်။ စိတ်ဓါတ်ကျလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ဝင်မယ်။ ကိုယ်အပူချိန် ၁ဝ၄ မကဖြစ်နိုင်တယ်။ ကြွက်သားတွေ အရုပ်ကြိုးပြတ်ဖြစ်မယ်။ ကျောက်ကပ်ပျက်စီးစေမယ်။ သွေးတိုးမယ်။ ဆေးစွဲမယ်။ နှလုံးအတက်ရနိုင်တယ်။ ဆထုပ် ခေါ် လေဖြတ်နိုင်တယ်။ သေဆုံးနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၂-၄-၂ဝ၁၇
Loading...