မယုံရင်စမ်းကြည့် မွေးကတည်းက အစစ်တွေကြီးပဲ ဆိုတဲ့ သန္တာဗိုလ် - Reader Myanmar

Latest Posts

မယုံရင်စမ်းကြည့် မွေးကတည်းက အစစ်တွေကြီးပဲ ဆိုတဲ့ သန္တာဗိုလ်






မော်ဒယ် သန္တာဗိုလ် တစ်နေ့တခြား လှလာတာနဲ့ ပတ်သတ်ပြီး ခွဲစိတ်ပြုပြင်မှုတွေ လုပ်ထားတယ်လို့ ထင်ကြေးတွေလဲ ရှိနေပါတယ် ။ သန္တာဗိုလ် ကတော့ ဘာမှကိုမလုပ်ထားပါဘူး ။ဒီတိုင်းပါပဲ ။ Skin care ကိုတော့ ဂရုတစိုက်လိမ်းဖြစ်တယ် ။ အရင်ကတော့ မျက်နှာကို ဂရုမစိုက်တဲ့ သူဆိုပေမယ့် အခုကျတော့ မျက်နှာကို သေချာဂရုစိုက်ဖြစ်တယ် ။ ညအိပ်ခါနီး မိတ်ကပ်ဖျက်ရမှာကို အရမ်းပျင်းခဲ့ပေမယ့် အခုကျတော့ သေချာလေး မိတ်ကပ်ဖျက်ပြီး ညဆို skin ထိန်းသိမ်းဖြစ်လို့ပါ ။ပြီးတော့ဆံပင် ပုံစံလေးလဲ ပြောင်းလိုက်လို့ပါ လို့ ပြောထားပါတယ် ။


ခွဲစိတ်ပြုပြင်ထားတယ်လို့ ပြောကြတာကိုလဲ “ဘာမှမလုပ်ထားပါဘူး မယုံရင်စမ်းကြည့် ၊ကြိုက်သလိုထိုးကြည့်လို့ ရပါတယ် ။ အကုန်အစစ်တွေချည်းပါပဲ ။ အမေမွေးကတည်းက အစစ်တွေပါ ။ အရင်ကတော့ ကိုယ့်ကိုကိုယ် ဂရုစိုက် ရကောင်းမှန်းမသိပဲ အခုမှ ဂရုစိုက်ဖြစိလာပြီး လှအောင်နေရမှန်းသိလာတယ် ။ Make Up တွေလဲပြောင်းလိုက်ပါတယ် ။လက်တလောမှာတော့ Show တွေလျှောက်ဖြစ်တယ် Mrtv-4 အစီအစဉ်တွေမှာ show တွေလျှောက်ဖြစ်တယ် ။ကိုဇင်အောင် နဲ့ ပဲ အလုပ်တွေ တွဲလုပ်ဖြစ်တာများနေပါတယ်လို့ ပြောပြသွားပါတယ်။



Credit:Oasis

Loading...