၂နှစ်အရွယ်တူကို ရင်သားအားကိုင်စေခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့လို့ အဝေဖန်ခံနေရတဲ့မော်ဒယ် - Reader Myanmar

Latest Posts

၂နှစ်အရွယ်တူကို ရင်သားအားကိုင်စေခဲ့ပြီး အွန်လိုင်းပေါ်တင်ခဲ့လို့ အဝေဖန်ခံနေရတဲ့မော်ဒယ်












မဒီလေး (Shwemom)

source : thesun.co.uk




ကနေဒါနိုင်ငံမှာ အသက် 20 သာရှိသေးတဲ့ မော်ဒယ် Tillie Medland ဟာ မကြာသေးမီက သူမကိုယ်တိုင် အင်စတာဂ
ရပ်မှာ တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကြောင့် လူအားပေးမှု များပြားခဲ့သလောက် ဝေဖန်မှုတွေကလည်း ပွက်လောရိုက်ခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ 2 နှစ်အရွယ်သာရှိသေးတဲ့ တူဖြစ်သူကို သူမရဲ့ ရင်သားတွေကို ဗြောင်ကျကျ ကိုင်စေခဲ့ပါ တယ်။

ဗွီဒီယိုထဲမှာ သူမဟာ Sport Bra ခပ်ပါးပါးကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ တူ Jeston ဟာ ဘရာအတွင်းကို လက်နဲ့ နှိုက်ထားပြီး တဖြည်းဖြည်း အောက်ကို ဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်မှာ Jeston အမေ (Tillie အစ်မ) ကိုယ်တိုင် ဗွီဒီယိုကို ရိုက်ကူးပေးခဲ့တာလို့ ယူဆရပါတယ်။

အဆိုပါ ဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူ 57000 ကျော် ခဲ့ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ အရွယ်မရောက်
သေးတဲ့ ကလေးကို ဒီလို ပြုမူလုပ်ဆောင်တာဟာ အလွန်စိတ်ပျက်စရာ ကောင်းတဲ့ အပြုအမူလို့ ဝေဖန်ကြပါတယ်။ အချို့က ရွံစရာကောင်းလိုက်တဲ့အမျိုးသမီးလို့ နစ်နစ်နာနာ ဝေဖန်ခဲ့ကြပါတယ်။

ကလေးဟာ ယခင်ကတည်းက တမင် သင်ထားတဲ့အတိုင်း Tillie ရဲ့ ရင်သားတွေကို အကြိမ်ကြိမ် လက်နဲ့ထိုးသွင်း ကာ နှိုက်နေတာ ကိုလည်း စိတ်ပျက်ဖွယ် မြင်တွေ့ခဲ့ရလို့၊ မှတ်ချက်ရေးသူတစ်ယောက်က မိခင်ဖြစ်သူရော၊ ညီမဖြစ်သူပါ ဥပဒေအရ ထောင်ထဲထည့်ပစ်သင့်ကြောင်း ရေးသားခဲ့ပါတယ်။

ဒါပေမယ့် မော်ဒယ်ဖြစ်သူ Tillie က သူမတို့ ဘာမှ မမှားကြောင်း၊ အံ့သြမှုနဲ့ နှလုံးသားကို နွေးထွေးစေတဲ့ ဗွီဒီယိုဖိုင်သာ ဖြစ်ကြောင်း အများရဲ့ဝေဖန်မှုကို တုန့်ပြန်ခဲ့ပါတယ်။ မှတ်ချက်ရေးသူတစ်ယောက်က ” မိန်းမတစ်ယောက် ဖြစ်ပြီး ရွံစရာ ကောင်းလိုက်တာ … မိခင်ရော သူရော ထောင်ထဲထည့်သင့်တာ “လို့ ရေသားခဲ့ပါတယ်။

အခြားတစ်ယောက်ကတော့ “ကိုယ်က အသိဉာဏ်ရှိပြီး အရွယ်ရောက်နေသူပဲ ကလေးရဲ့ လက်ကို ဖယ်ပစ်ရမှာပေါ့ … အခုဟာက တူမလေး ဆိုရင်တောင် ဒါ လက်သင့်ခံလို့မရတဲ့ ကိစ္စပါဘဲ … “လို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် သူမက ဒီဗွီဒီယိုကို ပေါ့ပေါ့ပါးပါး သဘောထားပြီး၊ တင်ခဲ့တာဖြစ်ကြောင်း တစ်ချို့က အပြစ်ရှာဖို့လောက် ချောင်းနေကြောင်း ဆိုခဲ့ပါတယ်။

အဆိုပါ နေရာမှာ လူတွေ ရာနဲ့ချီရှိနေလို့ သူမအနေနဲ့လည်း ဒီလို့အပြုအမူဟာ ကလေးနဲ့လူကြီးတစ်ယောက်ကြားမှာ ရှိတတ်တဲ့ အပြုအမူဖြစ်လို့ စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးသာ တွေးထားမိခဲ့ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ သူမရဲ့ တုန့်ပြန်မှုကို အင်စတာဂရမ် ပရိသတ်တွေက ထောက်ခံအားပေးကြတယ်လို့ သိရပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk




Loading...