ေျမာက္ကိုရီးယား ပစ္လႊတ္တဲ႔ဒံုးက်ည္ ေပါက္ကြဲပ်က္စီး - Reader Myanmar

Latest Posts

ေျမာက္ကိုရီးယား ပစ္လႊတ္တဲ႔ဒံုးက်ည္ ေပါက္ကြဲပ်က္စီး





ေျမာက္ကုိရီးယားႏုိင္ငံက တနဂၤေႏြေန႔ မနက္အေစာပုိင္းမွာ Sinpo ဆိပ္ကမ္းၿမိဳ႕က ဒုံးက်ည္ ပစ္လႊတ္ခဲ့မႈဟာ မေအာင္မျမင္ ျဖစ္သြားခဲ့ပုံ ရတယ္လုိ႔ ေတာင္ကုိရီးယား စစ္ဘက္က ေျပာၾကားလုိက္ပါတယ္။

ေတာင္ကုိရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္အဖြဲ႔က အဲဒီ ပစ္လြတ္မႈနဲ႔ ပတ္သက္ၿပီး အေသးစိတ္ ေဖာ္ျပထားျခင္း မရွိပါဘူး။ ေျမာက္ကုိရီးယားႏုိင္ငံ တည္ေထာင္သူ Kim Il Sung ရဲ႕ ၁၀၅ ႏွစ္ေျမာက္ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ၿပံဳယမ္း ၿမိဳ႕ေတာ္မွာ ႀကီးက်ယ္တဲ့ စစ္ေရးျပ အခမ္းအနား ျပဳလုပ္ခဲ့ၿပီး တရက္ မျပည့္ခင္မွာ အခုလုိ ဒုံးက်ည္ စမ္းသပ္ ပစ္လႊတ္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္အစုိးရဘက္ကေတာ့ ခ်က္ျခင္း တံု႔႔ျပန္ ေျပာၾကားမႈ တစုံတရာ မရွိေသးပါဘူး။ ေျမာက္ကုိရီးယား ေခါင္းေဆာင္ Kim Jong Un အေနနဲ႔ ႏ်ဴကလီးယား လက္နက္ မျပဳလုပ္ေအာင္ စြဲေဆာင္ႏုိင္ဖုိ႔အတြက္ အေမရိကန္အစုိးရဟာ ထိေရာက္တဲ့ ႏုိင္ငံတကာ သံတမန္ေရး ထုိးစစ္ကုိ လုပ္ေဆာင္ေနခဲ့တာ ျဖစ္ပါတယ္။

ေျမာက္ကုိရီးယားက အဲဒီ စမ္းသပ္ ပစ္ခတ္မႈျပဳလုပ္ၿပီး မၾကာခင္မွာပဲ အေမရိကန္ ျပည္ေထာင္စု ပစိဖိတ္ စစ္ဌာနခ်ဳပ္က ေၾကညာခ်က္ တေစာင္ ထုတ္ျပန္ရာမွာ ဒုံးက်ည္ဟာ ပစ္လြတ္ၿပီး ခ်က္ျခင္းပဲ ေပါက္ကြဲ ပ်က္စီးသြားတယ္လုိ႔ ဆုိပါတယ္။ ဒုံးက်ည္ အမ်ဳိးအစားကုိေတာ့ စမ္းသပ္ေနဆဲ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

လုံၿခံဳေရး ထိန္းသိမ္းႏုိင္ဖုိ႔အတြက္ အေမရိကန္ အစုိးရဟာ မဟာမိတ္ႏုိင္ငံေတြ၊ အထူးသျဖင့္ ေတာင္ကုိရီးယား၊ ဂ်ပန္တုိ႔နဲ႔ အနီးကပ္ လုပ္ေဆာင္ေနတယ္လုိ႔ ဆုိတာကုိလည္း ေၾကညာခ်က္မွာ ထပ္မံ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)

မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ Sinpo ဆိပ်ကမ်းမြို့က ဒုံးကျည် ပစ်လွှတ်ခဲ့မှုဟာ မအောင်မမြင် ဖြစ်သွားခဲ့ပုံ ရတယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့က အဲဒီ ပစ်လွတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ Kim Il Sung ရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြုံယမ်း မြို့တော်မှာ ကြီးကျယ်တဲ့ စစ်ရေးပြ အခမ်းအနား ပြုလုပ်ခဲ့ပြီး တရက် မပြည့်ခင်မှာ အခုလို ဒုံးကျည် စမ်းသပ် ပစ်လွှတ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရဘက်ကတော့ ချက်ခြင်း တုံ့ပြန် ပြောကြားမှု တစုံတရာ မရှိသေးပါဘူး။ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un အနေနဲ့ နျူကလီးယား လက်နက် မပြုလုပ်အောင် စွဲဆောင်နိုင်ဖို့အတွက် အမေရိကန်အစိုးရဟာ ထိရောက်တဲ့ နိုင်ငံတကာ သံတမန်ရေး ထိုးစစ်ကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက အဲဒီ စမ်းသပ် ပစ်ခတ်မှုပြုလုပ်ပြီး မကြာခင်မှာပဲ အမေရိကန် ပြည်ထောင်စု ပစိဖိတ် စစ်ဌာနချုပ်က ကြေညာချက် တစောင် ထုတ်ပြန်ရာမှာ ဒုံးကျည်ဟာ ပစ်လွတ်ပြီး ချက်ခြင်းပဲ ပေါက်ကွဲ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဒုံးကျည် အမျိုးအစားကိုတော့ စမ်းသပ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေး ထိန်းသိမ်းနိုင်ဖို့အတွက် အမေရိကန် အစိုးရဟာ မဟာမိတ်နိုင်ငံတွေ၊ အထူးသဖြင့် တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ အနီးကပ် လုပ်ဆောင်နေတယ်လို့ ဆိုတာကိုလည်း ကြေညာချက်မှာ ထပ်မံ ဖော်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)
Loading...