အမေရိကန်ရေတပ်တစ်ခုလုံးကို အီလက်ထရွန်းနစ်ဗုံး တစ်လုံးတည်းဖြင့် အပြောင်ရှင်းပစ်နိုင်တယ်လို့ ရုရှားခြိမ်းခြောက် - Reader Myanmar

Latest Posts

အမေရိကန်ရေတပ်တစ်ခုလုံးကို အီလက်ထရွန်းနစ်ဗုံး တစ်လုံးတည်းဖြင့် အပြောင်ရှင်းပစ်နိုင်တယ်လို့ ရုရှားခြိမ်းခြောက်





မော်စကို ၊ ဧပြီ ၂၀

အမေရိကန် ရေတပ်တစ်ခုလုံးကို ရုရှားလုပ် အီလက်ထရော နစ်အချက်ပြနှောင့် ယှက်ဟန့် တားရေးဗုံးတစ်လုံးတည်းနဲ့ အသက်မဲ့ သွားအောင် လုပ်နိုင်တယ်လို့  အစိုးရပိုင်မီဒီယာတစ်ခုက ထုတ်လွှင့်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုမှာ သက်သေပြထားကြောင်း ဧပြီလ ၁၉ ရက်နေ့က Fox News World နဲ့ The Sun တို့က ဖော်ပြခဲ့ပါတယ်။

 ရုရှားဗဟိုအစိုးရက ထိန်းချုပ်ထားတယ်လို့ အသိအမှတ်ပြုထားတဲ့ အဆိုပါမီဒီယာရဲ့ ဖော်ပြချက်အရ အီလက်ထရောနစ်ဗုံးဟာ လေယာဉ်များ၊ သင်္ဘောများ၊ ဒုံးကျည်များကို သုံးမရ အောင်ဆောင်ရွက်ပစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

သတင်းဖတ်ကြားသူက “ယနေ့မှာ ကျနော်တို့ရဲ့ ရုရှား Electronic Warfare (REW) တပ်ဖွဲ့များ ဟာ ဘယ်လိုသင်္ဘောစနစ်မျိုးမှ မည်သည့်ပစ်မှတ်မျိုးကိုမဆို၊ရေဒါ မှ ဂြိုလ်တုအထိ အသက်မဲ့အောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်” လို့ တင်ပြသွားခဲ့ပါတယ်။

အဆိုပါသတင်းမှာ ပြီးခဲ့တဲ့နှစ်များအတွင်းက ပင်လယ်နက်အတွင်း အမေရိကန် ဖျက်သင်္ဘော USS Donald Cook အနီးမှ ရုရှားစစ်လေယာဉ်တစ်စင်း အကြိမ်ပေါင်းများစွာဖြတ်ပျံခဲ့ပြီး အဆိုပါ သင်္ဘော စနစ်ကိုချို့ယွင်းစေလျှက် အကူအညီမဲ့ချန်ထားခဲ့ဖူးကြောင်း အတည်ပြုပေး ထားပါတယ်။

အမေရိကန် ဗိုလ်ချုပ် Frank Gorenc ရဲ့ “ရုရှားအီလက်ထရောနစ်လက်နက်များဟာ အမေရိကန် ဒုံးကျည်များ၊ လေယာဉ်များ နဲ့ သင်္ဘောများမှာတပ်ဆင်ထားတဲ့ အီလက်ထရော နစ်ကိရိယာများကို လုံးဝပျက်ဆီးစေခဲ့ကြောင်း” ပြောကြားခဲ့ဖူးတဲ့စကားကိုပင် ယူငင်အသုံးပြုထား တယ်လို့သိရပါတယ်။

အဆိုပါသတင်းမှာ “အောင်နိုင်မှုအတွက်တန်ဖိုးကြီးလက်နက်တွေမလိုပါဘူး ၊ အစွမ်းထက်တဲ့ ရေဒီယို အီလက်ထရောနစ် ဟန့်တားခြင်းနဲ့ လုံလောက်ပါတယ်” လို့ဖော်ပြထားပါတယ်။

 အဆိုပါ ဗီဒီယိုဖိုင်ကို ၀ါဒဖြန့်ဗီဒီယိုဖိုင်တစ်ခုဖြစ်ကြောင်း The Sun မှ သတင်းတင်ဆက်သူ Tom Michael ရေးသားဖော်ပြထားပါတယ်။

Thomas   
MI Media



Loading...