ပေးဆပ်ခြင်းက ကြေကွဲရဖို့လား(ခဏတာအတွက် တဘဝစာ မလဲမိစေဖို့ ဖတ်ကြည့်ပါ) - Reader Myanmar
Latest Posts
ပေးဆပ်ခြင်းက ကြေကွဲရဖို့လား(ခဏတာအတွက် တဘဝစာ မလဲမိစေဖို့ ဖတ်ကြည့်ပါ)
တန်ဖိုးရှိပါတယ်
စရာ ဖြစ်ရပ်မှန်တခု)
•─━━━═════════━━━─•
သမီးလေးက ငယ်စဉ်ကတည်းက ဥာဏ်ရည်ထက်မြက်ပြီး လိမ်မာရေးခြားလည်းရှိတော့ မိဘနှစ်ပါးက အသက်တမျှ ချစ်ကြတာပေါ့။
ဈေးကြီးတဲ့ အဝတ်အစားတွေကို ဘယ်လို
ရှင် ဒီလောက်ဈေးကြီး အဝတ်အစားကို ဝယ်ဖို့ ပိုက်ဆံ
ခဲ့တယ်။
ပြောလိုက်တယ်။
ရလာတာ လဲ...??
ရောင်းခဲ့တာပါ။
နေကြတာပေါ့။
မလိုက်မိစေနဲ့  ဒီလိုမျိုးရှိတယ်ဆိုတာ
#PBUH
#မိန်းကလေးများ ခဏတာအတွက် တဘဝစာ 
မလဲမိစေနဲ ့ ဒီပို ့စ်လေးကို ဖတ်ကြည့်ပါ
တန်ဖိုးရှိပါတယ်
#ပန်းဆိုတာ ကြွေချိန်တန်မှ ကြွေပါ
ပန်းဆိုတာ အပင်မှာရှိနေချိန်မှာတော့ အလှဆုံးပါ ကြွေချိန်မတန်သေးပဲ ကြွေကျသွားခဲ့ရင်တော့ ဘယ်လောက်လှတဲ့ ပန်းဖြစ်ဖြစ် တန်ဖိုးမဲ့သွားပြီး အနင်းချေခံရတတ်တယ်
ပေးဆပ်ခြင်းက ကြေကွဲရဖို့လား (အိန္ဒိယနိုင်ငံ ကြေကွဲ
စရာ ဖြစ်ရပ်မှန်တခု)
•─━━━═════════━━━─•
အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ် Kandala
ခရိုင်မှာ ဆင်းရဲတဲ့ လယ်သမား လင်မယားနှစ်ယောက်မှာ တစ်ဦးတည်းသော သမီးလေး တစ်ယောက်ရှိတယ်။
သမီးလေးက ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး လိမ်မာရေးခြားလည်းရှိတော့ မိဘနှစ်ပါးက အသက်တမျှ ချစ်ကြတာပေါ့။
မိဘနှစ်ပါးက ဆင်းရဲပြီး ပညာတတ် မဖြစ်ခဲ့ကြရှာတော့ သမီးလေးကို ပညာအမွေပေးနိုင်ဖို့ ရည်မှန်းချက်ကြီးစွာ ထားရှိခဲ့တယ်။
သမီးလေးက ငယ်စဉ်ကတည်းက ထူးချွန်တဲ့အတွက် 
ဖခင်မှာ သမီးလေး ပညာရေး ဆုံးခန်းတိုင်ထိ ထားနိုင်ရန် တောင်ယာအလုပ်အပြင် အခြားရရာအလုပ်ကို
ကြိုးစားလုပ် ငွေစုပြီး သူ့သမီးအတွက် ကျောင်းစရိတ် ရှာပေးနေတယ်။
နှစ်စဉ်နှစ်တိုင်း သမီးလေးဟာ အတန်းတင်
စာမေးပွဲတိုင်းမှာ ပထမရနေုကြဖြစ်တယ်။
တစ်နှစ်မှာတော့ အဖေဟာ သူ့သမီးကို ဘာလိုချင်သလဲ။
လိုချင်တာကို ဝယ်ပေးမယ်လို့ ပြောတော့ သမီးအလိမ္မာလေးက နေပါစေ အဖေပိုက်ဆံတွေ အကုန်ကျများနေတာ သမီးသိပါတယ်လို့ ပြန်ဖြေခဲ့တယ်။
သမီးစကားကြောင့် စိတ်မကောင်း ဖြစ်ခဲ့တဲ့ ဖခင်က နေုက်တစ်နေ့မှာ ဖခင်က တစ်ခါတုန်းက သမီးလေးနဲ့အတူ
မြို့ထဲ သွားရင်း အဝတ်အစားတစ်စုံကို ကိုင်ကြည့်ပြီး
ငေးမော ခဲ့ဖူးတာကို ဖခင်က အမှတ်ရနေတယ်။
သူ့သမီးလေး လိုချင်တဲ့ အဝတ်အစားကို ဝယ်ခဲ့တယ်။
သမီးခမျာရှာ ပျော်လွန်လို့ အဝတ်အစားကိုဝတ်လိုက် မှန်ရှေ့ရပ်လိုက်နဲ့ လုပ်နေတာကို မြင်တွေ့ရတော့
ဖခင်လည်း ကျေနပ်ဝမ်းသာဖြစ်၍ မျက်ရည်ပင် ကျနေတော့တယ်။
ဒါပေမဲ့ အမေကတော့ မပျော်ရွှင်ခဲ့ဘူး။ ဘာလို့လည်း
ဆိုတော့ သူ့ယောက်ျားမှာ ပိုက်ဆံမရှိပဲဒီလောက်
စျေးကြီးတဲ့ အဝတ်အစားတွေကို ဘယ်လို
ဝယ်လာခဲ့သည်ကိုစဉ်းစားမရ ဖြစ်နေလို့ပဲဖြစ်တယ်။
ညရောက်တော့ မိန်းမက သူ့ယောက်ျားကို မေးတယ်။
ရှင် ဒီလောက်စျေးကြီး အဝတ်အစားကို ဝယ်ဖို့ ပိုက်ဆံ
ဘယ်က ရသလဲလို့မေးတယ် ယောက်ျားက ခုလို ပြန်ပြောတယ်။
ငါ့မှာ စုထားတဲ့ ပိုက်ဆံတော့ ရှိပါတယ်။ ဒါပေမဲ့ အဝတ်အစားဖိုး မပြည့်လို့ ငါ ဆေးရုံတစ်ခုမှာ
ငါ့သွေးဖေါက်ပြီး ရောင်းလိုက်လို့ ပိုက်ဆံရတာနဲ့ အဝတ်အစားဖိုးပြည့်သွားတယ်ဟုဖြေခဲ့တယ်။
ဒီလိုနဲ့ သူသမီးလေးဟာ တက္ကသိုလ်ဝင်တန်း
စာမေးပွဲကိုဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တယ်။ သူမ ရည်မှန်းခဲ့တဲ့အတိုင်းဆေးတက္ကသိုလ်တက်ဖို့ အမှတ်မှီ
ခဲ့တယ်။
ဆရာဝန်တစ်ယောက် ဖြစ်ချင်ပေမယ့် ဖခင်မှာ ပိုက်ဆံမရှိမှန်း သိလို့ ဆေးတက္ကသိုလ်တက်ဖို့ မပူဆာခဲ့နိုင်ဘူးပေါ့
တစ်ပတ် လောက်ကြာတော့ အဖေဟာ ပိုက်ဆံတွေ
အပြည့် ထည့်ထားတဲ့ လွယ်အိတ်ကြီးကို သူ့သမီးကိုပြပြီး သမီးလေး ဆေးတက္ကသိုလ်တက်ဖို့ မပူတော့နဲ့။
အဖေ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ် ငါ့သမီးလေး ဆရာဝန်ဖြစ်တဲ့အထိ လုံလောက်ပါတယ်လို့
ပြောလိုက်တယ်။
သမီးဟာ ဝမ်းသာလွန်းလို့ ခုန်ပေါက်နေတော့တယ်။ အဖေ့ခမျာလည်း သူ့သမီးလေး ပျော်ပြီးခုန်ပေါက်နေတာကို ကြည့်ပြီး ဝမ်းသာလွန်းလို့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျနေတယ်။
အမေဖြစ်သူကတော့ သူ့ယောက်ျား ဒီလောက်များပြားတဲ့
ငွေကြေးဘယ်ကရလာလိမ့်ဟု စိုးရိမ်တကြီး ဖြစ်နေခဲ့တယ်
သမီးကွယ်ရာကို ခေါ်ပြီးမေးတယ်။
ရှင် ဒီလောက်များပြားတဲ့ငွေကြေးတွေကို ဘယ်က
ရလာတာ လဲ...??
ကျမကို အမှန်အတိုင်းပြောပါ ဓားမြတိုက်လာတာလား ခိုးဝှက်လာတာလား အစရှိတဲ့ မေးခွန်းတွေကို စိုးရိမ်ကြောက်လန့်ပြီး မေးနေတော့တယ်။
ဒီအခါမှာတော့ လင်ယောကျ်ားက မိန်းမရယ် ငါ့ကိုလည်း စကားပြောခွင့်ပေးပါအုံး။ မိန်းမထင်သလို မဟုတ်ရပါဘူး
အရင်က ငါ့ကျောက်ကပ်ကို ဝယ်ဖို့ ကမ်းလှမ်းထားတဲ့ ဆေးခန်းတစ်ခုရှိတယ်။ စျေးကောင်းပေးမယ်လို့လည်း ပြောထားတယ်။
သမီးလေးရဲ့ ဘဝရှေးရေးအတွက် ငါလည်း
ကြံရာမရလှအဆုံး ငါ့ ကျောကိကပ်တစ်လုံးကို
ရောင်းခဲ့တာပါ။
ဘာမှစိတ်မပူပါနဲ့ ကျောက်ကပ်တစ်လုံးနဲ့လည်း အသက်ရှင် နိုင်ပါတယ်။
ဘာပဲ ဖြစ်ဖြစ် ငါတို့သမီးလေး ဆေးကျောင်း တက်လို့
ရပြီမို့ ဝမ်းသာလိုက်စမ်းပါ။
ခြောက်နှစ်ကြာပြီးနောက် ... ... ..
ဒီနေ့ဟာ သူတို့လင်မယား နှစ်ယောက်အတွက်
အပျော်ဆုံးနဲ့ ဂုဏ်အယူရဆုံးနေ့လေးမှာ
သူတို့သမီးလေးဟာ ဆေးကျောင်း နောက်ဆုံးနှစ်
စာမေးပွဲကို အောင်သွားပြီ။
ဆရာဝန်အဖြစ်နဲ့ အိမ်ကို ရောက်လာမယ့်နေ့မို့ သူတို့အိမ်လေးကို
ရှင်းလင်းထားပြီး ချစ်သမီးလေး ပညာစုံလို့
ဆရာဝန်ကြီး ဖြစ်ပြီး ပြန်လာမှာကို စောင့်မျှော်
နေကြတာပေါ့။
ထိုင်စောင့်မျှော်နေစဉ် အတွင်းမှာပဲ အိမ်ရှေ့မှာ
ကားတစ်စီးရောက်လာတော့ လင်မယားနှစ်ယောက်စလုံး ဝမ်းသာအားရပြီး ပြေးထွက်လာကြတယ်။
တကယ်လည်း သူတို့သမီးလေး ပြန်ရောက်လာခဲ့တာပါ။ ဒါပေမဲ့ အသက်မရှိ တော့တဲ့ ရုပ်အလောင်း အဖြစ်နဲ့ ပြန်ရောက်ခဲ့တာပါ။
လာပို့တဲ့လူက ပြောပြတယ်။
ခင်များတို့ သမီးလေးဟာ သူ့ရည်းစားက ပစ်သွားလို့ မနေ့ညက အဆိပ်သောက် သေခဲ့တာပါ။
ဒီအကြောင်းအရာလေးအပေါ် လူတွေက အတွေးအမြင်
များစွာ ဖြင့် ဝေဖန်ကြတယ်။ ဒါပေမဲ့ ပညာရှာဖွေစဉ်
ကာလမှာ ပညာစုံပြီး ပြန်ရောက်လာမယ့် သား၊သမီးကို
မိဘ ဆွေမျိုး အသိုင်းအဝိုင်းက စောင့်မျှော်နေကြသည်ကို ကာယကံရှင်တို့ မမေ့ပါနဲ့။
သူတို့တွေရဲ့ အပင်ပန်းခံ ကုန်ခမ်းမှု့တွေက အဲ့နေ့လေး ရဲ့ပျော်ရွှင်မှု့က သူတို့တွေအတွက် ဘယ်အရာနဲ့မှ အစားထိုး မရတဲ့ ပျော်ရွှင်မှု့ပါ။
မုန်းချင်လည်းမုန်းပါစေ အမုန်းခံလိုက်မယ်
တခဏတာအတွက်နဲ စိတ်ကိုအလို
မလိုက်မိစေနဲ ့ ဒီလိုမျူ ိးရှိတယ်ဆိုတာ
ကို Share ခြင်းဖြင့် လက်ဆင့်ကမ်းပေးလိုက်ပါ
#PBUH
အစဉ်လေးစားလျှက် ခင်ဖြူဝင်း
Credit အာလေမဟ် သာ့စ်နီးမ် ကောင်ဝ်စရ်ဘီ
Loading...