အင္တာနက္ မွာ ေျခ႐ႈပ္ေနသည့္ ခင္ပြန္း ကို အရွက္ခြဲၿပီး ထားပစ္ခဲ့သည့္ ဇနီးသည္ - Reader Myanmar

Latest Posts

အင္တာနက္ မွာ ေျခ႐ႈပ္ေနသည့္ ခင္ပြန္း ကို အရွက္ခြဲၿပီး ထားပစ္ခဲ့သည့္ ဇနီးသည္





အင္တာနက္ မွာ ေျခ႐ႈပ္ေနသည့္ ခင္ပြန္း ျဖစ္သူကို  ပညာျပၿပီး အရွက္ခြဲလိုက္တာျဖစ္ပါတယ္။

ရည္းစားသုိ႔မဟုတ္ လက္တြဲေဖာ္ အိမ္ေထာင္ဖက္ရွာၾကလိုသူေတြ အသံုးျပဳတဲ့ အက္ပလီေကးရွင္းကို ခင္ပြန္းျဖစ္သူ သံုးစြဲေနေၾကာင္း ေတြ႔ရွိၿပီးေနာက္ ဇနီးသည္ဟာ သူ႔ရဲ႕ခင္ပြန္းကိုအေကာင္းဆံုးနည္းလမ္းနဲ႔ ပညာျပလိုက္ပါတယ္။
သူမကုိယ္တုိင္လည္း ခင္ပြန္းသည္နဲ႔အတူဆက္မေနေတာ့တဲ့အျပင္ ခင္ပြန္းသည္ကိုလည္း အင္တာနက္မွာ ေနာက္ထပ္လက္တြဲေဖာ္ရွာမရေအာင္အထိ ပညာျပလုိက္တာျဖစ္ပါတယ္။ မိုက္ခ္လို႔ ေခၚတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ဇနီးသည္ရွိေပမဲ့ လက္တြဲေဖာ္ရွာေပးတဲ့ Tider အက္ပလီေကးရွင္းကို အသံုးျပဳုေနေၾကာင္း ဇနီးသည္က ဖမ္းမိသြားတာျဖစ္ပါတယ္။Wife-finds-out-husband-is-on-Tinder

ဇနီးသည္က သူ႔ရဲ႕ခင္ပြန္းမသိေအာင္ ခင္ပြန္းသည္ရဲ႕ Tinder အေကာင့္ထဲ ဝင္ေရာက္ၿပီး အရွက္ခြဲတဲ့ စာသားေတြေရးသားခဲ့တာ ျဖစ္ပါတယ္။ သူဟာ အသက္မျပည့္ေသးသူေတြကို လက္ထပ္ထားတာ ျဖစ္ေၾကာင္း၊ လိင္ကတစ္ဆင့္ကူးစက္ထားတဲ့ ေရာဂါေတြရွိေၾကာင္း၊ ဒီလိုပဲ အင္တာနက္မွာလိမ္ညာလွည့္ျဖားေနတာ အေတာ္ၾကာၿပီျဖစ္ေၾကာင္း၊ မင္းဘက္က စၿပီးမိတ္ဆက္လာလို႔ မမွတ္မိရင္ခြင့္လႊတ္ေစခ်င္ေၾကာင္း စတာေတြ ေရးသားၿပီး တင္ထားခဲ့တာျဖစ္ပါတယ္။
အဆိုပါ အမ်ိဳးသားရဲ႕ အျဖစ္ဟာ လူမႈကြန္ရက္မွာ အေတာ္နာမည္ႀကီးသြားခဲ့ပါေသးတယ္။ Tinder မွာေရးသားခဲ့တဲ့ စာအရ သူမဟာ ခင္ပြန္းျဖစ္သူကို ထားပစ္ခဲ့တယ္လို႔ ယံုၾကည္ရပါတယ္။
Wife-finds-out-husband-is-on-Tinder

Source : Mirror
Credit:Duwun


အင်တာနက် မှာ ခြေရှုပ်နေသည့် ခင်ပွန်း ဖြစ်သူကို  ပညာပြပြီး အရှက်ခွဲလိုက်တာဖြစ်ပါတယ်။

ရည်းစားသို့မဟုတ် လက်တွဲဖော် အိမ်ထောင်ဖက်ရှာကြလိုသူတွေ အသုံးပြုတဲ့ အက်ပလီကေးရှင်းကို ခင်ပွန်းဖြစ်သူ သုံးစွဲနေကြောင်း တွေ့ရှိပြီးနောက် ဇနီးသည်ဟာ သူ့ရဲ့ခင်ပွန်းကိုအကောင်းဆုံးနည်းလမ်းနဲ့ ပညာပြလိုက်ပါတယ်။
သူမကိုယ်တိုင်လည်း ခင်ပွန်းသည်နဲ့အတူဆက်မနေတော့တဲ့အပြင် ခင်ပွန်းသည်ကိုလည်း အင်တာနက်မှာ နောက်ထပ်လက်တွဲဖော်ရှာမရအောင်အထိ ပညာပြလိုက်တာဖြစ်ပါတယ်။ မိုက်ခ်လို့ ခေါ်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ ဇနီးသည်ရှိပေမဲ့ လက်တွဲဖော်ရှာပေးတဲ့ Tider အက်ပလီကေးရှင်းကို အသုံးပြုုနေကြောင်း ဇနီးသည်က ဖမ်းမိသွားတာဖြစ်ပါတယ်။Wife-finds-out-husband-is-on-Tinder

ဇနီးသည်က သူ့ရဲ့ခင်ပွန်းမသိအောင် ခင်ပွန်းသည်ရဲ့ Tinder အကောင့်ထဲ ဝင်ရောက်ပြီး အရှက်ခွဲတဲ့ စာသားတွေရေးသားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသက်မပြည့်သေးသူတွေကို လက်ထပ်ထားတာ ဖြစ်ကြောင်း၊ လိင်ကတစ်ဆင့်ကူးစက်ထားတဲ့ ရောဂါတွေရှိကြောင်း၊ ဒီလိုပဲ အင်တာနက်မှာလိမ်ညာလှည့်ဖြားနေတာ အတော်ကြာပြီဖြစ်ကြောင်း၊ မင်းဘက်က စပြီးမိတ်ဆက်လာလို့ မမှတ်မိရင်ခွင့်လွှတ်စေချင်ကြောင်း စတာတွေ ရေးသားပြီး တင်ထားခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမျိုးသားရဲ့ အဖြစ်ဟာ လူမှုကွန်ရက်မှာ အတော်နာမည်ကြီးသွားခဲ့ပါသေးတယ်။ Tinder မှာရေးသားခဲ့တဲ့ စာအရ သူမဟာ ခင်ပွန်းဖြစ်သူကို ထားပစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

Source : Mirror
Credit:Duwun

Wife-finds-out-husband-is-on-Tinder


Loading...