သွ်ားထြဋ္အိျႏၵာရဲ႕မိခင္ ႐ိုက္ႏွက္လုယက္ခံရမႈေၾကာင့္ ေဆး႐ံုတက္ - Reader Myanmar

Latest Posts

သွ်ားထြဋ္အိျႏၵာရဲ႕မိခင္ ႐ိုက္ႏွက္လုယက္ခံရမႈေၾကာင့္ ေဆး႐ံုတက္




           

သွ်ားထြဋ္အိျႏၵာရဲ႕မိခင္ ဒုတိယအႀကိမ္ ေဆး႐ံုထပ္တက္ရ လက္ရွိ ရန္ကုန္ေဆးရံုႀကီးမွာ ေဆးကုသမႈခံယူေနရပါတယ္။ အလွမယ္ သွ်ားထြဋ္အိျႏၵာရဲ႕ အေမဟာ ရိုက္ႏွက္လုယက္ခံရကာ ဦးေႏွာက္ထဲ ေသြးေရာက္ခဲ့ရၿပီး ဧၿပီ(၁၉)ရက္ေန႕က ပထမအႀကိမ္ ေဆးရံုတက္ခဲ့ရပါတယ္။
play
 
ဒါေပမယ့္ မသက္သာတာေၾကာင့္ ဒီေန႕(ဧၿပီ၂၄ရက္) က ရန္ကုန္ေဆးရံုႀကီးမွာ ေနာက္ထပ္တစ္ႀကိမ္ ေဆးကုသမႈ ခံယူေနရတယ္လို႕ သိရပါတယ္။ သူမအေမကိုင္ေဆာင္တဲ့ ဖုန္းကို လူသံုးေယာက္က ဝိုင္းလုၿပီး ပစၥည္းမေပးတဲ့အတြက္ လူကို ကိုယ္ထိလက္ေရာက္ လုပ္ခဲ့တယ္လို႕ အလွမယ္ သွ်ားထြဋ္အိျႏၵာက ေဖ့စ္ဘြတ္ေပၚမွာ တင္ထားပါတယ္။

 "အေမ့ရဲ႕ဖုန္းကိုလုယူပါတယ္။ မရလို႔ကိုယ္ထိလက္ေရာက္ေစာ္ကားတယ္။ ၃ ေယာက္ဝိုင္းလုပ္ပါတယ္။ ဆံပင္ေစာင့္ဆြဲပါတယ္ အေမ့ကိုထိလို႔ ညီမအိမ္ေအာက္ကိုဆင္းၿပီး ေကာင္းေကာင္းမြန္မြန္ေတာင္းပါတယ္။ ညီမကို ကိုယ္ထိလက္ေရာက္ ထပ္ေစာ္ကားပါတယ္။ ညီမျပန္လုပ္ပါတယ္။ ညီမအေမကိုလုပ္တဲ့အတြက္ေရာ ညီမကိုလုပ္တဲ့အတြက္ပါ ညီမလုပ္တာပါ။ အခုရဲစခန္းမွာအမွဴဖြင့္ေနရင္းနဲ႔ အေမသတိလစ္သြားပါတယ္။ သူတို႔ကိုစခန္းေခၚတာကိုသူတို႔မလာပါဘူး။ အေမကအသံထြကၿပီး တကိုယ္လံုးလွဴပ္လိူ႔မရပါဘူး ၿပီးေတာ့ လံုးဝေခၚလိူ႔မရပဲသတိလစ္သြားပါတယ္။" လို႕ ဧၿပီ(၁၉)ရက္ေန႕က ျဖစ္စဥ္ကို ေျပာျပထားတာပါ။ အဲ့ေနာက္ပိုင္း အေမျဖစ္သူကို Sakura ေဆးရံုမွာ ဦးေနွာက္နဲ႕အာရံုေၾကာအထူးနဲ႕ ကုသမႈ ခံယူခဲ့ၿပီး ဧၿပီ(၂၂)ရက္ေန႕က ေဆးရံုက ဆင္းခဲ့တာပါ။ ဒါေပမယ့္ ယခုလက္ရွိမွေတာ့ ရန္ကုန္ေဆးရံုႀကီးမွာ ေဆးကုသမႈ ျပန္လည္ခံယူေနရတာေၾကာင့္ သွ်ားထြဋ္တစ္ေယာက္ စိတ္မေကာင္းျဖစ္ေနရပါတယ္။ အေမျဖစ္သူကို လုပ္သြားတဲ့ သံုးေယာက္ကိုလည္း တရားဥပေဒအရ ဆက္လက္ေဆာင္လုပ္ေဆာင္သြားမယ္လို႕ ဆုိပါတယ္။
သွ်ားထြဋ္အိျႏၵာဟာ ၂၀၁၄ခုႏွစ္ရဲ႕ Miss Universe Myanmar တစ္ေယာက္ျဖစ္ကာ ျမန္မာႏုိင္ငံကိုယ္စားျပဳအျဖစ္ ႏိုင္ငံတကာ စင္ျမင့္ထက္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြ လုပ္ေနသလို ပရဟိတအလုပ္ေတြမွာ ပါဝင္လႈပ္ရွားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။
Photos : သွ်ားထြဋ္အိျႏၵာေဖ့စ္ဘြတ္


                           Unicode
သျှားထွဋ်အိန္ဒြာရဲ့မိခင် ဒုတိယအကြိမ် ဆေးရုံထပ်တက်ရ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပါတယ်။ အလှမယ် သျှားထွဋ်အိန္ဒြာရဲ့ အမေဟာ ရိုက်နှက်လုယက်ခံရကာ ဦးနှောက်ထဲ သွေးရောက်ခဲ့ရပြီး ဧပြီ(၁၉)ရက်နေ့က ပထမအကြိမ် ဆေးရုံတက်ခဲ့ရပါတယ်။


ဒါပေမယ့် မသက်သာတာကြောင့် ဒီနေ့(ဧပြီ၂၄ရက်) က ရန်ကုန်ဆေးရုံကြီးမှာ နောက်ထပ်တစ်ကြိမ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ သူမအမေကိုင်ဆောင်တဲ့ ဖုန်းကို လူသုံးယောက်က ဝိုင်းလုပြီး ပစ္စည်းမပေးတဲ့အတွက် လူကို ကိုယ်ထိလက်ရောက် လုပ်ခဲ့တယ်လို့ အလှမယ် သျှားထွဋ်အိန္ဒြာက ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။

 "အမေ့ရဲ့ဖုန်းကိုလုယူပါတယ်။ မရလို့ကိုယ်ထိလက်ရောက်စော်ကားတယ်။ ၃ ယောက်ဝိုင်းလုပ်ပါတယ်။ ဆံပင်စောင့်ဆွဲပါတယ် အမေ့ကိုထိလို့ ညီမအိမ်အောက်ကိုဆင်းပြီး ကောင်းကောင်းမွန်မွန်တောင်းပါတယ်။ ညီမကို ကိုယ်ထိလက်ရောက် ထပ်စော်ကားပါတယ်။ ညီမပြန်လုပ်ပါတယ်။ ညီမအမေကိုလုပ်တဲ့အတွက်ရော ညီမကိုလုပ်တဲ့အတွက်ပါ ညီမလုပ်တာပါ။ အခုရဲစခန်းမှာအမှူဖွင့်နေရင်းနဲ့ အမေသတိလစ်သွားပါတယ်။ သူတို့ကိုစခန်းခေါ်တာကိုသူတို့မလာပါဘူး။ အမေကအသံထွကပြီး တကိုယ်လုံးလှူပ်လိူ့မရပါဘူး ပြီးတော့ လုံးဝခေါ်လိူ့မရပဲသတိလစ်သွားပါတယ်။" လို့ ဧပြီ(၁၉)ရက်နေ့က ဖြစ်စဉ်ကို ပြောပြထားတာပါ။ အဲ့နောက်ပိုင်း အမေဖြစ်သူကို Sakura ဆေးရုံမှာ ဦးနှောက်နဲ့အာရုံကြောအထူးနဲ့ ကုသမှု ခံယူခဲ့ပြီး ဧပြီ(၂၂)ရက်နေ့က ဆေးရုံက ဆင်းခဲ့တာပါ။ ဒါပေမယ့် ယခုလက်ရှိမှတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ပြန်လည်ခံယူနေရတာကြောင့် သျှားထွဋ်တစ်ယောက် စိတ်မကောင်းဖြစ်နေရပါတယ်။ အမေဖြစ်သူကို လုပ်သွားတဲ့ သုံးယောက်ကိုလည်း တရားဥပဒေအရ ဆက်လက်ဆောင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

သျှားထွဋ်အိန္ဒြာဟာ ၂၀၁၄ခုနှစ်ရဲ့ Miss Universe Myanmar တစ်ယောက်ဖြစ်ကာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာ စင်မြင့်ထက်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်နေသလို ပရဟိတအလုပ်တွေမှာ ပါဝင်လှုပ်ရှားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
Photos : သျှားထွဋ်အိန္ဒြာဖေ့စ်ဘွတ်

Loading...