ဦးကိုနီအားလုပ္ႀကံခဲ့သည့္ ေသနတ္သမားၾကည္လင္းႏွင့္ အေပါင္းအပါသံုးဦးကို ရံုးထုတ္၍ တရားလိုျပသက္ေသစစ္ေဆး - Reader Myanmar

Latest Posts

ဦးကိုနီအားလုပ္ႀကံခဲ့သည့္ ေသနတ္သမားၾကည္လင္းႏွင့္ အေပါင္းအပါသံုးဦးကို ရံုးထုတ္၍ တရားလိုျပသက္ေသစစ္ေဆး





အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီ၏ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီအားလုပ္ႀကံခဲ့သည့္ ေသနတ္သမားၾကည္လင္းႏွင့္ အေပါင္းအပါသံုးဦးကို ဧၿပီလ ၂၁ ရက္က အင္းစိန္ျမို႕နယ္ရွိ ေျမာက္ပိုင္းခရိုင္တရားရံုးတြင္ ငါးႀကိမ္ေျမာက္ ရံုးထုတ္ခဲ့သည္။
အဆိုပါရံုးခ်ိန္းတြင္ လက္နက္မႈအတြက္ တရားလိုျပသက္ေသတစ္ဦးအား စစ္ေဆးခဲ့သည္။
ဦးကိုနီကို လုပ္ႀကံမႈတြင္ပါဝင္သည့္ ၾကည္လင္း ေအာ္ဝင္းေဇာ္ ေအာင္ဝင္းထြန္း ေဇယ်ာၿဖိဳးတို႔ကို ျပစ္မႈႀကီးအမွတ္ ၄၅/၂၀၁၆ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၀/၃၄/၂၁၂ ျဖင့္လည္းေကာင္း၊ ေသနတ္သမားၾကည္လင္းႏွင့္ ေအာင္ဝင္းေဇာ္တို႔ကို ျပစ္မႈႀကီးအမွတ္ ၄၆/၂၀၁၇ လက္နက္ဥပေဒပုဒ္မ ၁၉-စ/ဃ တို႔ျဖင့္လည္းေကာင္း တရားစြဲဆိုထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ စတုတၳအႀကိမ္ေျမာက္ ရံုးခ်ိန္းတြင္လည္း လက္နက္မႈအတြက္ တရားလိုျပသက္ေသတစ္ဦးကို စစ္ေဆးခဲ့ၿပီး ဧၿပီလ ၂၈ ရက္တြင္ ေျခာက္ႀကိမ္ေျမာက္ ရံုးထုတ္စစ္ေဆးမည္ ျဖစ္သည္။
ဇန္နဝါရီ ၂၉ ရက္ ညေနပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ႏိုင္ငံျခားခရီးစဥ္မွ ျပန္လာသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥပေဒအၾကံေပး တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီကို ေသနတ္သမားၾကည္လင္းက ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္လုပ္ႀကံခဲ့သည္။
Unicode
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအားလုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်းနှင့် အပေါင်းအပါသုံးဦးကို ဧပြီလ ၂၁ ရက်က အင်းစိန်မြို့နယ်ရှိ မြောက်ပိုင်းခရိုင်တရားရုံးတွင် ငါးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
အဆိုပါရုံးချိန်းတွင် လက်နက်မှုအတွက် တရားလိုပြသက်သေတစ်ဦးအား စစ်ဆေးခဲ့သည်။
ဦးကိုနီကို လုပ်ကြံမှုတွင်ပါဝင်သည့် ကြည်လင်း အော်ဝင်းဇော် အောင်ဝင်းထွန်း ဇေယျာဖြိုးတို့ကို ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၀/၃၄/၂၁၂ ဖြင့်လည်းကောင်း၊ သေနတ်သမားကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို ပြစ်မှုကြီးအမှတ် ၄၆/၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉-စ/ဃ တို့ဖြင့်လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင်လည်း လက်နက်မှုအတွက် တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး ဧပြီလ ၂၈ ရက်တွင် ခြောက်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည်။
ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံခြားခရီးစဉ်မှ ပြန်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေဦးကိုနီကို သေနတ်သမားကြည်လင်းက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခဲ့သည်။
နောင်နောင်


Loading...