ဘာဟုဘလီ အပိုင်း ၂ ဇာတ်ကား ပြသပြီ၊ လက်မှတ်ရောင်းအား စံချိန်တင် - Reader Myanmar
Latest Posts
ပြည်တွင်းမှာတင် ရိုက်ကူးထုတ်လုပ်ပြီး စိတ်ကူးယဉ် နိုင်ငံတော်၊ စစ်တပ်ကြီးတွေနဲ့ နန်းတော်တွေကို အထူး တင်ဆက်ထားပါတယ်။
DVB
ဘာဟုဘလီ အပိုင်း ၂ ဇာတ်ကား ပြသပြီ၊ လက်မှတ်ရောင်းအား စံချိန်တင် (ရုပ်သံ)
အိန္ဒိယ ရုပ်ရှင်ဇာတ်ကား ဘာဟုဘလီ အပိုင်း ၂ ဟာ ဧပြီ ၂၈ ရက်နေ့က နိုင်ငံတဝန်းမှာ တပြိုင်နက် ရုံတင်ခဲ့ပါတယ်။
ဒါကြောင့် ထောင်သောင်း ချီနေတဲ့ ရုပ်ရှင် ဝါသနာအိုးတွေဟာ ရုပ်ရှင်ရုံတွေဆီ စုပြုံ သွားရောက်ခဲ့ကြပါတယ်။ ဘာဟုဘလီ နိဂုံးချုပ်ဇာတ်ကားဟာ အိန္ဒိိယ ရုပ်ရှင် ကြည့်ပရိသတ်အတွက် ရည်ရွယ်တာပါ။
ပြည်တွငး်မှာတင် ရိုက်ကူးထုတ်လုပ်ပြီး စိတ်ကူးယဉ် နိုင်ငံတော်၊ စစ်တပ်ကြီးတွေနဲ့ နန်းတော်တွေကို အထူး တင်ဆက်ထားပါတယ်။
အမေရိကန် ဒေါ်လာ ၆၇ သန်း အကုန်ခံ ထုတ်လုပ်ပြီး ဘာသာစကား ပေါင်းစုံကို ပြန်ဆို ထားတဲ့ ဒီရုပ်ရှင်ကို နိုင်ငံတလွှား ရုပ်ရှင်ရုံ ၆ ထောင်ကျော်မှာ ပြသပါတယ်။
မနက် ၇ နာရီက စတင် ပြသတာ ဖြစ်ပေမယ့် ဝါသနာအိုးတွေကတော့ မနက် ၅ နာရီတည်းက တန်းစီ စောင့်ဆိုင်း နေတာပါ။
ရုပ်ရှင်လက်မှတ် ဝယ်လိုအား မြင့်တက်ခဲ့လို့ နိုင်ငံရဲ့ တချို့ အစိတ်အပိုင်းတွေမှာ လက်မှတ်တစောင် ရူပီး ၂၄၀၀ ထိ မြင့်တက် ခဲ့ပါတယ်။
ရုပ်ရှင်ကလည်း ကြိုတင်လက်မှတ် အရောင်းရဆုံး စံချိန်သစ်တင်ခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဆိုပါတယ်။
DVB
Credit : DVB
Loading...