ျမ၀တီ – ေကာ့ကရိတ္ အာရွလမ္းတြင္ ခရီးသည္တင္ယာဥ္တိမ္းေမွာက္၊ ၁၅ ဦး ေသဆုံး - Reader Myanmar

Latest Posts

ျမ၀တီ – ေကာ့ကရိတ္ အာရွလမ္းတြင္ ခရီးသည္တင္ယာဥ္တိမ္းေမွာက္၊ ၁၅ ဦး ေသဆုံး





ကရင္ျပည္နယ္ ျမ၀တီ-ေကာ့ကရိတ္ အာရွလမ္းမႀကီးမွာ ဒီေန႔ မနက္ ၁၀ နာရီ ၄၅ မိနစ္ေလာက္က ခရီးသည္တင္ယာဥ္ တိမ္းေမွာက္ခဲ့တဲ့အတြက္ ခရီးသည္ ၁၅ ဦး ေသဆုံးၿပီး ၂၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ပါတယ္။

အဆုိပါ ခရီးသည္တင္ကားဟာ ဇရပ္ႀကီး-ေတာင္ငူ-ျမဝတီ ေျပးဆဲြေနတဲ့ ယာဥ္အမွတ္ 9B/2717 (ကေပၚထူး) မွန္လုံယာဥ္ျဖစ္ၿပီး ခရီးသည္ ၃၈ ဦး တင္ေဆာင္လာခဲ့တာျဖစ္ပါတယ္။

ကရင္ျပည္နယ္ ေကာ့ကရိတ္ကေန ျမ၀တီကုိအတက္ ကြမ္းျခံေကြ႔အဆင္းမွာ လမ္းေခ်ာ္ထြက္ၿပီး ေပ ၃၀၀ ဝန္းက်င္ရွိေခ်ာက္ထဲ ထုိးက်တိမ္းေမွာက္သြားခဲ့တာျဖစ္တယ္လို႔ သဃၤန္းညီေနာင္ ရဲစခန္းက ဒုတပ္ၾကပ္ သူရိန္က ေျပာပါတယ္။

“မွန္လုံအလတ္စားေပါ့။ ခရီးသည္က ၃၈ ေယာက္၊ က်ားက ၂၀၊ မ ၁၈ ေယာက္။ ဒဏ္ရာရတာက က်ား ၁၄ ေယာက္၊ မ ၉ ေယာက္။ ေသတာက က်ား ၆ ေယာက္၊ မ၉ ေယာက္ပါ။ ဒါက ေလာေလာဆယ္ ကနဦး ေၾကးနန္းပါ။”

ေသဆုံးသူ ၁၅ ဦးထဲမွာ အမ်ဳိးသား ၆ ဦးနဲ႔ အမ်ဳိးသမီး ၉ ဦးပါ၀င္ၿပီး ဒဏ္ရာရရွိသူေတြကုိေတာ့ ျမ၀တီျပည္သူ႔ေဆး႐ုံမွာ ပုိ႔ေဆာင္ကုသေနပါတယ္။

Credit: DVB
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့တဲ့အတွက် ခရီးသည် ၁၅ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ခရီးသည်တင်ကားဟာ ဇရပ်ကြီး-တောင်ငူ-မြဝတီ ပြေးဆွဲနေတဲ့ ယာဉ်အမှတ် 9B/2717 (ကပေါ်ထူး) မှန်လုံယာဉ်ဖြစ်ပြီး ခရီးသည် ၃၈ ဦး တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်ကနေ မြဝတီကိုအတက် ကွမ်းခြံကွေ့အဆင်းမှာ လမ်းချော်ထွက်ပြီး ပေ ၃၀၀ ဝန်းကျင်ရှိချောက်ထဲ ထိုးကျတိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ သင်္ဃန်းညီနောင် ရဲစခန်းက ဒုတပ်ကြပ် သူရိန်က ပြောပါတယ်။

“မှန်လုံအလတ်စားပေါ့။ ခရီးသည်က ၃၈ ယောက်၊ ကျားက ၂၀၊ မ ၁၈ ယောက်။ ဒဏ်ရာရတာက ကျား ၁၄ ယောက်၊ မ ၉ ယောက်။ သေတာက ကျား ၆ ယောက်၊ မ၉ ယောက်ပါ။ ဒါက လောလောဆယ် ကနဦး ကြေးနန်းပါ။”

သေဆုံးသူ ၁၅ ဦးထဲမှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၉ ဦးပါဝင်ပြီး ဒဏ်ရာရရှိသူတွေကိုတော့ မြဝတီပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသနေပါတယ်။

Credit: DVB

Loading...