ပရိတ်သတ်ကိုလက်အုပ်ချီတောင်းပန်နေတဲ့ မော်ဒယ်နန်းသီရိမောင် ဘာဖြစ်လို့များလဲ - Reader Myanmar

Latest Posts

ပရိတ်သတ်ကိုလက်အုပ်ချီတောင်းပန်နေတဲ့ မော်ဒယ်နန်းသီရိမောင် ဘာဖြစ်လို့များလဲ





Source : Nan Thiri Maung 
နန်းသီရိမောင်ဟာ ရန်ကုန်မြို ့ ၁၉ လမ်းက MNTV (Lifebuoy) မဏ္ဏပ်မှာ သင်္ကြန်လေးရက်လုံးသီချင်းသီဆိုဖျော်ဖြေနေပါတယ် ။
မော်ဒယ်တစ်ယောက်ဖြစ်တဲ့သူမဟာ သီချင်းသီဆိုမှုပိုင်းမှာ အတွေ့အကြုံများစွာမရှိတဲ့အတွက် Band နဲ့အပေးအယူမမျှဖြစ်ကာ
အမှားအယွင်းအနည်းငယ်ကြုံတွေ့ခဲ့တဲ့အတွက် ပရိတ်သတ်များက လူမှုကွန်ယက်မှာ ဝေဖန်မှုများပြုလုပ်ခဲ့ကြပါတယ် ။
သူမရဲ့ လူမှုကွန်ယက်က ပုံတွေအောက်မှာပါ ဝေဖန်ခဲ့ကြတာပါ ။ နန်းသီရိမောင်ကထိုဝေဖန်မှုများနှင့်ပါတ်သတ်ပြီး ဝေဖန်သူများကို တစ်ဦးချင်းဆီ လိုက်လံတောင်းပန်ခဲ့တဲ့အပြင် သူမရဲ့ လူမှုကွန်ယက်မှာလဲ တောင်းပန်စာရေးပြီးထပ်မံတောင်းပန်ခဲ့ပါတယ် ။ 
" မှားရင် အမှန်ပြင် ပါမည်
မှားလျှင် ဝန်ခံရဲပါသည်ရှင့်
ချစ်ရင်လဲ အချစ်ခံပါသည်
ဆဲရင်လဲ ကိုယ် အသုံးမကျလို့ဆဲခံရသည် လို့ မှတ်ပါသည် " ဟုဆိုပါတယ် ။ ထိုသို့ ရိုကျိုးစွာတောင်းပန်မှုကြောင့်
ပရိတ်သတ်များက လက်ခံနားလည်ပေးပြီး ဝိုင်းဝန်းအကြံဉာဏ်ပေး အားပေးနေကြတာကိုတွေ့ရှိရပါတယ် ။
နန်းသီရိမောင်ရဲ့ အနုပညာရှင်ပီသမှုကတော့ အတုယူစရာပါပဲနော် ...
Source : Nan Thiri Maung 




Loading...