မန္းေရႊစက္ေတာ္ဘုရားဖူူးတစ္ဦး ေရနစ္ေသဆံုး - Reader Myanmar

Latest Posts

မန္းေရႊစက္ေတာ္ဘုရားဖူူးတစ္ဦး ေရနစ္ေသဆံုး







မန္းေရႊစက္ေတာ္ဘုရားတြင္ ယေန႔ ဧျပီ ၈ ရက္ေန႔ ေန႔ လည္ပိုင္းက ေပ်ာ္ဘြယ္ျမိဳ႕မွ ဘုရားဖူးလာေသာ အမည္မသိရေသး အသက္ ၂၁ ခန္႔ အမ်ဳိးသားတစ္ဦး ေရဆင္းခ်ဳိးရာမွ မန္းေခ်ာင္း တ႐ုတ္ဝဲတြင္ ေရနစ္ေသဆုံးခဲ႔ေႀကာင္း ကနဦး သတင္းရရွိသည္။
တ႐ုတ္ဝဲက ေရနစ္တယ္ဗ် ။ သူေရကူးေနတုန္း ေရနစ္သြားေတာ့ ေနာက္တစ္ေယာက္က သြားကယ္ပါတယ္ ကယ္တဲ႔သူလည္း ေရနစ္မယ့္သေဘာ ျဖစ္လာေတာ့ ေခ်ာင္းစပ္ျပန္ကူးလာတယ္။ ၾကက္ေျခနီအဖြဲ႕ ေရာက္လာျပီး ကယ္ဆယ္ေရး လုပ္ပါတယ္ ။ ကယ္ဆယ္ျပီး ပြဲေတာ္တြင္းက က်န္းမာေရးေဆးခန္းမွာ ကုသဆဲ
ေသဆုံးသြားခဲ႔ပါတယ္ ။ သူမိဘေဆြမ်ဳိးေတြအတြက္ စိတ္မေကာင္းပါဘူး” ဟု ျမင္ေတြ႕ခဲ႔သူ ေသာင္ျပင္ေစ်းသည္ ကုိငယ္ကေျပာသည္။
သတင္း-တင္ေ႐ႊ၊ မဇၩိမ

မန်းရွှေစက်တော်ဘုရားတွင် ယနေ့ ဧပြီ ၈ ရက်နေ့ နေ့ လည်ပိုင်းက ပျော်ဘွယ်မြို့မှ ဘုရားဖူးလာသော အမည်မသိရသေး အသက် ၂၁ ခန့် အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ မန်းချောင်း တရုတ်ဝဲတွင် ရေနစ်သေဆုံးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။
တရုတ်ဝဲက ရေနစ်တယ်ဗျ ။ သူရေကူးနေတုန်း ရေနစ်သွားတော့ နောက်တစ်ယောက်က သွားကယ်ပါတယ် ကယ်တဲ့သူလည်း ရေနစ်မယ့်သဘော ဖြစ်လာတော့ ချောင်းစပ်ပြန်ကူးလာတယ်။ ကြက်ခြေနီအဖွဲ့ ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ပါတယ် ။ ကယ်ဆယ်ပြီး ပွဲတော်တွင်းက ကျန်းမာရေးဆေးခန်းမှာ ကုသဆဲ 
သေဆုံးသွားခဲ့ပါတယ် ။ သူမိဘဆွေမျိုးတွေအတွက် စိတ်မကောင်းပါဘူး” ဟု မြင်တွေ့ခဲ့သူ သောင်ပြင်ဈေးသည် ကိုငယ်ကပြောသည်။
သတင်း-တင်ရွှေ၊ မဇ္ဈိမ
Loading...