မန္တလေးမှာ လုယက်မှုနည်းသစ် (အမျိုးသမီးများသတိထားကြပါ) - Reader Myanmar

Latest Posts

မန္တလေးမှာ လုယက်မှုနည်းသစ် (အမျိုးသမီးများသတိထားကြပါ)






ဆိုင်ကယ်စီး အမျိုးသမီးများသတိထားကြပါ...
မနော်ဟရီလမ်းကနေ ၄၈ လမ်းအတိုင်း မြောက်ဖက် တိုက်ခန်းတွေကို သွားတဲ့လမ်းမှာ ဖြစ်သွားတာပါ။
မနေ့က နေ့လည် ၂နာရီလောက်မှာ ကောင်မလေးတစ်ယောက်ထဲ ဆိုင်ကယ်စီးလာတာ လမ်းမှာ အမျိုးသမီးကြီး တစ်ယောက်က ခပ်ကုန်းကုန်း ထိုင်နေရာကနေ ထပြီးဆိုင်ကယ်တားတယ်၊ မျက်နှာကလည်း နာကျင်နေသလို ဖျားနေသလို ဖြစ်နေတာတဲ့ လမ်းကြုံ လိုက်ပါရစေ လို့ပြောတော့ ဆိုင်ကယ်ရပ်ပေးလိုက်တယ်။
ဆိုင်ကယ်ရပ်လိုက်တာနဲ့ ဗိုက်ကိုဓားနဲ့ထောက်ပြီး ၊ ဆိုင်ကယ်ပေါ်ကဆွဲချ ပြီး ဆိုင်ကယ် ကို တောင်းတယ်။
ကောင်မလေးက ပတ်ဝန်းကျင်ကို ကြည့်တော့ ခပ်လှမ်းလှမ်းမှာ ယောက်ျား နှစ်ယောက်ဆိုင်ကယ်နဲ့လာနေတာတွေ့တယ် ။ သူကမအော်ခင် အမျိုးသမီးက
နင် ငါ့ယောက်ျား ဆီက ချူ ထားတာတွေ
အကုန်ပြန်ပေး ဆိုပြီးအော်အော်ပြောတယ်
ကောင်မလေး ကအံ့ဩ စိတ်ဆိုးပြီး မဟုတ်ကြောင်းမသိကြောင်းတွေပြန်ပြောတော့ ဘာမ ညာမ ဆိုပြီးဆဲ ပါးရိုက်ပြီး
ကိုအတင်းတောင်းတယ်။
လမ်းသွားလမ်းလာလည်း လေးငါးယောက်လောက် ကြည့်နေကြတယ်။ဓား တရမ်းရမ်းနဲ့ ပြန်မပေးရင် သတ်မယ်လို့ကျိန်းသတဲ့။
ကြည့်နေတဲ့ ထဲက အဒေါ်ကြီး တစ်ယောက်က ဟုတ် ဟုတ် မဟုတ်ဟုတ် ပေးလိုက်ပါ သမီးရယ်
တကယ် လုပ်နေမှဖြင့် လို့ဝင်ပြောတော့
ကောင်မလေးကလည်း ရှက်လည်းရှက်
ကြောက်လည်း ကြောက်ပြီး ပေးလိုက်တယ်တဲ့။
အဲ့ အမျိုးသမီးက ခပ်တည်တည်ပဲ ဆိုင်ကယ်စီး ထွက်သွားပြီး ၊
ကောင်မလေး ကသူ့သူငယ်ချင်းကိုဖုန်းဆက်ခေါ် ပြီးပြန်လာရတယ်။
(ကျွန်တော်နဲ့ ဒီနေ့ မနော်ဟရီလမ်းက ဆေးဆိုင်မှာတွေ့တာ သူများတွေနဲ့ပြောနေတာကို နားထောင်ခဲ့ပြီး သတိထားကြဖို့ ရေးတင်လိုက်တာပါ)
#credit
Loading...