ရန္ကုန္၊ ျပည္လမ္းတြင္ အ၀တ္ဗလာျဖင့္ လမ္းေလွ်ာက္ခဲ့သူကို ရဲက အမႈဖြင့္ - Reader Myanmar

Latest Posts

ရန္ကုန္၊ ျပည္လမ္းတြင္ အ၀တ္ဗလာျဖင့္ လမ္းေလွ်ာက္ခဲ့သူကို ရဲက အမႈဖြင့္






ရန္ကုန္တိုင္း၊ မရမ္းကုန္ၿမိဳ႕နယ္မွာ မေန႔ညက လမ္းေပၚမွာ အ၀တ္ဗလာနဲ႔ လမ္းေလွ်ာက္ခဲ့တဲ့ အမ်ိဳးသမီးကို တိုင္း ရဲက အမ်ားျပည္သူဆိုင္ရာေနရာမွာ ညစ္ညမ္းေအာင္လုပ္မႈ ပုဒ္မ ၄၁(၁၅)နဲ႔ အမႈဖြင့္ထားပါတယ္။
မတ္လ ၃၁ ရက္ည ၁၀ နာရီေလာက္မွာ မရမ္းကုန္ၿမိဳ႕နယ္၊ ျပည္လမ္း၊ ၉မိုင္မွာ အမ်ိဳးသမီတဦး အ၀တ္ဗလာနဲ႔ ေလွ်ာက္သြားေနတယ္လို႔ ျပည္သူတေယာက္က သတင္းေပးလို႔ ရဲက သြားေရာက္ထိန္းသိမ္းၿပီး အခုလို အမႈဖြင့္ အေရးယူလိုက္တာ ျဖစ္ပါတယ္။

မရမ္းကုန္းရဲစခန္းက တာ၀န္က်ရဲအရာရွိက အ၀တ္ဗလာနဲ႔ လမ္းေလွာ်က္ခဲ့သူဟာ ေတာင္ဒဂံုၿမိဳ႕နယ္မွာေနတဲ့ အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးျဖစ္ၿပီး စိတ္ေဖာက္ျပန္ေနသူလို႔ ေျပာပါတယ္။

“သူက ေဆးေၾကာင္တာလည္း မဟုတ္ဘူး၊ စိတ္ဆင္းရဲစရာျဖစ္ၿပီး စိတ္ဆင္းရဲၿပီး စိတ္တခ်က္ လြတ္သြားတာ၊ စိတ္ေရာဂါရယ္လို႔လည္း မဟုတ္ဘူးဗ်၊ ဆိုးဆိုး၀ါး၀ါးေတာ့ မျဖစ္ေသးဘူး။ ဒါေပမယ့္ တခ်က္လြတ္ၿပီး ေဖာက္ခ်င္တဲ့သေဘာေပါ့၊”

အဲ့ဒီအမ်ိဳးသမီးကို မရမ္းကုန္ရဲစခန္းမွာ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။
မၾကာေသးခင္ကပဲ ရန္ကုန္၊ လမ္းမေတာ္ဘက္မွာ အမ်ိဳးသမီးတဦး အ၀တ္ဗလာနဲ႔ လမ္းေလွ်ာက္ခဲ့ပါေသးတယ္။

DVB
http://burmese.dvb.no/archives/198903

Unicode
ရန်ကုန်တိုင်း၊ မရမ်းကုန်မြို့နယ်မှာ မနေ့ညက လမ်းပေါ်မှာ အဝတ်ဗလာနဲ့ လမ်းလျှောက်ခဲ့တဲ့ အမျိုးသမီးကို တိုင်း ရဲက အများပြည်သူဆိုင်ရာနေရာမှာ ညစ်ညမ်းအောင်လုပ်မှု ပုဒ်မ ၄၁(၁၅)နဲ့ အမှုဖွင့်ထားပါတယ်။
မတ်လ ၃၁ ရက်ည ၁၀ နာရီလောက်မှာ မရမ်းကုန်မြို့နယ်၊ ပြည်လမ်း၊ ၉မိုင်မှာ အမျိုးသမီတဦး အဝတ်ဗလာနဲ့ လျှောက်သွားနေတယ်လို့ ပြည်သူတယောက်က သတင်းပေးလို့ ရဲက သွားရောက်ထိန်းသိမ်းပြီး အခုလို အမှုဖွင့် အရေးယူလိုက်တာ ဖြစ်ပါတယ်။
မရမ်းကုန်းရဲစခန်းက တာဝန်ကျရဲအရာရှိက အဝတ်ဗလာနဲ့ လမ်းလျှောက်ခဲ့သူဟာ တောင်ဒဂုံမြို့နယ်မှာနေတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး စိတ်ဖောက်ပြန်နေသူလို့ ပြောပါတယ်။
“သူက ဆေးကြောင်တာလည်း မဟုတ်ဘူး၊ စိတ်ဆင်းရဲစရာဖြစ်ပြီး စိတ်ဆင်းရဲပြီး စိတ်တချက် လွတ်သွားတာ၊ စိတ်ရောဂါရယ်လို့လည်း မဟုတ်ဘူးဗျ၊ ဆိုးဆိုးဝါးဝါးတော့ မဖြစ်သေးဘူး။ ဒါပေမယ့် တချက်လွတ်ပြီး ဖောက်ချင်တဲ့သဘောပေါ့၊”
အဲ့ဒီအမျိုးသမီးကို မရမ်းကုန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
မကြာသေးခင်ကပဲ ရန်ကုန်၊ လမ်းမတော်ဘက်မှာ အမျိုးသမီးတဦး အဝတ်ဗလာနဲ့ လမ်းလျှောက်ခဲ့ပါသေးတယ်။
Loading...