မိုးႀကိဳးထိမွန္ျပီး ညီအစ္မ ႏွစ္ဦး ေသဆံုး - Reader Myanmar

Latest Posts

မိုးႀကိဳးထိမွန္ျပီး ညီအစ္မ ႏွစ္ဦး ေသဆံုး





ၿမိတ္ခ႐ုိင္၊ တနသၤာရီၿမိဳ႕နယ္မွာ ဧၿပီ ၁၁ ရက္ေန႔ ညေန ၅ နာရီခြဲ အခ်ိန္ေလာက္က မိုးႀကိဳးထိမွန္လုိ႔ ေက်ာင္းသူေလး ႏွစ္ ဦး ေသဆံုးခဲ့ပါတယ္။
တနသၤာရီၿမိဳ႕နယ္၊ တမုတ္ခ်ံဳး ေက်းရြာအုပ္စု၊ ရွမ္းအင္းေတာ္ ေက်းရြာမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး၊ ရွမ္းအင္းေတာ္ေက်းရြာေန တတိယတန္းေက်ာင္းသူေတြျဖစ္တဲ့ မအိျဖဴဇင္နဲ႔ ညီမျဖစ္သူ မေဟမာဝင္း တုိ႔ ႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ျဖစ္စဥ္မွာ ရွမ္းအင္းေတာ္ ေက်းရြာထိပ္၊ ၿမိတ္- တနသၤာရီ ကားလမ္းမႀကီးရဲ႕ ယာဘက္ (၁) ဖာလံုအကြာရွိ ဦးျမတ္ရဲ႕ ေရာ္ဘာၿခံမွာ အလုပ္လုပ္တဲ့ မိဘေတြနဲ႔အတူ ေနစဥ္ ႐ုတ္တရက္ မိုးရြာသြန္းၿပီး မိုးႀကိဳးပစ္ခံရတာေၾကာင့္ မေဟမာဝင္းရဲ႕ ရင္ဘက္ ညိဳမဲ ဒဏ္ရာနဲ႔ မအိျဖဴဇင္ကေတာ့ ျပင္ပ ဒဏ္ရာမရွိဘဲ ေသဆံုးခဲ့ၾကတာလုိ႔ သိရပါတယ္။
အဆိုပါ မိုးႀကိဳးပစ္ ေသဆံုးမႈအား တနသၤာရီၿမိဳ႕မ ရဲစခန္း႐ံုးမွ ေသမႈ ေသခင္း အမွတ္စဥ္ (၇/၂၀၁၇) နဲ႔ ဖြင့္ထားေၾကာင္း သိရပါတယ္။
ေဇာ္ေဇာ္ (ၿမိတ္)
REF;DVB
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဧပြီ ၁၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်လောက်က မိုးကြိုးထိမှန်လို့ ကျောင်းသူလေး နှစ် ဦး သေဆုံးခဲ့ပါတယ်။

တနင်္သာရီမြို့နယ်၊ တမုတ်ချုံး ကျေးရွာအုပ်စု၊ ရှမ်းအင်းတော် ကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ရှမ်းအင်းတော်ကျေးရွာနေ တတိယတန်းကျောင်းသူတွေဖြစ်တဲ့ မအိဖြူဇင်နဲ့ ညီမဖြစ်သူ မဟေမာဝင်း တို့ နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ရှမ်းအင်းတော် ကျေးရွာထိပ်၊ မြိတ်- တနင်္သာရီ ကားလမ်းမကြီးရဲ့ ယာဘက် (၁) ဖာလုံအကွာရှိ ဦးမြတ်ရဲ့ ရော်ဘာခြံမှာ အလုပ်လုပ်တဲ့ မိဘတွေနဲ့အတူ နေစဉ် ရုတ်တရက် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခံရတာကြောင့် မဟေမာဝင်းရဲ့ ရင်ဘက် ညိုမဲ ဒဏ်ရာနဲ့ မအိဖြူဇင်ကတော့ ပြင်ပ ဒဏ်ရာမရှိဘဲ သေဆုံးခဲ့ကြတာလို့ သိရပါတယ်။

အဆိုပါ မိုးကြိုးပစ် သေဆုံးမှုအား တနင်္သာရီမြို့မ ရဲစခန်းရုံးမှ သေမှု သေခင်း အမှတ်စဉ် (၇/၂၀၁၇) နဲ့ ဖွင့်ထားကြောင်း သိရပါတယ်။

ဇော်ဇော် (မြိတ်)
REF;DVB

Loading...