မာရုသာဆိုင်ကလုန်းမုန်တိုင်း နောက်ဆုံးအခြေအနေ - Reader Myanmar

Latest Posts






မာရုသာဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နေရာကွက်မိုးကြီးခဲ့ရာ ဧပြီ ၁၇ရက် တစ်ရက်အတွင်း မြို့ကိုးမြို့၌ မိုးရေချိန်စံချိန်သစ်တင်ခဲ့သည်။
ဧပြီ ၁၇ရက် နေ့လည်တွင် အားပျော့သွားပြီဖြစ်၍ မုန်တိုင်းအန္တရာယ်ကင်းသည့် သတ်မှတ်ချက်အရောင်ဖြစ်သော အစိမ်းရောင်အဆင့်ကို မိုး/ဇလဌာနက ထုတ်ပြန်ခဲ့သည်။

မာရုသာဆိုင်ကလုန်းမုန်တိုင်း နောက်ဆုံးအခြေအနေ
မာရုသာဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် နေရာကွက်မိုးကြီးခဲ့ရာ ဧပြီ ၁ရရက် တစ်ရက်အတွင်း မြို့ကိုးမြို့၌ မိုးရေချိန်စံချိန်သစ်တင်ခဲ့သည်။
မကွေး၊မင်းဘူး၊အောင်လံ၊တောင်တွင်းကြီး၊ဆင်ဖြူကျွန်း၊ချောက်၊ပုခုက္ကူ၊ ပဲခူးနှင့် ကျောက်ဖြူမြို့တို့တွင် မိုးရေချိန်စံချိန်သစ်တင်ခဲ့ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားသည်။
မာရုသာဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားခဲ့သည်။
ဧပြီ ၁ရရက် နေ့လည်တွင် အားပျော့သွားပြီဖြစ်၍ မုန်တိုင်းအန္တရာယ်ကင်းသည့် သတ်မှတ်ချက်အရောင်ဖြစ်သော အစိမ်းရောင်အဆင့်ကို မိုး/ဇလဌာနက ထုတ်ပြန်ခဲ့သည်။


7daydaily


Loading...