အထက္တန္းစား ျပည့္တန္ဆာ - Reader Myanmar

Latest Posts

အထက္တန္းစား ျပည့္တန္ဆာ





မီးေရာင္ မွိန္ပ်ပ် ေအာက္ ရမၼက္ အဆီ တဝင္းဝင္း မ်က္နွာေတြ။ အသံဆိုးၾကီး ေတြနဲ႕ အႏုပညာ လို႕ေတာင္ မဆိုႏုိင္တဲ့ ေတးသံေတြ ေအာ္ၾက ဟစ္ၾက။ ရမၼက္နံ႕ တေထာင္းေထာင္း အရက္နံ႕နဲ႕ ဘီယာနံ႕ေတြ ေရာျပႊမ္း ေနတဲ့ အခန္းထဲ အျပဳံးတုေတြ ေသသပ္ လွပေနတဲ့ မ်က္ႏွာထား ညဳတုတုေတြ။ ေသခါနီး အရြယ္ၾကီးကို ပါးစပ္ ကသာ “ကိုၾကီး ကလည္း၊ ကိုၾကီး ကလည္း” ခၽြဲေနရတာ၊ စိတ္ထဲ ကေတာ့ ေသခ်င္း ဆိုးၾကီးလို႕ က်ိ္န္ဆဲ ေနမိတယ္။ ကပ္ေစး ကလည္း နည္းေသး။ ေသာက္စား ကလည္း ငတ္ေသး ဆိုတဲ့ ဟာ စားၾကီး။ အုိ…. အလုပ္သေဘာ ညခင္းေတြက ပူျပင္း လိုက္တာ။
တစ္္ဆက္ရွင္ အၿပီး နားေနခန္းထဲ လွမ္းဝင္လုိက္ မိတ္ကပ္နံ႕ ေတြနဲ႕ အတူ ေသာကနံ႕ ေတြကိုပါ ေရာရ လိုက္တယ္။ ဘဝတူ မိန္းကေလး ေတြရဲ႕ မရုိးတမ္းေသာ ညည္းတြားသံ။ အေဖက ဘာျဖစ္ျပန္ျပီ၊ အေမက ေဆးရုံမွာ၊ ေမာင္ေလးက အခ်ဳပ္ထဲ ေရာက္လို႕၊ ညီမေလး ေက်ာင္းစရိတ္က ဘယ္ေလာက္ လိုလို႕။ နိစၥဓူဝ တစ္ေယာက္ မဟုတ္ တစ္ေယာက္ဆီက ၾကားေန ရက် စကားေတြ။ ငိုတဲ့ အခ်ိဳ႕ငိုု၊ ေလာကၾကီး ေရာ ကိုယ့္္ကိုယ္ ကိုယ္ပါ အယုတၱ အနတၱ ဆဲေရး ေနသူက ဆဲေရး။ အေမာေတြကုိ ျဖစ္တဲ့ နညး္နဲ႕ ေဖာက္ထုတ္ ေနရတဲ့ ဘဝေတြ ေလ။ကိုယ့္ ဧည့္သည္ ဆိုတဲ့ အသံၾကား ရင္ ေပါင္ဒါ pad ကို တဖုံးဖုံး ရိုက္ရင္း ေသာက ေတြကို ပစ္ခ် လုိက္ရတယ္။ ခ်ိဳအီ ေနေအာင္ ျပဳံးထားေသာ မ်က္ႏွာထားႏွင့္ အရႈိက္ အဖို အမို႕ အေမာက္ေတြက ကၽြန္မတို႕ အတြက္ ေရာင္းကုန္ပင္။
ဘာျဖစ္ ေသးလဲ။ ေမြးရာပါ လယ္တစ္ကြက္ ကို ထုိးအပ္ျပီး အသက္ေမြးရတဲ့ ေလာကထဲ ဘယ္ မိန္းမက ေပ်ာ္လြန္းလို႕ ဝါသနာပါ လြန္းလုိ႕လုပ္ေန ၾကတယ္ ထင္ရက္ၾကလဲ။ ရြံ႕ရွာသလို မ်က္လုံးမ်ားကို မထီတရီ ျပန္ျပဳံး ၾကည့္ႏုိ္င္ဖို႕ က်င့္သားရ ေအာင္ပင္ ကၽြန္မတို႕ ေလာကဓံက ထုထည္ၾကီး လြန္းလွသည္။ ဒီမိန္းမ ကေလ ေကတီဗီြမ၊ အပ်က္မ။ ဟုတ္လား…. အဲ့လို ေျပာေနတဲ့ ပါးစပ္ ေပါက္ေတြက ကိုယ့္ ဒုကၡေတြ အတြက္ တစ္က်ပ္ လာေပးလား
ကၽြန္မ နာမည္လား။ ႏွင္းဆီ။ ရိုစီ။ ဘရဏီ။ ေသာ္တာ။ ၾကည္ျပာ။ ကလ်ာ။ မီးေရာင္ မွိန္မွိန္ ေအာက္မွာ အရာရာ ျဖစ္ႏုိ္င္စြမ္း ရွိသည္။ ဘဝကို ရင္းနွီးစား ေနရတဲ့ ဘဝေတြမွာ နာမည္ အစစ္ လိုလုိ႕လား။ ဧည့္သည္က ေသာက္ တတ္လားလုိ႕ လွမ္းေမး သည္။ ကိုယ့္ေသာကနဲ႕ ကိုယ္ မိန္းမူး ေနတဲ့ မိန္းမ တစ္ေယာက္ကို ဘယ္ အရည္က မူးယစ္ျခင္း ဆီ ဆြဲေခၚ သြားႏုိင္မွာ မို႕လဲ။
အဟက္ ဟက္….. အခ်စ္လား…. ရတယ္ေလ။ တစ္ပုံးလား …. နွစ္ပုံးလား။ ေအာ္ပစ္ လုိက္ရမွာပဲ။ ရုပ္ရွင္ထဲ ကလို လူကသာ ေကတီဗီြမ။ မာန တစ္ခြဲသားနဲ႕ မင္းသား အလာ ေမွ်ာ္ေနဖို႕ အခ်ိန္မရ။ လွ်ာဖ်ားေလး ကေန ခ်စ္တယ္လို႕ ေျပာဖို႕က ဘယ္ေလာက္မ်ား ခက္လုိ႕လဲ ေလ။ “ဒီေလာက ထဲ ဘာလုိ႕ ေရာက္လာ တာလဲ။” ေပ်ာ္လို႕လို႕ ေျဖပစ္ လုိက္ရ မလား။ “မင္းရုပ္ မင္းရည္ေလး နဲ႕ကြာ” တဲ့။ ကၽြန္မ ရုပ္ ကၽြန္မရည္ေလး နဲ႕မို႕ ဒီေလာကထဲ ေရာက္တာေပါ့။ ကၽြန္မရုပ္က ေမ်ာက္အုိမ ရုပ္ဆို ရွင္တို႕က သုံးၾကမွာ မို႕လား။ စိတ္ထဲက ေအာ္ဟစ္ ေျပာဆုိသံ ေတြက ႏႈတ္ခမ္းမ်ား အေရာက္မွာ က်င့္သားရ ခ်ဳိအီစြာ ေျပာေနက် ဇာတ္လမ္းေလးေတြ အတိုင္း ေျပာ ျဖစ္သြားခဲ့တယ္။ ဒါ သိပ္မခက္ ပါဘူးေလ။
ဇာတ္လမ္းထြင္ ေျပာသမွ် အထဲ ဖေအက ေနာက္ မိန္းမေနာက္ ေကာက္ေကာက္ ပါသြားလို႕ ကေလး ႏွစ္ေကာင္ လက္ဆြဲ၊ နယ္စပ္ရြာဇာတိ ကို ျပန္ေနတဲ့ ေရာဂါသည္ မေအရဲ႕ အေၾကာင္း၊ ပညာ နိမ့္ပါးမႈ၊ ထမ္းပိုး ထားရေသာ မိသားစု တာဝန္မ်ား၊ ပညာမဲ့ ရုပ္ရည္ရွိ သမီးၾကီး တစ္ေယာက္ရဲ႕ တာဝန္ စိတ္၊ ပ်က္စီးလြယ္ ဒုစရိုက္ျမိဳ႕ တစ္ခုရဲ႕ ေငြရွာနည္း ေတြထဲက သားေကာင္။ ဒီ သမားရိုးက် ဇာတ္လမ္းေလးကို ထည့္မေျပာမိ ေအာင္ အေတာ္ေရွာင္ ရတယ္။ မ်က္ရည္ အစစ္ေတြ မက်ခင္။ အတု ၾကိဳက္တဲ့ ေယာက်ာၤးေတြရဲ႕ ကရုဏာ ေၾကး အတြက္ ျဖစ္ရပ္မွန္ေတြ ခင္းျပရန္ မလိုပါ။
ေခၽြးနံ၊ ရမၼက္နံ၊ အရက္နံ႕၊ အနံ႕ေပါင္းစုံ ေရာျပြမ္းေနတဲ့ ေယာက်ာၤး တကာရဲ႕ ရင္ခြင္ဟာ ကၽြန္မတို႕ရဲ႕ နတ္ဘုံ နတ္နန္းလို႕ မ်ား ေတြးထင္ေနၾက ပါသလား။ ကၽြန္မတို႕ သိပ္ေပ်ာ္ ေနတယ္မ်ား ျမင္ၾကပါ သလား။ကၽြန္မတို႕ကို ဒီဘဝထဲ တြန္းခ်လိုက္တဲ့ လက္ေပါင္းစုံရဲ႕ အခန္း က႑ဟာ လူေတြ ျမင္ကြင္း ကေန ေပ်ာက္ေန တတ္ၾကသည္။ ‘အို…. က်ဳပ္တုိ႕ ကေတာ့ လွ်ာေပၚ ျမက္ေပါက္ ပါေစ။ ဒါမ်ိဳး ရင္းမစားဘူး။ ဟုတ္ကဲ့…. ေလးစား ပါတယ္။ ကၽြန္မတို႕က ထမင္းစား ရရုံ ထမင္း တစ္လုပ္ အတြက္ ေရာင္းစား ေနတယ္မ်ား မွတ္ပါ သလား။ သူမ်ားကို အျပစ္ဆို လုိျခင္းထက္ ကိုယ့္ကိုကုိယ္ အမႊန္းတင္လုိ စိတ္ေတြ လွ်ံပ်ံေနတဲ့ စကားေတြ အတြက္ ဒဏ္ရာရ က်ားနာမ လို အစြယ္ေတြ ျဖဲ ျပဳံးျပ လိုက္ရ မည္လား
ဥပမာ…. ကၽြန္မတို႕ရဲ႕ ကာမ သည္ လွ်ိဳ႕ဝွက္ခ်က္ တစ္ခု ျဖစ္သည္ ဆိုပါစို႕။ ကၽြန္မတို႕ရဲ႕ လ်ဳိ႕ဝွက္ခ်က္ကို အရယူဖို႕ ကၽြန္မတို႕ကို အစာ အငတ္ထား၊ ေျခေတြ လက္ေတြ တစ္ဆစ္ ခ်င္းျဖတ္၊ ကၽြန္မတို႕ ခံႏုိ္င္ရည္ရွိစြာ အံတုႏိုင္ေကာင္း တုႏုိ္င္လိမ့္မည္။ ဒါေပမဲ့ ကၽြန္မတို႕ရဲ႕ မိသားစု ၊ ကၽြန္မ ညီမေလး၊ ကၽြန္မ ေမာင္ေလးကို အစာငတ္ထား ေျခေတြ လက္ေတြ တစ္ဆစ္ခ်င္း ျဖတ္ျပရင္ေတာ့ အံတု ႏုိ္င္စြမ္း ရွိပါဦးမည္လား။ ထားပါ….။ ကိုယ့္အျပစ္ (လူေတြ သတ္မွတ္လိုက္တဲ့ အျပစ္)ကို ေလွ်ာက္လဲခ်က္ ေပးေနတာ မဟုတ္။ ေလာကမွာ မေသဘဲက်ေနတဲ့ ငရဲေတြ ေနရာအႏွံမွာ ရွိတတ္ေၾကာင္း သိေစခ်င္ရုံပါ။
အလုပ္ အကိုင္ ရွားပါးမႈ၊ ဆင္းရဲ မြဲေတမႈ၊ အက်င့္ စာရိတၱ ပ်က္သုဥ္းမႈ၊ ၾကီးႏုိင္ ငယ္ညွင္း ေငြမ်ား ေငြႏိုင္ ေခတ္ၾကီးထဲ ကၽြန္မတို႕က သူမ်ားကို လွီးျဖတ္ဖို႕ ကိုယ့္ ဘဝကို ပါးႏုိ္င္သမွ် ပါးပစ္ထား ရသည့္ လူ႕ ဘလိ္တ္ဓား ေတြသာ ျဖစ္တယ္။ ႏုိင္ငံ မတုိးတက္လုိ႕ အုပ္ခ်ဳပ္ေရး စနစ္ မေကာင္းလို႕ ဘာညာ ကၽြန္မ အဲ့ေလာက္ ဥာဏ္မမီပါ။ ႏုိင္ငံေရးလည္း နားမလည္ပါ။ ျပည့္တန္ဆာ တစ္ေယာက္ရဲ႕ ႏုိ္င္ငံေရးဟာ ေဖာက္သည္ အိတ္ထဲ ပိုက္ဆံ ဘယ္ေလာက္ရွိ၊ မရွိသာ ျဖစ္တယ္။
ႏုိုင္ငံေရး စနစ္ ေကာင္းလြန္း ပါတယ္ဆုိတဲ့ ဘယ္ႏုိင္ငံမွာ မဆို ျပည့္တန္ဆာ ဆိုတာရွိၾက ေသးတာပဲ။ ဒါေပမဲ့ တစ္ခုေတာ့ သိတယ္။ ကိုယ့္ က်န္းမာေရး ကိုယ္ ကာကြယ္ဖို႕ condom သုံးပါတဲ့။ condom အိတ္ထဲ ေတြ႕ရင္ ဖမ္းပါတယ္။ ကိုယ့္ ပစၥည္းနဲ႕ ကိုယ္ လုပ္စားတာ အခြန္က ဆက္ရ ပါေသးတယ္။ စီနီယာ ဇယားမၾကီး ေတြက ေျပာသလို ေျပာရရင္ “ကိုယ့္ပစၥည္း ကိုယ္ပိုင္တယ္ မွတ္တာ။ လတ္စသတ္ေတာ့ ႏုိင္ငံေတာ္က ပိုင္တာကိုး” တဲ့။ ငိုအားထက္ ရယ္အား မသန္ေပမဲ့ ငိုေနလို႕ မျပီးမယ့္ ဘဝေတြ အတြက္ ရယ္ပစ္ လိုက္တာက စိတ္ေပါ့ လိ္မ့္မယ္ေလ။ လိုရင္ ျခင္ေထာင္ထဲ၊ မလုိရင္ ေထာင္ထဲ။ “အသြင္ယူ” ဆုိတဲ့ ပုဂၢိဳလ္မ်ားရဲ႕ အႏၱရာယ္က ေၾကာက္ရေသး။ အတူမိတာ ခ်င္း အတူတူ အဲဒီ ေယာက်ာၤးက ေငြပစ္ ေပါက္လိုက္ရင္ Auto အသြင္ယူ သက္ေသၾကီး ျဖစ္သြား ရွာေလသတည္း။ ပုံျပင္ေလးကေတာ့ ဒါမ်ိဳး ေတြခ်ည္း ပါပဲကြယ္။
ဥပေဒ နာမည္ကိုက ျပည့္တန္ဆာ ႏွိပ္ကြပ္ေရး ဥပေဒတဲ့။ နိမ့္က် စုတ္ျပတ္ ေနေသာ အဲ့ဒီ ဘဝေတြကို ကယ္တင္ဖို႕ အစီအစဥ္ တစ္စိုး တစ္စိမွ မေတြ႕။ ကၽြန္မတို႕က ႏွိပ္ကြပ္စရာ သက္သက္ မ်ားလား။ လူျဖစ္ရျခင္း ကိုက ဝဋ္ေၾကြး တစ္ခုပါပဲ။
“ကိုၾကီးက အတည္ယူ မွာပါကြာ” ဟုတ္ကဲ့။ ယုံပါတယ္။ ပထမ တစ္ေခါက္တုန္း ကလည္း မယားၾကီးကို ကေလး တစ္ေယာက္နဲ႕ ကြာထားျပီး လက္ရွိ ဒုတိယ မယားကို ယူထားခဲ့ ဖူးတဲ့ ကိုၾကီး ပဲေလ။ ျခံခုန္ေနက် ႏြားဟာ လက္ရွိ ျမက္ႏုခ်ိန္ ေက်ာ္ရင္ ေနာက္ထပ္ ျမက္ႏု ရွာဖို႕ ထပ္ခုန္ဖို႕ ဝန္မေလး။ သိျပီးသား….. သိျပီးသား။ ခစ္ခစ္……
ပစၥလကၡတ္ ကေလး နွစ္ေယာက္ အေမ၊ အသက္ ၄၀ နားနီး မိန္းမ ထက္ ေရာင္းစားဖုိ႕ ခႏၶာေစ်းေကာင္း ရဖို႕ အျမဲ သေနရတဲ့ ကၽြန္မကို ဒီႏြားၾကီး ပို႕မႊန္တာ ဘာဆန္း ပါသလဲ။ “ခ်စ္တယ္ ကေလးရယ္” တဲ့။ အင္းေလး ဒီ အသက္အရြယ္ ရြတုန္း ထတုန္းၾကီး အတြက္ေတာ့ ကေလးေပါ့။ သြားစမ္းပါ။ ေခြးေခ်းကို ေခ်ာကလက္ အုပ္ေကၽြးလည္း ေခြးေခ်းက ေခြးေခ်းပဲ။ တဏွာ တဏွာေပါ့။ ဘာ အခ်စ္လဲ။ ထုံးစံအတုိင္း ဒါ ႏႈတ္ခမ္းဖ်ားက ထြက္မလာသည့္ စကားသံ ေတြသာ ျဖစ္တယ္။ “ကိုၾကီး ကလည္း…..” ခုိးခိုး ခစ္ခစ္ ရယ္သံေတြ ထဲမွာ နာၾကည္းစြာ ညည္းတြား သံေတြ ဘယ္ေလာက္ ရာခုိင္ႏႈန္း ပါဝင္ေနလဲ ဆိုတာ တဏွာ ငယ္ထိပ္ တက္ေစာင္ ့ေနတဲ့ အဲ့ ေယာက်ာၤးၾကီးက ဘာသိမွာ မို႕လဲေလ
ကိုင္း ႀကီးၾကီးမွာ နားလိုက္ေတာ့ ေကာင္မေရ။ က်ဳပ္တို႕က အဲ့လိုလူ ေမွ်ာ္ေနတာ။ တစ္ေကာင္မွ ေပၚမလာဘူး။ တစ္ခါစား ေတြပဲ တုိးတိုး ေနတယ္။ ညည္း ကံေကာင္း တာပဲ။ ဘဝတူ ေကာင္မေတြ ရဲ႕ စကားဟာ နားထဲ ေဝး တစ္လွည့္ နီး တစ္လွည့္။ သိပ္ေတာ့လည္းရင္ခုန္စရာ မရွိ။ တစ္ခါစား တစ္ခါ ရွင္းဆိုင္မွ လေပးဆိုင္ ေျပာင္းဖြင့္ ရတဲ့ သေဘာ ေလာက္သာ။ အသက္ရွင္ ေနလား ေသေနလား ကိုယ့္ကိုယ္ကိုယ္ ေသြးစမ္း မရတဲ့ ဘဝထဲ ကံေကာင္းတယ္ ဆိုတာ ဘာမ်ားပါလဲ။
“ရိုစီနဲ႕ ေတြ႕ခ်င္လုိ႕” ကားေပၚက ဆင္းလာျပီး ခပ္ကုပ္ကုပ္ ျပည့္တန္ဆာ အေဆာင္ထဲ ဝင္လာတဲ့ အန္တီ တစ္ေယာက္ရဲ႕ မာရွရွ အသံေနာက္က အဖ်ားခတ္ တုန္ခါမႈကို ဖ်က္ခနဲ ျမင္လိုက္ရသည္။ အိမ္ရွင္ တစ္ျဖစ္လဲ စီနီယာ ဘြားေတာ္ၾကီးက မထီတရီ ေလသံနဲ႕ ရုိစီေတြက အမ်ားၾကီးပဲ။ ဒီက မိန္းမတိုင္းက ရိုစီ ျဖစ္လိုက္၊ ဘရဏီ ျဖစ္လိုက္၊ ေအးဘုံ ျဖစ္လိုက္၊ ဘုမ ျဖစ္လိုက္ပဲ။
သူ႕ေနာက္က လူက ဧည့္ခန္းမွာ ေျခခ်ိတ္ ထိုင္ေနေသာ ကၽြန္မဆီ လက္ညွိဳး ထုိးျပသည္။ ေၾသာ္…. ဘယ္သူလဲလို႕။ ဟိုလူ ငႏြားၾကီးအတြက္ အစာေတာ္ ဆက္ေနက် ပုဂၢိဳလ္ပဲ။ ဟို္ မိန္းမ မ်က္လုံးက ကၽြန္မဆီ က်လာသည္။ မိန္းမပ်က္မ၊ ……ာမ၊ လင္ခိုးမ စတဲ့ စြပ္စြဲခ်က္ ေပါင္းစုံနဲ႕ စက္ဆုပ္ ရြံရွာေနတဲ့ မ်က္လုံးေတြကို ေအးေအး ေဆးေဆး ၾကည့္ရင္း ေရွ႕က ထိုင္ခုံကို ထုိင္ေလဆိုတဲ့ သေဘာနဲ႕ ေမးဆတ္ျပ လုိက္သည္။ မိန္းမၾကီး ကလည္း ေခသူ မဟုတ္။ ကိုယ္ေတြနဲ႕ ၾကမ္းတစ္ေျပး တည္း ထုိင္ရမွာ စက္ဆုပ္ သည့္အလား မတ္တပ္ ကေန ေတာ္ကီေတြ လႊတ္ေတာ့သည္။ အရိုင္းအစိုင္း အယုတၱ အနတၱ ေပါင္းစုံ ညွပ္ထားေသာ ေဒါသသံ က်ယ္က်ယ္ရဲ႕ လိုရင္းကေတာ့ သူ႕လင္ကို မျမွဴဆြယ္နဲ႕ ဆုိတဲ့ သာမန္ ဒိုင္ယာေလာ့သာ ျဖစ္သည္။
ကၽြန္မကေတာ့ ကိုရီးယား ကားပင္ အၾကည့္ မပ်က္….. ေနာက္ဆုံး အမွာပါး လိုက္တဲ့ စကားကေတာ့ “ကိုယ့္လင္ ကုိယ္ နုိ္င္ေအာင္ ထိန္း” ထုံးစံ အတုိင္း မယားငယ္ ေတြ မိန္းမပ်က္ေတြ ေျပာေနက် စကားသာ။ ဟုတ္သည္ေလ…. ကၽြန္မက မိန္းမပ်က္ ကိုး။
Shopping center တစ္ေနရာ။
ကိုၾကီး ေပးေခၽြ ထားသည့္ ေငြစ ေၾကးစမ်ား အေတာ္ရႊင္သည့္ ကာလမို႕သာ ဒီလုိ ေနရာမ်ိဳးေတြ လာႏုိ္င္တာ။ နယ္က အေမ့အတြက္ သူ႕သမီး အထည္ခ်ဳပ္ ၀န္ထမ္း မေလး ထည့္ေပးမည့္ လစာႏွင့္ အစား အေသာက္က ဒီတစ္လေတာ့ အေတာ္ ခမ္းနားေနမွာ ေသခ်ာ တယ္။ ဒီလုိ ေငြ မသုံးဖူး။ မဝယ္ဖူး။ မစားဖူး။ ပိုက္ဆံရွိတဲ့ ဘဝဟာ ေနေပ်ာ္စရာ ပါလား။ အဲ့ဒီ အခိုက္အတန္႕မွာ ဟိုႏြားၾကီးဆီ ေျပးျပီး ေခါင္းညိတ္ခ်င္ စိတ္ေတာင္ ေပါက္လာတာ မရွက္တမ္း ဝန္ခံ ရေတာ့မည္။ ေငြတန္ခိုး မေသး ပါလား။
အထုပ္ဆြဲျပီး ျပန္အထြက္မွာ ေသာက အခိုး ရိုက္ေနေသာ ေဆာက္တည္ရာမရ မ်က္ဝန္းေတြနဲ႕ ကေလး ႏွစ္ေယာက္ကို ဘယ္ တစ္ဖက္ ညာ တစ္ဖက္ဆြဲျပီး စိတ္ေျပလို ေျပာျငား ေစ်းဝယ္ရင္း စိ္တ္ထြက္ေပါက္ ရွာေနပုံရသည့္ မိန္းမ တစ္ဦး။ တိုင္ ေနာက္သို႕ ဆတ္ခနဲ ကြယ္မိသည္။ ထိပ္တုိ္က္ မေတြ႕လို။ အသက္ ၇ နွစ္အရြယ္ ကေလး မေလးႏွင့္ အသက္ ၅ နွစ္အရြယ္ ေကာင္ေလး တစ္ဦး။ ကေလးမေလးက ဟိုဟို သည္သည္ ၾကည့္ရင္း သူ႕ မ်က္ဝန္းေတြက ကၽြန္မဆီ ေရာက္လာသည္။ အဲ့ဒီ မ်က္ဝန္းေတြ ထဲမွာ လြန္ခဲ့တဲ့ နွစ္ႏွစ္ဆယ္ေလာက္က အေဖ ပစ္သြားတာ ကၽြန္မ ကိုယ္ကၽြန္မ ျပန္ျမင္ လိုက္ရသည္။ ဒီကေလး မေလးဟာ ေနာက္ႏွစ္နွစ္ဆယ္ အၾကာမွာ ဒုတိယ ကၽြန္မ ျဖစ္လာခဲ့မယ္ ဆိုရင္….. ဒီအသိမွာ တင္ ကၽြန္မ လက္ထဲ ပစၥည္း ထုပ္ေတြ လြတ္က် သြားရ ေတာ့သည္
“အတည္ယူ မွာပါ ကေလးရယ္”
“အင္း…… ေနာက္ေန႕ က်ရင္ ကိုၾကီး ကၽြန္မဆီ လာစရာ မလိုေတာ့ ပါဘူး။ ကၽြန္မက ကာမ ကို ေရာင္းတယ္။ ကိုၾကီးက ဝယ္တယ္။ ေရာင္းသူနဲ႕ ဝယ္သူ အၾကား အျခား ဘဝေတြ စေတး မပစ္ခ်င္ဘူး…..”
ကိုၾကီး က ခပ္မဲ့မဲ့ ရြဲ႕သည္။
“အေတာ္ကို ကိုယ္ခ်င္းစာ တရား ျပည့္ဝတဲ့….ာသည္ပဲ”
“အင္း…. ဟုတ္တယ္။ ကၽြန္မ …..ာသည္။ ကၽြန္မ ဘဝ လုိအပ္ခ်က္ေတြ အတြက္ ကၽြန္မပို္င္ ကာမကို တန္ရာ တန္ေၾကးနဲ႕ ကၽြန္မ ေရာင္းတယ္။ ကၽြန္မ မခိုးဘူး။ မဝွက္ဘူး။ မယုတ္မာဘူး။ ေနာက္ျပီး ကၽြန္မေၾကာင့္ အျပစ္မရွိတဲ့ ေနာက္ထပ္ ဘဝေတြ ကၽြန္မလို အျဖစ္မ်ိဳး အေရာက္ မခံႏုိ္င္ဘူး”
“ဟားဟား….. အေတာ္ လာတဲ့ မိန္းမပဲ။ မင္းလုိ အဲ့ မိန္းမကသာ ေတြးခဲ့ရင္ ပထမ မယားမွာ တင္ ငါျမဲ ေနေလာက္မွာ”
“အဲဒါ သူ႕ သမိုင္းေလ ဦးႏြားၾကီးရဲ႕။ တဏွာရာဂ မႊန္ေနတဲ့ ေယာက်ာၤး တစ္ေယာက္ရဲ႕ ဦးေႏွာက္ဟာ ဘာ အလုပ္မွ မလုပ္ဘူး။ ရွင့္ မိန္းမ ရွင့္ မယားၾကီး ဆီက ရွင့္ကို ျဖတ္လုလို႕ ဝဋ္လည္ ရမယ္ ဆိုရင္လည္း အျခား ျပည့္တန္ဆာ တစ္ေယာက္ အတြက္သာ လည္ပါေစေလ။ ကၽြန္မ အတြက္ ေနာက္ထပ္ သံသရာေၾကြး ေတြ ယူ မသြားခ်င္ ေတာ့ဘူး။ ဒီဘဝမွာပဲ ေက်ပါရေစ”
ကၽြန္မ စကားေတြကို ဒီပုဂၢိဳလ္ နားလည္ မလည္ေတာ့ ကၽြန္မ မသိ။ အေဖထား ခဲ့သည့္ ေနာက္ ျပိဳလဲ သြားေသာ ကၽြန္မတို႕ ငယ္ဘဝအိမ္ကေလး။ နပ္ မမွန္ေသာ ထမင္းလုတ္မ်ား။ ေရာဂါ ေဝဒနာ ဖိစီးမႈ၊ ရိုးသားမႈမ်ား ခ်ခင္း ေရာင္းလို္က္ ရသည့္ ေစ်းခင္း။ အိပ္ရာေပၚ လွဲ ေပးလိုက္ရုံႏွင့္ ပိုက္ဆံ အလကားရသည္ ဟူေသာ အေခ်ာင္လုိ စိတ္ျဖင့္ ကၽြန္မတို႕ ဒီ အလုပ္လုပ္ ေနၾကတာ မဟုတ္ဘူး။ ျပည့္တန္ဆာ တစ္ေယာက္ကို နားလည္ေပးဖို႕ ဆိုတာ ရွင့္တုိ႕ အတြက္ သိပ္ခက္မွာ။
ကၽြန္မ ရင္ခြင္တြင္ ေယာက်ာၤး တကာက ေငြစကၠဴ ခင္း၍ အိပ္စက္သြား ေစဦး…… ကၽြန္မ အတြက္ ခ်နင္း ခဲ့ေသာ ဘဝမ်ား တြင္ ကၽြန္မ ကိုယ္ ကၽၽြန္မမွ လြဲ၍ ဘယ္မိသားစု မ်က္ရည္မွ မပါဝင္။ ကၽြန္မ အေသြးအသား ေတြကို ေရာင္းခ်ရသည့္ ေငြသည္ ကၽြန္မ မိသားစု အသက္ဆက္ဖို႕ ေဆး တစ္ခြက္ ျဖစ္သည္။ ကၽြန္မ ေက်နပ္သည္။ ကၽြန္မ ေရာင္းသည္။ သူတို႕ ဝယ္သည္။ ျဖဴစင္ေသာ အသက္ေမြးဝမ္းေၾကာင္း မဟုတ္ေသာ္ျငား ကၽြန္မ ထမင္းလုတ္မ်ား ထဲတြင္ သူတစ္ပါး မ်က္ရည္ပူမ်ား စီးဝင္မေန။
ေနာက္ေၾကာင္းျပန္လွည့္ မရေသာ က်ဳံးသြင္းခံ ထားရသည့္ လမ္းက်ဥ္းေလး ထဲမွ ေခ်ာက္ထဲ ျပဳတ္က်သြားသည့္ တစ္ေန႕ ေရာက္ခဲ့ေစဦး….. လိင္ပိုင္း ဆိုင္ရာ ရင္းႏွီးစား သူမ်ား အတူတူခ်င္း တြင္ သူတစ္ပါး မ်က္ရည္ တံတားခင္းျပီး သူတစ္ပါး အိမ္ကို ျဖိဳခ်ျပီးမွ ကိုယ့္အိ္မ္ေဆာက္ တတ္ေသာ မိန္းမမ်ား ထက္ ကၽြန္မက ပိုျမင့္ျမတ္ေသာ “အထက္တန္းစား ျပည့္တန္ဆာ” အျဖစ္ ေသသည္ အထိ လိပ္ျပာသန္႕ သြားေတာ့မည္ ျဖစ္သည္။
*** ၿပီးပါၿပီ ***
ပန္ဆယ္လို
Master InnWa ္

မီးရောင် မှိန်ပျပျ အောက် ရမ္မက် အဆီ တဝင်းဝင်း မျက်နှာတွေ။ အသံဆိုးကြီး တွေနဲ့ အနုပညာ လို့တောင် မဆိုနိုင်တဲ့ တေးသံတွေ အော်ကြ ဟစ်ကြ။ ရမ္မက်နံ့ တထောင်းထောင်း အရက်နံ့နဲ့ ဘီယာနံ့တွေ ရောပြွှမ်း နေတဲ့ အခန်းထဲ အပြုံးတုတွေ သေသပ် လှပနေတဲ့ မျက်နှာထား ညုတုတုတွေ။ သေခါနီး အရွယ်ကြီးကို ပါးစပ် ကသာ “ကိုကြီး ကလည်း၊ ကိုကြီး ကလည်း” ချွဲနေရတာ၊ စိတ်ထဲ ကတော့ သေချင်း ဆိုးကြီးလို့ ကျိ်န်ဆဲ နေမိတယ်။ ကပ်စေး ကလည်း နည်းသေး။ သောက်စား ကလည်း ငတ်သေး ဆိုတဲ့ ဟာ စားကြီး။ အို…. အလုပ်သဘော ညခင်းတွေက ပူပြင်း လိုက်တာ။
တစ််ဆက်ရှင် အပြီး နားနေခန်းထဲ လှမ်းဝင်လိုက် မိတ်ကပ်နံ့ တွေနဲ့ အတူ သောကနံ့ တွေကိုပါ ရောရ လိုက်တယ်။ ဘဝတူ မိန်းကလေး တွေရဲ့ မရိုးတမ်းသော ညည်းတွားသံ။ အဖေက ဘာဖြစ်ပြန်ပြီ၊ အမေက ဆေးရုံမှာ၊ မောင်လေးက အချုပ်ထဲ ရောက်လို့၊ ညီမလေး ကျောင်းစရိတ်က ဘယ်လောက် လိုလို့။ နိစ္စဓူဝ တစ်ယောက် မဟုတ် တစ်ယောက်ဆီက ကြားနေ ရကျ စကားတွေ။ ငိုတဲ့ အချို့ငိုု၊ လောကကြီး ရော ကိုယ့််ကိုယ် ကိုယ်ပါ အယုတ္တ အနတ္တ ဆဲရေး နေသူက ဆဲရေး။ အမောတွေကို ဖြစ်တဲ့ နညး်နဲ့ ဖောက်ထုတ် နေရတဲ့ ဘဝတွေ လေ။ကိုယ့် ဧည့်သည် ဆိုတဲ့ အသံကြား ရင် ပေါင်ဒါ pad ကို တဖုံးဖုံး ရိုက်ရင်း သောက တွေကို ပစ်ချ လိုက်ရတယ်။ ချိုအီ နေအောင် ပြုံးထားသော မျက်နှာထားနှင့် အရှိုက် အဖို အမို့ အမောက်တွေက ကျွန်မတို့ အတွက် ရောင်းကုန်ပင်။
ဘာဖြစ် သေးလဲ။ မွေးရာပါ လယ်တစ်ကွက် ကို ထိုးအပ်ပြီး အသက်မွေးရတဲ့ လောကထဲ ဘယ် မိန်းမက ပျော်လွန်းလို့ ဝါသနာပါ လွန်းလို့လုပ်နေ ကြတယ် ထင်ရက်ကြလဲ။ ရွံ့ရှာသလို မျက်လုံးများကို မထီတရီ ပြန်ပြုံး ကြည့်နို်င်ဖို့ ကျင့်သားရ အောင်ပင် ကျွန်မတို့ လောကဓံက ထုထည်ကြီး လွန်းလှသည်။ ဒီမိန်းမ ကလေ ကေတီဗွီမ၊ အပျက်မ။ ဟုတ်လား…. အဲ့လို ပြောနေတဲ့ ပါးစပ် ပေါက်တွေက ကိုယ့် ဒုက္ခတွေ အတွက် တစ်ကျပ် လာပေးလား
ကျွန်မ နာမည်လား။ နှင်းဆီ။ ရိုစီ။ ဘရဏီ။ သော်တာ။ ကြည်ပြာ။ ကလျာ။ မီးရောင် မှိန်မှိန် အောက်မှာ အရာရာ ဖြစ်နို်င်စွမ်း ရှိသည်။ ဘဝကို ရင်းနှီးစား နေရတဲ့ ဘဝတွေမှာ နာမည် အစစ် လိုလို့လား။ ဧည့်သည်က သောက် တတ်လားလို့ လှမ်းမေး သည်။ ကိုယ့်သောကနဲ့ ကိုယ် မိန်းမူး နေတဲ့ မိန်းမ တစ်ယောက်ကို ဘယ် အရည်က မူးယစ်ခြင်း ဆီ ဆွဲခေါ် သွားနိုင်မှာ မို့လဲ။
အဟက် ဟက်….. အချစ်လား…. ရတယ်လေ။ တစ်ပုံးလား …. နှစ်ပုံးလား။ အော်ပစ် လိုက်ရမှာပဲ။ ရုပ်ရှင်ထဲ ကလို လူကသာ ကေတီဗွီမ။ မာန တစ်ခွဲသားနဲ့ မင်းသား အလာ မျှော်နေဖို့ အချိန်မရ။ လျှာဖျားလေး ကနေ ချစ်တယ်လို့ ပြောဖို့က ဘယ်လောက်များ ခက်လို့လဲ လေ။ “ဒီလောက ထဲ ဘာလို့ ရောက်လာ တာလဲ။” ပျော်လို့လို့ ဖြေပစ် လိုက်ရ မလား။ “မင်းရုပ် မင်းရည်လေး နဲ့ကွာ” တဲ့။ ကျွန်မ ရုပ် ကျွန်မရည်လေး နဲ့မို့ ဒီလောကထဲ ရောက်တာပေါ့။ ကျွန်မရုပ်က မျောက်အိုမ ရုပ်ဆို ရှင်တို့က သုံးကြမှာ မို့လား။ စိတ်ထဲက အော်ဟစ် ပြောဆိုသံ တွေက နှုတ်ခမ်းများ အရောက်မှာ ကျင့်သားရ ချိုအီစွာ ပြောနေကျ ဇာတ်လမ်းလေးတွေ အတိုင်း ပြော ဖြစ်သွားခဲ့တယ်။ ဒါ သိပ်မခက် ပါဘူးလေ။
ဇာတ်လမ်းထွင် ပြောသမျှ အထဲ ဖအေက နောက် မိန်းမနောက် ကောက်ကောက် ပါသွားလို့ ကလေး နှစ်ကောင် လက်ဆွဲ၊ နယ်စပ်ရွာဇာတိ ကို ပြန်နေတဲ့ ရောဂါသည် မအေရဲ့ အကြောင်း၊ ပညာ နိမ့်ပါးမှု၊ ထမ်းပိုး ထားရသော မိသားစု တာဝန်များ၊ ပညာမဲ့ ရုပ်ရည်ရှိ သမီးကြီး တစ်ယောက်ရဲ့ တာဝန် စိတ်၊ ပျက်စီးလွယ် ဒုစရိုက်မြို့ တစ်ခုရဲ့ ငွေရှာနည်း တွေထဲက သားကောင်။ ဒီ သမားရိုးကျ ဇာတ်လမ်းလေးကို ထည့်မပြောမိ အောင် အတော်ရှောင် ရတယ်။ မျက်ရည် အစစ်တွေ မကျခင်။ အတု ကြိုက်တဲ့ ယောကျာင်္းတွေရဲ့ ကရုဏာ ကြေး အတွက် ဖြစ်ရပ်မှန်တွေ ခင်းပြရန် မလိုပါ။
ချွေးနံ၊ ရမ္မက်နံ၊ အရက်နံ့၊ အနံ့ပေါင်းစုံ ရောပြွမ်းနေတဲ့ ယောကျာင်္း တကာရဲ့ ရင်ခွင်ဟာ ကျွန်မတို့ရဲ့ နတ်ဘုံ နတ်နန်းလို့ များ တွေးထင်နေကြ ပါသလား။ ကျွန်မတို့ သိပ်ပျော် နေတယ်များ မြင်ကြပါ သလား။ကျွန်မတို့ကို ဒီဘဝထဲ တွန်းချလိုက်တဲ့ လက်ပေါင်းစုံရဲ့ အခန်း ကဏ္ဍဟာ လူတွေ မြင်ကွင်း ကနေ ပျောက်နေ တတ်ကြသည်။ ‘အို…. ကျုပ်တို့ ကတော့ လျှာပေါ် မြက်ပေါက် ပါစေ။ ဒါမျိုး ရင်းမစားဘူး။ ဟုတ်ကဲ့…. လေးစား ပါတယ်။ ကျွန်မတို့က ထမင်းစား ရရုံ ထမင်း တစ်လုပ် အတွက် ရောင်းစား နေတယ်များ မှတ်ပါ သလား။ သူများကို အပြစ်ဆို လိုခြင်းထက် ကိုယ့်ကိုကိုယ် အမွှန်းတင်လို စိတ်တွေ လျှံပျံနေတဲ့ စကားတွေ အတွက် ဒဏ်ရာရ ကျားနာမ လို အစွယ်တွေ ဖြဲ ပြုံးပြ လိုက်ရ မည်လား
ဥပမာ…. ကျွန်မတို့ရဲ့ ကာမ သည် လျှို့ဝှက်ချက် တစ်ခု ဖြစ်သည် ဆိုပါစို့။ ကျွန်မတို့ရဲ့ လျို့ဝှက်ချက်ကို အရယူဖို့ ကျွန်မတို့ကို အစာ အငတ်ထား၊ ခြေတွေ လက်တွေ တစ်ဆစ် ချင်းဖြတ်၊ ကျွန်မတို့ ခံနို်င်ရည်ရှိစွာ အံတုနိုင်ကောင်း တုနို်င်လိမ့်မည်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ မိသားစု ၊ ကျွန်မ ညီမလေး၊ ကျွန်မ မောင်လေးကို အစာငတ်ထား ခြေတွေ လက်တွေ တစ်ဆစ်ချင်း ဖြတ်ပြရင်တော့ အံတု နို်င်စွမ်း ရှိပါဦးမည်လား။ ထားပါ….။ ကိုယ့်အပြစ် (လူတွေ သတ်မှတ်လိုက်တဲ့ အပြစ်)ကို လျှောက်လဲချက် ပေးနေတာ မဟုတ်။ လောကမှာ မသေဘဲကျနေတဲ့ ငရဲတွေ နေရာအနှံမှာ ရှိတတ်ကြောင်း သိစေချင်ရုံပါ။
အလုပ် အကိုင် ရှားပါးမှု၊ ဆင်းရဲ မွဲတေမှု၊ အကျင့် စာရိတ္တ ပျက်သုဉ်းမှု၊ ကြီးနိုင် ငယ်ညှင်း ငွေများ ငွေနိုင် ခေတ်ကြီးထဲ ကျွန်မတို့က သူများကို လှီးဖြတ်ဖို့ ကိုယ့် ဘဝကို ပါးနို်င်သမျှ ပါးပစ်ထား ရသည့် လူ့ ဘလိ်တ်ဓား တွေသာ ဖြစ်တယ်။ နိုင်ငံ မတိုးတက်လို့ အုပ်ချုပ်ရေး စနစ် မကောင်းလို့ ဘာညာ ကျွန်မ အဲ့လောက် ဉာဏ်မမီပါ။ နိုင်ငံရေးလည်း နားမလည်ပါ။ ပြည့်တန်ဆာ တစ်ယောက်ရဲ့ နို်င်ငံရေးဟာ ဖောက်သည် အိတ်ထဲ ပိုက်ဆံ ဘယ်လောက်ရှိ၊ မရှိသာ ဖြစ်တယ်။
နိုုင်ငံရေး စနစ် ကောင်းလွန်း ပါတယ်ဆိုတဲ့ ဘယ်နိုင်ငံမှာ မဆို ပြည့်တန်ဆာ ဆိုတာရှိကြ သေးတာပဲ။ ဒါပေမဲ့ တစ်ခုတော့ သိတယ်။ ကိုယ့် ကျန်းမာရေး ကိုယ် ကာကွယ်ဖို့ condom သုံးပါတဲ့။ condom အိတ်ထဲ တွေ့ရင် ဖမ်းပါတယ်။ ကိုယ့် ပစ္စည်းနဲ့ ကိုယ် လုပ်စားတာ အခွန်က ဆက်ရ ပါသေးတယ်။ စီနီယာ ဇယားမကြီး တွေက ပြောသလို ပြောရရင် “ကိုယ့်ပစ္စည်း ကိုယ်ပိုင်တယ် မှတ်တာ။ လတ်စသတ်တော့ နိုင်ငံတော်က ပိုင်တာကိုး” တဲ့။ ငိုအားထက် ရယ်အား မသန်ပေမဲ့ ငိုနေလို့ မပြီးမယ့် ဘဝတွေ အတွက် ရယ်ပစ် လိုက်တာက စိတ်ပေါ့ လိ်မ့်မယ်လေ။ လိုရင် ခြင်ထောင်ထဲ၊ မလိုရင် ထောင်ထဲ။ “အသွင်ယူ” ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ အန္တရာယ်က ကြောက်ရသေး။ အတူမိတာ ချင်း အတူတူ အဲဒီ ယောကျာင်္းက ငွေပစ် ပေါက်လိုက်ရင် Auto အသွင်ယူ သက်သေကြီး ဖြစ်သွား ရှာလေသတည်း။ ပုံပြင်လေးကတော့ ဒါမျိုး တွေချည်း ပါပဲကွယ်။
ဥပဒေ နာမည်ကိုက ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေတဲ့။ နိမ့်ကျ စုတ်ပြတ် နေသော အဲ့ဒီ ဘဝတွေကို ကယ်တင်ဖို့ အစီအစဉ် တစ်စိုး တစ်စိမှ မတွေ့။ ကျွန်မတို့က နှိပ်ကွပ်စရာ သက်သက် များလား။ လူဖြစ်ရခြင်း ကိုက ဝဋ်ကြွေး တစ်ခုပါပဲ။
“ကိုကြီးက အတည်ယူ မှာပါကွာ” ဟုတ်ကဲ့။ ယုံပါတယ်။ ပထမ တစ်ခေါက်တုန်း ကလည်း မယားကြီးကို ကလေး တစ်ယောက်နဲ့ ကွာထားပြီး လက်ရှိ ဒုတိယ မယားကို ယူထားခဲ့ ဖူးတဲ့ ကိုကြီး ပဲလေ။ ခြံခုန်နေကျ နွားဟာ လက်ရှိ မြက်နုချိန် ကျော်ရင် နောက်ထပ် မြက်နု ရှာဖို့ ထပ်ခုန်ဖို့ ဝန်မလေး။ သိပြီးသား….. သိပြီးသား။ ခစ်ခစ်……
ပစ္စလက္ခတ် ကလေး နှစ်ယောက် အမေ၊ အသက် ၄၀ နားနီး မိန်းမ ထက် ရောင်းစားဖို့ ခန္ဓာစျေးကောင်း ရဖို့ အမြဲ သနေရတဲ့ ကျွန်မကို ဒီနွားကြီး ပို့မွှန်တာ ဘာဆန်း ပါသလဲ။ “ချစ်တယ် ကလေးရယ်” တဲ့။ အင်းလေး ဒီ အသက်အရွယ် ရွတုန်း ထတုန်းကြီး အတွက်တော့ ကလေးပေါ့။ သွားစမ်းပါ။ ခွေးချေးကို ချောကလက် အုပ်ကျွေးလည်း ခွေးချေးက ခွေးချေးပဲ။ တဏှာ တဏှာပေါ့။ ဘာ အချစ်လဲ။ ထုံးစံအတိုင်း ဒါ နှုတ်ခမ်းဖျားက ထွက်မလာသည့် စကားသံ တွေသာ ဖြစ်တယ်။ “ကိုကြီး ကလည်း…..” ခိုးခိုး ခစ်ခစ် ရယ်သံတွေ ထဲမှာ နာကြည်းစွာ ညည်းတွား သံတွေ ဘယ်လောက် ရာခိုင်နှုန်း ပါဝင်နေလဲ ဆိုတာ တဏှာ ငယ်ထိပ် တက်စောင် ့နေတဲ့ အဲ့ ယောကျာင်္းကြီးက ဘာသိမှာ မို့လဲလေ
ကိုင်း ကြီးကြီးမှာ နားလိုက်တော့ ကောင်မရေ။ ကျုပ်တို့က အဲ့လိုလူ မျှော်နေတာ။ တစ်ကောင်မှ ပေါ်မလာဘူး။ တစ်ခါစား တွေပဲ တိုးတိုး နေတယ်။ ညည်း ကံကောင်း တာပဲ။ ဘဝတူ ကောင်မတွေ ရဲ့ စကားဟာ နားထဲ ဝေး တစ်လှည့် နီး တစ်လှည့်။ သိပ်တော့လည်းရင်ခုန်စရာ မရှိ။ တစ်ခါစား တစ်ခါ ရှင်းဆိုင်မှ လပေးဆိုင် ပြောင်းဖွင့် ရတဲ့ သဘော လောက်သာ။ အသက်ရှင် နေလား သေနေလား ကိုယ့်ကိုယ်ကိုယ် သွေးစမ်း မရတဲ့ ဘဝထဲ ကံကောင်းတယ် ဆိုတာ ဘာများပါလဲ။
“ရိုစီနဲ့ တွေ့ချင်လို့” ကားပေါ်က ဆင်းလာပြီး ခပ်ကုပ်ကုပ် ပြည့်တန်ဆာ အဆောင်ထဲ ဝင်လာတဲ့ အန်တီ တစ်ယောက်ရဲ့ မာရှရှ အသံနောက်က အဖျားခတ် တုန်ခါမှုကို ဖျက်ခနဲ မြင်လိုက်ရသည်။ အိမ်ရှင် တစ်ဖြစ်လဲ စီနီယာ ဘွားတော်ကြီးက မထီတရီ လေသံနဲ့ ရိုစီတွေက အများကြီးပဲ။ ဒီက မိန်းမတိုင်းက ရိုစီ ဖြစ်လိုက်၊ ဘရဏီ ဖြစ်လိုက်၊ အေးဘုံ ဖြစ်လိုက်၊ ဘုမ ဖြစ်လိုက်ပဲ။
သူ့နောက်က လူက ဧည့်ခန်းမှာ ခြေချိတ် ထိုင်နေသော ကျွန်မဆီ လက်ညှိုး ထိုးပြသည်။ သြော်…. ဘယ်သူလဲလို့။ ဟိုလူ ငနွားကြီးအတွက် အစာတော် ဆက်နေကျ ပုဂ္ဂိုလ်ပဲ။ ဟို် မိန်းမ မျက်လုံးက ကျွန်မဆီ ကျလာသည်။ မိန်းမပျက်မ၊ ……ာမ၊ လင်ခိုးမ စတဲ့ စွပ်စွဲချက် ပေါင်းစုံနဲ့ စက်ဆုပ် ရွံရှာနေတဲ့ မျက်လုံးတွေကို အေးအေး ဆေးဆေး ကြည့်ရင်း ရှေ့က ထိုင်ခုံကို ထိုင်လေဆိုတဲ့ သဘောနဲ့ မေးဆတ်ပြ လိုက်သည်။ မိန်းမကြီး ကလည်း ခေသူ မဟုတ်။ ကိုယ်တွေနဲ့ ကြမ်းတစ်ပြေး တည်း ထိုင်ရမှာ စက်ဆုပ် သည့်အလား မတ်တပ် ကနေ တော်ကီတွေ လွှတ်တော့သည်။ အရိုင်းအစိုင်း အယုတ္တ အနတ္တ ပေါင်းစုံ ညှပ်ထားသော ဒေါသသံ ကျယ်ကျယ်ရဲ့ လိုရင်းကတော့ သူ့လင်ကို မမြှူဆွယ်နဲ့ ဆိုတဲ့ သာမန် ဒိုင်ယာလော့သာ ဖြစ်သည်။
ကျွန်မကတော့ ကိုရီးယား ကားပင် အကြည့် မပျက်….. နောက်ဆုံး အမှာပါး လိုက်တဲ့ စကားကတော့ “ကိုယ့်လင် ကိုယ် နို်င်အောင် ထိန်း” ထုံးစံ အတိုင်း မယားငယ် တွေ မိန်းမပျက်တွေ ပြောနေကျ စကားသာ။ ဟုတ်သည်လေ…. ကျွန်မက မိန်းမပျက် ကိုး။
Shopping center တစ်နေရာ။
ကိုကြီး ပေးချွေ ထားသည့် ငွေစ ကြေးစများ အတော်ရွှင်သည့် ကာလမို့သာ ဒီလို နေရာမျိုးတွေ လာနို်င်တာ။ နယ်က အမေ့အတွက် သူ့သမီး အထည်ချုပ် ဝန်ထမ်း မလေး ထည့်ပေးမည့် လစာနှင့် အစား အသောက်က ဒီတစ်လတော့ အတော် ခမ်းနားနေမှာ သေချာ တယ်။ ဒီလို ငွေ မသုံးဖူး။ မဝယ်ဖူး။ မစားဖူး။ ပိုက်ဆံရှိတဲ့ ဘဝဟာ နေပျော်စရာ ပါလား။ အဲ့ဒီ အခိုက်အတန့်မှာ ဟိုနွားကြီးဆီ ပြေးပြီး ခေါင်းညိတ်ချင် စိတ်တောင် ပေါက်လာတာ မရှက်တမ်း ဝန်ခံ ရတော့မည်။ ငွေတန်ခိုး မသေး ပါလား။
အထုပ်ဆွဲပြီး ပြန်အထွက်မှာ သောက အခိုး ရိုက်နေသော ဆောက်တည်ရာမရ မျက်ဝန်းတွေနဲ့ ကလေး နှစ်ယောက်ကို ဘယ် တစ်ဖက် ညာ တစ်ဖက်ဆွဲပြီး စိတ်ပြေလို ပြောငြား စျေးဝယ်ရင်း စိ်တ်ထွက်ပေါက် ရှာနေပုံရသည့် မိန်းမ တစ်ဦး။ တိုင် နောက်သို့ ဆတ်ခနဲ ကွယ်မိသည်။ ထိပ်တို်က် မတွေ့လို။ အသက် ၇ နှစ်အရွယ် ကလေး မလေးနှင့် အသက် ၅ နှစ်အရွယ် ကောင်လေး တစ်ဦး။ ကလေးမလေးက ဟိုဟို သည်သည် ကြည့်ရင်း သူ့ မျက်ဝန်းတွေက ကျွန်မဆီ ရောက်လာသည်။ အဲ့ဒီ မျက်ဝန်းတွေ ထဲမှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က အဖေ ပစ်သွားတာ ကျွန်မ ကိုယ်ကျွန်မ ပြန်မြင် လိုက်ရသည်။ ဒီကလေး မလေးဟာ နောက်နှစ်နှစ်ဆယ် အကြာမှာ ဒုတိယ ကျွန်မ ဖြစ်လာခဲ့မယ် ဆိုရင်….. ဒီအသိမှာ တင် ကျွန်မ လက်ထဲ ပစ္စည်း ထုပ်တွေ လွတ်ကျ သွားရ တော့သည်
“အတည်ယူ မှာပါ ကလေးရယ်”
“အင်း…… နောက်နေ့ ကျရင် ကိုကြီး ကျွန်မဆီ လာစရာ မလိုတော့ ပါဘူး။ ကျွန်မက ကာမ ကို ရောင်းတယ်။ ကိုကြီးက ဝယ်တယ်။ ရောင်းသူနဲ့ ဝယ်သူ အကြား အခြား ဘဝတွေ စတေး မပစ်ချင်ဘူး…..”
ကိုကြီး က ခပ်မဲ့မဲ့ ရွဲ့သည်။
“အတော်ကို ကိုယ်ချင်းစာ တရား ပြည့်ဝတဲ့….ာသည်ပဲ”
“အင်း…. ဟုတ်တယ်။ ကျွန်မ …..ာသည်။ ကျွန်မ ဘဝ လိုအပ်ချက်တွေ အတွက် ကျွန်မပို်င် ကာမကို တန်ရာ တန်ကြေးနဲ့ ကျွန်မ ရောင်းတယ်။ ကျွန်မ မခိုးဘူး။ မဝှက်ဘူး။ မယုတ်မာဘူး။ နောက်ပြီး ကျွန်မကြောင့် အပြစ်မရှိတဲ့ နောက်ထပ် ဘဝတွေ ကျွန်မလို အဖြစ်မျိုး အရောက် မခံနို်င်ဘူး”
“ဟားဟား….. အတော် လာတဲ့ မိန်းမပဲ။ မင်းလို အဲ့ မိန်းမကသာ တွေးခဲ့ရင် ပထမ မယားမှာ တင် ငါမြဲ နေလောက်မှာ”
“အဲဒါ သူ့ သမိုင်းလေ ဦးနွားကြီးရဲ့။ တဏှာရာဂ မွှန်နေတဲ့ ယောကျာင်္း တစ်ယောက်ရဲ့ ဦးနှောက်ဟာ ဘာ အလုပ်မှ မလုပ်ဘူး။ ရှင့် မိန်းမ ရှင့် မယားကြီး ဆီက ရှင့်ကို ဖြတ်လုလို့ ဝဋ်လည် ရမယ် ဆိုရင်လည်း အခြား ပြည့်တန်ဆာ တစ်ယောက် အတွက်သာ လည်ပါစေလေ။ ကျွန်မ အတွက် နောက်ထပ် သံသရာကြွေး တွေ ယူ မသွားချင် တော့ဘူး။ ဒီဘဝမှာပဲ ကျေပါရစေ”
ကျွန်မ စကားတွေကို ဒီပုဂ္ဂိုလ် နားလည် မလည်တော့ ကျွန်မ မသိ။ အဖေထား ခဲ့သည့် နောက် ပြိုလဲ သွားသော ကျွန်မတို့ ငယ်ဘဝအိမ်ကလေး။ နပ် မမှန်သော ထမင်းလုတ်များ။ ရောဂါ ဝေဒနာ ဖိစီးမှု၊ ရိုးသားမှုများ ချခင်း ရောင်းလို်က် ရသည့် စျေးခင်း။ အိပ်ရာပေါ် လှဲ ပေးလိုက်ရုံနှင့် ပိုက်ဆံ အလကားရသည် ဟူသော အချောင်လို စိတ်ဖြင့် ကျွန်မတို့ ဒီ အလုပ်လုပ် နေကြတာ မဟုတ်ဘူး။ ပြည့်တန်ဆာ တစ်ယောက်ကို နားလည်ပေးဖို့ ဆိုတာ ရှင့်တို့ အတွက် သိပ်ခက်မှာ။
ကျွန်မ ရင်ခွင်တွင် ယောကျာင်္း တကာက ငွေစက္ကူ ခင်း၍ အိပ်စက်သွား စေဦး…… ကျွန်မ အတွက် ချနင်း ခဲ့သော ဘဝများ တွင် ကျွန်မ ကိုယ် ကျျွန်မမှ လွဲ၍ ဘယ်မိသားစု မျက်ရည်မှ မပါဝင်။ ကျွန်မ အသွေးအသား တွေကို ရောင်းချရသည့် ငွေသည် ကျွန်မ မိသားစု အသက်ဆက်ဖို့ ဆေး တစ်ခွက် ဖြစ်သည်။ ကျွန်မ ကျေနပ်သည်။ ကျွန်မ ရောင်းသည်။ သူတို့ ဝယ်သည်။ ဖြူစင်သော အသက်မွေးဝမ်းကြောင်း မဟုတ်သော်ငြား ကျွန်မ ထမင်းလုတ်များ ထဲတွင် သူတစ်ပါး မျက်ရည်ပူများ စီးဝင်မနေ။
နောက်ကြောင်းပြန်လှည့် မရသော ကျုံးသွင်းခံ ထားရသည့် လမ်းကျဉ်းလေး ထဲမှ ချောက်ထဲ ပြုတ်ကျသွားသည့် တစ်နေ့ ရောက်ခဲ့စေဦး….. လိင်ပိုင်း ဆိုင်ရာ ရင်းနှီးစား သူများ အတူတူချင်း တွင် သူတစ်ပါး မျက်ရည် တံတားခင်းပြီး သူတစ်ပါး အိမ်ကို ဖြိုချပြီးမှ ကိုယ့်အိ်မ်ဆောက် တတ်သော မိန်းမများ ထက် ကျွန်မက ပိုမြင့်မြတ်သော “အထက်တန်းစား ပြည့်တန်ဆာ” အဖြစ် သေသည် အထိ လိပ်ပြာသန့် သွားတော့မည် ဖြစ်သည်။
*** ပြီးပါပြီ ***
ပန်ဆယ်လို
Master InnWa 

Loading...