အျမန္လမ္းမႀကီးတြင္ ရဟန္းတပါး ကားတိုက္ခံရၿပီး ပ်ံလြန္ - Reader Myanmar

Latest Posts

အျမန္လမ္းမႀကီးတြင္ ရဟန္းတပါး ကားတိုက္ခံရၿပီး ပ်ံလြန္





ေတာင္ငူခ႐ိုင္ အုတ္တြင္းၿမိဳ႕နယ္ ေဗာဓိကုန္း အျမန္လမ္းရဲစခန္းအပိုင္ မုိင္တိုင္အမွတ္ ၁၄၄ မိုင္၂ ဖာလုံနဲ႔ ၃ ဖာလုံၾကားမွာ ခရီးသည္တင္ကားတစီးနဲ႔ တုိက္မိလို႔ သံဃာေတာ္တပါး ပ်ံလြန္ေတာ္မူသြားပါတယ္။

ရန္ကုန္ကေန ေနျပည္ေတာ္ဘက္ ယာဥ္ေမာင္း ဦးဝင္းေဇာ္ ေမာင္းႏွင္လာတဲ့ ေအာင္ရတနာခရီးသည္တင္ယာဥ္ဟာ လမ္းျဖတ္ကူးလာတဲ့ ေရႊေလာင္းေက်းရြာေန ဦးဇဝန သက္ေတာ္ (၃၀) ႏွစ္ကုိ တိုက္မိလုိ႔ အခင္းျဖစ္ေနရာမွာ ပ်ံလြန္ေတာ္မူသြားတာပါ။

“အဲဒီဦးဇင္းက ခဏေန ထြက္လိုက္၊ ေတာ္ၾကာျပန္ဝတ္လိုက္နဲ႔ ေနတာကေတာ့ ကိုရင္ဘဝထဲက ေနတာပဲ။ သူက တရားေပါက္ေနသလိုျဖစ္ေနတာ၊ ဓာတ္က်ရာေလွ်ာက္သြားေနတာ၊ ဒီနားဆိုလည္း ထိုင္ခ်င္ထိုင္လိုက္တာပဲ။ တစ္ပါးတည္းေနတာ၊ သၿဂႋဳင္းကုန္းထဲလည္း တစ္ပါးတည္းေနတာပဲ၊ တရားလိုက္ထိုင္ေနတာ။ ဦးဇင္းနဲ႔က သီတင္းသုံးေဖာ္ေတြပါ၊ အခုေလာေလာဆယ္ေတာ့ ေရႊေလာင္းေက်ာင္းမွာေနတယ္။ ရြာအျပင္ကြင္းထဲမွာ တဲေလးေဆာက္ၿပီး တရားသြားက်င့္ေနတာလို႔ ေရႊေလာင္းေက်ာင္းမွ ဦးဇင္း ဦးပညာဝံသက မိန္႔ၾကားပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေဗာဓိကုန္းအျမန္းလမ္းရဲစခန္းက  ရာဇသတ္ႀကီး ပုဒ္မ ၃၀၄ ကနဲ႔ အမႈဖြင့္ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

သားႀကီး(ေတာင္ငူ)
http://burmese.dvb.no/archives/200212
car sd2

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဗောဓိကုန်း အမြန်လမ်းရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၄၄ မိုင်၂ ဖာလုံနဲ့ ၃ ဖာလုံကြားမှာ ခရီးသည်တင်ကားတစီးနဲ့ တိုက်မိလို့ သံဃာတော်တပါး ပျံလွန်တော်မူသွားပါတယ်။

ရန်ကုန်ကနေ နေပြည်တော်ဘက် ယာဉ်မောင်း ဦးဝင်းဇော် မောင်းနှင်လာတဲ့ အောင်ရတနာခရီးသည်တင်ယာဉ်ဟာ လမ်းဖြတ်ကူးလာတဲ့ ရွှေလောင်းကျေးရွာနေ ဦးဇဝန သက်တော် (၃၀) နှစ်ကို တိုက်မိလို့ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားတာပါ။

“အဲဒီဦးဇင်းက ခဏနေ ထွက်လိုက်၊ တော်ကြာပြန်ဝတ်လိုက်နဲ့ နေတာကတော့ ကိုရင်ဘဝထဲက နေတာပဲ။ သူက တရားပေါက်နေသလိုဖြစ်နေတာ၊ ဓာတ်ကျရာလျှောက်သွားနေတာ၊ ဒီနားဆိုလည်း ထိုင်ချင်ထိုင်လိုက်တာပဲ။ တစ်ပါးတည်းနေတာ၊ သင်္ဂြိုင်းကုန်းထဲလည်း တစ်ပါးတည်းနေတာပဲ၊ တရားလိုက်ထိုင်နေတာ။ ဦးဇင်းနဲ့က သီတင်းသုံးဖော်တွေပါ၊ အခုလောလောဆယ်တော့ ရွှေလောင်းကျောင်းမှာနေတယ်။ ရွာအပြင်ကွင်းထဲမှာ တဲလေးဆောက်ပြီး တရားသွားကျင့်နေတာလို့ ရွှေလောင်းကျောင်းမှ ဦးဇင်း ဦးပညာဝံသက မိန့်ကြားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗောဓိကုန်းအမြန်းလမ်းရဲစခန်းက  ရာဇသတ်ကြီး ပုဒ်မ ၃၀၄ ကနဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သားကြီး(တောင်ငူ)
Loading...