ပြုတ်ကျနေသာ ဓါတ်ကြိုးကိုကိုင်မိရာမှ ကျောင်းဆရာမနှင့် ၄င်း၏ မိခင်တို့ သေဆုံး - Reader Myanmar

Latest Posts

ပြုတ်ကျနေသာ ဓါတ်ကြိုးကိုကိုင်မိရာမှ ကျောင်းဆရာမနှင့် ၄င်း၏ မိခင်တို့ သေဆုံး




ဧရာဝတိုင်းဒေသကြီး ၊လပွတ္တာမြို့တွင် ယနေ့ ( ဧပြီလ ၁၆ ရက်) နေ့လယ် ပိုင်းက မြေပြင်ပေါ် ပြုတ်ကျနေသာ ဓါတ် ကြိုးကိုကိုင်မိရာမှ ကျောင်းဆရာမနှင့်၎င်း၏မိခင်တို့တို့သေဆုံးခဲ့သည့် အမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လပွတ္တာမြို့ရှိ AHN သတင်းထောက်ကယနေ့ ညနေပိုင်းတွင်သတင်းပေးပို့သည်။
“ ဒီနေ့ (ဧပြီ ၁၆) မနက် ပိုင်းကတည်းကစပြီး လပွတ္တာမှာလေပြင်းတွေတိုက်တယ်။ နေ့လယ် ၁၂း ၃၀လောက်မှာ လေပြင်းတိုက်လို့ လပွတ္တာမြို့၊ အမှတ် ( ၉ )ရပ်ကွက်၊ သီတာလမ်းထဲ ကနေအိမ်တစ်လုံးရှေ့ကို ဓါတ်ကြိုး တွေပြုတ် ကျတယ်။ ဓါတ်ကြိုးနဲ့အတူ သွယ်တန်းထားတဲ့ သံကြိုးလည်းပြုတ်ကျတယ်။
ပြုတ်ကျတဲ့ ဓါတ်ကြိုးနဲ့ ၀ါယာကြိုးက အိမ်ရှေ့မှာပိတ်နေလို့ ဖယ်ရှားဖို့ အိမ်ရှင်ဖြစ်တဲ့သူကထွက်လာပြီး ၊ သံကြိုးကို ကိုင် မိရာကနေ ဓါတ်လိုက်တယ်။ အဲဒီအိမ်ရှင်က အမျိုးသမီးပါ။ ကျောင်းဆရာမပါ။ အသက် ၃၃ နှစ်ပဲရှိသေးတယ်။သူက ပြင် စလူမြို့နယ်၊ ရေကျော်ဝ ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတာလို့သိရပါတယ်။
သင်္ကြန်ပိတ်လို့ အိမ်ပြန်လာတာ။ သူ ဓါတ်လိုက်တာကို မြင်တော့ ဘေးအိမ်မှာ ရောက်နေတဲ့ အသက် ၆၃ အရွယ် သူ့အေ မက ထွက်လာပြီး သူ့ကိုဆွဲတယ်။ အဲဒီမှာ သားအမိ နှစ်ယောက်စလုံး ဓါတ်လိုက်ခံရတာလို့ဖြစ်စဉ် ကိုမြင်တွေ့လိုက်ရတဲ့ သူတစ်ဦးကကျွန်တော့်ကိုပြောပါတယ်။
ဒါကို ပတ်ဝန်းကျင်က မြင်လို့ ကူညီကယ်ဆယ်ပြီး ၊ နှလုံးသား (အခမဲ့) လူမှုကူညီရေးယာဉ်နဲ့၊ လပွတ္တာမြို့နယ်၊ သုံး မိုင် မြို့သစ် ကုတင်၂၀၀ ဆေးရုံကိုပို့ပေးတယ်။ ဆေးရုံအရောက်မှာပဲ သားအမိ နှစ်ဦးစလုံးကွယ်လွန်သွားတယ်။ လပွတ္တာ ရဲ စခန်းကတော့ သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ကျွန်တော့်ကိုပြောပါတယ် “ ဟု AHN သတင်းထောက် ကပြောသည်။
ဖြစ်သလိုသွယ်တန်းထားသည့် ဓါတ်ကြိုးများကို သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးပေးစေလိုကြောင်း မအူပင်မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
“ ဓါတ်ကြိုးတွေက ဖြစ်သလို သွယ်တန်းထားတာဗျ။ အခုလိုလေကြမ်းတော့ ဓါတ်ကြိုးတွေပြုတ်ကျကုန်တာပေါ့။ ဆရာမေ လးတို့သားအမိ ကွယ်လွန်ရတာ တကယ့်ကို ကြေကွဲစရာကောင်းပါတယ်။ ဓါတ်လိုက်သူကိုဝင်ဆွဲရင်ဆွဲတဲ့သူပါ ဓါတ်လို က်ခံရတတ်တယ်ဆိုတာကို သတိပြုမိကြဖို့လိုတာပေါ့ဗျာ။ ဖြစ်သလိုသွယ်တန်းထားတဲ့ ဓါတ်ကြိုးတွေကိုလည်း သက်ဆိုင် ရာ တာဝန်ရှိသူတွေက စစ်ဆေးပေးပါလို့တောင်းဆိုချင်ပါတယ် ဗျာ… “ ဟု ၄င်းကပြောသည်။
စိုးစိုး( လပွတ္တာ)
The Asia Heart News
https://www.facebook.com/The-Asia-Heart-News
Loading...