အျပာ႐ုပ္ရွင္ေလာကထဲကို လွည့္ျဖားတြန္းပို႔ခံခဲ့ရတဲ့ နာမည္ႀကီးမင္းသမီး - Reader Myanmar

Latest Posts

အျပာ႐ုပ္ရွင္ေလာကထဲကို လွည့္ျဖားတြန္းပို႔ခံခဲ့ရတဲ့ နာမည္ႀကီးမင္းသမီး






ထြန္းလင္းေတာက္ပတဲ့ ေငြၾကယ္ပြင့္ေလး တစ္ပြင့္ျဖစ္ဖို႔ အႏုပညာေလာကထဲကို တိုးဝင္ၾကတဲ့ မိန္းကေလးတိုင္းဟာ ကံေကာင္းသူေတြ မျဖစ္ခဲ့ၾကပါဘူး။ ေရြးခ်ယ္တဲ့ လမ္းေၾကာင္းေတြ မွားယြင္းၿပီး ေထာင္ေခ်ာက္ထဲက်သြားခဲ့သူေတြက ဒုနဲ႔ေဒးပါ။ ပိုက္ဆံေတြ ေသာက္ေသာက္လဲ ရခ်င္ရနိုင္ေပမယ့္ ဘယ္သူကမွ တန္ဖိုးမထားခ်င္ေတာ့တဲ့ သူတို႔ဘဝေတြအတြက္ ဘဝတစ္ေလ်ာက္လုံး ေနာင္တေတြအျပည့္နဲ႔သာ ေနထိုင္သြားၾကရပါတယ္။
ဂ်ပန္နိုင္ငံရဲ့ အျပာ႐ုပ္ရွင္ေလာကဟာ သာမန္လူေတြရဲ့ ဘဝေတြကို အမ်ားႀကီး နစ္နာရိုက္ခတ္ေစခဲ့ပါတယ္။ ယခင္က အျပာ႐ုပ္ရွင္နဲ႔ ပက္သက္ၿပီး ခိုင္မာတိက်တဲ့ ျပဌါန္းဥပေဒေတြ မရွိခဲ့တာေၾကာင့္ လိမ္လည္လွည့္ဖ်ားခံရကာ အဆိုပါလုပ္ငန္းလမ္း​ေၾကာင္းထဲသို႔ မေယာင္မလည္ ေရာက္ရွိခဲ့တဲ့ မိန္းကေလးေတြအမ်ားႀကီး ရွိပါတယ္။
ဂ်ပန္အျပားကား မင္းသမီးတစ္ဦးျဖစ္သူ “ဆာကီ ကိုဇီ” ဟာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ျဖစ္ခ်င္ခဲ့တဲ့အတြက္ ေမာ္ဒယ္လမ္းေၾကာင္းေပၚမွာ ေလ်ာက္လွမ္းေနခဲ့ပါတယ္။ တစ္ေန႔ေတာ့ သ႐ုပ္ေဆာင္ေရြးခ်ယ္ပြဲတစ္ခုမွာ ဒါရိုက္တာတစ္ဦးနဲ႔ ဆုံခဲ့ၿပီး သ႐ုပ္ေဆာင္ေနရာတစ္ခုအတြက္ ကမ္းလွမ္းခံရၿပီး တိုက်ိဳၿမိဳ႕ေပၚက ေနရာတစ္ခုကို လာခဲ့ရန္ ခ်ိန္းဆိုလိုက္ပါတယ္။



“ကိုဇီ” က ေျပာထားတဲ့ လိပ္စာအတိုင္း အခ်ိန္အတိက် ေရာက္သြားခဲ့ပါတယ္၊ အဲဒီေနာက္ေတာ့ သူမေနနဲ႔ မယုံနိုင္စရာေကာင္းလွတဲ့ အ​ေျခေနတစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ကင္မရာေတြရဲ့ ေရွ႕ကို ေရာက္သြားတဲ့အခါ ဒါရိုက္တာလုပ္သူက သူမကို အဝတ္အစားေတြ အကုန္ခၽြတ္ခ်ခိုင္းပါတယ္၊ ပထမေတာ့ သူမက ေနာက္ေနတယ္လို႔ ထင္ခဲ့ေပမယ့္ က်န္တဲ့ စက္အဖြဲ႕သား အေယာက္ ၂၀ ကပါ အဝတ္အစားေတြ ခၽြတ္ခ်ရန္ ဝိုင္ဝန္းတိုက္တြန္းၾကပါေတာ့တယ္။ 
“ဘယ္မိန္းကေလးမွ ဒီအေျခေနကို လြန္ဆန္နိုင္မွာမဟုတ္ဘူး၊ အဲ့အခ်ိန္မွာ က်မထူပူၿပီး ဘာမွမသိေတာ့ပဲ သူတို႔ဝိုင္းေျပာၾကတဲ့အတိုင္း လုပ္လိုက္ရတယ္။ က်မက စာခ်ဳပ္မွာ လက္မွတ္ထိုးၿပီးသားျဖစ္ေနတယ္ ဒါေပမယ့္ စာခ်ဳပ္ထဲမွာ ေဖာ္ခၽြတ္ေတြလုပ္ရမယ္လို႔ စာလုံးေသးေသးေလးနဲ႔ ေရးထားတာကို က်မ သတိမထားမိခဲ့ဘူး” လို႔ ဆိုပါတယ္။

အသက္ ၃၀ ရွိၿပီျဖစ္တဲ့ “ဆာကီ ကိုဇီ” က အဲဒီေလာက ကေန ထြက္ခဲ့ၿပီး ဂ်ပန္လူမ်ိဳးေတြၾကားမွာ သတိရွိၾကဖို႔ ႏွိုးေဆာ္မွုေတြကို ျပဳလုပ္ေနသလို ဆယ္ေက်ာ္သက္အရြယ္ေတြအတြက္ လိင္ပိုင္းဆိုင္ရာ အသိပညာေပးတဲ့ လုပ္ငန္းေတြမွာလည္း တက္တက္ႂကြႂကြ ပါဝင္လုပ္ေဆာင္ေနပါတယ္။ အျပာ႐ုပ္ရွင္ေလာကရဲ့ အေမွာင္ထဲက အေၾကာင္းေတြကေတာ့ လူေတြၾကားထဲ ခ်ေျပာျပဖို႔ ခက္ပါတယ္လို႔လည္း ေျပာပါတယ္။
အဲဒီေလာကထဲက မ်ိဳးသမီးေတြဟာ လူမဆန္တဲ့ပုံစံေတြ၊ ကိုးရို႔ကားယားနိုင္တဲ့ အခန္းေတြကို တင္ဆက္ဖို႔ အတင္းအက်ပ္ေစခိုင္းခံေနရဆဲျဖစ္ၿပီ အဲ့လိုကိစၥေတြေၾကာင့္ သူတို႔ရဲ့ က်န္းမာေရးနဲ႔ လိင္ဆက္ဆံျခင္းေၾကာင့္ ကူးစက္နိုင္တဲ့ ေရာဂါေတြက ၿခိမ္းေျခာက္ေနပါတယ္။
အမည္မေဖာ္လိုသူ အျခား အျပာသ႐ုပ္ေဆာင္တစ္ဦးကလည္း သူမရဲ့ ေအဂ်င္စီက ကမၻာကအသိမွတ္ျပဳတဲ့ အဆိုေတာ္တစ္ဦးျဖစ္ေအာင္ လုပ္ေပးမယ္လို႔ ေျပာခဲ့တဲ့အတြက္ သူမက သေဘာတူလက္မွတ္ထိုးေပးခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါစာခ်ဳပ္ဟာ ေထာင္ေခ်ာက္ဆင္ထားတဲ့ စာခ်ဳပ္မွန္း ေနာက္က်မွ သိခဲ့ရပါတယ္လို႔ ေျပာပါတယ္။ 
ေအဂ်င္စီက သူမကို အၾကာႀကီးနားခ် စည္း႐ုံးၿပီးတဲ့ေနာက္မွာ သူမအတြက္ အျခားေရြးခ်ယ္စရာ မရွိခဲ့ပါဘူး။ သူမက ဒီလိုမ်ိဳးေတြ ရိုက္ကူးရတာ နာက်င္တဲ့ ေဝဒနာခံစားရလို႔ မလုပ္ခ်င္ေၾကာင္း ေျပာေပမယ့္ ထုတ္လုပ္သူေတြဘက္က နားမေထာင္ပဲ ဆက္လုပ္ဖို႔ ေစခိုင္းခဲ့ပါတယ္။ သူမဟာ “ကိုဇီ” လိုပဲ ျပစ္မွုက်ဴးလြန္သူေတြကို ျပန္လည္ ထိုးႏွက္ခဲ့တာေၾကာင့္ ဒါဇင္နဲ႔ခ်ီတဲ့ ဒါရိုက္တာေတြ ေအးဂ်င့္ေတြ ေထာင္က်ခဲ့ပါတယ္။
ေအးဂ်င့္ေတြဟာ ေဖာ္ခၽြတ္အလုပ္ေတြ လုပ္ဖို႔ နားခ်စည္း႐ုံးတဲ့ေနရာမွာ ပါးနပ္လြန္းလို႔ ျငင္းလို႔မရေအာင္ ေတာ္ပါတယ္။ သူတို႔က မသိနားမလည္ပဲႏွင့္ စာခ်ဳပ္ခ်ဳပ္မိခဲ့တဲ့ မိန္းကေလးေတြကို စာခ်ဳပ္စည္းကမ္း ေဖာက္ဖ်က္တယ္လို႔ အေၾကာင္းျပၿပီး အဆမတန္ေလ်ာ္ေၾကးေတာင္းၿပီး ၿခိမ္းေျခာက္တတ္ၾကပါတယ္။
သူမက အျပာကားေလာကရဲ့ စာခ်ဳပ္ေတြဟာ တိက်ျပတ္သားၿပီး ပြင့္လင္းျမင္သာမွုရွိေရး နဲ႔ အဖြဲ႕အစည္းတစ္ခုလုံး တစ္ညီတစ္ညြတ္ထဲ ျဖစ္ေရးကို စတင္လွုပ္ရွား ေဆာင္ရြက္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔လိုပဲ အဲဒီေလာကထဲသို႔ တြန္းပို႔ခံလိုက္ရတဲ့ နာမည္ႀကီးအျပာမင္းသမီးေတြကိုလည္း အရိပ္ဆိုးထဲက ထြက္ခဲ့ၾကဖို႔ တိုက္တြန္းပါတယ္။
ဂ်ပန္မွာ တစ္ႏွစ္ကို အျပာကား ၃၀,၀၀၀ ေက်ာ္ ႏွစ္စဥ္ထြက္ေနၿပီး ဆယ္ေက်ာ္သက္ မိန္းကေလးေတြကို ေဖာ္ခၽြတ္လုပ္ဖို႔ လွည့္ဖ်ားခံေနရပါတယ္။ အမ်ိဳးသမီးတစ္ဦးက သူမရဲ့ အတိတ္ဆိုးထဲက ႐ုန္းထြက္ဖို႔ အႀကိမ္ေပါင္းမ်ားစြာ မ်က္ႏွာခြဲစိတ္ျပဳျပင္မွုေတြ လုပ္တဲ့ အျဖစ္အပ်က္ ရွိခဲ့သလို အျခားအမ်ိဳးသမီး တစ္ဦးမွာလည္း ေရွ႕ေနငွါးရမ္းကာ ေစ်းကြက္ထဲကို ျဖန႔္ေနတဲ့ သူမရဲ့ အျပာကားေတြကို လိုက္ပိတ္ဖို႔ ႀကိဳးပမ္းေနဆဲမွာ ကိုယ့္ကိုယ္ကို ႀကိဳးဆြဲခ် သတ္ေသသြားခဲ့ပါတယ္။
ေနာက္တစ္ဦးကေတာ့ စာခ်ဳပ္ေဖာက္ဖ်က္မွုနဲ႔ တရား႐ုံးမွာ ေလ်ာ္ေၾကးေငြ ေဒၚလာ ၂၄၀,၀၀၀ ေပးဖို႔ စီရင္ခ်က္ ခ်ခံခဲ့ရပါတယ္။ အသက္အရြယ္ရလာတဲ့ အျပာမင္းသမီးေတြက ကမၻာအႏွံ့အျပားက သန္းနဲ႔ခ်ီတဲ့ ဆယ္ေက်ာ္သက္ မိန္းမငယ္ေလးေတြကို ေထာင္ေခ်ာက္မမိေစဖို႔ သူတို႔ရဲ့ အေတြ႕ၾကဳံ ခံစားခ်က္ေတြကို စတင္ၿပီး ရင္ဖြင့္လာေနၾကၿပီျဖစ္ပါတယ္။
popolay


Unicode
စက်အဖွဲ့သား အယောက် ၂၀ ကပါ အဝတ်အစားတွေ ချွတ်ချရန် ဝိုင်ဝန်းတိုက်တွန်းကြပါတော့တယ်။ 
 အပြာရုပ်ရှင်လောကထဲကို လှည့်ဖြားတွန်းပို့ခံခဲ့ရတဲ့ နာမည်ကြီးမင်းသမီး
ထွန်းလင်းတောက်ပတဲ့ ငွေကြယ်ပွင့်လေး တစ်ပွင့်ဖြစ်ဖို့ အနုပညာလောကထဲကို တိုးဝင်ကြတဲ့ မိန်းကလေးတိုင်းဟာ ကံကောင်းသူတွေ မဖြစ်ခဲ့ကြပါဘူး။ ရွေးချယ်တဲ့ လမ်းကြောင်းတွေ မှားယွင်းပြီး ထောင်ချောက်ထဲကျသွားခဲ့သူတွေက ဒုနဲ့ဒေးပါ။ ပိုက်ဆံတွေ သောက်သောက်လဲ ရချင်ရနိုင်ပေမယ့် ဘယ်သူကမှ တန်ဖိုးမထားချင်တော့တဲ့ သူတို့ဘဝတွေအတွက် ဘဝတစ်လျောက်လုံး နောင်တတွေအပြည့်နဲ့သာ နေထိုင်သွားကြရပါတယ်။
ဂျပန်နိုင်ငံရဲ့ အပြာရုပ်ရှင်လောကဟာ သာမန်လူတွေရဲ့ ဘဝတွေကို အများကြီး နစ်နာရိုက်ခတ်စေခဲ့ပါတယ်။ ယခင်က အပြာရုပ်ရှင်နဲ့ ပက်သက်ပြီး ခိုင်မာတိကျတဲ့ ပြဌါန်းဥပဒေတွေ မရှိခဲ့တာကြောင့် လိမ်လည်လှည့်ဖျားခံရကာ အဆိုပါလုပ်ငန်းလမ်း​ကြောင်းထဲသို့ မယောင်မလည် ရောက်ရှိခဲ့တဲ့ မိန်းကလေးတွေအများကြီး ရှိပါတယ်။
ဂျပန်အပြားကား မင်းသမီးတစ်ဦးဖြစ်သူ “ဆာကီ ကိုဇီ” ဟာ ရုပ်ရှင်သရုပ်ဆောင် ဖြစ်ချင်ခဲ့တဲ့အတွက် မော်ဒယ်လမ်းကြောင်းပေါ်မှာ လျောက်လှမ်းနေခဲ့ပါတယ်။ တစ်နေ့တော့ သရုပ်ဆောင်ရွေးချယ်ပွဲတစ်ခုမှာ ဒါရိုက်တာတစ်ဦးနဲ့ ဆုံခဲ့ပြီး သရုပ်ဆောင်နေရာတစ်ခုအတွက် ကမ်းလှမ်းခံရပြီး တိုကျိုမြို့ပေါ်က နေရာတစ်ခုကို လာခဲ့ရန် ချိန်းဆိုလိုက်ပါတယ်။

“ကိုဇီ” က ပြောထားတဲ့ လိပ်စာအတိုင်း အချိန်အတိကျ ရောက်သွားခဲ့ပါတယ်၊ အဲဒီနောက်တော့ သူမနေနဲ့ မယုံနိုင်စရာကောင်းလှတဲ့ အ​ခြေနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကင်မရာတွေရဲ့ ရှေ့ကို ရောက်သွားတဲ့အခါ ဒါရိုက်တာလုပ်သူက သူမကို အဝတ်အစားတွေ အကုန်ချွတ်ချခိုင်းပါတယ်၊ ပထမတော့ သူမက နောက်နေတယ်လို့ ထင်ခဲ့ပေမယ့် ကျန်တဲ့ စက်အဖွဲ့သား အယောက် ၂၀ ကပါ အဝတ်အစားတွေ ချွတ်ချရန် ဝိုင်ဝန်းတိုက်တွန်းကြပါတော့တယ်။ 
“ဘယ်မိန်းကလေးမှ ဒီအခြေနေကို လွန်ဆန်နိုင်မှာမဟုတ်ဘူး၊ အဲ့အချိန်မှာ ကျမထူပူပြီး ဘာမှမသိတော့ပဲ သူတို့ဝိုင်းပြောကြတဲ့အတိုင်း လုပ်လိုက်ရတယ်။ ကျမက စာချုပ်မှာ လက်မှတ်ထိုးပြီးသားဖြစ်နေတယ် ဒါပေမယ့် စာချုပ်ထဲမှာ ဖော်ချွတ်တွေလုပ်ရမယ်လို့ စာလုံးသေးသေးလေးနဲ့ ရေးထားတာကို ကျမ သတိမထားမိခဲ့ဘူး” လို့ ဆိုပါတယ်။

အသက် ၃၀ ရှိပြီဖြစ်တဲ့ “ဆာကီ ကိုဇီ” က အဲဒီလောက ကနေ ထွက်ခဲ့ပြီး ဂျပန်လူမျိုးတွေကြားမှာ သတိရှိကြဖို့ နှိုးဆော်မှုတွေကို ပြုလုပ်နေသလို ဆယ်ကျော်သက်အရွယ်တွေအတွက် လိင်ပိုင်းဆိုင်ရာ အသိပညာပေးတဲ့ လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေပါတယ်။ အပြာရုပ်ရှင်လောကရဲ့ အမှောင်ထဲက အကြောင်းတွေကတော့ လူတွေကြားထဲ ချပြောပြဖို့ ခက်ပါတယ်လို့လည်း ပြောပါတယ်။
အဲဒီလောကထဲက မျိုးသမီးတွေဟာ လူမဆန်တဲ့ပုံစံတွေ၊ ကိုးရို့ကားယားနိုင်တဲ့ အခန်းတွေကို တင်ဆက်ဖို့ အတင်းအကျပ်စေခိုင်းခံနေရဆဲဖြစ်ပြီ အဲ့လိုကိစ္စတွေကြောင့် သူတို့ရဲ့ ကျန်းမာရေးနဲ့ လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေက ခြိမ်းခြောက်နေပါတယ်။
အမည်မဖော်လိုသူ အခြား အပြာသရုပ်ဆောင်တစ်ဦးကလည်း သူမရဲ့ အေဂျင်စီက ကမ္ဘာကအသိမှတ်ပြုတဲ့ အဆိုတော်တစ်ဦးဖြစ်အောင် လုပ်ပေးမယ်လို့ ပြောခဲ့တဲ့အတွက် သူမက သဘောတူလက်မှတ်ထိုးပေးခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါစာချုပ်ဟာ ထောင်ချောက်ဆင်ထားတဲ့ စာချုပ်မှန်း နောက်ကျမှ သိခဲ့ရပါတယ်လို့ ပြောပါတယ်။ 
အေဂျင်စီက သူမကို အကြာကြီးနားချ စည်းရုံးပြီးတဲ့နောက်မှာ သူမအတွက် အခြားရွေးချယ်စရာ မရှိခဲ့ပါဘူး။ သူမက ဒီလိုမျိုးတွေ ရိုက်ကူးရတာ နာကျင်တဲ့ ဝေဒနာခံစားရလို့ မလုပ်ချင်ကြောင်း ပြောပေမယ့် ထုတ်လုပ်သူတွေဘက်က နားမထောင်ပဲ ဆက်လုပ်ဖို့ စေခိုင်းခဲ့ပါတယ်။ သူမဟာ “ကိုဇီ” လိုပဲ ပြစ်မှုကျူးလွန်သူတွေကို ပြန်လည် ထိုးနှက်ခဲ့တာကြောင့် ဒါဇင်နဲ့ချီတဲ့ ဒါရိုက်တာတွေ အေးဂျင့်တွေ ထောင်ကျခဲ့ပါတယ်။
အေးဂျင့်တွေဟာ ဖော်ချွတ်အလုပ်တွေ လုပ်ဖို့ နားချစည်းရုံးတဲ့နေရာမှာ ပါးနပ်လွန်းလို့ ငြင်းလို့မရအောင် တော်ပါတယ်။ သူတို့က မသိနားမလည်ပဲနှင့် စာချုပ်ချုပ်မိခဲ့တဲ့ မိန်းကလေးတွေကို စာချုပ်စည်းကမ်း ဖောက်ဖျက်တယ်လို့ အကြောင်းပြပြီး အဆမတန်လျော်ကြေးတောင်းပြီး ခြိမ်းခြောက်တတ်ကြပါတယ်။
သူမက အပြာကားလောကရဲ့ စာချုပ်တွေဟာ တိကျပြတ်သားပြီး ပွင့်လင်းမြင်သာမှုရှိရေး နဲ့ အဖွဲ့အစည်းတစ်ခုလုံး တစ်ညီတစ်ညွတ်ထဲ ဖြစ်ရေးကို စတင်လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် သူ့လိုပဲ အဲဒီလောကထဲသို့ တွန်းပို့ခံလိုက်ရတဲ့ နာမည်ကြီးအပြာမင်းသမီးတွေကိုလည်း အရိပ်ဆိုးထဲက ထွက်ခဲ့ကြဖို့ တိုက်တွန်းပါတယ်။

ဂျပန်မှာ တစ်နှစ်ကို အပြာကား ၃၀,ဝ၀ဝ ကျော် နှစ်စဉ်ထွက်နေပြီး ဆယ်ကျော်သက် မိန်းကလေးတွေကို ဖော်ချွတ်လုပ်ဖို့ လှည့်ဖျားခံနေရပါတယ်။ အမျိုးသမီးတစ်ဦးက သူမရဲ့ အတိတ်ဆိုးထဲက ရုန်းထွက်ဖို့ အကြိမ်ပေါင်းများစွာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်တဲ့ အဖြစ်အပျက် ရှိခဲ့သလို အခြားအမျိုးသမီး တစ်ဦးမှာလည်း ရှေ့နေငှါးရမ်းကာ ဈေးကွက်ထဲကို ဖြန့်နေတဲ့ သူမရဲ့ အပြာကားတွေကို လိုက်ပိတ်ဖို့ ကြိုးပမ်းနေဆဲမှာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေသွားခဲ့ပါတယ်။
နောက်တစ်ဦးကတော့ စာချုပ်ဖောက်ဖျက်မှုနဲ့ တရားရုံးမှာ လျော်ကြေးငွေ ဒေါ်လာ ၂၄၀,ဝ၀ဝ ပေးဖို့ စီရင်ချက် ချခံခဲ့ရပါတယ်။ အသက်အရွယ်ရလာတဲ့ အပြာမင်းသမီးတွေက ကမ္ဘာအနှံ့အပြားက သန်းနဲ့ချီတဲ့ ဆယ်ကျော်သက် မိန်းမငယ်လေးတွေကို ထောင်ချောက်မမိစေဖို့ သူတို့ရဲ့ အတွေ့ကြုံ ခံစားချက်တွေကို စတင်ပြီး ရင်ဖွင့်လာနေကြပြီဖြစ်ပါတယ်။

popolay



Loading...