ညစ်တဲ့စိတ်ကို ဖြေသိမ့်နည်း - Reader Myanmar

Latest Posts

ညစ်တဲ့စိတ်ကို ဖြေသိမ့်နည်း





လှပတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ဖို့၊ မိမိစိတ်ကို သန့်ရှင်းကြည်လင်နေစေဖို့ အရေးကြီးပါတယ်။ လူတစ်ယောက်ကို သင်ကြည့်တဲ့အခါ ၊အဲ့ဒီလူရဲ့ ကောင်းကွက်ကို စက္ကန့်ပိုင်းအတွင်းမှာ တွေ့အောင်ရှာပါ။
ဥပမာ သင်ကြည့်တဲ့သူရဲ့ အပြောအဆို၊ အပြုအမူတွေနဲ့၊ သူရဲ့အသုံးအဆောင် တစ်ခုခုပေါ့၊ အဲ့ဒါတွေကို အကောင်းမြင်စိတ်နဲ့ မြင်အောင်ကြည့်ပြီး၊ သူမပြုံးရင်တောင် သင်ကစပြီး ပြုံးပါ။
အဲ့လိုဆို သင့်စိတ်ထဲမှာ ကြည်လင်နေပါလိမ့်မယ်။မကောင်းတာကို ရှာပြီးကြည့်ဖို့က လွယ်ကူပါတယ်၊သို့သော် အဲ့ဒီစိတ်ကြောင့်၊ သင့်မှာရှိနေတဲ့ ကြည်လင်နေတဲ့ စိတ်တွေညစ်နွမ်းသွားရပါလိမ့်မယ်။
ဘယ်လို အခက်အခဲတွေနဲ့၊ စိတ်ညစ်စရာတွေ ရှိနေပါစေ ၊ ကြိုးစားပြုံးနိုင်အောင် မိမိစိတ်ကို သတိပေးပါ။အပြုံးနဲ့ မေတ္တာလက်နက်က လူတိုင်းရင်မှာရှိနိုင်တဲ့ အမုန်းနဲ့၊ အတ္တကို ချေဖျက်နိုင်ဖို့၊ အကောင်းဆုံး လက်နက်ဖြစ်နေလို့ပါပဲ။
လူတစ်ယောက် ကိုယ့်အပေါ်မကောင်းခဲ့ရင်တောင် မမုန်းလိုက်ပါနဲ့ ၊သူနဲ့ပတ်သက်ပြီး ကောင်းခဲ့ဖူးတဲ့ ကောင်းကွက်တစ်ခုခုကို ရှာပြီး ၊ကျေးဇူးတင်ခြင်းနဲ့ မိမိစိတ်ကို ဖြေသိမ့်ပါ။ကိုယ့်အပေါ် မကောင်းတဲ့သူကို၊ ငါ့ကို ထိခိုက်နာကျင်စေတယ် သူ့ဘဝကို ပျက်အောင်ပြန်လုပ်မယ်ဆိုပြီး၊အမုန်းဘက်ကို လှည့်လိုက်ရင် အရင်ပူလောင်ရမှာ သင်ပါပဲ။
ကိုယ့်အတွက်လည်း အကျိုးမရှိပဲ၊ ဂလဲ့စားချေခြင်းကြောင့် မပြီးဆုံးတတ်တဲ့၊ သံသရာ ဝဋ်ကြွေးတွေကို၊ ဖန်တီးနေသလိုပဲ ဖြစ်ရမှာပါ။တတ်နိုင်သလောက် ကောင်းကွက်ကိုရှာ၊ အကောင်းမြင်ပြီး၊ မိမိစိတ်ကို ဖြေသိမ့်တာ အကောင်းဆုံးသော အေးချမ်းမှုကို ရယူလိုက်တာပဲလို့ ပြောရင်း လှပသောနေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေ....
Loading...