ဘုန္းႀကီးေက်ာင္း ေတြက လိုင္စင္မဲ့ ကားေတြကို အပ္ဖို႔ ညႊန္ၾကား - Reader Myanmar

Latest Posts

ဘုန္းႀကီးေက်ာင္း ေတြက လိုင္စင္မဲ့ ကားေတြကို အပ္ဖို႔ ညႊန္ၾကား





ဧရာ၀တီတိုင္းေဒသႀကီးအတြင္းက ဘုန္းႀကီးေက်ာင္းေတြမွာ အသံုးျပဳေနတဲ့  လိုင္စင္မဲ့ ကားေတြကို သက္ဆိုင္ရာရဲစ ခန္းေတြမွာ အပ္နွံၾကဖို႔ ဧရာ၀တီတိုင္းေဒသႀကီး သံဃာမဟာနာယကအဖြဲ႔က ညႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။
ျပီးခဲ့တဲ့ ၄ လေလာက္က ျပဳလုပ္ခဲ့တဲ့ တိုင္းအစိုးရအဖြဲ႔ ယာဥ္/လမ္း အႏၱရာယ္ကင္းရွင္းေရး အေထာက္အ ကူျပဳ ေကာ္မတီရဲ႕ အစည္းအေ၀ဆံုးျဖတ္ခ်က္ကို တိုင္းသံဃာမဟာနာယကအဖြဲ႔က ေၾကညာခ်က္ထုတ္ျပန္ တာ ျဖစ္တယ္လို႔ ဧရာ၀တီတိုင္းေဒသႀကီး လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦး၀င္းေဌး က ေျပာပါတယ္။
“က်ေနာ္တို႔က က်န္ခဲ့တဲ့ ၄ လေလာက္က အဲဒီဟာကို စီမံခ်က္လုပ္တယ္ဗ်ာ၊ အခုေလာေလာဆယ္ေတာ့ ဒါေတြနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ဘက္က ထုတ္တာေတာ့ မရွိေသးဘူး၊ သံဃာ့မဟာနာယက ဘက္က သူတို႔ထုတ္တာေတာ့ ထုတ္ေပါ့ေနာ္၊ ဒါသံဃာအပိုင္းက ထုတ္တာ။”
လိုင္စင္မဲ႔ကားေတြကို မအပ္နွံရင္ ၀င္ေရာက္ရွာေဖြဖမ္းဆီးၿပီး သိမ္းဆည္းမွဳေတြလုပ္မယ္လို႔လည္း တိုင္းသံဃာ့ မဟာနာယကအဖြဲ႕ရဲ့ ညႊန္ၾကားခ်က္မွာ ပါရွိပါတယ္။
ဒါ့အျပင္ သံဃာေတာ္ေတြ ကားေမာင္းရင္ တည္ဆဲဥပေဒအရ ထိထိေရာက္ေရာက္အေရးယူမယ့္အေၾကာင္းလည္း တိုင္းေဒသၾကီး မဟနအဖြဲ႔ရဲ႔ ညႊန္ၾကားခ်က္မွာ ပါရွိပါတယ္။
အဲဒီ ညႊန္ၾကားခ်က္ကို လိုက္နာေဆာင္ရြက္ၾကဖို႔ ဧရာ၀တီတိုင္းအတြင္းက ဘုန္းၾကီးေက်ာင္းတိုက္ေတြကို ျမိဳ႕နယ္ သံဃာမဟာနာယကအဖြဲ႔ေတြက ျပီးခဲ့တဲ့ ဧျပီလ ၂၃ ရက္ေန႔က စာေပးပို႔ထားတာ ျဖစ္ပါတယ္။
Credit: RFA Burmese
ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဘုန်းကြီးကျောင်းတွေမှာ အသုံးပြုနေတဲ့  လိုင်စင်မဲ့ ကားတွေကို သက်ဆိုင်ရာရဲစ ခန်းတွေမှာ အပ်နှံကြဖို့ ဧရာဝတီတိုင်းဒေသကြီး သံဃာမဟာနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၄ လလောက်က ပြုလုပ်ခဲ့တဲ့ တိုင်းအစိုးရအဖွဲ့ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေး အထောက်အ ကူပြု ကော်မတီရဲ့ အစည်းအဝေဆုံးဖြတ်ချက်ကို တိုင်းသံဃာမဟာနာယကအဖွဲ့က ကြေညာချက်ထုတ်ပြန် တာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
“ကျနော်တို့က ကျန်ခဲ့တဲ့ ၄ လလောက်က အဲဒီဟာကို စီမံချက်လုပ်တယ်ဗျာ၊ အခုလောလောဆယ်တော့ ဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က ထုတ်တာတော့ မရှိသေးဘူး၊ သံဃာ့မဟာနာယက ဘက်က သူတို့ထုတ်တာတော့ ထုတ်ပေါ့နော်၊ ဒါသံဃာအပိုင်းက ထုတ်တာ။”
လိုင်စင်မဲ့ကားတွေကို မအပ်နှံရင် ဝင်ရောက်ရှာဖွေဖမ်းဆီးပြီး သိမ်းဆည်းမှုတွေလုပ်မယ်လို့လည်း တိုင်းသံဃာ့ မဟာနာယကအဖွဲ့ရဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် သံဃာတော်တွေ ကားမောင်းရင် တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူမယ့်အကြောင်းလည်း တိုင်းဒေသကြီး မဟနအဖွဲ့ရဲ့ ညွှန်ကြားချက်မှာ ပါရှိပါတယ်။
အဲဒီ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြဖို့ ဧရာဝတီတိုင်းအတွင်းက ဘုန်းကြီးကျောင်းတိုက်တွေကို မြို့နယ် သံဃာမဟာနာယကအဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က စာပေးပို့ထားတာ ဖြစ်ပါတယ်။
Credit: RFA Burmese
Loading...