သရဲမလေး ကြောင့်ပိတ်လိုက်ရတဲ့ ပန်းခြံ - Reader Myanmar

Latest Posts

သရဲမလေး ကြောင့်ပိတ်လိုက်ရတဲ့ ပန်းခြံ












By / သံဇဉ်မိုးဇတ်

Credit: Sun Thit



အမေရိကန် ဗာဂျီးနီပြည်နယ်မှ Lake Shawnee ပန်းခြံဟာ ရှေးရိုး အမေရိကန်လူမျိုးတွေကို နယ်ချဲ့တွေက အစုလိုက် သတ်ဖြတ်ပြီး မြုတ်ထားတဲ့ ဖုန်းဆိုးမြေ ပေါ်မှာတည်ဆောက်ထားတဲ့ပန်းခြံတစ်ခုဖြစ်ပါတယ်။

သမိုင်းသုသေသီတွေ တူးဖေါ်တွေ့ရှိခဲ့တာကတော့ ခလေး အလောင်း ၁၃ လောင်းရဲ့ ရုပ်ကြွင်းတွေကိုတွေ့ရှိခဲ ရပါသေး တယ်။

၁၈ ရာစုနှစ်က ဥရောပ နယ်ချဲ့သမားတွေနဲ့ ရှေးရိုး အမေရိကန်လူမျိုးတွေ တိုက်ခိုက်ခဲ့ကြပါတယ် အဲ့ဒီတိုက်ပွဲမှာ အမေ ရိကန် လူမျိုးတွေရဲ့ ခလေး နှစ်ယောက်သေဆုံးပြီး တစ်ယောက်က မီးရှို့ သတ်ဖြတ် ခံခဲ့ရတယ်။ 1920 အဲ့ဒီမြေကို ဝ ယ်သူကဝယ်ပြီး ပန်းခြံဆောက်ခဲ့ပါတယ်။

ဒါပေမဲ့ဒီပန်းခြံက မတော်တဆ မှုတွေ တော်တော်များများကြုံခဲရပြီး အဲ့ဒီ မတော်တဆမှုတွေထဲမှာ မှ ကလေးမလေး တစ်ယောက်က ခြားရဟတ် မတော်တဆမှုကြောင့် ပွဲခြင်းပြီး သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ပန်းခြံထဲက ခြားရဟတ်အပါအဝင် အခြားရွေ့လျားစက်ပစ္စည်း တွေဟာ လေမတိုက်ပါဘဲနှင့် အလိုေ လျှာက် လည့်ပတ်နေခြင်း ခလေး ရယ်သံများကြားရခြင်း ဒန်းစီးနေတဲ့ ခလေးများကို မကြာခဏတွေ့ရခြင်း စတဲ့အဖြစ် အပျက်တွေကြောင့် ပန်းခြံကို လုံးဝ ပိတ်ခဲ့ရပါတယ်။

ယနေ့အချိန်မှာတော့ Lake Shawnee ပန်းခြံ မှာ သရဲခြောက်ခံချင်သူများကို သောကြာနေ့နဲ့ စနေ နေ့ ည ၈နာရီမှ မနက် ၁ နာရီ ထိ ဝင်ကြေး တစ်ယောက် US$ 20 နှင့် သရဲကြည့်ခွင့် ပေးထားပါတယ် ။

သရဲအခြောက်ခံသူများသည် လက်နိပ်ဓါတ်မီးဆောင်ထားရမည်။ Video camera တစ်လုံး နှင့် အသံသွင်း ကိရိယာ တစ်လုံး ယူဆောင်ခွင့် ရှိသော်လဲ ၁၂ နှစ်အောက် ခလေးများ မိဘ မပါဘဲ ဝင်ခွင့်မရှိပါ။

By / သံဇဉ်မိုးဇတ်

Credit: Sun Thit




Loading...