ထဘီမနိုင်ပုဝါမနိုင်နဲ့ လမ်းမထက်က အမျိုးသမီးလေးယောက်ရဲ့ ရင်တမမ,ရန်ပွဲ(ရုပ်သံ) - Reader Myanmar

Latest Posts

ထဘီမနိုင်ပုဝါမနိုင်နဲ့ လမ်းမထက်က အမျိုးသမီးလေးယောက်ရဲ့ ရင်တမမ,ရန်ပွဲ(ရုပ်သံ)





 လမ်းမတစ်ခုထက်မှာ အမျိုးသမီး 4 ယောက်ရဲ့ ရန်ပွဲဗွီဒီယိုဖိုင်ဟာ အင်တာနက် ကွန် ယက်ပေါ်မှာတော့ လူတော်တော်များများရဲ့ အားပေးမှုကို ခံနေရပါတယ်။ စပိန်နိုင်ငံရဲ့ မြို့တစ်မြို့လို့ ယူဆရတယ်။( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေး ထားပါသည် )
အမှန်တော့ ထဘီမနိုင် ပုဝါနိုင်မဟုတ်ပါဘူး၊ သူတို့ဖြစ်နေတဲ့ အဖြစ်အပျက်က စကပ်မနိုင် တဘက်မနိုင်ဖြစ်နေတာပါ။
ရန်ပွဲရဲ့ မူလအကြောင်းရင်ကိုတော့ မသိရပေမယ့် သမီးရည်းစားကိစ္စတော့ ဟုတ်ဟန်မတူပါဘူး။ လေးယောက်သား ရန်ပွဲဟာ လမ်းမထက်မှာတော့ အတော်လေးကို အရှိန်ပြင်းပါတယ်။
အလယ်မှာရှိတဲ့ အချင်းချင်း ပတ်လည် ဆံပင်တွေ ဆွဲပြီး ” လွှတ်စမ်း … သူ့ကို လွှတ်လိုက်စမ်း .. သူ့ကို လွှတ်ရင် မင်းကို လွှတ်မယ် “လို့ စပိန်ဘာသာနဲ့ ပြောသံကိုပါ ကြားရပါတယ်။
အမျိုးသားတစ်ယောက်က ၀င်ရောက်ဖြန်ဖြေခဲ့ပေမယ့် သူတို့အချင်းချင်း ကျားကုတ်ကျားခဲတိုက်ခိုက်နေလို့ အရာမေ ရာ က်ခဲ့ပါဘူး။ ဒါပေမယ့် စက္ကန့်ပိုင်းလောက်အကြာမှာ တစ်တွဲဆီ ကွဲသွားပြီး၊ စကပ်အရှည်ဘောင်းဘီအပြာ ၀တ်ထားတဲ့ အတွဲက အသာစီးရသွားပါတယ်။
ဘောင်းဘီအပြာဝတ်ထားတဲ့ အမျိုးသမီးဟာ သူမအတို့ အသာရသွားတော့ ရန်ပွဲအစမှာ သူမဆံပင်ကို ပယ်ပယ်နယ်နယ် ဆွဲခဲ့တဲ့ အမျိုးသမီးကို နပန်းသတ်ပြီး၊ ခါးပတ်နက်ယူဖို့ ကြိုးစားနေပါတယ်။
ဗွီဒီယိုဟာ ရန်ပွဲအဆုံးထိ ပါဝင်ခြင်းမရှိပါဘူး။ အနိုင်အရှုံးဆုံးဖြတ်ရရင်တော့ စကပ်အပြာ၊ ဘောင်းဘီအဖြူဝတ် အမျိုးသ မီးနှစ်ယောက်က အရှုံး၊ မီးခိုးရောင် စကပ်အပါး နဲ့ ဘောင်းဘီအပြာဝတ် အမျိုးသမီးတို့က အနိုင်လို့် ဆိုရမှာပါ။


ညီလင်းထက် (Shwemom)
source : metro.co.uk
Shwemom မှကူးယူဖော်ပြသည်
Loading...