မင်္ဂလာဦးည အတွေ့အကြုံကို ပြောပြတဲ့ကောင်မလေး - Reader Myanmar

Latest Posts

မင်္ဂလာဦးည အတွေ့အကြုံကို ပြောပြတဲ့ကောင်မလေး






ပူပူနွေးနွေး မင်္ဂလာဆောင် ပြီးကာစ ကောင်မလေး ကို သူ့သူငယ်ချင်း အပျိုမ တစ်သိုက် က တိုးတိုးတိတ်တိတ်မေးသည်။
 “ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? 
မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?” 
“တော်ပါပြီဟာ မပြောချင်ပါဘူး” 
“ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့” 
“အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး” 
“ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ” 
“ဒီလောက်တောင်သိချင်နေကြလည်း ပြောပြမယ်ဟာ။ မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟ”
 “ဟင်… ဒီလောက်တောင်လား!!!” 
“အေးလေ… လက်ဖွဲ့တွေဝေစုခွဲကြရင်း လင်မယားနှစ်ယောက် ရန်သတ်နေကြတာ မိုးလင်းပေါက်ပဲဟေ့…” Credit: ကနောင်သားလေး
Loading...