သိန္း ၇၀ ေပးၿပီး ဇနီးကို သတ္ခိုင္းတယ္ဆိုတဲ့အမႈ အမိန္႔ခ်လိုက္ျပီ - Reader Myanmar

Latest Posts

သိန္း ၇၀ ေပးၿပီး ဇနီးကို သတ္ခိုင္းတယ္ဆိုတဲ့အမႈ အမိန္႔ခ်လိုက္ျပီ





သိန္း ၇၀ ေပးၿပီး ဇနီးကို သတ္ခိုင္းတယ္ဆိုတဲ့အမႈနဲ႔ပတ္သက္ျပီး တရားခံသံုးဦးကို အေနာက္ပိုင္းခရိုင္တရားရုံးက ျပစ္ဒဏ္အသီးသီးခ်မွတ္ခဲ့ပါတယ္။
အဆုိပါအမႈဟာ ၂၀၁၅ ခုႏွစ္ ဇြန္လ ၇ ရက္ေန႔က လသာၿမိဳ႕နယ္မွာ ျဖစ္ပြားခဲ့တာျဖစ္ျပီး တရားခံေက်ာ္မင္းေထြး(ခ) ဖက္တီးဟာ ဇနီးျဖစ္သူနဲ႔ အိမ္ေထာင္ေရးအဆင္မေျပတာေၾကာင့္ တရား႐ံုးမွာ ကြာရွင္းဖို႔ တရားရင္ဆိုင္ေနရခ်ိန္မွာ  လူမိုက္ငွားရမ္းခဲ့တာ ျဖစ္ပါတယ္။
အမႈစစ္ေဆး ေပၚေပါက္ခ်က္အရ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားတာေၾကာင့္ တရားခံသိန္းထြန္းေအာင္ကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၇ အရ အလုပ္နဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္၊ ပုဒ္မ ၃၂၆ အရ အလုပ္နဲ႔ ေထာင္ဒဏ္ရွစ္ႏွစ္ က်ခံေစဖို႔ အမိန္႔ခ်မွတ္ခဲ့ျပီး  ျပစ္ဒဏ္ႏွစ္ခုကို တစ္ေပါင္းတည္း က်ခံရမွာျဖစ္တယ္လို႔ Kumudra ရဲ႕ သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။
တရားခံ မ်ိဳးသိန္းကိုေတာ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၇/ ၁၀၉ အရ အလုပ္နဲ႔ေထာင္ဒဏ္ရွစ္ႏွစ္နဲ႔ ပုဒ္မ ၃၂၆/၁၀၉ အရ အလုပ္နဲ႔ ေထာင္ဒဏ္ေျခာက္ႏွစ္ကို တစ္ေပါင္းတည္း က်ခံေစဖို႔ အမိန္႔ခ်ခဲ့တာ ျဖစ္ပါတယ္။ တရားခံ ေက်ာ္မင္းေထြး (ခ) ဖက္တီးကိုလည္း တရားခံမ်ိဳးသိန္းရဲ႕ပုဒ္မေတြအတိုင္း ျပစ္ဒဏ္တူ ခ်မွတ္ခဲ့ပါတယ္။
တရားခံ ေက်ာ္မင္းေထြး (ခ) ဖက္တီးကို ဇနီးသည္အား လက္က်ိဳးေအာင္႐ိုက္မႈနဲ႔ ပတ္သက္ၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားတာေၾကာင့္ မႏၱေလးတိုင္းေဒသႀကီးအတြင္းက မဟာေအာင္ေျမၿမိဳ႕နယ္ တရား႐ံုးက ေထာင္ဒဏ္ႏွစ္ႏွစ္ ခ်မွတ္ထားတာလည္း ျဖစ္ပါတယ္။
Photos & Source: Kumudra,  လူမြန္

Unicode
သိန်း ၇၀ ပေးပြီး ဇနီးကို သတ်ခိုင်းတယ်ဆိုတဲ့အမှုနဲ့ပတ်သက်ပြီး တရားခံသုံးဦးကို အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။
အဆိုပါအမှုဟာ ၂၀၁၅ ခုနှစ် ဇွန်လ ၇ ရက်နေ့က လသာမြို့နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံကျော်မင်းထွေး(ခ) ဖက်တီးဟာ ဇနီးဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေတာကြောင့် တရားရုံးမှာ ကွာရှင်းဖို့ တရားရင်ဆိုင်နေရချိန်မှာ  လူမိုက်ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
အမှုစစ်ဆေး ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် တရားခံသိန်းထွန်းအောင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၂၆ အရ အလုပ်နဲ့ ထောင်ဒဏ်ရှစ်နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပြီး  ပြစ်ဒဏ်နှစ်ခုကို တစ်ပေါင်းတည်း ကျခံရမှာဖြစ်တယ်လို့ Kumudra ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
တရားခံ မျိုးသိန်းကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/ ၁၀၉ အရ အလုပ်နဲ့ထောင်ဒဏ်ရှစ်နှစ်နဲ့ ပုဒ်မ ၃၂၆/၁၀၉ အရ အလုပ်နဲ့ ထောင်ဒဏ်ခြောက်နှစ်ကို တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ တရားခံ ကျော်မင်းထွေး (ခ) ဖက်တီးကိုလည်း တရားခံမျိုးသိန်းရဲ့ပုဒ်မတွေအတိုင်း ပြစ်ဒဏ်တူ ချမှတ်ခဲ့ပါတယ်။
တရားခံ ကျော်မင်းထွေး (ခ) ဖက်တီးကို ဇနီးသည်အား လက်ကျိုးအောင်ရိုက်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မဟာအောင်မြေမြို့နယ် တရားရုံးက ထောင်ဒဏ်နှစ်နှစ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။
Photos & Source: Kumudra,  လူမွန်


Loading...