ဘီလီလမင်းအေး က လမ်းမှားမရောက်အောင် ကိုယ့်ကိုကိုယ် ဆုံးမဆင်ခြင်ပြီး ပြင်ဆင်ထားတယ် - Reader Myanmar

Latest Posts

ဘီလီလမင်းအေး က လမ်းမှားမရောက်အောင် ကိုယ့်ကိုကိုယ် ဆုံးမဆင်ခြင်ပြီး ပြင်ဆင်ထားတယ်







 




duwun

Unicode

အခြေအနေတွေက အရမ်းကို မြန်ဆန် ပြင်းထန် လွန်းပါတယ်တဲ့။
အခြေအနေတွေက အရမ်းကို မြန်ဆန်ပြီး ပြင်းထန်လွန်းတာကြောင့် လမ်းမှားမရောက်အောင် ကိုယ့်ကိုကိုယ် ဆုံးမဆင် ခြင်ပြီး ပြင်ဆင်ထားသူ ဘီလီလမင်းအေးပါ။ ဘယ်သူမှမသိတဲ့ ဆရာမတစ်ယောက်ကနေ တစ်ကမ္ဘာလုံးက မြန်မာတွေ သိတဲ့ ဘီလီလမင်းအေး ဆိုတာ ဖြစ်ခဲ့ပါတယ်။
အဲ့ဒီအောင်မြင်မှုဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတယ်လို့ 7day Daily ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Myanmar Idol ပြိုင်ပွဲ စတင်ဝင်ရောက်ယှဉ်ပြိုင်ကတည်းက ညီမဖြစ်သူကို ဆေးကျောင်းထားချင်တဲ့ ဘီလီလမင်းအေးရဲ့ စိတ်ကူးတွေကကော အကောင်အထည်ဖော်သွားနိုင်ပြီလား ဆိုတာကိုတော့ ယခုလို ပြောပြထားပါတယ်။
"အခုရရှိခဲ့တဲ့ ဆုကြေးငွေတွေ က ညီမလေးကို ဆေးကျောင်း ထားနိုင်ဖို့ တစ်စိတ်တစ်ပိုင်းတော့ အထောက်အကူ ဖြစ်စေ ခဲ့ပါတယ်။ ညီမလေးကို ဖူးထားချင်တဲ့ အနေအထားရောက်တဲ့အထိ ဖူးထပ်ပြီး ကြိုးစားဦးမှာပါရှင့်။" လို့ ယင်းအင်တာ ဗျူးမှာ ပြောပြထားပါတယ်။

ပရိသတ်တွေအနေနဲ့ ပြိုင်ပွဲမှာ သူမကို ဆုမရဘူးလို့ ထင်နေတာတယ်။ ဒါပေမယ့် သူမကတော့ ဆုအကြီးကြီး ရခဲ့ တယ်လို့ ပြောပြ လိုက်ပါတယ်။ အဲ့ဒါကတော့ သူမကို အားပေးနေတဲ့တစ်ကမ္ဘာလုံးက ပရိသတ်တွေပါပဲတဲ့ ။ အဲ့အတွက် ကိုလည်း သူမအရမ်းကျေနပ်မိတယ်လို့ ဆိုပါတယ်။
သူမအနေနဲ့ ရှေ့ဆက်ပြီး ဂီတလမ်းကြောင်းမှာ အကောင်းဆုံး သီချင်းတွေကို ဆိုပြနိုင်တဲ့ အဆိုတော်ကောင်း တစ်ယောက် ဖြစ်အောင် နိုင်ငံအကျိုးပြု သီချင်းတွေကို သီဆိုနိုင်မယ့် အဆိုတော်တစ်ယောက်ဖြစ်အောင် ကြိုးစား သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် Gospel Song တွေကို သီဆိုနိုင်မယ့် အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ် မျှော်လင့်ထား တယ်လို့ 7day Daily အင်တာဗျူးထဲမှာ ဖြေဆိုပေးထားပါတယ်။

Loading...