ဒီမတ္ ၂၁ နဲ႔ ဧၿပီ ၂၀ အတြင္း ေခါင္းေဆာင္ပိုင္း တဦးတေယာက္ကို လုပ္ႀကံခံရဖို႔ အေနအထား စိုးရိမ္ရမယ့္ အေနအထားရိွတယ္။ - Reader Myanmar

Latest Posts

ဒီမတ္ ၂၁ နဲ႔ ဧၿပီ ၂၀ အတြင္း ေခါင္းေဆာင္ပိုင္း တဦးတေယာက္ကို လုပ္ႀကံခံရဖို႔ အေနအထား စိုးရိမ္ရမယ့္ အေနအထားရိွတယ္။






ျမန္မာသကၠရာဇ္ ၁၃၇၉ ခုႏွစ္အတြက္ ဆရာစံဇာဏီဘို တိုင္းျပည္ကံၾကမၼာ ေဟာစာတမ္း
"အဂၤါၿဂိဳဟ္အေျပာင္း ဧၿပီလ ၁၃ ရက္အေျပာင္းကိုၾကည့္ရင္ ၀ါဂြမ္းတို႔၊ စပါးတို႔ ရွားမယ္။ တနဂၤေႏြၿဂိဳဟ္အေျပာင္းၾကည့္လိုက္ရင္ ဆန္၊ ေရ၊ စပါး၊ ဆီ အကုန္လံုးရွားမယ့္ နိမိတ္ကို..."
------ ------ ------ ------ ------
မၾကာမီရက္အတြင္း ျမန္မာသကၠရာဇ္ ၁၃၇၈ ခုႏွစ္မွ ၁၃၇၉ သို႔ ကူးေျပာင္းပါေတာ့မည္။
ျမန္မာျပည္သူေတြသည္ အေပ်ာ္အပါးထက္ ဘ၀၏သင္ၾကားခ်က္အရ တိုင္းျပည္၏ အနာဂတ္၊ ျပည္သူလူထု၏ လူမႈဘ၀တိုးတက္လာမလား၊ ဒီထက္ ဆုတ္ယုတ္သြားမလား။ ဒါေတြကိုပဲ စိတ္၀င္စားၾကသည္။ ဒါကလည္း သဘာ၀ပါပဲ။ လူမႈအေတြ႕အႀကံဳကေန ေပါက္ဖြားလာသည့္ စိတ္ဆႏၵမ်ားပင္ျဖစ္သည္။ ဒါေၾကာင့္ လက္ေတြ႕ ဘ၀လႈပ္ရွားမႈေတြေရာ၊ စိတ္ခံစားမႈ၏ ထြက္ေပါက္အျဖစ္ေရာ လိုလားၾကသည္။ ဒါေၾကာင့္ ျပည္သူလူထု၏ စိတ္ဆႏၵထြက္ေပါက္တခုအေနႏွင့္ အနာဂတ္ကို ႀကိဳတင္ခန္႔မွန္းႏိုင္ေအာင္ ဆရာစံဇာဏီဘိုႏွင့္ News Watch (ေစာင့္ၾကည့္)ဂ်ာနယ္တို႔ ေတြ႕ဆံုကာ ျမန္မာျပည္၏ အနာဂတ္ကို ေမးျမန္းခဲ့ပါသည္။
ေမး- ဆရာခင္ဗ်ာ ျမန္မာ့ႏိုင္ငံေရးအေျခအေနကို စေျပာေပးပါ။
ေျဖ- ျမန္မာသကၠရာဇ္ ၁၃၇၉ ဒီႏွစ္အတြင္းမွာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေနအထားမွာ အေျပာင္းအလဲ ေကာင္းေတြရိွလာမယ္။ ေလးနက္တဲ့ အေျပာင္းအလဲေတြျဖစ္တဲ့ အေျခခံဥပေဒနဲ႔ပတ္သက္ေသာကိစၥေတြကို ဦးတည္ေဆာင္ရြက္ႏိုင္မယ့္ ကံၾကမၼာေပၚထြက္မယ့္ႏွစ္ ျဖစ္တယ္လို႔ သတ္မွတ္တယ္။ ေနာက္ႏိုင္ငံရဲ႕အေရးပါ တဲ့ ေခါင္းေဆာင္သူေတြရဲ႕အေနအထားပိုင္းမွာ ဒီအေျပာင္းအလဲတခုကို အေလးအနက္ထားၿပီး ေဆာင္ရြက္ ရမယ့္ အေနအထားရိွတယ္။
ေနာက္တခ်က္က ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ ႐ႈေထာင့္မွာ အေျပာင္းအလဲလမ္းေၾကာင္းေတြစတင္ၿပီးေတာ့ မတ္ ၂၁ နဲ႔ ဧၿပီ ၂၀ အတြင္းမွာ အေျပာင္းအလဲအေျခခံစရိွမယ္။ ဒီအတြက္ေၾကာင့္ သႀကၤန္မတိုင္ခင္နဲ႔ သႀကၤန္အကူးမွာ စတင္လမ္းေၾကာင္းတည္ၿပီးေတာ့ ဧၿပီ ၂၁ နဲ႔ ေမ ၂၀ ၾကားမွာ တႀကိမ္၊ ဇူလိုင္ ၂၁ နဲ႔ ၾသဂုတ္ ၂၀ ၾကားမွာ တႀကိမ္၊ အဲဒီကာလေတြမွာ အေျပာင္းအလဲနဲ႔ပတ္သက္တဲ့ ျဖစ္စဥ္လမ္းေၾကာင္းေတြ အေပၚဦးတည္တယ္။ ဦးတည္ၿပီးေတာ့ ၂၀၁၇ ခုႏွစ္ ဧၿပီ ၂၁ ရက္ကေန ရက္ ၆၀ အတြင္းမွာ ဥပေဒေၾကာင္းအတြင္းမွာရိွတဲ့ အေျပာင္းအလဲျဖစ္ရပ္ေတြက ထင္ရွားစြာနဲ႔ ေျပာင္းလဲျခင္းဘက္ကို ဦးတည္လာလိမ့္မယ္။
NLD အေနနဲ႔ သူတို႔ရဲ႕ႏိုင္ငံေရးလႈပ္ရွားမႈ အႏွစ္သာရအေျပာင္းအလဲကို ဒီႏွစ္မွာျဖစ္တည္ျခင္း၊ ဦးတည္ၿပီး အေျခခံဥပေဒနဲ႔ပတ္သက္လို႔ အေၾကာင္းအရာေတြေပၚမွာ ဦးတည္ကာေဆာင္ရြက္သြားမယ့္ အေနအထားမွာ ရိွတယ္။ ေနာက္တခ်က္က ႏိုင္ငံေရးပါတီေတြမွာ အသစ္ေပၚေပါက္လာမယ့္ ပါတီေတြကလည္း ထူးျခားတဲ့အေနအထားဘက္ကို ဦးတည္ေနတယ္။ အထူးသျဖင့္ လာမယ့္ႏွစ္ကူးမွာ ေပၚေပါက္လာႏိုင္တဲ့ ဧၿပီ ၂၀ ကေန ေမ ၂၀ အတြင္းမွာ တႀကိမ္၊ ဇြန္ ၂၀ နဲ႔ ဇူလိုင္ ၂၀ အတြင္းမွာ ေပၚေပါက္လာမယ့္ပါတီသစ္ေတြ၊ ႏိုင္ငံေရးအျမင္သစ္၊ ေဆာင္ရြက္မႈအသစ္ေတြက အေရးပါတဲ့အေနအထားကို ေရာက္ရိွလာလိမ့္မယ္။ ေရာက္ရိွၿပီးေတာ့ လက္ရိွအာဏာရ အစိုးရအျဖစ္ဖြဲ႕စည္းထားတဲ့ ပါတီၿပီးရင္ ဒုတိယေျမာက္ပါတီဟာ ျပည္ခိုင္ၿဖိဳးမဟုတ္နိုင္ေတာ့ဘူး။ ျပည္ခိုင္ၿဖိဳးအစား ေရြးေကာက္ပဲြကို တခါမွမ၀င္ဖူးေသးတဲ့ ပါတီတခုကေန ဒီအာဏာရပါတီၿပီးရင္ ျပည္သူလူထုရဲ႕အားကိုးအားထားရေလာက္တဲ့၊ ႏိုင္ငံေရးကို ေျပာမယ့္ဆိုမယ့္၊ လႊတ္ေတာ္ထဲမွာ မဟုတ္လင့္ကစား ျပည္သူလူထုနဲ႔ ေျပာမယ့္ဆိုမယ့္ သဘာ၀ကိုရမယ္။
ဘာေၾကာင့္လဲဆိုေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းက မိန္႔ခြန္းေျပာသြားတဲ့အထဲမွာ ျပည္သူနဲ႔အတူဆိုတဲ့ သဘာ၀ကို ေဆာင္ယူတဲ့ စကားၾကားရတယ္။ အဲဒီျပည္သူနဲ႔အတူ ေပၚေပါက္လာမယ့္ ပါတီက အစိုးရအဖဲြ႕ ဖဲြ႕ထားတဲ့ပါတီ မဟုတ္ဘူး။ အသစ္ေပၚေပါက္လာမယ့္ ပါတီက ျပည္သူလူထုနဲ႔အတူ ျပည္သူ႔အသံ၊ ျပည္သူ႔ရဲ႕သဘာ၀ကို ဖန္တီးမယ္။ ျပည္သူကဲ့သို႔ပဲ အစိုးရအဖဲြ႕အစည္းထဲမွာ အာဏာတခုမွမရိွတဲ့သူ၊ ျပည္သူကဲ့သို႔ပဲ လႊတ္ေတာ္ထဲမွာ ေနရာတခုမွမရိွတဲ့သူ၊ ျပည္သူကဲ့သို႔ပဲ အရာရာကို ခံစားခ်က္ရိွေနတဲ့သူ ပါတီအဖဲြ႕ အစည္းတခုက ျပည္သူနဲ႔အတူ ရပ္တည္ၿပီးေတာ့ ယခင္အစိုးရဖဲြ႕စည္းခဲ့တဲ့ ျပည္ခိုင္ၿဖိဳးလည္းမဟုတ္၊ ယခု အစိုးရနဲ႔ပတ္သက္တဲ့ ဒီခ်ဳပ္လည္းမဟုတ္တဲ့ အျမင္အေတြးနဲ႔ ေပါက္ဖြားမယ့္ပါတီတခုကို ထင္ရွားစြာေတြ႕ ရတယ္။
ျပည္သူနဲ႔အတူ ေပါက္ဖြားလာမယ္။ သူတို႔မွာ ဘာအာဏာမွ မရိွဘူး။ သူတို႔ဆီမွာ ျပည္သူလိုပဲ ဘာမွမရိွဘူး။ ဒါေပမဲ့ ျပည္သူရဲ႕စကား၊ ျပည္သူရဲ႕အသံ၊ ျပည္သူနဲ႔တထပ္တည္းက်မယ့္ ျပည္သူနဲ႔အတူေပၚလာတဲ့ ပါတီတခုျဖစ္မယ္။ ဒီေတာ့ အေၾကာင္းအရာက နိုင္ငံေရးအေျပာင္းအလဲရိွ မယ္။ ဒါက (၁)ေပါ့၊ (၂)က ဒီခ်ဳပ္ေျပာင္းလဲမွာက အေျခခံဥပေဒေျပာင္းလဲဖို႔ရိွမယ္။ ျပည္သူလူထုနဲ႔အတူ ႏိုင္ငံေရးေျပာင္းၿပီးေတာ့ ေဆာင္ရြက္မယ့္အဖဲြ႕အသစ္လည္း ေပၚလာမယ္။ အဲဒီအဖဲြ႕က အစိုးရပါတီထဲမွာျဖစ္ေစ၊ လႊတ္ေတာ္ေနရာမွာျဖစ္ေစ တေနရာမွမရိွဘူး။ ျပည္သူက ေရြးထားတဲ့သူ တေယာက္မွ မဟုတ္ဘူး။ မဲဆႏၵနယ္ပယ္ တခုမွလည္း မ၀င္္ရေသးဘူး။ ျပည္သူနဲ႔အတူ ထပ္တူညီေနတယ္။ ျပည္သူနဲ႔အတူ အဖဲြ႕အစည္းတခု ေပၚေပါက္လာလိမ့္မယ္။ အဲဒီအဖဲြ႕အစည္းကလည္း လာမယ့္ႏွစ္ေတြမွာ ဒီမိုကေရစီရဲ႕ ဒုတိယေျမာက္သမၼတသက္တမ္းကိုသြားေနတဲ့ အဖဲြ႕အစည္းအေပၚမွာ တစံုတရာေမာင္းႏွင္ႏိုင္တဲ့ စြမ္းအားရိွလိမ့္မယ္။ ျပည္သူနဲ႔အတူ သူကဦးေဆာင္ၿပီး ဖန္တီးေပးႏိုင္တဲ့အေနအထားေတြ႕ရမယ္။
ေမး- အဲဒီအေျခအေနက တိုင္းျပည္နဲ႔ျပည္သူေတြအတြက္ ေကာင္းတဲ့အေျပာင္းအလဲလား။
ေျဖ- ျပည္သူနဲ႔အတူဆိုတာကို ေျပာရမယ္ဆိုရင္ ျပည္သူအတြက္ ေကာင္းတဲ့အေနအထားကိုေျပာတာ။ ျပည္သူအတြက္ေကာင္းတဲ့အေနအထားက တိုင္းျပည္အတြက္လို႔ေၾကြးေၾကာ္ၿပီး ျပည္သူလူထုကို နင္းေျခတဲ့သူေတြနဲ႔ေတာ့ တူဟန္မတူဘူး။ တိုင္းျပည္အတြက္လို႔ေျပာၿပီး ျပည္သူလူထုအတြက္ မ်က္ႏွာေတြကို မၾကည္တဲ့သူေတြနဲ႔ေတာ့ မတူဘူး။ ျပည္သူအတြက္ ေကာင္းလိမ့္မယ္။ တိုင္းျပည္အတြက္ကေတာ့ ျပည္သူ႔အတြက္ ေျပာၿပီး ျပည္သူလူထုကို ခ်နင္းမယ့္ ျပည္သူလူထုကို ဂ႐ုမစိုက္တဲ့ အစိုးရမ်ဳိးအဖဲြ႕စည္းမ်ဳိး လံုး၀မဟုတ္ဘူး။
ေမး- စီးပြားေရးနဲ႔ပတ္သက္ၿပီးေရာ ဘယ္လိုရိွႏိုင္မလဲ။
ေျဖ- စီးပြားေရးအေျခအေနအထားမွာ မတည္ၿငိမ္ဘူး။ စီးပြားေရးလမ္းေၾကာင္းရဲ႕အေနအထားက ေငြေရးေၾကးနဲ႔ပတ္သက္တဲ့ အေနအထားက အက်ပ္အတည္းေတြကို ျပည္သူလူထုက ဆက္လက္ရင္ဆိုင္ရမယ္။ တဦးခ်င္း၀င္ေငြ အေနအထားနဲ႔ သံုးစဲြႏိုင္မႈေလ်ာ့ပါးသြားမယ္။ ေနာက္ႏိုင္ငံျခား ၀င္ေငြလဲလွယ္မႈ အေျခအေနမွာလည္း ကိုယ့္တိုင္းျပည္ရဲ႕ေငြေၾကးက နစ္နာစရာရိွတယ္။ ေငြေၾကး ေဖာင္းပြလာမယ္။ ေနာက္ထုတ္ကုန္အေနအထားမွာ အက်ဳိးအျမတ္နည္းလာမယ္။ သြင္းကုန္အေနအထားမွာ ပိုၿပီးေတာ့ ေငြေပးၿပီး သြင္းရမယ့္အေနအထားမွာရိွေနမယ္။
ကုန္သြယ္မႈမွာ ကိုယ့္ဘက္က အသံုးဘက္က ပိုၿပီးမ်ားေနမယ့္ အေနအထားရိွမယ္။ ဒီအတြက္ေၾကာင့္ စီးပြားေရးမွာေတာ့ အားနည္းစရာအေၾကာင္းေတြ ဆက္တိုက္ရိွေနမယ္။ ေနာက္ကုန္ထုတ္လုပ္မႈနဲ႔ ပတ္သက္တဲ့ ျပည္တြင္းကုန္ထုတ္လုပ္မႈေတြက က်ဆင္းေနမႈကို ေတြ႕ကရတယ္။ ျပည္ပရဲ႕ ပို႔ကုန္ေတြအေပၚမွာ အဓိကမ႑ိဳင္ေတြ မီွသြားတဲ့ အေနအထားေတြ႕ရတယ္။ ဒီေတာ့ ကုန္ပစၥည္းေတြအေပၚမွာ တန္ဖိုးျမႇင့္တင္ေအာင္လုပ္ကိုင္ ႏိုင္တဲ့ စြမ္းအားသတၱိကို တိုင္းျပည္အေနနဲ႔ က်ဆင္းသြားတယ္။
ကုန္ထုတ္လုပ္မႈ လံုး၀က်ဆင္းသြားတာ ေတြ႕ရတဲ့အတြက္ စီးပြားေရးမွာ ကုန္ထုတ္လုပ္ငန္း က်ဆင္းသြားမယ့္ အဓိကအားနည္းခ်က္ေတြ႕ရတယ္။ လယ္ယာလုပ္ငန္းအေနနဲ႔ ကုန္ထုတ္လုပ္မႈ စီးပြားလမ္းေၾကာင္း အေျခခံမႈမွာေတာ့ ရာသီဥတုပ်က္ယြင္းတယ္။ ေဗဒင္အရ ရာသီဥတုပ်က္ယြင္းမယ့္ႏွစ္ကို ကၽြန္ေတာ္တို႔ ျဖတ္သန္းရမယ္။ ဒါေၾကာင့္ ဒီကာလအတြင္းမွာရိွေနတဲ့ ၿဂိဳဟ္ရဲ႕အေနအထား၊ အဂၤါၿဂိဳဟ္အေျပာင္း ဧၿပီလ ၁၃ ရက္အေျပာင္းကိုၾကည့္ရင္ ၀ါဂြမ္းတို႔၊ စပါးတို႔ ရွားမယ္။ တနဂၤေႏြၿဂိဳဟ္အေျပာင္းၾကည့္လိုက္ရင္ ဆန္၊ ေရ၊ စပါး၊ ဆီ အကုန္လံုးရွားမယ့္ နိမိတ္ကို ဒါေဗဒင္ပညာရွင္တိုင္း သိႏိုင္ပါတယ္။
အဲဒါေၾကာင့္ အေျခခံကုန္ေစ်းႏႈန္း စားဆီ အကၤ် ီေတြ၊ ဘာေတြခ်ဳပ္လုပ္တဲ့ ၀ါဂြမ္းေတြ၊ ၾကံနဲ႔ အခ်ဳိပစၥည္း သကာရည္ေလ်ာ့ပါးသြားမယ္။ သကာရည္ေလ်ာ့ပါးသြားရင္ အခ်ဳိ႕လိုင္းမွာ အားေပ်ာ့တဲ့အျပင္ တင္းလဲရည္ အပါအ၀င္ အရက္ထုတ္လုပ္မႈမွာလည္း အားနည္းသြားရင္ ျပည္ပက သြင္းထားတဲ့ ပစၥည္းထဲမွာ ယမကာ ပါ၀င္ၿပီးေတာ့ အမ်ားဆံုးျဖစ္လာစရာ အေၾကာင္းရိွတယ္။ ျပည္တြင္းထုတ္လုပ္မႈအပိုင္း အေတာ္ေလးကို အားနည္းမယ္။ ဒါေၾကာင့္ ကုန္ေစ်းႏႈန္းမၿငိမ္မသက္မႈနဲ႔ ေစ်းႏႈန္းႀကီးျမင့္မယ့္အေနအထားကို ျပည္သူလူထုက တင္းၿပီးေတာ့ ခံရမယ့္ႏွစ္တခုပါပဲ။
ေမး- သံတမန္ဆက္ဆံေရးအပိုင္းကေရာ ဘယ္လိုေတြရိွႏိုင္မလဲ။
ေျဖ- သံတမန္ ဆက္ဆံေရးအရ အထူးေကာင္း လာတယ္။ အပိုင္းႏွစ္ပိုင္းရိွတယ္။ နံပါတ္ (၁) Regional Country အဆင့္နဲ႔ နယ္ေျမတခုတည္းမွာရိွတဲ့ တိုင္းျပည္ဆက္ဆံမႈ အကုန္လံုးအဆင္ေျပတယ္။ နံပါတ္ (၂) ကၽြန္ေတာ္တို႔ ဒီအျခား ကမာၻ႕ႏိုင္ငံဆက္စပ္ေနတဲ့ဟာ အကုန္ေကာင္းတယ္။ ဒီအင္အားႀကီးႏိုင္ငံေတြရဲ႕ အဓိကႏိုင္ငံဆက္ဆံေရးကလည္း ေျပာစရာမရိွပါဘူး။
ေမး- ျပည္တြင္းၿငိမ္းခ်မ္းေရး အေျခအေနက ဘယ္လိုရိွမလဲ။
ေျဖ- မရေသးပါဘူး။ ျပည္တြင္းၿငိမ္းခ်မ္းေရးကေတာ့ ကၽြန္ေတာ္တိို႔ ဆက္လက္ၿပီး မၿငိမ္းမခ်မ္းပါပဲ။ ျပည္တြင္းၿငိမ္းခ်မ္းေရးကေတာ့ ဒီတႏွစ္တာလံုး ေဇာင္းေပးၿပီး အခိ်န္ေပးရမယ့္တနွစ္ျဖစ္ပါတယ္။ အဆိုးဘက္ကိုမေရာက္ေအာင္ ထိန္းသြားဖို့ အေရးၾကီး ပါတယ္။ ဆက္လက္ၿပီး ျပည္တြင္းၿငိမ္းခ်မ္းေရးရဖို႔ ဆက္ၿပီး သြားေနရဦးမယ့္ သေဘာရိွတယ္။ အဲေတာ့ ဗမာေဗဒင္မွာ (ယ၊ ရ၊ လ၊ ၀) ဗုဒၶဟူးနာမ္နဲ႔ပတ္သက္တဲ့ လူမ်ဳိးစုေတြနဲ႔ပတ္သက္လို႔ ၿငိမ္းခ်မ္းေရးရဖို႔ ထိန္းခ်ဳပ္ရတာ ခက္ေနမယ္။ ဥပမာ ျပည္နယ္ေတြဆိုရင္ ရေကာက္ဆိုရင္ ရခိုင္နဲ႔ပတ္သက္တာ၊ ရွမ္းနဲ႔ပတ္သက္တာ၊ ၀နဲ႔ပတ္သက္တာ၊ ဒီလိုနယ္ေျမေတြမွာ ၿငိမ္းခ်မ္းေရးေတြမွာ နည္းနည္းေလး ကစဥ့္ကလ်ားျဖစ္ေနမယ္။ က်န္တဲ့ ျပည္နယ္ေတြမွာေတာ့ ဒီေလာက္ႀကီး အႀကီးစား အညံ့အဆိုးႀကီးေတြ မရိွပါဘူး။
ေမး- သဘာ၀ေဘးနဲ႔ ပတ္သက္တာေတြေရာ ဘယ္လိုရိွမလဲ။
ေျဖ- သဘာ၀ေဘး အႏၲရာယ္ေတာ့ အထူးသတိထားရမယ့္ႏွစ္ကို ေရာက္ေနတယ္။ ဧၿပီ ၂၁ နဲ႔ ေမ ၂၀ ၾကား၊ ေနာက္ ဇူလိုင္ ၂၁ နဲ႔ ၾသဂုတ္ ၂၀ ၾကား၊ ေနာက္ ေအာက္တိုဘာ ၅ ရက္ကေန ႏို၀င္ဘာ ၂၀ ၾကားမွာ ဒီသဘာ၀ေဘးအႏၲရာယ္ႏွစ္ခုေပါ့။ ေလနဲ႔ပတ္သက္တဲ့ မုန္တိုင္းအႏၲရာယ္နဲ႔ ငလ်င္နဲ႔ပတ္သက္တဲ့ အႏၲရာယ္သတိထားရမယ္။ မီးေဘးအႏၲရာယ္ ဒီႏွစ္ ပိုမိုသတိထားရမယ္။
ေမး- ႏိုင္ငံေခါင္းေဆာင္ပိုင္းေတြရဲ႕ က်န္းမာေရးအေျခအေနေတြေရာ ဘယ္လိုရိွမလဲ။
ေျဖ- ေခါင္းေဆာင္ပိုင္းေတြမွာ လုပ္ႀကံခံရတဲ့ ျဖစ္ရပ္ကေတာ့ ျဖစ္ခဲ့ၿပီးၿပီ။ ဒီေနရာမွာ ေခါင္းေဆာင္ပိုင္းရယ္လို႔ မဟုတ္ဘဲနဲ႔ ဒီအၾကံေပးသူပိုင္း NLD ထဲက အေရးပါသူ လုပ္ၾကံခံရတာမ်ဳိးရိွခဲ့တယ္။ ေခါင္းေဆာင္ပိုင္း တဦးတေယာက္ကို လုပ္ႀကံခံရဖို႔ အေနအထား ဒီမတ္ ၂၁ နဲ႔ ဧၿပီ ၂၀ ထိ နည္းနည္းစိုးရိမ္ရမယ့္ အေနအထားရိွတယ္။ ဧၿပီ ၂၁ ေက်ာ္သြားရင္ေတာ့ စိုးရိမ္ေရမွတ္ေလ်ာ့သြားပါတယ္။ ဒါေပမဲ့ ဘယ္မွာ တခါျပန္ၿပီးေတာ့ သတိထားရမလဲဆိုေတာ့ ၾသဂုတ္ ၂၀ နဲ႔ စက္တင္ဘာ ၂၀ ၾကားမွာ သတိထားရမယ္။ ေနာက္တႀကိမ္ကေတာ့ ႏို၀င္ဘာ ၂၅ ကေန လာမယ့္ႏွစ္ ဇန္န၀ါရီ ၄ ရက္အထိ ကၽြန္ေတာ္တို႔ တိုင္းျပည္ လြတ္လပ္ေရးမတိုင္ခင္ အဲဒီရာသီမွာ အႀကီးအကဲေတြရဲ႕ လံုၿခံဳေရးကို ေပါ့ေပါ့တန္တန္ သေဘာထားလို႔ မရဘူး။ အစြန္းေရာက္ေတြရဲ႕ အေႏွာင့္အယွက္ အတိုက္အခိုက္ေတြ ဂ႐ုစိုက္ရမယ္။
ေမး- ဆရာ့ရဲ႕ ျခံဳငံုသံုးသပ္ခ်က္ေလးလည္း ေျပာေပးပါဦး။
ေျဖ- ျပည္သူလူထုေတြရဲ႕ စီးပြားေရးကေတာ့ လက္ရိွအေနအထားထက္ အနည္းငယ္ယိုင္မယ္။ ဒါေပမဲ့ ထိန္းနိုင္တဲ့ အေနအထားရိွမယ္။ နိုင္ငံေရးမွာ ေတာ့ လူထုေမွ်ာ္လင့္ေနတဲ့ ဒီႏိုင္ငံေရးအေျပာင္းအလဲ အႀကီးစားေတာ့မရလင့္ကစား အေျပာင္းအလဲေတြကိုေတာ့ လက္ရိွ အာဏာရပါတီနဲ႔ အစိုးရက ဖန္တီးေပး ႏိုင္တယ္။ ျပည္သူလူထုေျပာခ်င္တဲ့အေၾကာင္းအရာေတြကို ေျပာႏိုင္တဲ့ ပါတီတခု၊ ျပည္သူက ယံုၾကည္ ေလာက္တဲ့ ပါတီတခု။ ဥပမာ ၾကံ့ဖံြ႕ပါတီ မဟုတ္ဘူး။ NLD မဟုတ္တဲ့ အျခားတခုက ျပည္သူလူထုကိုယ္စား ေျပာႏိုင္တဲ့ အေနအထားေပၚလာတဲ့အတြက္ ျပည္သူလူထုရဲ႕ေျပာဆိုမႈ လြတ္လပ္ေပါ့ပါးမႈေတြကို ေဖာ္ေဆာင္ ေပးႏိုင္တဲ့ အဖဲြ႕အစည္းတခုေတာ့ ရလာမယ္။
ေနာက္ၿပီးေတာ့ ျပည္သူနဲ႔အတူရိွမယ့္ ႏိုင္ငံေရး အဖဲြ႕အစည္းကေတာ့ အခိုင္အမာရပ္တည္မႈရိွလာမယ္။ ေနာက္ အာဏာပိုင္းကို ကိုင္တြယ္ၿပီး ဥပေဒပိုင္း၊ တရားစီရင္ေရးပိုင္း၊ စိုးမိုးမႈပိုင္းကိုလည္း တိုင္းျပည္အုပ္ခ်ဳပ္သူေတြက ေဇာင္းေပးၿပီး ခုရိွေနတဲ့ ျပည္သူဘက္ကဟာေနတဲ့ ကြက္လပ္တခုကို ဒီမိုကေရစီအဖဲြ႕အစည္းတခုက ထိန္းေပးႏိုင္သလို ဒီမိုကေရစီကို လိုလားၿပီးေတာ့ ေရွးဦးေဆာင္ေနတဲ့ ဒီခ်ဳပ္ကလည္း တိုင္းျပည္ရဲ႕လိုအပ္ေနတဲ့ ဥပေဒျပင္ဆင္မႈေတြ တိုင္းျပည္ရဲ႕ လိုအပ္ေနတဲ့ ေရွ႕အလားအလာေတြကို ေျဖရွင္းေပးမယ္။ ေနာက္ၿပီးေတာ့ မလိုလားအပ္တဲ့ အတိုက္အခိုက္အေႏွာင့္အယွက္ ေ၀ဖန္မႈျဖစ္ရပ္ေတြက ေလ်ာ့ပါးသြားမယ္။ ျပည္တြင္းစစ္ ကေတာ့ ဆက္ရိွေနမယ္။ အၾကမ္းဖက္မႈေတြကိုလည္း သတိထားရမယ့္ရက္ေတြ ရိွတယ္။ အႏၲရာယ္ေတာ့ မရိွဘူး။ အားလံုးျခံဳရင္ ေနသာတဲ့ႏွစ္တခု ေပၚေပါက္မယ္။ ေနာက္ၿပီး အဖမ္းအဆီးအခ်ဳပ္အေႏွာင္ေတြကေတာ့ မီဒီယာသမားေတြ အထူးသတိထားရဦးမယ့္ အေနအထားရိွေနတယ္။
ေဇာ္ေဇာ္ထြန္း


မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်အတွက် ဆရာစံဇာဏီဘို တိုင်းပြည်ကံကြမ္မာ ဟောစာတမ်း
"အင်္ဂါဂြိုဟ်အပြောင်း ဧပြီလ ၁၃ ရက်အပြောင်းကိုကြည့်ရင် ဝါဂွမ်းတို့၊ စပါးတို့ ရှားမယ်။ တနင်္ဂနွေဂြိုဟ်အပြောင်းကြည့်လိုက်ရင် ဆန်၊ ရေ၊ စပါး၊ ဆီ အကုန်လုံးရှားမယ့် နိမိတ်ကို..."
------ ------ ------ ------ ------
မကြာမီရက်အတွင်း မြန်မာသက္ကရာဇ် ၁၃၇၈ ခုနှစ်မှ ၁၃၇၉ သို့ ကူးပြောင်းပါတော့မည်။
မြန်မာပြည်သူတွေသည် အပျော်အပါးထက် ဘဝ၏သင်ကြားချက်အရ တိုင်းပြည်၏ အနာဂတ်၊ ပြည်သူလူထု၏ လူမှုဘဝတိုးတက်လာမလား၊ ဒီထက် ဆုတ်ယုတ်သွားမလား။ ဒါတွေကိုပဲ စိတ်ဝင်စားကြသည်။ ဒါကလည်း သဘာဝပါပဲ။ လူမှုအတွေ့အကြုံကနေ ပေါက်ဖွားလာသည့် စိတ်ဆန္ဒများပင်ဖြစ်သည်။ ဒါကြောင့် လက်တွေ့ ဘဝလှုပ်ရှားမှုတွေရော၊ စိတ်ခံစားမှု၏ ထွက်ပေါက်အဖြစ်ရော လိုလားကြသည်။ ဒါကြောင့် ပြည်သူလူထု၏ စိတ်ဆန္ဒထွက်ပေါက်တခုအနေနှင့် အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်အောင် ဆရာစံဇာဏီဘိုနှင့် News Watch (စောင့်ကြည့်)ဂျာနယ်တို့ တွေ့ဆုံကာ မြန်မာပြည်၏ အနာဂတ်ကို မေးမြန်းခဲ့ပါသည်။
မေး- ဆရာခင်ဗျာ မြန်မာ့နိုင်ငံရေးအခြေအနေကို စပြောပေးပါ။
ဖြေ- မြန်မာသက္ကရာဇ် ၁၃၇၉ ဒီနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထားမှာ အပြောင်းအလဲ ကောင်းတွေရှိလာမယ်။ လေးနက်တဲ့ အပြောင်းအလဲတွေဖြစ်တဲ့ အခြေခံဥပဒေနဲ့ပတ်သက်သောကိစ္စတွေကို ဦးတည်ဆောင်ရွက်နိုင်မယ့် ကံကြမ္မာပေါ်ထွက်မယ့်နှစ် ဖြစ်တယ်လို့ သတ်မှတ်တယ်။ နောက်နိုင်ငံရဲ့အရေးပါ တဲ့ ခေါင်းဆောင်သူတွေရဲ့အနေအထားပိုင်းမှာ ဒီအပြောင်းအလဲတခုကို အလေးအနက်ထားပြီး ဆောင်ရွက် ရမယ့် အနေအထားရှိတယ်။
နောက်တချက်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ ရှုထောင့်မှာ အပြောင်းအလဲလမ်းကြောင်းတွေစတင်ပြီးတော့ မတ် ၂၁ နဲ့ ဧပြီ ၂၀ အတွင်းမှာ အပြောင်းအလဲအခြေခံစရှိမယ်။ ဒီအတွက်ကြောင့် သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အကူးမှာ စတင်လမ်းကြောင်းတည်ပြီးတော့ ဧပြီ ၂၁ နဲ့ မေ ၂၀ ကြားမှာ တကြိမ်၊ ဇူလိုင် ၂၁ နဲ့ သြဂုတ် ၂၀ ကြားမှာ တကြိမ်၊ အဲဒီကာလတွေမှာ အပြောင်းအလဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ်လမ်းကြောင်းတွေ အပေါ်ဦးတည်တယ်။ ဦးတည်ပြီးတော့ ၂၀၁၇ ခုနှစ် ဧပြီ ၂၁ ရက်ကနေ ရက် ၆၀ အတွင်းမှာ ဥပဒေကြောင်းအတွင်းမှာရှိတဲ့ အပြောင်းအလဲဖြစ်ရပ်တွေက ထင်ရှားစွာနဲ့ ပြောင်းလဲခြင်းဘက်ကို ဦးတည်လာလိမ့်မယ်။
NLD အနေနဲ့ သူတို့ရဲ့နိုင်ငံရေးလှုပ်ရှားမှု အနှစ်သာရအပြောင်းအလဲကို ဒီနှစ်မှာဖြစ်တည်ခြင်း၊ ဦးတည်ပြီး အခြေခံဥပဒေနဲ့ပတ်သက်လို့ အကြောင်းအရာတွေပေါ်မှာ ဦးတည်ကာဆောင်ရွက်သွားမယ့် အနေအထားမှာ ရှိတယ်။ နောက်တချက်က နိုင်ငံရေးပါတီတွေမှာ အသစ်ပေါ်ပေါက်လာမယ့် ပါတီတွေကလည်း ထူးခြားတဲ့အနေအထားဘက်ကို ဦးတည်နေတယ်။ အထူးသဖြင့် လာမယ့်နှစ်ကူးမှာ ပေါ်ပေါက်လာနိုင်တဲ့ ဧပြီ ၂၀ ကနေ မေ ၂၀ အတွင်းမှာ တကြိမ်၊ ဇွန် ၂၀ နဲ့ ဇူလိုင် ၂၀ အတွင်းမှာ ပေါ်ပေါက်လာမယ့်ပါတီသစ်တွေ၊ နိုင်ငံရေးအမြင်သစ်၊ ဆောင်ရွက်မှုအသစ်တွေက အရေးပါတဲ့အနေအထားကို ရောက်ရှိလာလိမ့်မယ်။ ရောက်ရှိပြီးတော့ လက်ရှိအာဏာရ အစိုးရအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီပြီးရင် ဒုတိယမြောက်ပါတီဟာ ပြည်ခိုင်ဖြိုးမဟုတ်နိုင်တော့ဘူး။ ပြည်ခိုင်ဖြိုးအစား ရွေးကောက်ပွဲကို တခါမှမဝင်ဖူးသေးတဲ့ ပါတီတခုကနေ ဒီအာဏာရပါတီပြီးရင် ပြည်သူလူထုရဲ့အားကိုးအားထားရလောက်တဲ့၊ နိုင်ငံရေးကို ပြောမယ့်ဆိုမယ့်၊ လွှတ်တော်ထဲမှာ မဟုတ်လင့်ကစား ပြည်သူလူထုနဲ့ ပြောမယ့်ဆိုမယ့် သဘာဝကိုရမယ်။
ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မိန့်ခွန်းပြောသွားတဲ့အထဲမှာ ပြည်သူနဲ့အတူဆိုတဲ့ သဘာဝကို ဆောင်ယူတဲ့ စကားကြားရတယ်။ အဲဒီပြည်သူနဲ့အတူ ပေါ်ပေါက်လာမယ့် ပါတီက အစိုးရအဖွဲ့ ဖွဲ့ထားတဲ့ပါတီ မဟုတ်ဘူး။ အသစ်ပေါ်ပေါက်လာမယ့် ပါတီက ပြည်သူလူထုနဲ့အတူ ပြည်သူ့အသံ၊ ပြည်သူ့ရဲ့သဘာဝကို ဖန်တီးမယ်။ ပြည်သူကဲ့သို့ပဲ အစိုးရအဖွဲ့အစည်းထဲမှာ အာဏာတခုမှမရှိတဲ့သူ၊ ပြည်သူကဲ့သို့ပဲ လွှတ်တော်ထဲမှာ နေရာတခုမှမရှိတဲ့သူ၊ ပြည်သူကဲ့သို့ပဲ အရာရာကို ခံစားချက်ရှိနေတဲ့သူ ပါတီအဖွဲ့ အစည်းတခုက ပြည်သူနဲ့အတူ ရပ်တည်ပြီးတော့ ယခင်အစိုးရဖွဲ့စည်းခဲ့တဲ့ ပြည်ခိုင်ဖြိုးလည်းမဟုတ်၊ ယခု အစိုးရနဲ့ပတ်သက်တဲ့ ဒီချုပ်လည်းမဟုတ်တဲ့ အမြင်အတွေးနဲ့ ပေါက်ဖွားမယ့်ပါတီတခုကို ထင်ရှားစွာတွေ့ ရတယ်။
ပြည်သူနဲ့အတူ ပေါက်ဖွားလာမယ်။ သူတို့မှာ ဘာအာဏာမှ မရှိဘူး။ သူတို့ဆီမှာ ပြည်သူလိုပဲ ဘာမှမရှိဘူး။ ဒါပေမဲ့ ပြည်သူရဲ့စကား၊ ပြည်သူရဲ့အသံ၊ ပြည်သူနဲ့တထပ်တည်းကျမယ့် ပြည်သူနဲ့အတူပေါ်လာတဲ့ ပါတီတခုဖြစ်မယ်။ ဒီတော့ အကြောင်းအရာက နိုင်ငံရေးအပြောင်းအလဲရှိ မယ်။ ဒါက (၁)ပေါ့၊ (၂)က ဒီချုပ်ပြောင်းလဲမှာက အခြေခံဥပဒေပြောင်းလဲဖို့ရှိမယ်။ ပြည်သူလူထုနဲ့အတူ နိုင်ငံရေးပြောင်းပြီးတော့ ဆောင်ရွက်မယ့်အဖွဲ့အသစ်လည်း ပေါ်လာမယ်။ အဲဒီအဖွဲ့က အစိုးရပါတီထဲမှာဖြစ်စေ၊ လွှတ်တော်နေရာမှာဖြစ်စေ တနေရာမှမရှိဘူး။ ပြည်သူက ရွေးထားတဲ့သူ တယောက်မှ မဟုတ်ဘူး။ မဲဆန္ဒနယ်ပယ် တခုမှလည်း မဝင်ရသေးဘူး။ ပြည်သူနဲ့အတူ ထပ်တူညီနေတယ်။ ပြည်သူနဲ့အတူ အဖွဲ့အစည်းတခု ပေါ်ပေါက်လာလိမ့်မယ်။ အဲဒီအဖွဲ့အစည်းကလည်း လာမယ့်နှစ်တွေမှာ ဒီမိုကရေစီရဲ့ ဒုတိယမြောက်သမ္မတသက်တမ်းကိုသွားနေတဲ့ အဖွဲ့အစည်းအပေါ်မှာ တစုံတရာမောင်းနှင်နိုင်တဲ့ စွမ်းအားရှိလိမ့်မယ်။ ပြည်သူနဲ့အတူ သူကဦးဆောင်ပြီး ဖန်တီးပေးနိုင်တဲ့အနေအထားတွေ့ရမယ်။
မေး- အဲဒီအခြေအနေက တိုင်းပြည်နဲ့ပြည်သူတွေအတွက် ကောင်းတဲ့အပြောင်းအလဲလား။
ဖြေ- ပြည်သူနဲ့အတူဆိုတာကို ပြောရမယ်ဆိုရင် ပြည်သူအတွက် ကောင်းတဲ့အနေအထားကိုပြောတာ။ ပြည်သူအတွက်ကောင်းတဲ့အနေအထားက တိုင်းပြည်အတွက်လို့ကြွေးကြော်ပြီး ပြည်သူလူထုကို နင်းခြေတဲ့သူတွေနဲ့တော့ တူဟန်မတူဘူး။ တိုင်းပြည်အတွက်လို့ပြောပြီး ပြည်သူလူထုအတွက် မျက်နှာတွေကို မကြည်တဲ့သူတွေနဲ့တော့ မတူဘူး။ ပြည်သူအတွက် ကောင်းလိမ့်မယ်။ တိုင်းပြည်အတွက်ကတော့ ပြည်သူ့အတွက် ပြောပြီး ပြည်သူလူထုကို ချနင်းမယ့် ပြည်သူလူထုကို ဂရုမစိုက်တဲ့ အစိုးရမျိုးအဖွဲ့စည်းမျိုး လုံးဝမဟုတ်ဘူး။
မေး- စီးပွားရေးနဲ့ပတ်သက်ပြီးရော ဘယ်လိုရှိနိုင်မလဲ။
ဖြေ- စီးပွားရေးအခြေအနေအထားမှာ မတည်ငြိမ်ဘူး။ စီးပွားရေးလမ်းကြောင်းရဲ့အနေအထားက ငွေရေးကြေးနဲ့ပတ်သက်တဲ့ အနေအထားက အကျပ်အတည်းတွေကို ပြည်သူလူထုက ဆက်လက်ရင်ဆိုင်ရမယ်။ တဦးချင်းဝင်ငွေ အနေအထားနဲ့ သုံးစွဲနိုင်မှုလျော့ပါးသွားမယ်။ နောက်နိုင်ငံခြား ဝင်ငွေလဲလှယ်မှု အခြေအနေမှာလည်း ကိုယ့်တိုင်းပြည်ရဲ့ငွေကြေးက နစ်နာစရာရှိတယ်။ ငွေကြေး ဖောင်းပွလာမယ်။ နောက်ထုတ်ကုန်အနေအထားမှာ အကျိုးအမြတ်နည်းလာမယ်။ သွင်းကုန်အနေအထားမှာ ပိုပြီးတော့ ငွေပေးပြီး သွင်းရမယ့်အနေအထားမှာရှိနေမယ်။
ကုန်သွယ်မှုမှာ ကိုယ့်ဘက်က အသုံးဘက်က ပိုပြီးများနေမယ့် အနေအထားရှိမယ်။ ဒီအတွက်ကြောင့် စီးပွားရေးမှာတော့ အားနည်းစရာအကြောင်းတွေ ဆက်တိုက်ရှိနေမယ်။ နောက်ကုန်ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေက ကျဆင်းနေမှုကို တွေ့ကရတယ်။ ပြည်ပရဲ့ ပို့ကုန်တွေအပေါ်မှာ အဓိကမဏ္ဍိုင်တွေ မှီသွားတဲ့ အနေအထားတွေ့ရတယ်။ ဒီတော့ ကုန်ပစ္စည်းတွေအပေါ်မှာ တန်ဖိုးမြှင့်တင်အောင်လုပ်ကိုင် နိုင်တဲ့ စွမ်းအားသတ္တိကို တိုင်းပြည်အနေနဲ့ ကျဆင်းသွားတယ်။
ကုန်ထုတ်လုပ်မှု လုံးဝကျဆင်းသွားတာ တွေ့ရတဲ့အတွက် စီးပွားရေးမှာ ကုန်ထုတ်လုပ်ငန်း ကျဆင်းသွားမယ့် အဓိကအားနည်းချက်တွေ့ရတယ်။ လယ်ယာလုပ်ငန်းအနေနဲ့ ကုန်ထုတ်လုပ်မှု စီးပွားလမ်းကြောင်း အခြေခံမှုမှာတော့ ရာသီဥတုပျက်ယွင်းတယ်။ ဗေဒင်အရ ရာသီဥတုပျက်ယွင်းမယ့်နှစ်ကို ကျွန်တော်တို့ ဖြတ်သန်းရမယ်။ ဒါကြောင့် ဒီကာလအတွင်းမှာရှိနေတဲ့ ဂြိုဟ်ရဲ့အနေအထား၊ အင်္ဂါဂြိုဟ်အပြောင်း ဧပြီလ ၁၃ ရက်အပြောင်းကိုကြည့်ရင် ဝါဂွမ်းတို့၊ စပါးတို့ ရှားမယ်။ တနင်္ဂနွေဂြိုဟ်အပြောင်းကြည့်လိုက်ရင် ဆန်၊ ရေ၊ စပါး၊ ဆီ အကုန်လုံးရှားမယ့် နိမိတ်ကို ဒါဗေဒင်ပညာရှင်တိုင်း သိနိုင်ပါတယ်။
အဲဒါကြောင့် အခြေခံကုန်ဈေးနှုန်း စားဆီ အင်္ကျ ီတွေ၊ ဘာတွေချုပ်လုပ်တဲ့ ဝါဂွမ်းတွေ၊ ကြံနဲ့ အချိုပစ္စည်း သကာရည်လျော့ပါးသွားမယ်။ သကာရည်လျော့ပါးသွားရင် အချို့လိုင်းမှာ အားပျော့တဲ့အပြင် တင်းလဲရည် အပါအဝင် အရက်ထုတ်လုပ်မှုမှာလည်း အားနည်းသွားရင် ပြည်ပက သွင်းထားတဲ့ ပစ္စည်းထဲမှာ ယမကာ ပါဝင်ပြီးတော့ အများဆုံးဖြစ်လာစရာ အကြောင်းရှိတယ်။ ပြည်တွင်းထုတ်လုပ်မှုအပိုင်း အတော်လေးကို အားနည်းမယ်။ ဒါကြောင့် ကုန်ဈေးနှုန်းမငြိမ်မသက်မှုနဲ့ ဈေးနှုန်းကြီးမြင့်မယ့်အနေအထားကို ပြည်သူလူထုက တင်းပြီးတော့ ခံရမယ့်နှစ်တခုပါပဲ။
မေး- သံတမန်ဆက်ဆံရေးအပိုင်းကရော ဘယ်လိုတွေရှိနိုင်မလဲ။
ဖြေ- သံတမန် ဆက်ဆံရေးအရ အထူးကောင်း လာတယ်။ အပိုင်းနှစ်ပိုင်းရှိတယ်။ နံပါတ် (၁) Regional Country အဆင့်နဲ့ နယ်မြေတခုတည်းမှာရှိတဲ့ တိုင်းပြည်ဆက်ဆံမှု အကုန်လုံးအဆင်ပြေတယ်။ နံပါတ် (၂) ကျွန်တော်တို့ ဒီအခြား ကမ္ဘာ့နိုင်ငံဆက်စပ်နေတဲ့ဟာ အကုန်ကောင်းတယ်။ ဒီအင်အားကြီးနိုင်ငံတွေရဲ့ အဓိကနိုင်ငံဆက်ဆံရေးကလည်း ပြောစရာမရှိပါဘူး။
မေး- ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေက ဘယ်လိုရှိမလဲ။
ဖြေ- မရသေးပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးကတော့ ကျွန်တော်တို့ ဆက်လက်ပြီး မငြိမ်းမချမ်းပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေးကတော့ ဒီတနှစ်တာလုံး ဇောင်းပေးပြီး အချိန်ပေးရမယ့်တနှစ်ဖြစ်ပါတယ်။ အဆိုးဘက်ကိုမရောက်အောင် ထိန်းသွားဖို့ အရေးကြီး ပါတယ်။ ဆက်လက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဆက်ပြီး သွားနေရဦးမယ့် သဘောရှိတယ်။ အဲတော့ ဗမာဗေဒင်မှာ (ယ၊ ရ၊ လ၊ ဝ) ဗုဒ္ဓဟူးနာမ်နဲ့ပတ်သက်တဲ့ လူမျိုးစုတွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးရဖို့ ထိန်းချုပ်ရတာ ခက်နေမယ်။ ဥပမာ ပြည်နယ်တွေဆိုရင် ရကောက်ဆိုရင် ရခိုင်နဲ့ပတ်သက်တာ၊ ရှမ်းနဲ့ပတ်သက်တာ၊ ဝနဲ့ပတ်သက်တာ၊ ဒီလိုနယ်မြေတွေမှာ ငြိမ်းချမ်းရေးတွေမှာ နည်းနည်းလေး ကစဥ့်ကလျားဖြစ်နေမယ်။ ကျန်တဲ့ ပြည်နယ်တွေမှာတော့ ဒီလောက်ကြီး အကြီးစား အညံ့အဆိုးကြီးတွေ မရှိပါဘူး။
မေး- သဘာဝဘေးနဲ့ ပတ်သက်တာတွေရော ဘယ်လိုရှိမလဲ။
ဖြေ- သဘာဝဘေး အန္တရာယ်တော့ အထူးသတိထားရမယ့်နှစ်ကို ရောက်နေတယ်။ ဧပြီ ၂၁ နဲ့ မေ ၂၀ ကြား၊ နောက် ဇူလိုင် ၂၁ နဲ့ သြဂုတ် ၂၀ ကြား၊ နောက် အောက်တိုဘာ ၅ ရက်ကနေ နိုဝင်ဘာ ၂၀ ကြားမှာ ဒီသဘာဝဘေးအန္တရာယ်နှစ်ခုပေါ့။ လေနဲ့ပတ်သက်တဲ့ မုန်တိုင်းအန္တရာယ်နဲ့ ငလျင်နဲ့ပတ်သက်တဲ့ အန္တရာယ်သတိထားရမယ်။ မီးဘေးအန္တရာယ် ဒီနှစ် ပိုမိုသတိထားရမယ်။
မေး- နိုင်ငံခေါင်းဆောင်ပိုင်းတွေရဲ့ ကျန်းမာရေးအခြေအနေတွေရော ဘယ်လိုရှိမလဲ။
ဖြေ- ခေါင်းဆောင်ပိုင်းတွေမှာ လုပ်ကြံခံရတဲ့ ဖြစ်ရပ်ကတော့ ဖြစ်ခဲ့ပြီးပြီ။ ဒီနေရာမှာ ခေါင်းဆောင်ပိုင်းရယ်လို့ မဟုတ်ဘဲနဲ့ ဒီအကြံပေးသူပိုင်း NLD ထဲက အရေးပါသူ လုပ်ကြံခံရတာမျိုးရှိခဲ့တယ်။ ခေါင်းဆောင်ပိုင်း တဦးတယောက်ကို လုပ်ကြံခံရဖို့ အနေအထား ဒီမတ် ၂၁ နဲ့ ဧပြီ ၂၀ ထိ နည်းနည်းစိုးရိမ်ရမယ့် အနေအထားရှိတယ်။ ဧပြီ ၂၁ ကျော်သွားရင်တော့ စိုးရိမ်ရေမှတ်လျော့သွားပါတယ်။ ဒါပေမဲ့ ဘယ်မှာ တခါပြန်ပြီးတော့ သတိထားရမလဲဆိုတော့ သြဂုတ် ၂၀ နဲ့ စက်တင်ဘာ ၂၀ ကြားမှာ သတိထားရမယ်။ နောက်တကြိမ်ကတော့ နိုဝင်ဘာ ၂၅ ကနေ လာမယ့်နှစ် ဇန်နဝါရီ ၄ ရက်အထိ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေးမတိုင်ခင် အဲဒီရာသီမှာ အကြီးအကဲတွေရဲ့ လုံခြုံရေးကို ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး။ အစွန်းရောက်တွေရဲ့ အနှောင့်အယှက် အတိုက်အခိုက်တွေ ဂရုစိုက်ရမယ်။
မေး- ဆရာ့ရဲ့ ခြုံငုံသုံးသပ်ချက်လေးလည်း ပြောပေးပါဦး။
ဖြေ- ပြည်သူလူထုတွေရဲ့ စီးပွားရေးကတော့ လက်ရှိအနေအထားထက် အနည်းငယ်ယိုင်မယ်။ ဒါပေမဲ့ ထိန်းနိုင်တဲ့ အနေအထားရှိမယ်။ နိုင်ငံရေးမှာ တော့ လူထုမျှော်လင့်နေတဲ့ ဒီနိုင်ငံရေးအပြောင်းအလဲ အကြီးစားတော့မရလင့်ကစား အပြောင်းအလဲတွေကိုတော့ လက်ရှိ အာဏာရပါတီနဲ့ အစိုးရက ဖန်တီးပေး နိုင်တယ်။ ပြည်သူလူထုပြောချင်တဲ့အကြောင်းအရာတွေကို ပြောနိုင်တဲ့ ပါတီတခု၊ ပြည်သူက ယုံကြည် လောက်တဲ့ ပါတီတခု။ ဥပမာ ကြံ့ဖွံ့ပါတီ မဟုတ်ဘူး။ NLD မဟုတ်တဲ့ အခြားတခုက ပြည်သူလူထုကိုယ်စား ပြောနိုင်တဲ့ အနေအထားပေါ်လာတဲ့အတွက် ပြည်သူလူထုရဲ့ပြောဆိုမှု လွတ်လပ်ပေါ့ပါးမှုတွေကို ဖော်ဆောင် ပေးနိုင်တဲ့ အဖွဲ့အစည်းတခုတော့ ရလာမယ်။
နောက်ပြီးတော့ ပြည်သူနဲ့အတူရှိမယ့် နိုင်ငံရေး အဖွဲ့အစည်းကတော့ အခိုင်အမာရပ်တည်မှုရှိလာမယ်။ နောက် အာဏာပိုင်းကို ကိုင်တွယ်ပြီး ဥပဒေပိုင်း၊ တရားစီရင်ရေးပိုင်း၊ စိုးမိုးမှုပိုင်းကိုလည်း တိုင်းပြည်အုပ်ချုပ်သူတွေက ဇောင်းပေးပြီး ခုရှိနေတဲ့ ပြည်သူဘက်ကဟာနေတဲ့ ကွက်လပ်တခုကို ဒီမိုကရေစီအဖွဲ့အစည်းတခုက ထိန်းပေးနိုင်သလို ဒီမိုကရေစီကို လိုလားပြီးတော့ ရှေးဦးဆောင်နေတဲ့ ဒီချုပ်ကလည်း တိုင်းပြည်ရဲ့လိုအပ်နေတဲ့ ဥပဒေပြင်ဆင်မှုတွေ တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ ရှေ့အလားအလာတွေကို ဖြေရှင်းပေးမယ်။ နောက်ပြီးတော့ မလိုလားအပ်တဲ့ အတိုက်အခိုက်အနှောင့်အယှက် ဝေဖန်မှုဖြစ်ရပ်တွေက လျော့ပါးသွားမယ်။ ပြည်တွင်းစစ် ကတော့ ဆက်ရှိနေမယ်။ အကြမ်းဖက်မှုတွေကိုလည်း သတိထားရမယ့်ရက်တွေ ရှိတယ်။ အန္တရာယ်တော့ မရှိဘူး။ အားလုံးခြုံရင် နေသာတဲ့နှစ်တခု ပေါ်ပေါက်မယ်။ နောက်ပြီး အဖမ်းအဆီးအချုပ်အနှောင်တွေကတော့ မီဒီယာသမားတွေ အထူးသတိထားရဦးမယ့် အနေအထားရှိနေတယ်။
ဇော်ဇော်ထွန်း


Loading...