တက်သစ်စတေးရေးတစ်ဦးနှင့် ပြသနာတက်နေသည့် ဖြူဖြူကျော်သိန်း - Reader Myanmar

Latest Posts

တက်သစ်စတေးရေးတစ်ဦးနှင့် ပြသနာတက်နေသည့် ဖြူဖြူကျော်သိန်း





အခွေလုပ်ကြမယ်ပေါ့
ဆက်ကြဦးစို့
ပြူးကြီး(THE SCARE)

Unicode
မြန်မာနိုင်ငံရဲ့ လက်ချိုးရေတွက်လို့ရတဲ့ အသံပါဝါအားကောင်းပြီး ဂီတနယ်ပယ်ဘက်မှာ ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအဆိုရှင် ဖြူဖြူကျော်သိန်းကို အားလုံးသိကြမှာပါ။ ကိုရီးယားနိုင်ငံ Galaxy Star ထိသွားပြီးတောင် သီချင်းဆိုခဲ့တဲ့ ဖြူဖြူတစ်ယောက် အခုတော့ တက်သစ်စ တေးရေးဆရာတစ်ယောက်အပေါ် ခေါင်းပုံဖြတ်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ပြည့်ဖြိုးညွှန့် ( ပြူးကြီး The Scare) အမည်ရှိ ထိုတေးရေးဆရာက သူ့ရဲ့ လူမှုကွန်ယက်ကနေ ဖြစ်ကြောင်းကုန်စင် ရှင်းလင်းရေးသားထားပါတယ်။
#ကျွန်တော်နဲ့ဖြူဖြူကျော်သိန်းပြသနာကိုရှင်းရှင်းလင်းလင်းမသိသူများအတွက်
#အပိုအလိုမရှိဖြစ်ပျက်ခဲ့တဲ့အတိုင်းသိရှိကြစေရန်အကျဉ်းချုံ့တင်ပြပါတယ်
#တရားတယ်မတရားတယ်ဆိုတာကိုတော့ခင်ဗျားတို့ပဲဖတ်ကျိဆုံးဖြတ်ပါ
ကျနော်အခွေကြမ်းလေးလုပ်ရင်း demo တစ်ခွေစာပြည့်တော့ ကျွန်တော်လဲproducerရလိုရငြား
အဆိုတော်တွေဆီလိုက်ပြတယ်ပေါ့ဗျာ ဘယ်သူမှမဆက်သွယ်လာပါဘူး
တလလောက်နေတော့ ppkt ကဆက်သွယ်လာတယ်
အခွေလုပ်ကြမယ်ပေါ့
ကျွန်တော့်ကိုလဲဝင်ဆိုပေါ့ မိသားစုပုံစအကျိုးကိုံညီတူမျှတူခံကြမယ်
အခွေလုပ်ကြမယ်ပေါ့ဗျာ ကျွန်တော်လဲဆိုရမယ်ဆိုတော့လက်ခံလိုက်တယ်
တခွေလုံးဆယ်ပုဒ်ပါတယ်ပေါ့ သီချင်းအားလုံးကကျွန်တော်ရေးတာပေါ့ဗျာ အတီးကတော့ ကျနော်BASSတခွေလုံးတီးတယ်
အဆိုပိုင်းမှာ ကျနော်တယောက်တည်းဆိုထားတဲ့တရားမဲ့နေ့စွဲများဆိုတဲ့တစ်ပုဒ်ပါတယ်ပေါ့ppkt နဲ့duet song တွေက  ရမ္မက်ဇော(၁)နဲ့အဝါရောင်တိုက်ပွဲ စတဲ့နှစ်ပုဒ်ပါတယ်
အဲ့မှာ သူတို့ကအခွေတွက်သွားစားရိတ် စားစားရိတ်ထုတ်ပေးမယ်ပေါ့
အစကအဲ့သလိုပြောတယ်ဗျ သည်နေရာမှာ  အထူးပြောချင်တာက သူတို့ပြောတဲ့
#စားရိတ်သည်အနုပညာကြေးမဟုတ်ပါ စားရိတ်ဟုပင်သိ၍လက်ခံရရှိပြီး စားရိတ်လိုပင်နာမည်ကျန်နေရစ်မယ်အခွေအတွက်သာအသုံးပြုခဲ့ပါသည်
ကိုယ်ကျိုးတပြားသားမှမပါခဲ့ပါ  အခွေကိုအတီးပိုင်းတွေပြီးတဲ့အချိန်လောက်မှာ
ပြသနာကစလာတယ် စားရိတ်ထုတ်လာတာ ၁၂သိန်းဝန်းကျင်ရှိတော့ ppktကဖုန်းဆက်ပြီးသည်အခွေအတွက်စားရိတ်ကိုပမာဏတစ်ခုနဲ့ သုံးသိန်းစားရိတ်ထပ်ပေးပြီး ဆယ့်ငါးသိန်းနဲ့စာချုပ်မှာလက်မှတ်ထိုးပြီး
ဖြတ်လိုက်ကြမယ်ပေါ့ ပြောလာတယ် ကျွန်တော်တို့ကလဲအိုခေပေါ့ သူ့အိမ်မှာဆုံကြတယ်သူတို့ရေးထားတဲ့
စာချုပ်ကိုဖတ်ကြည့်တော့တဖက်စောင်းနင်းဖြစ်နေတဲ့အပြင် စောနကကျွန်တော်ပြောခဲ့တဲ့
အခွေအတွက်စားရိတ်ဆိုပြီးထုတ်ထုတ်ပေးနေတဲ့ပိုက်ဆံတွေက ခေါင်းစဉ်ပြောင်းသွားခဲ့တယ်
#အနုပညာကြေးတဲ့ စားရိတ်အနေနဲ့ထုတ်ပေးခဲ့တဲ့ငွေတွေက ဟပ်ချလောင်း ဆို အနုပညာကြေးဖြစ်သွားပါလေယော စတင်ယုတ်ပတ်ပြီဆိုတာ ကျနော်သိခဲ့တယ် ကျွန်တော်တို့ကိုနားလှည့်ပါးရိုက်လုပ်ပြီ ဒါပေမယ့်ဘာမှ မပြောခဲ့ဘူး မတောင်းဆိုခဲ့ဘူး အခွေမထွက်ခင်အချင်းမများချင်လို့ရယ် အခွေမြန်မြန်ထွက်စေချင်တာရယ်ကြောင့်  နစ်နာတယ်ဆိုတာသိတယ်  သိသိနဲ့လက်မှတ်ထိုးပေးခဲ့တယ်  (နာမည်ကြီးတယောက်အနေနဲ့ကျနော့်လိုလူသစ်ကိုတေးရေးနာမည်ဖျောက်ထားရလောက်အောင်သောက်ကျင့်ယုတ်မယ်အောက်တန်းကျလိမ့်မယ်လို့တော့မထင်မိခဲ့ဘူး) အဲ့လက်မှတ်ထိုးတဲ့နေကသက်သေမစုံပါဘူးသူတို့ဖက်ပဲစုံတယ်
ကျနော့်ဆီကစာချုပ်မှာ သက်သေဟောင်းလောင်းသူတို့ကသူတို့လူကိုပဲသက်သေထိုးခိုင်းလိုက်မယ်ဆိုပြီးပြောလာတယ် ကျနော့်ဘော်ဒါ Orle O-oကိုယ်တိုင် လိုက်ပါခဲ့လို့သူမျက်မြင်ကိုယ်တွေ့ပါ
သူတို့စာချုပ်မှာတော့ စုံကောင်းစုံနေပါလိမ့်မယ်:)အဲ့လိုမဖြစ်ခင် အဲ့ခွေထဲကကျနော့်ရေးတဲ့
ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့"စစ်"ကို အွန်လိုင်းတင်ရောင်းတယ်သီချင်းကပေါက်တယ်ပေါ့
နယ်သာလန် မှာလုပ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်နေ့ Master Peace Concert ပွဲမှာဆိုတယ်
ဘယ်မှာမှတေးရေးနာမည်မပါခဲ့မဖော်ပြပါဘူး မရေးထိုးမဖော်ပြပါဘူး
ဆက်ကြဦးစို့
လက်မှတ်ထိုးပြီးနောက်ပိုင်း ဇာတိပြလာတယ်  ကျွန်တော်တို့အခွေအကြောင်းလေးသိချင်လို့
ဆက်သွယ်မှုမှန်သမျှကို  သူတို့ဘက်ကအကြောင်းမပြန်တော့ပါဘူး ကျနော်တို့ဆက်သွယ်လဲအကြောင်းမပြန်ပါဘူး  mixing ဆွဲတဲ့date တောင်၃ပုဒ်  ကျနော်ထိုင်နားထောင်လိုက်ရတယ်  ကျန်တဲ့သီချင်းmixing လုပ်တာတွေဘာတခုမှကျနော်မသိခဲ့ရပါ  ဈေးကွက်မဖြန်ခင်ခွေမထွက်ခင် master ကိုလဲနားမထောင်ခဲ့ရပါ
ကုန်ကုန်ပြောရယင်  ကိုယ်ရေးကိုယ်ဆိုကိုယ်တီးတဲ့အခွေကို  ကိုယ်တိုင်ဝယ်နားထောင်ခဲ့ရတယ်ဇာတ်နာချက်ကအဲ့သလို  အခွေဝယ်ပြီးတော့အကြီးဆုံးပြသနာ စတင်တွေ့ရှိလိုက်တယ် တေးရေးနာမည်မပါဘူး
နာမည်ကျန်နေရစ်မယ်အခွေမှာ band နာမည်ပဲပါလာပြီး တေးရေးနာမည်မပါလာပါ
ဒါအနုပညာသမားအသစ်တယောက်ကို နာမည်ကြီးတယောက်ကခေါင်းပုံဖြတ် အနိုင်ကျင့်လိုက်ခြင်းပါပဲ
စဉ်းစားကြည့်ကြဗျာ ကျုပ်ရေးကျုပ်တီးခဲ့တဲ့အခွေ ၃ပုဒ်တောင်vocal ပါဝင်သီဆိုထားတဲ့အခွေမှာ ကျုပ်ရဲ့တေးရေးနာမည်မထိုးထားတာက အသည်းနာစရာကောင်းလွန်းပါရဲ့ မြန်မာ့ပထမဆုံးပါပဲ နောက်ပိုင်းကိစတွေကတော့အားလုံးသိပြီးတဲ့တိုင်း ဂီတအစည်းအရုံးကို ppktတေးရေးနာမည်မထိုးလို့ ကျနော်စာတင်တိုင်တယ် ဖြေရှင်းမယ့်နေ့မှာppktကိုယ်တိုင်မလာပါဘူး ကိုယ်စားလှယ်သဘောမျိုး သူ့ဘက်ကတယောက်နဲ့ဖြေရှင်းတယ် တဖက်စောင်းနင်းတွေppkt ဘက်ကကာကွယ်ကြတယ်
အနုပညာသမားချင်းrespectဆိုတာ ဘယ်နားမှာပါလဲ အဲ့နေ့ကအဖြေမထွက်ပါဘူး မျက်နှာချင်းဆိုင်ဖြေရှင်းမှရမှာကို လူမလာတည်းကစော်ကားတာ မလေးစားတာပါပဲ နောက်ထပ်ထပ်ချိန်းပါမယ်ဘာညာနဲ့ဂီတအစည်းရုံးကလူတွေကစကားလှအောင်အချိုသတ်ပြီးဘာမှလုပ်မပေးကြဘူး မနှစ်ကတိုင်ထားတာကို ဒီနှစ်ထိဂီတအစည်းရုံးမှဘာသံမှမကြား  ဘာမှမလုပ်ပေးကြတာဟာ ပေါ်တင်စောက်ဂရုမစိုက်ကြောင်းပြပလစ်ထားကြတာရှင်းနေတာပဲ   အားလုံးသိကြတဲ့အတိုင်းပါပဲ  သမာသမတ် တရားမျှတမှု ဘယ်နားမှာတည်ရှိပါသလဲ ကျွန်တော်တို့နောက်က generateတွေ  သတိချပ်နိုင်ကြရန်  မြေတောင်မြှောက်သလိုလိုနဲ့ မြေဖို့အသတ်မခံကြရစေရန် ကျွန်တော်တို့လိုမခံကြရစေရန် အမှန်တရားကိုအပိုအလိုမရှိတင်ပြပါသည်

ပြူးကြီး(THE SCARE)


ကဲ ပရိသတ်ကြီးရေ ဘယ်သူမှန်သလည်း မှားသလည်းဆိုတာကိုတော့ စဉ်းစားသာကြည့်ကြပေတော့……


Source: Pyae Phyo Nyunt

Loading...